Wednesday, August 23, 2017

အမျိုးသားလွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦးနေရာတွင် နယ်လုံဝန်ကြီးဟောင်းများကို အစားထိုးခန့်အပ်

,
 အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးနေရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးဟောင်း ခုနစ်ဦးကို ပြောင်းလဲ အစားထိုးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း များကို တပ်မတော်သားအမျိုး သားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်းဖြစ်သည်။

 အဆိုပါတပ်မတော်သား ကိုယ်စားလှယ်များကို အစားထိုးပေးရန် တပ်မတော်က အ ကြောင်းကြားလာသဖြင့် ကော်မ ရှင်က စိစစ်ကာ သြဂုတ် ၂၁ ရက်စွဲဖြင့် အမည်စာရင်းထုတ်ပြန်ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အရည် အချင်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စိစစ် ပြီး ကိုက်ညီတဲ့အတွက် အစားထိုး လိုက်တာပါ’’ဟု ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင် ထွန်းက ပြောသည်။

 တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးစုစုပေါင်း ရှစ်ဦးကို အမည်စာရင်း ပြောင်းလဲအစားထိုးရာတွင် အ မျိုးသားလွှတ်တော်ကိုယ်စား လှယ်ခုနစ်ဦးသည် နယ်လုံဝန်ကြီး ဟောင်းများ ဖြစ်နေသည်။

 ပြောင်းလဲအစားထိုးသည့် နယ်လုံဝန်ကြီးဟောင်းများ နေရာတွင် အခြားတပ်မတော်သား အရာရှိများအား ဇွန်လ ၂၉ ရက် စွဲဖြင့် အစားထိုးခန့်အပ်တာဝန် ပေးခဲ့သည်။

တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူး စိုးရာဇာသိုက်အစား ကချင် ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး အောင်လွင်၊ ဗိုလ်မှူး ထက်ကိုကိုအောင်အစား ချင်း ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်ကျော်၊ ဗိုလ်မှူးနိုင်ဝင်းလတ်အစား မကွေးတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး နိုင်ဦး၊ ဒုတိယဗိုလ်မှူးကြီး ဇာနည်အောင်အစား မန္တလေး တိုင်းနယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးအစား ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဟောင်း ဗိုလ်မှူးကြီး ထိန်လင်း၊ ဗိုလ်မှူး ဟိန်းမင်းစိုးအစား ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ဗိုလ် မှူးချုပ် ဇော်ဇော်နိုင်အစား ရှမ်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး စိုးမိုးအောင်တို့ကို အမည်စာရင်း ပြောင်းလဲတာဝန် ပေးခြင်းဖြစ်သည်။

 တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးချုပ် ဦးကျော်နေရာတွင်လည်း ဗိုလ်မှူးချုပ်ဇော်ဝင်းဖြင့် အစား ထိုးခဲ့သည်။

တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များကို အမည်စာရင်းပြောင်းလဲအစားထိုးလိုပါက ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အ ကြောင်းကြားနိုင်ပြီး ယင်းဥပဒေ အရ ကော်မရှင်သို့ အကြောင်း ကြား၍ ခန့်အပ်နိုင်သည်။

=============
7Day News Journal(23.8.2017)
#ဖေအောင်
@K(MSK)

http://www.7daydaily.com/story/105301

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမျိုးသားလွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦးနေရာတွင် နယ်လုံဝန်ကြီးဟောင်းများကို အစားထိုးခန့်အပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...