Sunday, September 20, 2020

မင်းတို့ချင်းတွေ ခရစ်ယာန်တွေအတွက် နေရာမရှိ

,

မြန်မာနိုင်ငံကူးလက်မှတ်ရုံးရဲများက “မင်းတို့ချင်းတွေ ခရစ်ယာန်တွေအတွက် နေရာမရှိ” ဟုပြောဆိုနေ

=========================

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ စက်မှု (၁) လမ်းမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွင် လူမျိုးနှင့်ဘာသာကိုအခြေခံတဲ့ ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း နိုင်ငံကူးလက်မှတ်ရုံးသို့သွားရောက်ခဲ့တဲ့ ချင်းအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စကိုင်းတိုင်း၊ ကလေးမြို့၌ နေထိုင်တဲ့ မနွမ်ဘွေဆမ်သယ်က သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်လုပ်ရန် ဗဟန်းရှိနိုင်ငံကူးလက်မှတ်ရုံးကိုသွားပါတယ်။

“ပွဲစားတွေနဲ့မလုပ်ချင်တော့ ကျမတို့ Form ကိုယူပြီး ကိုယ်တိုင်ဖြည့်တယ်၊ ဖြည့်ပြီးတော့ အနီးနားမှာရှိတဲ့ ရဲတစ်ယောက်ကို ဘယ်ကောင်တာမှာသွားအပ်ရမလဲလို့ ကျမတို့မေးတယ်၊ ကောင်တာနံပါတ် ၁ ကနေ ၉ ထိရှိတယ်ဆိုတော့ ဘယ်ကိုသွားအပ်ရမှန်း မသိလို့မေးတာပါ၊ အဲဒီရဲက ကျမမှတ်ပုံတင်ကိုသေချာကြည့်ပြီး ‘ချင်းနော်၊ ခရစ်ယာန်နော်’ လို့ပြောပြီး ‘နင်တို့ချင်းတွေ ကောင်တာ နံပါတ် ၃ ကိုသွား၊ ဗမာတွေက ကောင်တာ နံပတ် ၁’ လို့ပြန်ဖြေပါတယ်” ဟု နွမ်ဘွေကပြန်လည်ပြောပြသည်။

အထက်ပါရဲတစ်ယောက်၏ ပြောပြပုံကို နွမ်ဘွေတို့ သံသယ၀င်တော့ အခြားရဲတစ်ယောက်ကိုထပ်မေးပါတယ်။ အဲဒီရဲသားကလည်း နွမ်ဘွေ၏ မှတ်ပုံတင်ကိုကြည့်ပြီးတော့ ‘ချင်းနော်၊ ခရစ်ယာန်နော်’ ဟုမလေးမခန့်ပြာပြန်ပါတယ်။

“ကျမကို ‘ချင်းနော်၊ ခရစ်ယာန်နော်’ ဟုဆက်ပြောပြီး ‘နင်တို့ချင်းတွေ ခရစ်ယာန်တွေအတွက် ဒီမှာနေရာမရှိဘူး၊ ကောင်တာနံပါတ်မရှိဘူး လို့ပြောပါတယ်၊ သူ့ဘေးကရဲတစ်ယောက်က ‘ကောင်တာနံပါတ် (0) ကိုလွတ်လိုက်ပါ’ လို့ပြောပါတယ်၊ အဲလိုအအပြောခံလိုက်ရတဲ့အတွက်ကြောင့် ကျမစိတ်အရမ်းနာတယ်” ဟုနွမ်ဘွကဆက်ဆိုပါတယ်။

US Department of State က ယခုနှစ် မေလ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့် အခြေနေပါဝင်တဲ့ အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပါတယ်။

၎င်းအစီရင်ခံစာတွင် မြန်မာအစိုးရအပါအ၀င် မြန်မာ့အသိုင်းအ၀န်းမှ အထင်ကရပုဂ္ဂိုလ်တွေက လူနည်းစုတိုင်းရင်းသားများအပေါ်မှာ ဘာသာရေးအရခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများ ဆိုးဆိုးရွားရွားရှိကြောင်း ဖော်ပြထားသည်။ ဒါပေမဲ့ မြန်မာအစိုးရကတော့ အမေရိကန်၏ စွပ်စွဲချက်ကိုငြင်းဆန်ခဲ့ပါတယ်။


https://www.chinjournal.org/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%80%e1%80%b0%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%99%e1%80%bd%e1%80%90/

========

==========

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မင်းတို့ချင်းတွေ ခရစ်ယာန်တွေအတွက် နေရာမရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...