စာရေးသူ ။ ဗိုလ်မှူးအောင်လ င်းထွဋ်
၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွ င် ဗိုလ်ချုပ်မှူြး ကီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအ ရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အ သတ်ခံခဲ့ရသည်ကို မသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအ ပါအ၀င် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွြေ့ ကုံခံစားခဲ့ရမှု အဖြစ်မှန်ကိုတင် ပြလိုပါသည်။
၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏ အနောက်ဘက် ဇာဒတ်ကြီးရေတပ်စ ခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ေ ရးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင် ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည် ။
အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူ အဖွဲ့များသည်အိန္ဒိယအစိုးရအားဆန့် ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခို များထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ေ ရးဦးစီးချုပ်ဗို လ်ချုပ်မှူးကြီး သန်းရွှေ မှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
စစ်ဆင်ရေးဗဟိုကွ ပ်ကဲရေးအဖွဲ့
စစ်ဆင်ရေးဗဟိုကွ ပ်ကဲမှုအဖွဲ့ သည် ဇာဒတ်ကြီးကျွန်း ရေတပ်စခန်းတွင် အခြေပြု ပြီးစစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါသည်။
၁။ ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) (အဖွဲ့ခေါင်းဆော င်) စစ်ဦးစီးအရာရှိချုပ်(ရေ)
(နောင် ဒုတိယဗိုလ်ချုပ် ကြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ လက်ရှိ ထားဝယ်ပြည်သူ့လွှ တ်တော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှုးချုပ် (ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ)
(နောင်ဗိုလ်ချုပ်ကာကွ ယ်ရေးဦးစီးချုပ် (လေ)၊ ဥိးနေ၀င်း၏မြေးများအာဏာသိမ်းအမှုနှင့်ပတ်သက်၍အြ ဖုတ်ခံရ)
၃။ ဗိုလ်မှုးချုပ် (ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ်(၁၃)စစ်ဆင် ရေးကွပ်ကဲမှုအဖွဲ့မှူး (ဘုတ်ပြင်း)
(နောင် တပ်မ(၂၂)တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ် ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူြး ကီးသန်းရွှေမှနုတ်ဖြင့် လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီးအာခံ ခဲ့သောကြောင့် အဖြုတ်ခံရသူ)
ရှေ့တန်းစစ်ဆင်ေ ရးကွပ်ကဲရေးအဖွဲ့ 
ရှေ့တန်းစစ်ဆင်ေ ရးတာဝန် အဖြစ် ခရစ္စတီးကျွန်း တွင် အောက်ပါ အရာရှိများတာဝန် ထမ်းဆောင်ခဲ့ပါသ ည်။
၁။ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချ စစ်ဗျူဟာအဖွဲ့
(နောင် မကွေးတိုင်း နအဖ ဥက္ကဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုးအ သင်းတွဲဘက်အတွင်းရေးမှူး ၊ လျှပ်စစ်(၁) ၀န်ကြီး)
၂။ ဒုတိယဗိုလ်မှူြး ကီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု(၁) ညွှန်ကြားရေးမှူး )
၃။ ဒုတိယဗိုလ်မှူြး ကီးဝင်းဆွေ တပ်ရင်းမှူး အမှတ်(၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ
၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး(၁ )တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)
ဦးစီးအရာရှိအဖွဲ့ များ
ဗဟိုအဖွဲ့နှင့်အ တူဇာဒတ်ကြီးကျွန်းတွင် အခြေပြုခဲ့ပါသည် ။အောက်ပါအရာရှိများအနီးကပ်တာဝန်ထမ်းဆောင် ခဲ့ ပါသည်။
၁။ ဗိုလ်မှူးတင့်ဆန်း ၊ စစ်ဦးစီးမှူး(ဒု တိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးမောင်ေ မာင်လတ်(ရေ) ၊ စစ်ဦးစီးမှူး(ဒု တိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) စစ်ဆင်ရေးဌာနခွဲ
၃။ဗိုလ်မှူးမောင်မောင်သန်း(လေ) ၊ စစ်ဦးစီးမှူး(ဒု တိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ်ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)
၎။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး ၊ စစ်ဦးစီးမှူး(ဒု တိယတန်း) အမှတ်(၁၃)စစ်ဆင် ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့
၅။ ဗိုလ်မှူးအောင်လ င်းထွဋ် ၊ စစ်ဦးစီးမှူး(ဒု တိယတန်း) တပ်မတော်ထောက်လှ မ်းရေးမှူးချုပ် ရုံး (စာရေးသူ)
၆။ ဒုဗိုလ်မှူးကြီး မောင်မောင်သစ် (ရေ) ဇာဒတ်ကြီးရေတပ်စ ခန်းမှူး
ရ။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးများ
စစ်ဆင်ရေးစတင်၍၀ င်ရောက်ချိန်တွင်တပ်မတော်ကြည်းစ စ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်း များကိုဖြန့်ခွဲ ရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၀ှက်ထားသောလက်နက်(၄၀)ကျော် ကို အလောင်းများနှင့်အတူ သိမ်းဆီးရမိခဲ့ပါသည်။ တစ်ပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းရှာစားနေသော မိသားစုများကို မသင်္ကာမှုဖြင့် ခရစ္စတီးကျွန်း ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင် လာ သူမိသားစုများတွ င် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/ ၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား(၅၉)ဥိးဖြစ် ပါသည် ။ ၄င်းတို့အားစစ်ေ ဆးမေးမြန်းချက်အ ရ လက်နက်ကိုင်အဖွဲ့ များနှင့် ပတ်သက်မှု မရှိဘဲ နှစ်ပေါင်းကာလများစွာကတည်းက ထင်းခုတ်ခြင်းဖြ င့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်စားသောက် ရသော ဆင်းရဲသားများ ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲ မှုအဖွဲ့ အနေဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ ခရစ္စတီးကျွန်းတွ င်ဆက်လက်နေထိုင် ခွင့်ပြုပြီး ခွင့်ပြုချက်မရဘဲ ကျွန်းမှထွက်မသွားရန်သာဗိုလ်မှူးကြီးဇော်မင်း(ြ ကည်း)(တာဝန်ခံ)စ စ်ဗျူဟာမှူး၊ ကော့သောင်အခြေချ စစ်ဗျူဟာ အဖွဲ့အား ညွှန်ကြားခဲ့ပါသည်။
စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖွဲ့ဝင်များနှင့် အတူ ရှေ့တန်းခရစ္စတီး ကျွန်းကို (၂)ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန် တွင်လဲ အဆိုပါခလေးငယ်များ နှင့် အရပ်သားများကိုေ တွ့မြင်ခဲ့ဘူးပြီး ပါသွားသော မုန့်များကိုပင် ခလေးများသို့ပေး ခဲ့ကြပါ သည်။ ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအေ နများ ဖမ်းဆီးခေါ်ဆောင် လာ သူမိသားစုများတွ င် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/ ၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် (၅၉)ဥိးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်ြ မင့်ဆွေ( နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေးစစ်ဆင် ရေး အထူးအဖွဲ့မှူး(ရ န်ကုန်တိုင်း) ၊ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်) မှတစ်ဆင့် ဗိုလ်ချုပ်မှူြး ကီးသန်းရွှေ ထံအစီရင်ခံတင်ပြ ခဲ့ကြပါသည်။
ဗဟိုကွပ်ကဲရေးအဖွဲ့ ကြည်း၊ရေ၊လေ ခေါင်းဆောင်များ အနေဖြင့်လည်း အဆိုပါအပြစ်မဲ့အ ရပ်သူအရပ်သားများ ကို ၄င်းတို့၏နေရပ်အ သီးသီးသို့ပြန်လ ည်ပို့ဆောင်ပေးရ လိမ့်ဟုထင်မြင်ခ့ဲကြပါသည်။ သို့သော်(၁)လ ကျော်ကြာ မှ မေလ ၏ ညတစ်ည (၉)နာရီ ခန့်တွင် ကက(ကြည်း)မှ ညွှန်ကြားချက်အမိ န့် ကြေးနန်း တစ်စောင် စစ်ဆင်ရေးဗဟိုကွ ပ်ကဲရေးအဖွဲ့သို့  ပေးပို့ခဲ့ပါသည် ။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ)သည် ဇာဒတ်ကြီးရေတပ်စ ခန်းရုံးခမ်းမတွ င် အဖွဲ့ဝင်များနှင့်ဦးစီးအရာရှိများ ကိုခေါ်၍ ကြေးနန်းအကြောင်းအရာကိုရှင်းပြခ့ဲပါသည်။ စာပါအကြောင်းအရာ မှာ ထိန်းသိမ်းထားသော အရပ်သားအားလုံးကို ရထားပုလဲ(ရှင်းပ စ်) (သတ်ပစ်) ရန်ဖြစ်ပါသည်။ ဗိုလ်မှုးချုပ် (ယာယီ) မြင့်အောင် (ကြည်း) မှအပ ကျန် ရေနှင့်လေ ဗိုလ်ချုပ်များအ တော်တုံလှုပ်သွားကြပါသည်။ အထူးသဖြင့် ဗိုလ်မှုးချုပ် (ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ) သည် စိတ်ပုတီးကိုင်လျက်သားနှင့် အပစ်မဲ့ခလေးငယ်များနှင့်အရပ်သား များကို ထပ်ဆင့်သတ်မိန့် ပေးရမည့် အခြေအနေမျိုးဖြစ်၍နေပါသည်။
ထိုကြောင့် ကြေးနန်းပါအမိန့် နှင့်ပတ်သက်၍ ဗိုလ်မှုးချုပ် (ယာယီ) မြင့်အောင် မှအမိန့်အတိုင်း လုပ်ရန်ပြောသော လည်းကျန် ဗိုလ်ချုပ်များမှ ညအချိန် ဗိုလ်ချုပ်ကြီးေ မာင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာဖြစ် နိုင်သောကြောင့် နောက်တစ်နေ့နံနက်တွင် ကြေးနန်းပါအမိန့် နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံး မှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်ြ မင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါ သည်။
နောက်တစ်နေ့နံနက် (၉)နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံး မှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်ြ မင့်ဆွေ ကို စက်နှင့်စကားပြောပြီးနောက် `အဘကြီးထံကလာသော အမိန့်´ ဖြစ်သည် ဗိုလ်ချုပ်ကြီးေ မာင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာမဟုတ် ဆက်လက်ဆောင်ရွက် ရန်သာ ညွှန်ကြားခဲ့သည်ဟုသိရပါသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူြး ကီးသန်းရွှေ ကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ေ ရးတာဝန်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/ ၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား (၅၉) ဦးကို ရှင်းပစ်ရန်ထပ်ဆင့် အမိန့်ပေးခဲ့ပါသ ည်။
ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချ င်း ရှေ့တန်းကွပ်ကဲေ ရးအဖွဲ့ဝင်များကိုခေါ်၍ အားလုံးကိုသတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအားဆက်လက်အမိန့်ပေးခဲ့ပါသည်။ နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးမှတာဝန် ပေးထားသော အရာရှိ စစ်သည်များ သည် ခလေး၊မိန်းမပါမကျန် အပစ်မဲ့အရပ်သား ၅၉ ဦးစလုံးကို ပင်လယ် သောင်ပြင်စပ်သို့  လှည့်ဖျားခေါ်လြာ ပီး တန်းစီထိုင်ခိုင်ပြီး ရုတ်တရက် သေနတ်များဖြင့်အ တွဲလိုက် မသေမချင်း ပစ်သတ်ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်းများကြို မုပ်နှံခဲ့ကြပါသ ည်။ (စာရေးသူသတင်းရသ ည်ကတော့ အဆိုပါအလောင်းအရိုးစုများကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူြး ကီးသန်းရွှေ မှ အမိန့်ပေးခဲ့သည် ဟုသိရပါသည်။ စစ်သည်များကိုအရ ပ်ဝတ်ဖြင့် ခရစ္စတီးကျွန်းသို့စေလွှတ်ပြီး အလောင်းများကိုေ ဖျာက်ဖျက်ပစ်ခဲ့ ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါသ ည်။)
ကျွန်းပေါ်ရှိအရပ်သားများကိုသတ်ြ ပီး မကြာခင် ၄/ ၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မ င်း ၏ကွပ်ကဲမှုအောက် ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ - ၄၄၅ (တရုတ်နိုင်ငံလု ပ်ကမ်းခြေစောင့် သင်္ဘော) မှ ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီး ကို စစ်ဆင်ရေး နယ်မြေအတွင်းဝင် ရောက်လာ၍ ထိုင်း၊မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီး ခဲ့ပါသည်။ စစ်ဆေးမေးမြန်းချက်အရ တရားဝင် မှတ်ပုံတင်ထာသော ထိုင်း ငါးဖမ်းစက်လှေ သည်ဖမ်းမိလာ သော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ ရန် ယခင်သွားနေကြလမ်းကြောင်းအတိုင်း သွားခြင်းဖြစ်ြေ ကာင်း စစ်ဆင်ရေး လုပ်နေမှန်းလည်း ၄င်းတို့မသိကြော င်း သိရပါသည်။ စစ်ဆေးမေးမြန်းချက်အစီရင်ခံစာကို ကကကြည်း သို့ဆက်လက်တင်ပြ ရာတွင် ယခင် အရပ်သား များအတိုင်းရှင်းပစ်ရန် အမိန့်ပေးခဲ့ပါသ ည်။
စစ်ဆင်ရေးဗဟိုကွ ပ်ကဲမှု မှ ဗိုလ်မှူးကြီးဇော်မင်း ကို ဆက်လက်ညွှန်ကြားခ့ဲပြီး ဗိုလ်မှူးကြီးဇော်မင်း မှ ၄င်းစက်လှေ နှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူး အားအမိန့်ပေးခဲ့ ပါသည်။ စစ်ရေယာဉ်မှူး သည် ရေတပ်စစ်သည်များ ကို လှေသားများအား သေနတ်နှင့်ပစ်သတ်ခိုင်းပြီး လှေကိုမီးရှိြု့ ပီး ပင်လယ်တွင်းမြုပ် ပစ်ရန် အမိန့်ပေးခဲ့ပါသ ည်။ စက်လှေသည်မီးလော င်ပြီး တစ်ပတ်ခန့်ကြာမှ ပင်လယ်တွင်မြုပ် သွားခဲ့ပါသည်။
စာရေးသူအနေဖြင့် ထိုစဉ်ကဖြစ်ပျက် ခဲ့သောဖြစ်စဉ်များကို မတားဆီးနိုင်ခဲ့ ၍လည်း ကိုယ်ကိုကိုယ်အပ စ်တင်နေ မိခဲ့သည်။ သတ်ချင်ဖြတ်ချင် သရဲစီးနေသော ဗိုလ်မှုးချုပ် (ယာယီ) မြင့်အောင် (ကြည်း) ၊ ဗိုလ်မှူးကြီးဇော်မင်း တို့လို လက်မရွံ့လူသတ်သမားများကို မလှန်နိုင်၍ ရေ၊လေ ဗိုလ်ချုပ်များပ င်ငြိမ်နေကြ၍ စာရေးသူလိုအရေးမ ပါ သူတစ်ဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ ။ သို့သော်စာရေးသူ အနေဖြင့်လည်း ဒီအဖွဲ့ထဲပါနေ၍အ ပစ်မကင်းပါ။ ဘာမျှမတတ်နိုင်ခ့ဲပါ။ စစ်ရုံးချုပ်ပြန်ရောက်တော့ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးမြင့်ဦး လျှို့ဝှက် ရိုက်ထားသည့် အရပ်သားတွေကိုသတ်သည့်ဓါတ်ပုံတွေ ကိုင်ပြီး နေ့စဉ်ထောက်လှမ်းရေးညှိနှိုင်းအ စည်းအဝေး မှာ ခရစ္စတီးကျွန်းလူ သတ်ပွဲကို ဗိုလ်ချုပ်ကြီးခ င်ညွန့် ကို တင်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးခ င်ညွန့် က ဘာမှတ်ချက်မှ မပေးဘူးဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ပြော ချင်တာတွေ ကုန်အောင် မတင်ပြလိုက်ရပါ။ စာရေးသူ၏စိတ်ထဲတွင် ငါတစ်နေ့နေ့လုပ် ပေးနိုင်ရင် ခရစ္စတီးကျွန်းတွ င် အပစ်မဲ့သေသွားကြ ရသော ခလေးလူကြီးများအ တွက် အရိုးကပြန်တွန်ေ အာင်တာဝန်ရှိသူေ တွကို ပြန်အရေးယူနိုင် အောင်လုပ်ရမည် ဟုသံဓိတ်ဌါနချထားပါသည စာရေးသူအနေဖြင့် စစ်ရုံးချုပ်တွင် တာဝန် ထမ်းစဉ် အလားတူဖြစ်စဉ်များ ကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တင်္နသာရီတိုင်း တို့တွင်ထောက်လှ မ်းရေးသတင်းများ ရရှိခဲ့သော်လည်း တပ်မတော် သည်ဒီလောက်မဆိုး လောက်ဘူပါဘူး ချဲ့ကားပြောနေသည်ဟုထင်မြင်မိခဲ့ ပါသည်။ ကိုယ်တွေ့ကြုံရေ သာအခါမှပင် ဒီထက်တောင်ပိုဆိုးနေ သေးသည်ဟုမှတ်ချက်ပြုမိပါသည်။ စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှထွ က်လာသော အရပ်သားတွေ ပြောတာခိုင်းတာမ လုပ်ရင် `အစိပ်သားတောင်မ ချန်နဲ့´ စကားကိုတစ်ကယ်ဘဲ တပ်မတော်သည်ထိုစ ဉ်က အမှန်တကယ်ကျင့်သုံးနေမှန်းသိရတော့သည်။ ပွင့်ပွင့်လင်းလ င်း ပြောရရင် ခရစ္စတီးကျွန်းစစ်ဆင်ရေးကပြန်လြာ ပီးနောက်စစ်တပ် ထဲနေချင်စိတ်မရှိတော့ဘူး။
လက်ရှိ မြန်မာ့တပ်မတော် အနေဖြင့်အတိတ်မှ အမွေဆိုးများကို ပစ္စုပ္ပန် ကိုမယူလာဘို့လို ပါသည်။ တိုင်းရင်းသား ပြည်သူတွေ ရဲ့ အားကိုးယုံကြည်ရ သည့် စစ်တပ်ဖြစ်ဘို့လိုပါသည်။ `တပ်မတော်သာအမိတ ပ်မတော်သာအဖ´ မဟုတ်ပါ `ပြည်သူသာလျှင်အ မိပြည်သူသာလျှင် အဖ´ ဆိုတာမမေ့ဘို့လိုပါသည်။
၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့
cd နိုင်ငံရေးစကားဝိုင်းပေ့ဂ်ျ
https://m.facebook.com/story.php?story_fbid=1891017804555164&id=100009408895036
၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွ
၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက
အိန္ဒိယ တပ်မတော်မှပေးသည
စစ်ဆင်ရေးဗဟိုကွ
စစ်ဆင်ရေးဗဟိုကွ
၁။ ဗိုလ်မှုးချုပ်
(နောင် ဒုတိယဗိုလ်ချုပ်
၂။ ဗိုလ်မှုးချုပ်
(နောင်ဗိုလ်ချုပ်ကာကွ
၃။ ဗိုလ်မှုးချုပ်
(နောင် တပ်မ(၂၂)တပ်မမှူ
ရှေ့တန်းစစ်ဆင်ေ
ရှေ့တန်းစစ်ဆင်ေ
၁။ ဗိုလ်မှူးကြီးဇေ
(နောင် မကွေးတိုင်း နအဖ ဥက္ကဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုးအ
၂။ ဒုတိယဗိုလ်မှူြး
၃။ ဒုတိယဗိုလ်မှူြး
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးမျ
၅။ ဗိုလ်မှူးမြင့်ဦ
ဦးစီးအရာရှိအဖွဲ
ဗဟိုအဖွဲ့နှင့်အ
၁။ ဗိုလ်မှူးတင့်ဆန
၂။ ဗိုလ်မှူးမောင်ေ
၃။ဗိုလ်မှူးမောင
၎။ ဗိုလ်မှူးဝင်းမေ
၅။ ဗိုလ်မှူးအောင်လ
၆။ ဒုဗိုလ်မှူးကြီး
ရ။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးမျာ
စစ်ဆင်ရေးစတင်၍ဝ
စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖ
ဗဟိုကွပ်ကဲရေးအဖ
ထိုကြောင့် ကြေးနန်းပါအမိန်
နောက်တစ်နေ့နံနက
ဗိုလ်မှူးကြီးဇေ
ကျွန်းပေါ်ရှိအရပ
စစ်ဆင်ရေးဗဟိုကွ
စာရေးသူအနေဖြင့်
လက်ရှိ မြန်မာ့တပ်မတော်
၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့
cd နိုင်ငံရေးစက
https://m.facebook.com/story.php?story_fbid=1891017804555164&id=100009408895036

