Friday, January 17, 2014

လိမ်ဖယ်ဖယ် ရှင်းတမ်း

,
ကဲ..မြေယာကိစ္စတွေ ပြေလည်မယ့်နည်း
လမ်းမနားတမ်း ခရီးဆက်နေသူတွေအတွက် အကြံကောင်း ပေးမယ်။ ဘယ်သူမှ ပြန်မပြောကြေး။ တိုးတိုးလေးပြောမယ်။ ”သူတို့လိုချင်လို့ ယူထား ပြီးသား။ ပြန်တောင်း လို့မရရင် ကံအဟောင်းကြွေးလို့သဘောထား။ အန္တရာယ်ရှိတယ်။ အရိပ်စစ်တွေ လိပ်ဖြစ်ကုန်ပြီ။ ရှင်းလားရှင်းလား။” (အဲဒီစကား ငါ့ကို သူတို့ ပြောခိုင်း တာ။)နောက် တစ်ခု… ကျူးကျော်မြေ ဖယ်ရှားရေးရဲ့ သား ကောင် ပြည်သူကျောမွဲတွေအတွက် အကြံကောင်းပေး မယ်။ ဒေါ်လာများများရအောင်ရှာ၊ လက်တံရှည်ရှည် တွေကို အပိုင်ေ ပါင်း။ အရင်လို မဟုတ်တော့ဘူး ဆို ပေမယ့် နည်းလမ်းပဲလွဲတာ။ ဆေးရောင်ခြယ် ဘော လုံးကို ဟိုဘက်ဒီဘက် လှည့်ထားတာ။ အထုပ်လိုက် သာ ပစ်ချပေးလိုက် လို့ ကတော့ တောအုပ်လိုက်တောင် ဝယ်လို့ ရနိုင်တယ်။ သူတို့လိုနေတာ ငွေပဲ။ အစက တည်းက ငွေများများမှ မရှာပဲ။ ဘာတဲ့ အရင်က တည်းက ဆင်းရဲတာ။
ဟာကွာ ..သူတို့လည်း နဂိုက အမွဲအတေဘဝနဲ့ ကွဲ ကြေရာက စွန့်လို့စား။ ရဲလို့မင်းဖြစ်။ စိုင်ကော်လို့ ချုံ ပေါ်ရောက်ခဲ့တာပါ။ မြန်မာပြည်ကြီး မြေလွတ်တွေ ပေါပေမယ့် ဆင်းရဲသား ပြည်သူအတွက်မဟုတ်ဘူး။ တိုင်းပြည်ဆိုတဲ့ လူကြီးကောင်းစားဖို့ ငွေလိုတယ်။ ငွေ များများပေးနိုင်တဲ့ တစ်ပြည်ထောင်သားတွေ အနှင်ခံရ တယ်လို့ ကြားဘူး လား။ လာပါလာပါတောင်ခေါ်နေရ တာ။ နမူနာသေးသေးလေးပဲကြည့်။ တရုတ်တန်းမှာ ညညဆို ကားလမ်းပိတ်အောင်ရောင်းတဲ့ လမ်းဘေး ဈေး သည်တွေေ တာင် ပုံမှန်ပဲ။ ဒါ့ကြောင့် ငွေများများ ရှာပါဆို။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့တဲ့။ အားမလျော့ နဲ့။ သည်ဘဝမရ၊ နောင်ဘဝ။ မျိုးချစ်စိတ်နေရာမှာ တိုးရစ်စိတ် (Tourist)စိတ်တွေေ ရာက်ကုန်ပြီ။ နည်း နည်းတော့အားစိုက်ရမယ်။
ပညာရေးလား
ဘာသာစုံ ဂုဏ်ထူးရတာတောင်၊ အမှတ်ချင်းတူ တာတောင် ကျား၊ မခွဲပြီး ပယ်ခံရတယ်။ သင်ချင်တာ မသင်ရ။ တက်ချင်တာ မတက်ရဘူးတဲ့လား။ အချင်း ချင်း အငြင်း မပွားနဲ့။ မငြိုငြင်နဲ့။ ဘယ်ကဏ္ဍဖြစ်ဖြစ် ပြည်သူတွေ စိတ်ထဲ ခိုးလို့ခုလုဖြစ်တာ သူတို့အတွက် အရသာ။ လူမိုက်ဆိုတာ အသိÓဏ်နည်းလို့ မိုက်တာ လို့ လူကြီး သူမ ပြောတာကြားဖူးတယ်။ ပညာရဲ့ တန်ဖိုးသူတို့မသိတာ မဆန်းဘူး။ သူတို့ကိုယ်တိုင် တိုင်းပြည်(လူကြီး) အနာဂတ်အတွက် လုံးပန်းရင်း ပညာသင်ချိန်နည်းခဲ့ တယ်။ ဘာလိုင်း ညာလိုင်းဆိုတာ သည်နိုင်ငံမှာ ပညတ်ပဲရှိတာပါ။ တစ်ကယ်တမ်းက ကျောင်းစာနဲ့အတူ စာကောင်းတွေ လေ့လာ။ မှားနေ တဲ့ လူတွေရဲ့နိဂုံးကို နမူနာယူ။ မှန် ကန်ဖြောင့်မတ်ဖို့ ကြိုးစား။ အကျိုးတရားက မှန်တဲ့လူများမှ မှားတဲ့လူ ပျောက်မှာ။ ပညာအလင်းဆိုတော့ အမှောင်နဲ့မအပ် စပ်သေးဘူးလို့သာ သဘောပိုက်ကြ။
မီဒီယာရဲ့အားလား
ဘာပဲပြောပြော ဘာပဲရေးရေး သူတို့လုပ်ပေးမှ ဖြစ်မယ်လို့ ခံယူချက်ခပ်တင်းတင်းနဲ့ သူတို့ အံကြိတ် ထားကြတယ်။ မီဒီယာတွေကတော့ ပြောပါတယ်။ နှဲ့ပါ များရင် နဲ့လာ ယိုင်လာပြီး အဆုံးတစ်နေ့ အပြီးတိုင် ဖြိုလှဲနိုင်တယ်ဆိုပဲ။ နှဲ့တဲ့သူတွေ ချွေးစေးတွေ တစ် ပေါက်ပေါက်ကျပြီး ပြိုင်းလာတဲ့အထိ အမောဆို့ နှစ် ချို့တဲ့ထိ သူတို့ က စောင့်ကြည့်နေတယ်။ ”အရင်လို စိတ်နဲ့သာဆို ဟင်းဟင်း”လို့ စိတ်ထဲက ကြုံးဝါးနေတာ မြင်နေရတယ်။ သူတို့က ကိုယ့်တွေထက် ဇွဲပိုကောင်း တယ်။ သူတို့အားကို တို့အား အပြိုင်ကြဲတာထက် ကောင်းတဲ့စိတ်အခံနဲ့ အပေးအယူ မျှကြမယ့်နေ့။ ငါတို့ တိုင်းပြည်ကြီး ကောင်းစားမယ့်နေ့။ မီဒီယာဆိုတာ ပြည်သူ့ အတွက် သေချာပါ တယ်။ ပြည်သူဆိုတာလည်း စေတနာမှန်နဲ့ ခေါင်းဆောင်သူတွေအတွက် သေချာ ပါတယ်။
ကဲ ဘုရားပဲ တကြရအောင်ခေါင်းဆောင်ကောင်းတွေ အရောင်ထွက်ဖို့
အခွန်တွေ ဘာလုပ်မလဲ… လမ်းတံတားခင်း မြို့ ရွာတည်တယ်။ ပိုတာမမေးနဲ့။ နမူနာလေးတစ်ခု။ အရင်က ၁၅ သိန်းဖုန်းတွေ အခု ၁၅ဝဝနဲ့ ရောင်းမှ ကိုယ်အချခံရတာ ရှက်ဒေါသဖြစ်နေတယ်လား။ စာ ချုပ်မှာ အငှားချ ထားတယ်ဆိုတော့ ပြန်အပ်ချင်တယ် လား။ သိသားနဲ့။ လိုင်းတွေမပိတ်ပစ်တာတောင် ကံ ကောင်း။ လိုင်းဟောင်း ဆိုပြီးလေ။ အဲဒီက အမြတ်တွေ ဘာတွေ ဘယ်လောက်များသလဲ အကြမ်းဖျင်းစာရင်း တွက်ကြည့်။ ဒါ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံး ခရိုနီတွေ ပေါ်လာတာ ကမ္ဘာမှာ ဘယ်လောက် ဂုဏ်ရှိလိုက် သလဲ။
ကိုယ့်လူမျိုးထဲက ချမ်းသာတာ။ အကြီးစား ၄ဝ၆ တွေ ၄၂ဝ တွေ။ ပုဒ်မ ၆၁ တွေ ပြောချင်ရာပြော။ သူတို့က စိတ်မလေးဘူး။ ဒါ အရင်က ကိစ္စ။ နောက် ကြောင်း ပြန်မ လှည့်ကြေးဆို။ စိတ်ဆိုးအောင် မလုပ်နဲ့ နော်။ သြော် ဘာတေးဘွာတေးြ>ွခင်းချက် ရှိတယ်။ အရင်တုန်းကတည်းက နေထိုင် ပိုင်ဆိုင်တာတော့ မပါ ကြေး။ ဒါ ဦးနိုင်ငံကြီးပိုင်တာတဲ့။ နိုင်ငံပိုင်တဲ့။ ဦးပိုင်။ နိုင်ငံပိုင်။
(တရုတ်ရွှေဆိုင်ရှေ့မှာ တို့ဗမာတွေ ဆိုက်ကား နင်းနေရတယ်။ ကုလားကုမ္ပဏီတွေအရှေ့မှာ တို့ဗမာ တွေ ဆီးပေါင်း ရောင်းနေရတယ်။ ဗမာတွေ ပျင်းလို့တဲ့ လား။ ဒါဆို အုပ်ချုပ်တဲ့လူတွေက ဗမာမဟုတ်ဘူးလား။ သိပ်မပြင်းဘူးနော်။(လူမျိုးရေးစိတ်ဓာတ်)။
တရားခံဘယ်သူလဲ
စားရလေ ပိုငတ်လေ။ ကျွန်ဘဝရောက်ခဲ့တဲ့ နှစ် ပေါင်းရာကျော် နောက်ပိုင်းပေါက်ပေါက်ဆုပ် ဘော လုံးကန်လာတဲ့သူတွေ နပ်မမှန်ခဲ့ဖူးသူတွေက အရင် လို ဘဝ ပြန် မရောက်ချင်လို့တဲ့။ ကြောက်ကြောက်နဲ့ နင်းကန်စုဆောင်းဘို့ တို့တိုင်းပြည် တို့သယံဇာတတွေ ကို ရောင်းစားနေပြီပေါ့။ ကိုယ်ချင်းစာစိတ် ကလေးနဲ့ မြင့်မြတ် တဲ့စိတ် ကလေးဖြစ်ဖို့ တစ်ဆင့်မြှင့်ပြီး မျှဝေရပ် တည်ပေးပါဦး။ အနာဂတ်မကောင်းတဲ့ ဗမာတွေထဲ အသင်တို့ရင် သွေးတွေပါ မုချပါလာနိုင်သမို့ အားဖြစ် အောင်စားပါ။ အန် ထွက်အောင် မစားပါနဲ့လို့ တို့တစ် တွေ သံပြိုင်ဟစ် သတိပေးလိုက်ကြရအောင်။)
အနာဂတ်နိုင်ငံရေး..မပူပါနဲ့
အကွေ့အဝိုက် အလိမ်အဖယ်တွေနဲ့ ယဉ်ပါးနေ တဲ့ မောင်းနေကျ သဘာရင့် ဝါရင့် ဒရိုင်ဘာကြီးတွေ မောင်းတဲ့ ကားတွေကတော့ ဘယ်တော့မှ ချောက်ထဲ မကျဘူး။ (ကျတော့လည်း ကားကနဲပေါ့)။ ရင်ဖိုစရာ ကောင်းပေမယ့် ကမ်းပါးကိုကျော်မှ ခရီးရောက်မယ်ဆို တော့လည်း ကြောက်ကြောက်နဲ့ ခရီးဆက်ရမှာပဲ မဟုတ်လား။ မိုးပြို အများပေါ့။ (ပါးနာဖို့အတွက် ဆိုတာ အားပါတဲ့ လက်လည်း နာရတာပါပဲ)။ ခရုမှာ အဆံလူမှာ အကြံဆိုတော့လည်း တို့တစ်တွေညီညွတ်ဖို့ လိုသလို အကြံထက်ဖို့ လည်း လိုသေးတယ်။ အာရုံတွေ ပြောင်းအောင် ခဏခဏလုပ်တိုင်းတို့ မပြောင်းကြေး။ သင်းကွဲငှက်တွေ မဖြစ်ဖို့ သတိထားကြေး။ အိမ်ကြက် ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတိုင်း မခွပ်ကြကြေး။ မဝေး တော့တဲ့ အနာဂတ်မှာ နောင်လာ နောက်သားတွေ လေးစားလောက်အောင် အတုခိုး ကောင်းအောင် တို့ကိုယ်တို့ စိတ်ဓာတ်တွေ ပြုပြင်ရင်း အာရုဏ် အလင်း နံနက် ခင်းကိုရောက်ဖို့ အမှောင်ထဲကပဲ အားပြုကြ ပါစို့။ အမှောင်ထဲကပဲ အားပြုကြပါစို့လို့။
လေဒီဒိုင်းမွန်း( popularmyanmar )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လိမ်ဖယ်ဖယ် ရှင်းတမ်း”

Post a Comment

Related Posts Plugin for WordPress, Blogger...