Saturday, April 25, 2020

Copy ယူပြီး Save ထားကြပါ။

,
လက်ရှိ ဝရမ်းပြေးသုစိတ္တနဲ့ အခြားဝရမ်းပြေး လူယုတ်မာတွေစုနေတဲ့ ဗဟန်းက ဦးသာသနာ့ကျောင်းဆိုတာ ဒီအစိုးရမတက်ခင်ကတည်းက မဘသအဖွဲ့ကပဲ မိုက်ကြေးခွဲပြီး သိမ်းယူထားတဲ့ကျောင်းဖြစ်တယ်။

ဖြစ်ပုံကဒီလို… အရင် အဲ့ဒီကျောင်းပိုင်ဘုန်းကြီး(ဦးဥက္ကံ)မှ တခြားဘုန်းကြီးတပါးထံ အဲ့ကျောင်းကိုရောင်းပြီး လူထွက် မိန်းမယူသွားတာ။ အဲ့ဒီရောင်းရတဲ့ငွေတွေနဲ့ အပြင်မှာသုံးဖြုန်းလို့ ရှိသမျှစည်းစိမ်အကုန် ကုန်သွားတော့မှ သင်္ကန်းပြန်စည်းပြီး အဲ့ကျောင်းပေါ်တက်နေတာ။ အဲ့လိုတက်နေတော့ ကျောင်းကိုဝယ်ထားတဲ့ဘုန်းကြီး လက်မခံဘူး။

လက်မခံတော့ မောင်းချတဲ့အခါ မဘသအဖွဲ့တွေနဲ့ပေါင်း၊ မြောက်ဒဂုံက ဘုန်းကြီးလူမိုက်တွေကိုခေါ်၊ နောက်ထပ် တခြားလူမိုက်တွေကိုလည်း သင်္ကန်းခြုံပေး၊ ဒီကျောင်းကိုပြန်ရရင် သူတဝက်, မဘသတဝက် ပြန်ခွဲယူမယ်ဆိုပြီး ဘုန်းကြီးအပါး(၅၀)ကျော်လောက် ဒိုင်နာကားတွေနဲ့ ဦးသာသနာကျောင်းကို ရောက်ချလာပြီး အဲ့ကျောင်းကို မိုက်ကြေးခွဲ ဝင်သိမ်းထားတာ။ မိုက်ကြေးခွဲ ဝင်ရိုက်တဲ့အုပ်စုထဲမှာ ဝင်းကိုကိုလတ် (စွစောင်း)တို့အုပ်စုတောင်ပါသေးတယ်။

သူတို့အားလုံးက အဲ့ကျောင်းမှာနေနေတဲ့ မည်သူ့ကိုမဆို ရိုက်ထုတ်ပစ်ပြီး အကုန်မောင်းချ၊ ကျောင်းကို ဝယ်ယူထားတဲ့ဘုန်းကြီးဆို သင်္ဃန်းတစ်စုံ ကိုယ်တစ်ခုနဲ့ ကျောင်းပေါ်ကနေဆင်းပေးလိုက်ရတယ်။ အဲ့ဘုန်းကြီးက သာသနာ့ရေးရာတွေကော သက်ဆိုင်ရာဌာနတွေကိုရော တရားစွဲအမှုဖွင့်ပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ အရေးမယူပေးလို့ လက်ရှိအချိန်ထိအဲ့ဘုန်းကြီးလည်း ရန်ကုန်ကနေထွက်ပြီး တခြားမြို့မှာ သတင်းသုံးနေရတယ်။

ဘယ်အရေးယူရဲပါ့မလဲ…?

အဲ့ဒီအချိန်အခါတုန်းက ဗိုလ်ချူပ်မြင့်ဆွေက သူတို့ရဲ့ကျောထောက်နောက်ခံဖြစ်နေတာကိုးဗျာ့။ သူက အဲ့တုန်းက တိုင်းမှူးလား မြို့နယ်မှူးလားတော့မသိဘူး။ အဲ့ကျောင်းကို ငွေထုပ်တွေလာလာပို့တဲ့အထဲမှာ ကြံ့ဖွတ်ပါတီက အထက်ပိုင်းလူကြီးတွေပါသလို စစ်တပ်ဘက်က အရာရှိအကြီးပိုင်းတွေလည်း ဝင်ထွက်သွားလာနေကြတဲ့အချိန်။

ကျောင်းကမောင်းထုတ်ခံရတဲ့သူတွေက ကျောင်းအတွင်းကျန်ရှိနေတဲ့ သူတို့ပစ္စည်းအထုပ်အထည်တွေ လာယူတာတောင် ကျောင်းဝန်းအနားအကပ်မခံဘူး။ ကပ်တာနဲ့ ဟိုကောင်ကရိုက်မယ်, ဒီကောင်ကရိုက်မယ်၊ ဟိုဘုန်းကြီးကရိုက်မယ်, ဒီဘုန်းကြီးကရိုက်မယ်နဲ့ လူယူတဲ့ပစ္စည်းတောင် အကုန်ပစ်ချပေးပြီး ကျောင်းထဲကို လုံးဝအဝင်မခံတော့ဘူး။

အဲ့အချိန်အခါတုန်းကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရတစ်ရပ် ဖြစ်လာတော့မယ်ဆိုတာ အာဏာရှင်တွေက မြင်နေပြီလေ။ အဲ့ကနေစပြီး ဦးသာသနာ့ကျောင်းဟာ တိုင်းပြည်ကိုအဖျက်အမှောက်လုပ်ဖို့ လူယုတ်မာတွေစုဝေးတဲ့ အရပ်ဌာနေတစ်ခု ဖြစ်လာခဲ့တာ ယနေ့အချိန်အထိပဲ။

သူတို့ကျောင်းဖွဲ့စည်းပုံက အောက်ခြေအုတ်မြစ်ချ ပျဉ်ထောင်နှစ်ထပ်ကျောင်း။ မြေအောက်ခန်းလဲရှိတယ်။ အဲ့ဒီမြေအောက်ခန်းထဲမှာ ဟိုစဉ်အချိန်ကတော့ တုတ်၊ ဓါးလက်နက်တွေ သိုလှောင်ရာနေရာအဖြစ် ထားရှိပြီး၊ ယနေ့အချိန်ထိဆို ခဲ၊ ယမ်း၊ သေနတ်၊ လက်ပစ်ဗုံးတွေတောင် ရှိချင်ရှိနေမှာ။ ဟိုတခါ ကြေးသွန်းသပိတ်နဲ့ ဆက်စပ်နေတဲ့ ဝရမ်းပြေးကျောက်ခဲ ဝယ်ယူလာတဲ့လက်ပစ်ဗုံး(၅)လုံး အခုထိ အစပျောက်နေတာပဲ ကြည့်လေ။

အဲဒီကျောင်းကို သိမ်းယူထားတဲ့ ယခင်မဘသအဖွဲ့အစည်းကို ဘယ်သူတွေ နောက်ကွယ်ကကြိုးကိုင်ထားသလဲဆိုတာ စာဖတ်သူများလည်း စဉ်းစားတွေးခေါ်နိုင်ကြမှာပါ။

ယနေ့အချိန်မှာ ထိုမဘသအဖွဲ့အစည်းဟာ မြန်မာတနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး Myanmar National Organization (MNO) အဖွဲ့အဖြစ် အမည်ပြောင်းလဲကာ အာဏာရှင်စစ်တပ်နှင့် ကြံ့ဖွတ်တွေရဲ့ ကျောထောက်နောက်ခံယူပြီး ပြည်တွင်းဆူပူမှုဖြစ်အောင်၊ ဘာသာခြား လူမျိုးခြား ပဋိပက္ခဖြစ်အောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာမှုကို ဖျက်လို့ဖျက်ဆီးဖြစ်အောင် အမြဲတစေ ကြိုးပမ်းလုပ်ဆောင်နေတယ်ဆိုတာ သင်သာထမင်းစားပြီး အသိဥာဏ်ရှိရှိ စဉ်းစားချင့်ချိန်နိုင်သူဆိုလျှင် သိမြင်ပါလိမ့်မည်။

ဒီလောက်ဆို အခုလက်ရှိ ဗဟန်းစခန်းအနီးအနားက ဝရမ်းပြေးသုစိတ္တနေထိုင်ရာ ဦးသာသနာ့ကျောင်းကို ဗဟန်းရဲစခန်း(ပြည်ထဲရေးရဲတပ်ဖွဲ့)က ဘာကြောင့် မတို့ရဲ, မထိရဲ ဖြစ်နေရသလဲဆိုတာ စာဖတ်သူများ သိရှိနိုင်ကြမည်ထင်ပါတယ်။ ယနေ့အချိန်ထိ ဗဟန်းရဲစခန်းမှာ အဲ့ဒီကိစ္စအမှုတွဲ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း နောက်ကွယ်မှာ အကောင်ကြီးကြီးတွေရှိနေတော့ ရဲတပ်ဖွဲ့က မျက်နှာလွှဲ ခဲပစ်လုပ်နေရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာဟာ ပြည်သူ့ရဲတပ်ဖွဲ့မဟုတ်ပဲ စစ်တပ်ရဲ့ ခါးပိုက်ဆောင်တပ်တစ်ခုအဖြစ်သာ ယနေ့အချိန်ထိ ရှိနေပါကြောင်း။ ။

ဆက်လက်ဖော်ထုတ်ပေးသွားပါမည်။

အေအန်န်အမ်မ်တီ

https://m.facebook.com/story.php?story_fbid=966149550483414&id=100012651341103

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Copy ယူပြီး Save ထားကြပါ။”

Post a Comment

Related Posts Plugin for WordPress, Blogger...