Sunday, January 12, 2014

မိတ္ထီလာတွင်လုံခြုံရေးအခြေအနေအရေးပေါ်တိုးမြှင့်ရမှုအပေါ်ရိုးသားမှုမရှိသောသတင်းရေးသားမှုများတွေ့မြင်လာရ

,
ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ရာဇ၀တ်မှုတစ်ခုဖြစ်ပွားခဲ့မှုအပေါ်  The Voice Weekly  ဂျာနယ်မှ လူမျိုး၊ဘာသာ ဖော်ပြ၍ရေးသားတင်ပြခဲ့သည်၊ ထိုကဲ့သို့မီဒီယာကျင့်ဝတ်နှင့်မညီသော
သတင်းရေးသားနည်းဖြင့် တင်ပြခဲ့ခြင်းမှာ ရိုးသားမှုအခြေခံမရှိကြောင်းထင်ရှားသည်။

ဒီမိုကရေစီစနစ်သို့ကူးပြောင်းစ မြန်မာနိုင်ငံတွင်နိုင်ငံတည်ဆောက်ရေးမီးမောင်းထိုးညွှန်ပြ
ပေးနိုင်သည့်  နိုင်ငံအကျိုးပြု မီဒီယာများရှားပါးလျှက်ပင်ရှိနေသေးကြောင်း တွေ့ရှိရသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မိတ္ထီလာတွင်လုံခြုံရေးအခြေအနေအရေးပေါ်တိုးမြှင့်ရမှုအပေါ်ရိုးသားမှုမရှိသောသတင်းရေးသားမှုများတွေ့မြင်လာရ”

Post a Comment

Related Posts Plugin for WordPress, Blogger...