Tuesday, January 28, 2014

မီတာခဈေးနှုန်း ပြန်ညှိနှိုင်းသတ်မှတ်မည်

,
လျှပ်စစ်မီတာခ တိုးမြှင့်မယ်လို့ ၀န်ကြီးဌာနက ကြေညာထားတဲ့ နှုန်းထားအတိုင်း လာမယ့် ဘဏ္ဍာရေးနှစ်အစ ၂၀၁၄ ဧပြီမှာ စ ကောက်မယ်လို့ သမ္မတက လွှတ်တော်ဘက်ကို သ၀ဏ်လွှာ ပေးပို့ထားပေမယ့် အဲဒီနှုန်းထားအတိုင်း မကောက်ဘဲ ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က လျှပ်စစ်ကဏ္ဍ အရှုံးပေါ်နေတဲ့ကိစ္စ၊ နောက်ထပ် လိုအပ်လာမယ့် ဓာတ်အားအတွက် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ကိစ္စတွေ လွှတ်တော်ကို အသေအချာ တင်ပြပြီး မီတာခ တိုးမြှင့်မယ့်ကိစ္စ အဆင်ပြေအောင် ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာထားတဲ့ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက် ကျပ် ၅၀၊ လုပ်ငန်းသုံး ယူနစ် ၅ ထောင်အထိ ၁ ယူနစ် ကျပ် ၁၀၀၊ ယူနစ် ၅ ထောင်အထက် ကျပ် ၁၅၀ ဖြစ်ပါတယ်။

ဒီနှုန်းထားကို လွှတ်တော်က ကန့်ကွက်ထားတဲ့အတွက် မကောက်ခံသေးဘဲ ယာယီ ဆိုင်းငံ့ ထားပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ နှုန်းထားကတော့ အိမ်သုံး ၁ ယူနစ်  ၃၅ ကျပ်၊ လုပ်ငန်းသုံး ၁ ယူနစ်  ၇၅ ကျပ် ဖြစ်ပါတယ်။

DVB Burmese

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မီတာခဈေးနှုန်း ပြန်ညှိနှိုင်းသတ်မှတ်မည် ”

Post a Comment

Related Posts Plugin for WordPress, Blogger...