Tuesday, January 14, 2014

မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင် ပြေးဆွဲ

,
မွန်ပြည်နယ် မော်လမြိုင် ဘူတာကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အထူးအမြန် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားတွဲဟောင်းများ အစား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ စတင်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့်  စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အထူးတန်းရုံပိုင်ကြီး ဦးတင်စိုးဝင်က ပြောကြားသည်။ ရိုးရိုးတန်း အတွဲခြောက်တွဲနှင့် အထက်တန်းနှစ်တွဲ ပါရှိမည့် တွဲဆိုင်းသစ် ခရီးစဉ်အတွက် လက်မှတ် ဝယ်ယူသူများသည် လက်မှတ် ရောင်းချိန် နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အထက်တန်း လက်မှတ်များကို သုံးရက်ကြိုတင် ဝယ်ရမည် ဖြစ်ကြောင်းနှင့် ရိုးရိုးတန်း လက်မှတ်များကို တစ်ရက်ကြိုတင် ဝယ်ယူရမည် ဖြစ်ကြောင်း၊ နေ့ချင်း လက်မှတ်များကို ရထားမထွက်မီ ၁၀ မိနစ် အလိုထိ ရောင်းချမည် ဖြစ်ကြောင်း မော်လမြိုင် မီးရထားရုံပိုင် ဦးဌေးအောင်က ဆိုသည်။ ယင်းအမြန်ရထားသည် နေ့စဉ် ည ၇ နာရီ ၃၀ မိနစ်တွင် မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးမှ ည ၉ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၆ နာရီ အချိန်တွင် ပြန်လည် ဆိုက်ရောက်မည် ဖြစ်ကြောင်း အထူးအမြန် (၃၆) အချိန်စာရင်းအရ သိရသည်။ ယင်းခရီးစဉ်တွင် ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၂၈၀၀ ကျပ်၊ အထက်တန်း လက်မှတ် တစ်စောင်လျှင် ၅၅၀၀ ကျပ် ဖြစ်သည်။

( yatanarpon )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင် ပြေးဆွဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...