Wednesday, September 23, 2020

မိစ္ဆာသူကြွယ်နဲ့ စစ်အဘများ အပိုင်း (၁)

,

လက်ရှိ သူရရွှေမန်း မိသားစုပိုင်ဆိုင်တဲ့ ကမ္ဘာ့ ရတနာဘဏ်ကို ၁၉၉၆ ခုနှစ်မှာ တည်

ထောင်ခဲ့တယ်။ တည်ထောင်ခါစက မြန်မာ့မွးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်ဖြစ်ပါတယ်။ 

၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာ့ရတနာဘဏ်လို့အမည်ပြောင်းခဲ့ပါတယ်။ ဘဏ်ဥက္ကဌ က

တော့ ယခင် မွေးရေ ဝန်ကြီး တဖြစ်လဲ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှု ဗိုလ်ချူပ်မောင်

မောင်သိန်းပါ။ အဲ့ဒီမတိုင်ခင်မှာ မောင်မောင်သိန်းဟာ ၁၉၉၃ ခုနှစ်မှာ အခု နာမည်ကြီး

နေတဲ့ နှင်းဆီ(UDP)ပါတီရဲ့ ဥက္ကဌ ကျော်မြင့်နဲ့ ကျုံယွမ်ဆိုတဲ့ ကုမ္ပဏီ ကို တည်ထောင်

ခဲ့ကြတယ်။ 

နောက်ပိုင်း ငွေကြေးပြသနာတွေ မရှင်းနိုင်လို့ပြသနာတွေ ဖန်တီးပြီး ကုမ္ပဏီ ကို ဖျက်သိမ်း

သည်အထိကြံခဲ့ကြတယ်။ ကျော်မြင့်ထောင်ကျတယ်။ မန္တလေးထောင်ကနေ စစ်ထောက်အကူ

အညီနဲ့ ထိုင်းကိုပြေးတယ်။ ထိုင်းကတဆင့် မြန်မာစစ်တပ်အ​​ကြောင်း တွေ သတင်းပေးသ

လို CIA ကိုလုပ်ပြီး အနောက်နိုင်ငံတွေကို ရောက်ရှိခဲ့တယ်။ ဒါက အကြမ်းဖျင်းဇာတ်လမ်း။

US သံအမတ်ကို အသုံးချပြီး စစ်ထောက်လှမ်းရေးရဲ့ အေးဂျင့်အဖြစ် US ကိုရောက်သွားခဲ့တာ။

နှစ်ဖက်ချွန် သတင်းပေးပုံစံ။  ကျော်မြင့်နဲ့ အလုပ်အတူလုပ်ခဲ့တဲ့ မွေးရေ ဝန်ကြီးဟာ စစ်ထောက်နဲ့ပေါင်းပြီး ကုမ္ပဏီ ကို

ဒေဝါလီခံသလိုမျိုး အကွက်ဆင်ကာ ပြည်သူတွေ ထည့်ဝင်ထားတဲ့ ဘီလျံနဲ့ချီတဲ့ ငွေတွေကို 

ခိုးဝှက်ခဲ့တယ်။ အဲ့ဒီငွေတွေက ဘယ်ကို ရောက်သွားသလဲဆိုတော့ သူရရွှေမန်း မိသားစု ပိုင်

တဲ့ ကမ္ဘာ့ ရတနာ ဘဏ်ကို ရောက်သွားတယ်။ငွေမည်းတွေ ခဝါချခဲ့ကြတာ။ ဒီလို ငွေ အလုံး

အရင်းနဲ့ ပူးပေါင်းလာတဲ့ မွေးရေ ဝန်ကြီးဟောင်းကို သူရရွှေမန်းမိသားစုက ဘဏ်မှာ ရာထူးကြီး

ပေးပြီး မြှောက်စားခဲ့တယ်။ ရွှေမန်း တန်ခိုးထွားလာတော့ ဒီအကြောင်းကို ဘယ်သူမှ 

အစမဖော်ရဲခဲ့ကြဘူး။ ကျုံယွမ် ကုမ္ပဏီ ကနေကမ္ဘာ့ ရတနာဘဏ်ကိုရောက်သွားတဲ့ ငွေတွေ

ဟာပြည်သူတွေရဲ့ ချွေးနည်းစာတွေပါ။ အဲ့ဒီခေတ်ကာလက ကားတစီးမှ ၁၀သိန်းလောက်

တန်ကြေးရှိတဲ့အချိန်ပါ။ ငွေတွေ ဘီလျံနဲ့ချီပြီးလက်စဖျောက်ခံလိုက်ရတယ်။ ဘဝပျက်ခဲ့ရ

တဲ့ ပြည်သူတွေ အများကြီးရှိခဲ့တယ်။လက်ရှိ ကမ္ဘာ့ ရတနာဘဏ်ရဲ့ လည်ပတ်နေတဲ့ ငွေ

ကြေး တဝက် လောက်ဟာကျူံယွမ် ကုမ္ပဏီကမြန်မာပြည်သူတွေရဲ့ ငွေတွေပါ။ 

ကျာ်မြင့်ဟာ ကချင်မစစ်ပါဘူး။ တရုတ် ကချင်ကပြားပါ။ ငယ်စဉ်ကတည်းက မူးယစ်ဆေး

နဲ့ ဘိန်းခင်းတွေ ကြားမှာ ကြီးပြင်းခဲ့သူပါ။ နောက်ပိုင်း ဗကပ၊UWSA ၊ကိုးကန့် တို့နဲ့ ပတ်

သက်မှုတွေ ရှိခဲ့တယ်။ အများထင်သလို နိုင်ငံရေးအရ တန်းဝင်လောက်အောင် ပတ်သက်ခဲ့

တာ မဟုတ်ပါဘူး။ တရုတ်ပြည်က စစ်တပ်အရာရှိပိုင်းတွေနဲ့လည်း ရင်းနှီးမှုရှိနေပါတယ်။ 

ကျော်မြင့် ကနေဒါမှာ ရှိနေစဉ် စစ်အုပ်စုရဲ့ တာဝန်ပေးချက် အရ ပြည်ပရောက် ဒီမိုကရေ

စီအုပ်စုတွေကို စည်းရုံးဖို့ ကြိုးစားပါသေးတယ်။ဒါပေမယ့် သူ့အကြောင်း လူလိမ်မှန်း သိလို့

ခါထွက်ကုန်ကြပါတယ်။ မိုးသီးဇွန်၊ ရော်နယ်အောင်နိုင်၊ ဟန်ညောင်​ဝေတို့နဲ့ လည်း ရင်းနှီး

တဲ့သူပါ။ လက်ရှိ သူ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာ နိုင်ငံရေး၊ စီးပွားရေးတို့နဲ့ပတ်

သက်ပြီး သူရရွှေမန်းအုပ်စုက ကူညီပေးခဲ့ပြီးမဟာမိတ်ဖွဲ့ ထားကြသူတွေပါ။ ခင်ရွှေရဲ့ ဇေ

ကမ္ဘာဝင်းထဲက မူးယစ်ဆေးဝါးတွေဟာ ခင်ရွှေနဲ့ ကျော်မြင့်တို့ ပူးပေါင်းထားတဲ့ စီးပွားရေး

တစိတ် တဒေသပါ။ 

ကျာ်မြင့်ဟာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုယင် ကျုံယွမ် ကုမ္ပဏီ ရဲ့ ငွေလိမ်ထား

တဲ့ ကိစ္စကိုရှင်းရမှ ပါ။ ​သူတယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာ့ရတနာ ဘဏ်ရဲ့ ဥက္ကဌ မွေး

ရေဝန်ကြီး ဗိုလ်ချူပ် မောင်မောင်သိန်းနဲ့အတူပါ။ ရွှေမန်းမိန်းမခင်လေးသက်နဲ့ သားဖြစ်သူ

တိုးနိုင်မန်းတို့ဟာလည်း ကမ္ဘာ့ရတနာဘဏ်ရဲ့BOD စာရင်းဝင်ဖြစ်လို့ သူတို့လဲ စာရင်းရှင်း

ရမှာပါ။ မြန်မာပြည်မှာ ပြည်သူတွေ ဘဝပျက်အောင်လိမ်တယ်ခိုးတယ်။ နောက် စစ်အုပ်စု

အစီအစဉ်နဲ့ ပြည်ပထွက်တယ်။ ကြာမှ ပြန်လာတယ်။ ဒီလို လုပ်လို့ရပါသလား။ ရယင်အား

လုံးက လုပ်ကြပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ က ဒီလိုကိစ္စမျိုး

ကို ကန့်ကွက်ဖို့လိုပါတယ်။ မိစ္ဆာသူကြွယ်တွေနိုင်ငံရေးပါတီလောကထဲ ဝင်လာပြီး စစ်အဘတွေနဲ့ ပေါင်းနေတာက တိုင်းပြည်အတွက် ကြီးလေးတဲ့ ပြသနာပါ။ ဒီမိုကရေစီစနစ်ထူထောင်

နေတဲ့တိုင်းပြည်မှာ ဒါမျိုးတွေကို တိုက်ဖျက်ပစ်ပို့ လိုပါတယ်။


https://m.facebook.com/story.php?story_fbid=186993386168349&id=100045730669585

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မိစ္ဆာသူကြွယ်နဲ့ စစ်အဘများ အပိုင်း (၁) ”

Post a Comment

Related Posts Plugin for WordPress, Blogger...