Thursday, January 23, 2014

ကျူးကျော်တဲများကိုအင်အားသုံးဖျက်သိမ်းနေ

,
လှိုင်သာယာမြို့နယ်၊ (၁၉) ရပ်ကွက်၊ရွှေလင်ဗန်းချောင်းအနီး တွင်နေထိုင်သော ကျူးကျော်တဲ ၃၀၀ ခန့်ကို၊ ဇန်န၀ါရီ ၂၁ ရက် နေ့ နံနက် ၄နာရီခွဲခန့်က စတင် ကာမြို့နယ်စည်ပင်ကဖယ်ရှားခဲ့ ကြောင်းသိရသည်။
ထိုသို့ဖယ်ရှားရာတွင် ရဲတပ် ရင်း (၃)ခုမှ ရဲတပ်ဖွဲ့ဝင်များအပါ အ၀င်မြို့နယ်စည်ပင်၊ သစ်တော ဌာနနှင့် တာဝန်ရှိသူအင်အား ၁၉၀၀ ခန့်က ဖယ်ရှားရှင်းလင်းခဲ့ ခြင်းဖြစ်သည်။
အဆိုပါ ကျူးကျော်နေထိုင် သူများကို ၁၈၉၈ ခုနှစ် မြန်မာ နိုင်ငံအောက်ပိုင်းမြို့ရွာရှိမြေယာ အက်ဥပဒေ (၂၁)၃ အရဖယ်ရှား ရှင်းလင်းခြင်းဖြစ်ပြီး မဖယ်ရှားပါ က ပုဒ်မ/၃၃၂ အရ ထောင်ဒဏ် (၃)နှစ်၊ ၃၃၃ အရထောင်ဒဏ် (၁၀)နှစ်၊ လက်နက်ကိုင်ဆောင်၍ ပြန်လည်ခုခံပါက ပုဒ်မ ၁၉(င) အရ ထောင်ဒဏ်နှစ်အထိကျ ခံနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေး မှူးက အသိပေးကြေညာပြီးမှ စတင်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖယ်ရှားရက်မတိုင်မီ မြို့နယ် စည်ပင်မှနိုးတစ်စာသုံးကြိမ်  ဖြင့် အသိပေးထားသောကြောင့် အဆိုပါ ဖျက်သိမ်းရက်မတိုင်မီ ပြောင်းရွှေ့သွား သူများလဲရှိခဲ့ ကြောင်းသိရသည်။
ထိုအတူ ဇန်န၀ါရီလ ဒုတိယ အပတ်ကပန်းလှိုင်မြစ်သောင်ထွန်း မြေပေါ်တွင် ဆောက်လုပ်ထား သော ကျူးကျော်တဲ ၃၅၀၀ ခန့် ကိုလဲသက်ဆိုင်ရာကအင်အားသုံးဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းသိ ရသည်။ 
( hotnewsweekly )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကျူးကျော်တဲများကိုအင်အားသုံးဖျက်သိမ်းနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...