Monday, July 19, 2021

မြန်မာ့ မီဒီယာ​လောက ဘာ​တွေဖြစ်​နေလဲ.....

,

၁။


၂၀၁၁ ​လောက်မှာ USDP အစိုးရတက်လာတယ်။


သူလုပ်တဲ့ မီဒီယာပြုပြင်​ပြောင်းလဲမှု​ကြောင့် လုပ်ငန်းရှင်​ကြီး​တော်​တော်များများ မီဒီယာလုပ်ကြတယ်။


အဓိက,က​​​တော့ အစိုးရရဲ့ မီဒီယာကို မီဒီယာနဲ့တိုက် မူဝါဒထက် အစိုးရရဲ့ ပြုပြင်​ပြောင်းလဲ​ရေးမှာ ဝင်ပါမှ တင်ဒါ​တွေရမယ်။ လုပ်ငန်း​တွေရမယ်။ အစိုးရအဖွဲ့ အသိအမှတ်ပြုမှုရမယ်။ ဒါ​ကြောင့်ပဲ မီဒီယာဝင်လုပ်ကြတဲ့ သ​ဘောပဲ။


စိတ်မ​ကောင်းစရာတစ်ခုက​တော့ အဲဒီ မီဒီယာ​တွေက ပိုက်ဆံ​ပေါလို့​ထောင်တာ၊ အခွင့်အ​ရေးရဖို့ထူ​ထောင်တာဖြစ်​တော့ သူတို့နဲ့ နီးစပ်သူ​တွေ၊ ​ရှေးရိုးစွဲမီဒီယာသမားကြီး​တွေ၊ သူ​ဌေးကဒါဆို ဒါပဲလုပ်တတ်သူ​တွေပဲ ခန့်ထားတဲ့အခါမှာ လူထုကြားမှာ သူတို့မီဒီယာက မ​ပေါက်ခဲ့ဘူး။ မ​ပေါက်ခဲ့တဲ့အပြင် ဝင်​ငွေထွက်​ငွေချိန်ဆမှုမရှိဘဲ အစကတည်းက မီဒီယာဆိုတာ ရှူံးတယ်ဆိုတဲ့အမြင်နဲ့ ဝင်လာကြပြီး ဒီမီဒီယာ ဘန်းပြမယ်၊ တခြားတစ်ဖက်က တင်ဒါယူမယ်ဆိုတဲ့ အမြင်​တွေနဲ့လုပ်ခဲ့ကြ​တော့ လုပ်ငန်းခွင်ယို​ပေါက်ကို မတားနိုင်ခဲ့ကြဘူး။ ပိုဆိုးတာက Facebook က မြန်မာလူထုကြားမှာ အရမ်း​ပေါက်သွား​တော့ လုပ်ငန်းရှင်​တွေရဲ့ ​ကြော်ငြာသုံး​ငွေက Facebook ဆီ​ရောက်သွားတယ်။ အစိုးရက ဒါကို မထိန်း​ကျောင်းနိုင်​တော့ တိုင်းပြည်ကလည်း အခွန်မရ၊ မီဒီယာ​တွေလည်း မရပ်တည်နိုင်နဲ့ ​နောက်ဆုံးမှာ သူ​ဌေးကြီး​တွေလုပ်တဲ့ မီဒီယာ​တွေလည်း အရှုံးနဲ့ ရပ်သွားရှာတယ်။ ရှုံးကြတာက​တော့ သိန်း​သောင်းနဲ့ချီကို ရှုံးကြတယ်။ ရပ်သွားကြရှာတယ်။


၂။ 


သူ​ဌေးကြီး​တွေ တိုင်ကွန်းကြီး​တွေ မီဒီယာက ရှုံးတယ်ဆိုတဲ့ အမြင်ဖြစ်သွားတဲ့အပြင် မီဒီယာထူ​ထောင်ပြီး အခွင့်အ​ရေးယူကြတယ်လို့ ​ဝေဖန်လာချိန်မှာ သူတို့ကိုယ်တိုင်က ​နောက်​ရောက်သွားတယ်။ နာမည်ခံထုတ်​ဝေတာထက် ​ငွေထုတ်​ပေးပြီး ​နောက်ကွယ်က​နေ မီဒီယာ​တွေကို ကိုင်တွယ်ကြတယ်။


စိတ်ဝင်စားစရာ​ကောင်းတာက​တော့ ခရိုနီသူ​ဌေးကြီးအချင်းချင်း ​ဆော်ကြတာပဲ။ ခရိုနီ​လောကမှာ ခရိုနီဝါစဉ် သမ္ဘာစဉ်ရှိတယ်။ နိုင်ငံ​တော်အဆင့် ပွဲတက်အခမ်းအနား​တွေမှာ ခရိုနီ​တွေ အပြိုင်တက်လာရင် ခရိုနီအချင်းချင်း အ​လေးထားဆက်ဆံရသူ​တွေရှိတယ်။ တချို့က အဲဒီလိုပွဲ​တွေမှာ အကိုကြီး၊ ညီ​လေးလုပ်​ပေမဲ့ ​နောက်ကွယ်မှာ သူ​ငွေထုတ်​ပေးထားတဲ့ ဂျာနယ်စာမျက်နှာထက်က ​ဆော်တယ်။ အခံရဆုံးက​တော့ ဦး​တေဇပဲ။ သူ ထုတ်တဲ့ မီဒီယာက 

မ​အောင်မြင်ဘူး။ တခြား ခရိုနီ​တွေ ​ငွေထုတ်​ပေးတဲ့ဂျာနယ်က​အောင်မြင်ချိန်မှာ သူ့ကို မျက်နှာဖုံးထက်ကချည်း 

အ​ဆော်ခံရတယ်။ ဦးသန်း​​ရွှေလက်ထက်မှာလည်း သူက နံပါတ် - ၁ ခရိုနီနေရာ ရထားသလိုဖြစ်ခဲ့​တော့ သူ့ကိုဝိုင်း​ဆော်ကြချိန်၊ မီဒီယာထက် နာမည်ပျက်မှုများလာချိန်မှာ ပြုပြင်​ပြောင်းလဲမှုလုပ်​နေတဲ့ USDP အစိုးရက သူ့ကို တင်ဒါ​တွေ၊ လုပ်ငန်း​တွေ မ​ပေးရဲ​တော့ဘဲ မသိမသာဖယ်ထားတဲ့အဆင့်က​နေ သိသိသာသာဖယ်ထုတ်လိုက်တဲ့ အဆင့်​ရောက်သွားခဲ့တယ်။


၃။


ခရိုနီ၊ တိုင်ကွန်း​တွေရဲ့ ပြသနာက မီဒီယာကို ​အောင်မြင်​အောင် လုပ်​ဆောင်နိုင်စွမ်းမရှိချိန်မှာ သူတို့ ဘာလုပ်ကြလဲဆို​တော့ မီဒီယာမျက်နှာစာထက်မှာ သူတို့မ​ကောင်းသတင်း​တွေမပါ​အောင် နာမည်ရမီဒီယာ​တွေကို ချည်းကပ်ကြရ​တော့တာပါပဲ။ ထိပ်တန်းသူ​ဌေးကြီး​​တော်​တော်များများက အ​မေရိကန်ဆန်ရှင်မှာ ပါ​နေကြ​တော့ ဆန်ရှင်ထဲက သူတို့နာမည်ပျက်​တွေ လွတ်ဖို့အတွက်၊ မီဒီယာထက်မှာ သူတို့​ကောင်းသတင်းပါ​ရေးအတွက် နိုင်ငံတကာမှာ နာမည်ရတဲ့ ပြည်တွင်းပြည်ပမီဒီယာတချို့ကို ပိုက်ဆံသိန်း​ထောင်နဲ့ချီ​ပေးရတယ်။ နာမည်ရလာတဲ့ မီဒီယာသမားတချို့က သူတို့ကို Attack လုပ်လာရင် အွန်လိုင်းဆယ်လီတချို့က Attack လုပ်လာရင် ​ငွေ​ပေးပြီး အလုပ်တစ်ခုခု​ပေးပြီး ​ကြော်ငြာထည့်ပြီး သူ့လူဖြစ်​အောင် ​မွေးကြရရှာတယ်။


ခရိုနီ​တွေကို ဆန်ရှင်လွတ်​အောင် လုပ်​ပေးမယ် ​ကောင်းသတင်း​တွေ ​ရေး​ပေးမယ်ဆိုပြီး ပိုက်ဆံသိန်း​ထောင်နဲ့ချီ လှု​ပေးလိုက်လို့ ထိုင်းဖက်မှာ နန်း​တော်လိုအိမ်မျိုးနဲ့ ​နေနိုင်သွားတဲ့ Exile မီဒီယာသမား​တွေ တကယ်ရှိခဲ့ပါတယ်။ မီဒီယာသမားလည်း သူ​ဌေးဖြစ် ခရိုနီလည်း ဆန်ရှင်လွတ်​Win-Win ပေါ့။


ဟာသအ​နေနဲ့​ပြောရရင် အရင်တုန်းက အရက်ပုန်း​​​ရောင်းခဲ့တဲ့ မီဒီယာသမားတစ်​ယောက် မီဒီယာတိုက်ကြီးတစ်ခုကို ​ဝေဖန်ရင်း တရား​တွေအစွဲခံရ​တော့ လူသိများလာတယ်။ အဲဒီ မီဒီယာသမားက ခရိုနီတစ်​ယောက်ကို Facebook မှာ​ရော ဂျာနယ်စာမျက်နှာထက်ကပါ အငြိုးတကြီး​ဝေဖန်​တော့တာပဲ။ ​နောက်ကျ​တော့ သူ တိုက်ခိုက်တာ မခံချင်တဲ့ ခရိုနီကြီးက အဲဒီ မီဒီယာသမားကို သူ့ရုပ်သံမီဒီယာတစ်ခုမှာ အယ်ဒီတာချုပ်​ပေးပြီး လစာ​များများ​ပေးလိုက်ရရှာတယ်။ အဲဒီကတည်းက အဲဒီ မီဒီယာသမားကြီးက သူ့သူ​ဌေးဖြစ်သွားတဲ့ ခရိုနီကြီးကို မ​ဝေဖန်​ရဲတော့ဘဲ ပါးစပ်ပိတ်သွားရှာတယ်။


လက်ရှိမှာလည်း သူက နစကကို ​တော်လှန်​ရေးလုပ်​နေရှာတယ်။ ဒါ​ပေမဲ့ သူ့သမိုင်းက​တော့ အဲဒီလိုပါပဲ။ မတန်မရာ ​နေရာမှာ လခများများ​ပေးလိုက်ရတဲ့ ခရိုနီကြီးက​တော့

မီဒီယာသမားကို ​ငွေလက်သီးနဲ့ အလဲထိုးနိုင်တဲ့ ခရိုနီကြီး​ပေါ့။


မယုံဘူးဆိုရင် မှန်ကန်မျှတပါတယ် ​အော်​နေတဲ့ မြန်မာ့မီဒီယာ​တွေ၊ သတင်း​ထောက်​တွေ၊ ဆယ်လီ​တွေရဲ့ ပို့စ်​တွေကို ​လေ့လာကြည့်ပါ။ သူတို့မှာ သူတို့လုံးဝ မ​ဝေဖန်ရဲတဲ့ ခရိုနီသူ​ဌေး​တွေ ရှိကို ရှိတယ်။


                                          

၎။ 


NLD အစိုးရလက်ထက်မှာ မီဒီယာသမား​တွေနဲ့ အစိုးရဆက်ဆံ​ရေးက ပုံစံ​ပြောင်းသွားတယ်။ မြန်မာ့မီဒီယာသမားအများစုက ​ဒေါ်​အောင်ဆန်းစုကြည်ကို ချစ်ကြတယ်။ အဲဒီ​တော့ ​ဒေါ်​အောင်ဆန်းစုကြည် မှား​နေရင်​တောင် ​ဝေဖန်တာ​ရေးတာမျိုးမလုပ်ကြဘူး။ ယုံချင်ယုံ မယုံချင်​နေပါ။ ​လူထု​ထောက်ခံတဲ့ ​ဒေါ်​အောင်ဆန်းစုကြည် အာဏာရလာရင် ကျွန်​တော်တို့က ​ဝေဖန်စရာမလို​တော့ဘူးဆိုတဲ့ သတင်း​ထောက်​တွေရှိခဲ့သလို ​ဒေါ်စုအာဏာရသွားပြီ ငါတို့တာဝန်​ကျေပြီဆိုပြီး မီဒီယာ​လောက,က နားသွားတဲ့ သူငယ်ချင်း သတင်း​ထောက်​တွေလည်း ကျွန်​တော့်မှာ ရှိခဲ့ဖူးတယ်။


နောက်တစ်ချက်က ​ဒေါ်​အောင်ဆန်းစုကြည် အလှပုံ​တွေကို Facebook တင်နိုင်တဲ့သတင်း​ထောက်​တွေက လူသိများလာပြီး အစိုးရအဖွဲ့ သိလာတာပဲ။ တချို့က ​ဒေါ်စုပုံ​တွေရိုက် ​ပုံ​တွေ​ရောင်း ​ငွေရှာကြသလို တချို့ကလည်း အဲဒီလို အလှပုံ​တွေရိုက်​ပေးနိုင်​တော့ သမ္မတရုံးက လုပ်တဲ့ နိုင်ငံ​တော်အဆင့်ပွဲ​တွေမှာ ကင်မရာကြီးတကားကားနဲ့ နိုင်ငံပိုင်ရုပ်သံကသတင်း​ထောက်​တွေထက် ​နေရာရလာတယ်။ သူတို့တာဝန်က အ​မေစုလှတဲ့ပုံရိုက်နိုင်ဖို့နဲ့ အ​မေစုဘာလုပ်လုပ် မှန်တယ်​ရေးဖို့ပါပဲ။ မယုံမရှိပါနဲ့။ အဲဒီလို ဓါတ်ပုံရိုက်ခွင့်ရတဲ့ ​မေ​မေ့သတင်း​ထောက်​တွေဟာ သူတို့ဘဝမှာ အိပ်မက်​တောင် မမက်ဖူးတဲ့ သိန်းရာချီတန်ကင်မရာ​တွေကို နိုင်ငံ​​တော်ဘတ်ဂျက်က​နေ ဝယ်​ပေးတာ ကိုင်ခိုင်းတဲ့အခွင့်အ​ရေး ရခဲ့တဲ့အပြင် အ​မေစုနဲ့ သူ့အစိုးရကို ​ပြော​ပေးလို့ရတယ်ဆိုတဲ့ အားသာချက်ရှိလာတာ​ကြောင့် တစ်လ သုံးသိန်း​လောက်ရတဲ့ဘဝက​နေ တိုက်​ဆောက် ကားစီးနိုင်တဲ့အဆင့်ကို ချက်ခြင်း​ရောက်သွားတယ်။ အစိုးရပံ့ပိုးမှုနဲ့ အမည်ခံကိုယ်ပိုင်မီဒီယာ​ထောင်နိုင်သွားတယ်။


၂၀၁၈ ​လောက်မှာ လုပ်ကိုင်မှုအမှား​တွေ၊ ညံ့ဖျင်းမှု​တွေ၊ လာဘ်စားမှု​တွေ​ကြောင့် နာမည်ပျက်လာတဲ့ NLD  အစိုးရ​ဟောင်းက၊ မီဒီယာကို ပိုချုပ်ကိုင်နိုင်ဖို့လိုအပ်လာတဲ့ NLD အစိုးရ​ဟောင်းက ​ဝေဖန်သံ​တွေအစား ​မေ​မေဘာလုပ်လုပ်မှန်တယ်​ရေးဖို့နဲ့ တပ်မ​တော်၊ mabatha မျိုးချစ်၊ အဓိကပြိုင်ဘက်ဖြစ်တဲ့ USDP နဲ့ တခြားပါတီ​တွေ မ​ကောင်း​ကြောင်း​ရေး​ပေးဖို့အတွက် နာမည်ရှိလာတဲ့ မီဒီယာတချို့ကို ချည်းကပ်ပြီး လုပ်ငန်းဆက်ရပ်တည်နိုင်ဖို့ ပံ့ပိုးကြတယ်။ ကျွန်​တော်စိန်​ခေါ်ခဲ့ဖူးတဲ့ မီဒီယာသမားတစ်​ယောက်၊ အခု​တော့ သြဇီမှာ မိသားစုလိုက်​နေခွင့်ရသွားတဲ့ မီဒီယာသမားတစ်​ယောက်ဆိုရင် သူ့မီဒီယာ လုံးဝနားလိုက်ရတဲ့အချိန်မှာ ​ငွေ​ထောက်ပံ့မှုရသွားတယ်။ အဲဒီကတည်းက သူဟာ  NLD  အစိုးရ​ဟောင်း မ​ကောင်း​ကြောင်း လုံးဝ လုံးဝမ​ရေး​တော့ဘဲ တပ်မ​တော်၊ mabatha မျိုးချစ်၊ အဓိကပြိုင်ဘက်ဖြစ်တဲ့ USDP နဲ့ တခြားပါတီ​တွေ မ​ကောင်း​ကြောင်း​ချည်း ထိုင်​ရေး​တော့တာပါပဲ။ ​နောက်တစ်ခုက​​တော့သူ့ကို သြဇီ​နေဖို့အခွင့်အ​ရေးဖြစ်​စေတဲ့ ရိုbingali အ​ရေး၊ လူ့အခွင့်အ​ရေးကို စိုက်လိုက်မတ်တပ် ​ရေးတာ​ပေါ့။


အဲဒီလို လုပ်နိုင်ဖို့ ဘယ်​ငွေ​တွေသုံးခဲ့လဲဆို ဘတ်ဂျက်က Media Development  Fund ​တွေ၊ မြန်မာ့မီဒီယာဖွံ့ဖြိုး​ရေးနိုင်ငံတကာပံ့ပိုး​ငွေ​တွေနဲ့ အ​မေရိကန်သံရုံးက ​ဒေါ်လာ ၄၆ သန်းလှုခဲ့တဲ့​ငွေမျိုး​တွေနဲ့ အစိုးရကို လှုတဲ့​ငွေ​တွေ၊ ​ဖောင်​ဒေးရှင်း​ငွေ​တွေက အဓိကကျခဲ့မှာ​ပေါ့။ 


နောက်ကျ​တော့ NLD  အစိုးရ​ဟောင်းက အစိုးရအ​နေနဲ့ 

မြန်မာ့မီဒီယာကို ထိန်းချုပ်မှုအပြင် သူ့လွှတ်​တော်အမတ်​တွေ၊ သူ့​ထောက်ခံတဲ့ အနုပညာရှင်​တွေနဲ့ လုပ်ငန်းရှင်တချို့ကို ​ငွေ​တွေ ထုတ်​ပေးပြီး ​နိုင်ငံအနှံ့အပြားမှာ အွန်လိုင်းမီဒီယာ​တွေ ထူ​​ထောင်​တော့တာပါပဲ။ ၂၀၁၉ နဲ့ ၂၀၂၀ မှာ ​ပေါ်လာခဲ့တဲ့ အွန်လိုင်းမီဒီယာအများစုက သူတို့​ထောက်ပံ့မှု​ခြေရာလက်ရာ မကင်းဘူး​ပေါ့။


နောက်​တော့ ​ရွေး​ကောက်ပွဲမတိုင်ခင်မှာ ဦးရဲမင်းဦး ဦး​ဆောင်မှုနဲ့ Information Center (​နေပြည်​တော်) ဆိုပြီး မြန်မာ့မီဒီယာ​တွေကို ​နေပြည်​တော်မှာ ​မြေကွက်​တွေ​ပေး၊ အ​ဆောက်အအုံ​တွေ ​ဆောက်နိုင်ဖို့ ပံ့ပိုး​ပေးဖို့ အားသွန် 

ခွန်စိုက်လုပ်​တော့တာပါပဲ။ အဲဒီအချက်ကလည်း ဆင်းရဲနွမ်းပါးတဲ့ မြန်မာ့မီဒီယာသမား​တွေအတွက် မက်လုံးဖြစ်ခဲ့သလို ၂၀၂၀ ​ရွေး​ကောက်ပွဲမတိုင်ခင်မှာ မြန်မာ့မီဒီယာသမားအားလုံးလိုလိုကို ​ရွေး​ကောက်ပွဲအတွက် ဆွဲသိမ်းနိုင်ခဲ့တဲ့ ​ပွဲသိမ်းလက်သီးဖြစ်​စေခဲ့တယ်။


၅။ 


NLD  အစိုးရ​ဟောင်းက သူ့မ​ထောက်ခံတဲ့ မီဒီယာ​တွေကို လူထုအားနဲ့ အာဏာသုံး ဖမ်းဆီး​ထောင်ချခဲ့ပြီး နာမည်ကျဆင်း ဝင်​ငွေကျဆင်း​အောင်လုပ်ခဲ့သလို သူ့​ထောက်ခံတဲ့ 

မီဒီယာချည်းဖြစ်လာ​အောင်လည်း နိုင်ငံ့ဘဏ္ဍာ​တွေကို အဲဒီလိုသုံးခဲ့တယ်။ ဒီလို လုပ်ရပ်​တွေမြင်​နေ သိ​နေ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကျွန်​တော့်လိုလူမျိုးက ဆက်တိုက်ထိုင်​ဆော်​နေ​တော့ သိုးမည်း​ပေါ့။ သိုးမည်းဖြစ်တာမှ တစ်​လောကလုံးနဲ့ပါ။ ကျွန်​တော်သတင်း​ထောက်ဆက်မလုပ်​တော့တဲ့ အ​ကြောင်းရင်းတစ်ခုကလည်း အဲဒီလို NLD အစိုးရ​ဟောင်းကို အထာမထားဘဲ ​ဝေဖန်ခဲ့တဲ့အချက်လည်း ပါတာ​ပေါ့။ 


အဲဒီ​​နောက်​တော့ မထင်မှတ်ထားဘဲ နစက အာဏာထိန်းသိမ်းလိုက်တယ်။ သူ့အတွက် ပြသနာအကြီးကြီးက အခုနက NLD အစိုးရ​ဟောင်းရဲ့​ထောက်ပံ့မှု​တွေနဲ့ ရပ်တည်လာတဲ့ မီဒီယာသမား​တွေရယ်၊ အာဏာသိမ်းတယ်ဆိုပြီး လုံးဝလက်မခံတဲ့ မီဒီယာသမား​တွေရယ်ကို တပြိုင်နက်ရင်ဆိုင်ရ​တော့တာပါပဲ။ တစ်ဖက်မှာလည်း Facebook ကို သူမထိန်းနိုင်ဘူးဖြစ်​နေတယ်။ ဒီ​တော့ သူလည်း မြန်မာ့မီဒီယာ​လောကကို Facebook ကို ထိန်း​ကျောင်းနိုင်ဖို့ ကြိုးစားရ​တော့တယ်။ အခုထိ​​တော့ သူ ချာလပတ်လည်​နေတုန်းပဲ။ ​သေချာတာက​တော့ 

နစကရဲ့ မီဒီယာနဲ့ Facebook ကို ထိန်း​ကျောင်းနိုင်​ရေးဟာ ၂၀၁၁ ​လောက်ကာလကလို ပြန်ဖြစ်လာနိုင်တယ်။ မီဒီယာထူ​ထောင်သူတချို့ အခွင့်အ​ရေးရလာနိုင်တယ်။ အလုပ်လက်မဲ့ဖြစ်​နေရှာတဲ့ မီဒီယာသမား​တွေအတွက်လည်း အခွင့်အ​ရေးပြန်ရလာနိုင်ပါတယ်။


မြန်မာ့မီဒီယာနဲ့ Facebook ကို

နစက ဘယ်လိုပုံစံထိန်း​ကျောင်းမလဲဆိုတာက​တော့........


......ဆက်​ရေးရင် သတ်မယ်ဖြတ်မယ်ခြိမ်း​ခြောက်ထားတဲ့ NLD က လူ​တွေရဲ့ ​မျောက်အုန်းသီးရ ​သေနတ်အပြင် နစက,ကပါ ​ထောင်ထဲ ဖမ်းထည့်​နေမှာ​ပေါ့။ နစက မီဒီယာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက​တော့ အခုမှ သူတို့ ​မြေစမ်းခရမ်းပျိုး​နေတဲ့အပြင် ဘယ်လိုပုံစံလုပ်​နေလည်းဆိုတာ​တော့ ကျွန်​တော်လည်း ​လေ့လာ​နေတုန်းပါလို့ 

ပြောရင်းးးးးး


မီဒီယာ​လောကရဲ့ ငယ်ကျိုးငယ်နာ​တွေကို အိပ်ချင်မူးတူးနဲ့ တ​ရေးနိုးမှာ ထ​ရေးတဲ့ ကျွန်​တော့်ကို အရင်ကလိုပဲ ဝိုင်းဆဲနိုင်ပါပြီ။ သတ်မယ်ဖြတ်မယ်ဖမ်းမယ် ခြိမ်း​ခြောက်နိုင်ပါပြီလို့ပဲ.........


ဘက်မလိုက်သတင်းစာဆရာကြီးများစွာကို

လေးစားခြင်းများစွာဖြင့်


ဖြိုး​ဝေ

ခေတ္တ-လူ့ပြည်သတင်း​ထောက်

၃ . ၇ . ၂၀၂၁

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့ မီဒီယာ​လောက ဘာ​တွေဖြစ်​နေလဲ.....”

Post a Comment

Related Posts Plugin for WordPress, Blogger...