Wednesday, August 23, 2017

ဖေ့ဘွတ်မှပို့စ်တစ်ခု(23.8.17)

,
အမှန်ကတော့
ဟော့ဒီ
မွတ်စလင်တွေကို ဒုတိယတန်းစား တတိယတန်းစား
နိုင်ငံသား လုပ်ပစ်မဲ့အစီအစဉ်ဟာ
အခုမှ စတဲ့ အစီအစဉ်မဟုတ်ပါဘူး
-
ဒီအစီအစဉ်ကို ဦးနေဝင်းနဲ့ ဗမာ စစ်ခေါင်းဆောင်တွေက
စနစ်တကျ စီမံချ က်ချ ပြီး စလုပ်ခဲ့ကြတာပါ
-
၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက လျှို့ဝှက်
မူဝါဒတွေ ရေးဆွဲပြီး
ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ကရင်တော်လှန်ရေး
သမားတွေနဲ့ တိုက်ပွဲတွေကြားမှာ
ဗလီတွေ ဖျ က်ဆီး ကုရ်အာန်တွေမီးရှို့ လူတွေ ပေါ်တာဆွဲ
ရွာတွေ အရွှေ့အပြောင်းတွေလုပ်တာက အစပြု ခဲ့တာပါ
-
အဲ့ဒီနောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အစိုးရ
အဆက်ဆက်မှာ
ညောင်တုန်း/ပြည်/ကျောက်ပတောင်း/တောင်ကုတ်/မြေထဲ/တောင်တွင်းကြီး/မင်းလှ/မင်းဘူး/တောင်ငူ/ အင်းတော် အစရှိတဲ့ နေရာဒေသတွေကို
ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့
နဂါးမင်းစီမံချ က်နဲ့ ရှေ့ဆင့် နောက်ဆင့်ဆိုသလို
အကွက်ချ ပြီး လုပ်ခဲ့ကြတာပါ
-
မွတ်စလင်တွေရဲ့လက်ထဲမှာရှိတဲ့ မှတ်ပုံတင်မှအစ အထောက်အထား စာရွက်စာတမ်းတွေ လက်မဲ့ဖြစ်သွား
အောင် ရယ်-မွတ်စလင်တွေရဲ့ စုစည်းနေထိုင်မှုတွေ တကွဲ
တပြားစီဖြစ်သွားအောင်ရယ် စီမံချ က်ချ ပြီး လုပ်ခဲ့ကြတာပါ
-
မဆလ အစိုးရဲ့ မပြီးဆုံးခဲ့ တဲ့ မွတ်စလင် ချိုးနှိမ်ရေးလုပ်ငန်း
ကို နိုင်ငံတော်ငြိမ်ဝပ်မိပြားရေး အဲ့ဒီနောက် နိုင်ငံတော် အေး
ချ မ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွေ အဆက်ဆက်
က ဆက်လက်အကောင်အထည်ဖော်ခဲ့ကြပါတယ်
တကျော့ပြန်ပြည်မြို့ /လမ်းခွ/ ကျောက်ဆည်နဲ့ မန္တလေး မြို့ တွေပဲဖြစ်ပါတယ်
-
အဲ့ဒီကနေ ဦးသိန်းစိန် အစိုးရတက်လာခဲ့ပါတယ်
-
သူတို့အစိုးရကလဲ မပြီးဆုံးသေးတဲ့ မွတ်စလင်ဖိနှိပ်ရေး
လုပ်ငန်းကြီးကို ဆက်လက်လုပ်ကိုင် အကောင်အထည်ဖော်
ကြပြန်ပါတယ်
-
သူတို့ ပြောင်းလဲလိုက်တာက လုပ်ပုံ လုပ်နည်းလေးတွေပဲ
ပြောင်းလိုက်တာပါ-စီမံကိန်းက ဒါပါပဲ
-
ယခင်တုန်းက စစ်တပ်နဲ့ ပါတီ ကောင်စီတွေက အမြဲတမ်း
ပြသနာကိုလုပ်ခဲ့ကြရာက
၁၉၈၈ ခုနှစ်အရေးအခင်းကြီးဖြစ်လာလိုက်တော့
သံဃာတော်တွေနဲ့ ပြည်သူတွေ(ဗုဒ္ဓဘာသာဝင်တွေရော
မွတ်စလင်တွေပါ) တသွေးထဲ တသားထဲ စည်းလုံး ညီညွတ်
ခဲ့ကြမှုကြောင့် အာဏာရှင် တွေ ပြု တ်ကျ ခဲ့ရတာကြောင့်
-
ထောက်လှမ်းရေးသံဃာတွေမွေး ပြည်သူအချ င်းချ င်းသွေး
ကွဲအောင်ခွဲထားပြီးမှ
ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေသော လူအုပ်
ကြီးရောက်လာ ပြသနာကိုအစပျိုး အိမ်တွေဖျ  က်ဆီး မီးရှို့
လူတွေသတ် ဗလီတွေမီးရှို့ လုပ်ပြီ သူတို့က ကြက်ပျောက်
ငှက်ပျောက် ပျောက်ကွယ်သွားကြပြီး
ဒေသခံတွေနဲ့ ဆက်ပြီး  ပြသနာဖြစ်ခိုင်းတဲ့ပုံစံကို ပြောင်းလဲ
ကျ င့်သုံးလာပါတယ်
-
မွတ်စလင်တွေကိုလဲ ချိုးနှိမ်ပြီးဖြစ်မယ်
သံဃာထုကိုလဲ သွေးခွဲပြီး ဂုဏ်သိက္ခာချ ပြီးဖြစ်မယ်
ပြည်သူတွေကလဲ စည်းလုံးညီညွတ်မှုတွေ အမြဲတမ်းအတွက်
ပျ က်ပြားသွားမယ်
စစ်အုပ်စုကပဲ မြန်မာပြည်ကြီးကို ကမ္ဘာဆုံးတိုင် စိတ်တိုင်းကျ
ချယ်လှယ် အမဲဖျ က်နိုင်မယ်..........ဆိုတဲ့.... လမ်းစဉ်ပါ
-
ဦးသိန်းစိန်ရဲ့ လက်ထက်မှာ မသီတာထွေးလုပ်ကြံဇာတ်လမ်း
ကစလို့ တောင်ကုတ် အကြမ်းဖက်မှု/ရွှေဆိုင်ပြသနာကအစပြုလို့ မိတ္ထီလာအကြမ်းဖက်မှု/ သပိတ်
ဖုံးကျ ကွဲတာကစလို့ ဥက္ကံနဲ့ မြန်မာပြည်အလယ်ပိုင်း အကြမ်း
ဖက်မှု/ ဆိုင်းတောင်အကြမ်းဖက်မှု/ ကံမ္မအကြမ်းဖက်မှု/ လားရှိုးအကြမ်းဖက်မှု/ ရမည်းသင်းအကြမ်းဖက်မှု/ ချောင်း
ကြီး-ကျည်တောက်ပေါက် အကြမ်းဖက်မှု / မန္တလေး အကြမ်းဖက်မှု အစရှိသဖြင့် မြန်မာပြည်တနံတလျား နေရာလပ်မရှိအောင် ဆူပူမှုတွေ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တည်းလာခဲ့တာ အများ
အသိပဲ ဖြစ်ပါတယ်
-
ဒါတွေဟာ
ဦးနေဝင်း ချမှတ်ခဲ့တဲ့ မွတ်စလင် နှိပ်ကွပ်ရေးလမ်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်နေတာသာဖြစ်ပါတယ်
ဘာမှပေါ်လစီ အသစ် အဆန်းမပါ ပါဘူး
-
ဟော အခု NLD အစိုးရလက်ထက်မှာရော
-
ဘာများ ထူးခြားလာလို့လဲ
-
ဆိုင်းတောင်မှာပြသနာလုပ်တယ် သရဲသမိန်မှာ ပြသနာလုပ်
တယ်-ကရင်ပြည်နယ်မှာပြသနာလုပ်တယ်-ရွှေတိဂုံမှာ ပြသနာလုပ်တယ်
အများကြီးပါ
ရေးပြနေရရင် ညလုံးပေါက်သွားလိမ့်မယ်
-
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အခု
အချိ န်အထိ ထမင်းဝဝ မစားရသေးဘူး ဆေးမကုကြရဘူး
လူနဲ့တူအောင် နေထိုင်ခွင့် မရကြသေးဘူး
-
ဒီလိုအချိန်မှာ
ဒီမိုကရေစီ အစိုးရ NLD အစိုးရ ဘာအစီအမံတွေများ
လုပ်နေသလဲကြည့်လိုက်တော့
-
အမုန်းစကားပြောတာတွေ ရေးတာတွေ
ဘာသာရေး/လူမျိုးရေး ပုတ်ခတ်စော်ကား ရန်စတာတွေကို
လွတ်လွတ် လပ်လပ် လုပ်ခွင့်ပြု ထားတယ်
-
NLD အစိုးရဲ့ ဝန်ကြီးတယောက်က မွတ်စလင်တွေကို
ဧည့်သည်တွေလို့ စော်ကားခေါ်ဝေါ်ခဲ့တယ်
-
လ၀က က မွတ်စလင်တွေကို သွေးနှောလို့ သတ်မှတ် ခေါ်ဆိုသုံးနှုန်းလာတယ်
-
မွတ်စလင်တွေကို နိုင်ငံသားအားလုံး နည်းတူ နိုင်ငံသား
စီစစ်ရေးကဒ်ပြားထုတ်ပေးဖို့ ငြင်းဆန်လာတယ်
-
ဟောအခု
မွတ်စလင်တွေကို သံသယကဒ် အစိမ်းရောင်တွေ ထုတ်ပေး
မယ်လို့ တရားမဝင် ညှိနှိုင်းနေပြီတဲ့
-
နောက်ဆုံး
အရင်းစစ်ကြည့်လိုက်တော့
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
NLD အစိုးရ အဖွဲ့ကလည်း
-
ဦးနေဝင်း စီမံချက်ချ အကောင်အထည်ဖော်ခဲ့ပြီး
မပြီးဆုံးသေးတဲ့ လုပ်ငန်းဖြစ်တဲ့
မွတ်စလင်တွေကို ဒုတိယတန်းစားနိုင်ငံသား/ တတိယတန်း
စားနိုင်ငံသားအဖြစ်သို့ ချိုးနှိမ်ပြီး
လူမျိုရေး/ ဘာသာရေး ခွဲခြားမှု စီမံကိန်းကြီးကို
ဆက်လက် အကောင်အထည်ဖော်နေတာသာ ဖြစ်ပါတယ်
-
ဘာမှအသစ် အဆန်းတွေ လုပ်နေတာ မဟုတ်ပါ ခင်ဗျား
-

Credit: maung maung

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖေ့ဘွတ်မှပို့စ်တစ်ခု(23.8.17)”

Post a Comment

Related Posts Plugin for WordPress, Blogger...