Wednesday, January 22, 2014

ကလေးမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်အား စည်ပင်ဥပဒေနှင့် အရေးယူမည်

,
သက်ဆိုင်ရာ စည်ပင်ဌာနသို့ တင် ပြခွင့်ပြုချက်မယူဘဲ ဘဏ်အဆောက် အအုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ကလေးမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်အား အရေးယူသွား မည်ဖြစ်ကြောင်း ပြော သည်။”အခွန်အခ မဟုတ်ဘူး။ အဆောက်အအုံကြီးကြပ်ခ မဟုတ်ပါဘူး။ ဒဏ်ကြေးတင် (၁၈)သိန်းဝန်းကျင်ပါ။ အတိအကျတော့ မသိသေးဘူး။ စ ဆောက်တဲ့အချိန်နဲ့ ပြီးတဲ့အချိန်ပေါ့ နော်။ ၆ လလောက် ကြာမှာပေါ့။ ဒီရှေ့ ဆောင်ဘဏ်ကို တရားစွဲတယ်။ တရား ရုံးမှာ ဒဏ်ငွေရိုက်တယ်။ စောစောပိုင်း က သူတို့ ကိုခေါ်တယ်။ သူတို့မလာကြ ဘူး။ မလာလို့မရဘူး။ မရမက ခေါ်တဲ့ အခါကျမှ သူတို့လာပြီးတော့ အဆက်အ သွယ်လုပ်ကြတယ်”ဟု ကလေးမြို့ စည်ပင် ဥက္ကဋ္ဌက ပြော သည်။
အဆိုပါ မြန်မာ့ရှေ့ဆောင်ဘဏ် ကလေးဘဏ်ခွဲအား တရားစွဲဆိုမှုနှင့် ပတ်သက်၍ အဆောက်အအုံ ဆောက် လုပ်ရာတွင် ခွင့်ပြုချက်မတင်ခြင်းကြောင့် တရားစွဲ ဆိုခြင်းဖြစ်ပြီး လေကြောင်းနှင့် လည်း မလွတ်ကင်းကြောင်း သိရသည်။
ကလေးမြို့ စည်ပင်သာယာရေး ဌာနအနေဖြင့် အဆောက်အအုံဆောက် လုပ်ခွင့်ကို နှစ်ထပ်သာခွင့်ပြုခွင့်ရှိပြီး နှစ်ထပ်ကျော် အဆောက်အအုံများအား တိုင်းခွင့်ပြုချက် တင်ကာ ခွင့်ပြုမှ ဆောက်လုပ်ခွင့်ရှိကြောင်း၊ အဆောက် အအုံတစ်ခု ဆောက်လုပ်ရာတွင်စည်ပင် ဌာနသို့ ရပ်ကွက်ထောက်ခံစာ၊ ပုံစံဒီဇိုင်း  ခန့်မှန်းတွက်ချက်မှုအပြင် ယခုနောက် ပိုင်း မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေး ထောက်ခံချက်ပါ ပူးတွဲတင်ပြရကြောင်း၊ အမှုတွဲမစုံမလင်သော လျှောက်လွှာအား လက်မခံကြောင်း အမှုတွဲစုံလင်လျှင် လက်ခံကြောင်း၊ လက်ခံပြီးသည်နှင့် လက်ခံရရှိကြောင်း ပြေစာတစ်စောင် ပေးကြောင်း တစ်လအတွင်း စည်ပင် ဌာနမှ အကြောင်းမပြန်မီ ဆောက် လုပ် သော အဆောက် အအုံများအား စည်ပင် မှ တရားစွဲနိုင်ကြောင်း သိရသည်။
စည်ပင် ဥပဒေပုဒ်မ (၇၃)တွင် ဖော်ပြထားသော ဇယားပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ လိုက်နာ ရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်း ခံရပြီးနောက်တွင် ဆက် လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူ သည် ဆက်လက်၍ပျက်ကွက်ခြင်း သို့မဟုတ် ဖောက်ဖျက်ကျူး လွန်ခြင်း ပြုသည့်နေ့ အသီးသီးအတွက် ငွေဒဏ် ကျပ် ၁ဝဝဝဝ ချမှတ်ခြင်းခံရမည် ဟု ဖော်ပြထားသည်။
ချစ်သူမောင်(popularmyanmar)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကလေးမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်အား စည်ပင်ဥပဒေနှင့် အရေးယူမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...