မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆/၇ သွေးနှောပုံစံ-၁၀လျှောက်ထားခြင်းညွှန်ကြားချက်ဆိုတာ. . .
- ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၆/၇ ဖြင့် အကျုံးဝင်သော နိုင်ငံသားများကို (လ.ဝ.က)
က “ သွေးနှောနိုင်ငံသား” ပါတဲ့ဗျာ။
- သွေးနှော နိုင်ငံသားများ နေရပ်ပြောင်းရွှေ့ခွင့် ပုံစံ-၁၀ လျှောက်ထားခြင်း နှင့် ပတ်သက်ပြီး ဦးစီးဌာန (ရုံးချုပ်)၏ (၃၁.၅.၂၀၀၇)ရက်စွဲပါ ညွှန်ကြားချက် ၊၂၈.၄.၂၀၀၈ ရက်စွဲပါ ညွှန်ကြားချက်၊ ၂၁.၂.၂၀၁၃ ရက်စွဲ ပါ ညွှန်ကြားချက်များအရ ဒီလိုသတ်မှတ်ထားပါတယ်တဲ့ဗျာ။
- ပုဒ်မ-၆/၇ တရုတ်၊ကုလားအနွယ်ဝင်( နိုင် / ဧည့် / ပြု / အမတ)ကိုင်ဆောင်သူများ
ပြည်နယ်နှင့်တိုင်း ဒေကြီးအတွင်းရှိမြို့နယ်အသီးသီးသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက ဒေသဆိုင်ရာ အာဏာပိုင်၏ သဘော ထား နှင့်အညီ ပြည်နယ် / တိုင်းဒေသကြီးဦးစီးမှူးမှ
ဆုံးဖြတ်ဆောင်ရွက်ရမယ်တဲ့ဗျာ။
- နယ်စပ်ဒေသနေ“သံသယလူမျိုး”၊ “ ကန့်သတ်လူမျိုး”တွေပြည်တွင်းမြို့ကြီးများအတွင်းပိုင်း(Inner Area)သို့ပြောင်းရွှေ့လျှောက်ထားသည့်အမှုတွဲများကိုဦးစီးဌာန(ရုံးချုပ်)သို့တင်ပြခွင့်ပြုချက်ရယူ
ဆောင်ရွက်ရ မယ်တဲ့ဗျာ။
- နိုင်ငံအတွင်းပိုင်းဒေသတွင်နေထိုင်ပြီး ( နိုင် / ဧည့် / ပြု / အမတ) ကိုင်ဆောင်ထားသူများ ပြည်နယ်တိုင်းကျော်လိပ်စာပြောင်းရင်တော့ယခင်လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နိုင်တယ်တဲ့ဗျာ။
- ပုံစံ-၁၀၊ ပြောင်းရွှေ့လျှောက်ထားတဲ့အခါ -
(၁) ကာယကံရှင်၏လျှောက်လွှာ၊၊ (၂) ရပ်/ကျေး အုပ်ချုပ်ရေးမှူးထောက်ခံစာ၊၊ (၃)ထွက်ခွာမည့်အိမ်ထောင်စုစာရင်းဝင်အိမ်ထောင်ဦးစီး၏သဘောတူဝန်ခံချက်၊၊
(၄)လျှောက်ထားသူနှင့်အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) မိတ္တူ ။ (၅) ကာယကံရှင်ကိုင်ဆောင်သည့် လက်မှတ်မိတ္တူ။(၆)ပြောင်း ရွှေ့လိုသည့် အကြောင်းပြချက်။ (လက်ထပ်စာချုပ်မိတ္တူ၊အိမ်ပိုင်ဆိုင်မှု အထောက်အထား)။(၇)ပြောင်းရွှေမည့် ပြည်နယ်/ တိုင်း ဦးစီးမှူး၏ကန့်ကွက်ရန်မရှိကြောင်း အကြောင်း ကြားစာတွေလိုတယ်တဲ့ဗျာ။
- တရုတ်၊အိန္ဒိယအနွယ်ဝင်လူမျိုးများနှင့်အခြားသွေးနှောလူမျိုးများ ပုံစံ-၁၀ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်ပြီးပြည်နယ်တိုင်းတစ်ခုအတွင်းမြို့နယ်ပြောင်းရာတွင်မြို့နယ်အုပ်ချုပ်ရေးမှူးသဘောထား
မှတ်ချက်နှင့်အညီ ပြည်နယ်/တိုင်းဦးစီးမှူး၏ဆုံးဖြတ်ချက်လိုပါတယ်တဲ့ဗျာ။
- ပြည်နယ်/တိုင်း ကျော်ပြောင်းရင်တော့လက်ခံမည့် ပြည်နယ်/တိုင်း ဦးစီးမှူး၏ သဘောထားရယူပြီးမှ ပုံစံ-၁၀ထုတ်ပေးရေးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်ဗျာ။
- ဒါနဲ့မပြီးသေးဘဲအမှုတွဲကို ဦးစီးဌာန(ရုံးချုပ်)သို့တင်ပြပြီး ခွင့်ပြုချက်၊ ညွှန်ကြားချက်အတိုင်းလိုက်နာ ဆောင်ရွက်ရမယ်တဲ့ဗျာ။
- နိုင်ငံသားဖြစ်ပါလျှက်ပုဒ်မ-၅ နဲ့ ပုဒ်မ-၆/၇ မတူဘူးတဲ့၊ ခွဲခြားထားပါတယ်တဲ့၊ တရုတ်၊ ကုလား အနွယ်ဝင်အိန္ဒိယနှင့်အခြားသွေးနှောများကိုတစ်မျိုး၊သံသယလူမျိုး၊ကန့်သတ်လူမျိုးများကိုတစ်မျိုးခွဲခြားသတ် မှတ်ထားပါတယ်တဲ့ဗျာ။
-၂-
- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅(က)၊(ခ) နဲ့ အကျုံးဝင်ရင် မြန်မာနိုင်ငံသားဖြစ်ပါတယ်တဲ့။
နိုင်ငံသား မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူအခွင့်အရေးရရှိစေရမယ်လို့
ပုဒ်မ-၃၄၆ ကဆိုထား ပြန် ပါတယ်။
- ပုဒ်မ-၃၄၈ ကျတော့ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ လို့ ဟုတ္တိပတ္တိပြောထားတယ်ဗျာ။
-အဲပုဒ်မ-၃၅၅ကျတော့နိုင်ငံသားတိုင်းနိုင်ငံအတွင်းမည်သည့်အရပ်ဒေသ၌မဆိုဥပဒေနှင့်အညီ
အခြေစိုက် နေထိုင်ခွင့်ရှိတယ်လို့ဘဲပါတယ်။ညွှန်ကြားချက်အတိုင်းနေရမယ်လို့
ပြဋ္ဌာန်းထားခြင်းမရှိပါဘူး။
- ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ-၂(င)မှာ “ နိုင်ငံခြားသား ”ဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ၊ ဧည့်နိုင်ငံသားမဟုတ်သောသူ၊နိုင်ငံသားပြုခွင့်ရသူမဟုတ်သောသူကိုဆိုသည်လို့ပြောထားတာကြောင့်
နိုင်ငံသားဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူဆိုတာနိုင်ငံခြားသားမဟုတ်တဲ့အတွက်ပုဒ်မ-၂(ခ)ပါ
နိုင်ငံသားတွေဘဲဖြစ်တယ် ဆိုတာရှင်းပါတယ်။
- ဒါကြောင့်နိုင်ငံသားခြင်းတူပါလျှက်ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းမှာမပါတဲ့လူမျိုး၊
ကိုးကွယ်သည့်ဘာသာကိုအကြောင်းပြုပြီးသွေးနှောဟုခွဲခြားသတ်မှတ်ပြီးကန့်သတ်နေခြင်းမှာဥပဒေနှင့်ညီညွတ်ပါသလား ဆိုတာ ပြောကြပါဦးဗျာ။
- ကဲ . . . ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ကြမယ့် ပြည်ထောင်စုသားတို့ . . . စစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်ရင်ပြောင်းလဲသင့်တာတွေပြောင်းလဲချိန်လွန်နေပြီဗျာ။
ဘယ်လိုပြောင်းလဲကြမှာလဲ?
- ပြိုင်တူတွန်းရင်တော့ ရွေ့နိုင်တယ်လို့ ဆိုရိုးစကားတော့ရှိပါတယ်။
Ohn mg
https://www.facebook.com/100011345056900/posts/1960848424303307/

