Sunday, August 13, 2017

နယ်ခြားစောင့်တပ်(BGF)

,
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ကို ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ သြဂုတ်လက တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား
တပ်မတော်(ဒီကေဘီအေ)မှ တပ်ရင်း(၁၂)ရင်းနှင့် ဟောင်သရောအခြေစိုက် KPF တပ်ရင်းတစ်ရင်းတို့ ပါဝင်ကာ တပ်ရင်း (၁၃)ရင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးဋ္ဌာန လက်အောက်ခံအဖြစ် အသွင်ကူးပြောင်းခဲ့သည်။ လက်ရှိ ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၁)မှ (၁၀၂၃) တပ်ရင်း အထိ တပ်ရင်း ၁၃ရင်းတွင် တပ်ဖွဲ့ဝင်ပေါင်း၆၀၀၀(ခြောက်ထောင်)ကျော်
ရှိသည်ဟု နယ်ခြားစောင့်တပ်က ပြောသည်။
BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ဖြစ်ပြီး အမှတ် (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် ဖြစ်သည်။

ဘာကြောင့် နယ်ခြားစောင့်တပ် လုပ်သလဲ
🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫

အမှတ် ၁၀၂၂တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်က “ဘာကြောင့် BGF ကို လုပ်တာလဲဆိုတာ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာ တဲ့အတွက် လုပ်တာဖြစ်ပါတယ်။ ကရင်လူမျိုးအတွက်၊ နိုင်ငံတော်အတွက် လုပ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ခွဲခြားပြီး မချစ် တတ်ဘူး။ တိုင်းရင်းသားညီအစ်ကိုတွေကို တန်းတူရည်တူပဲ ချစ်ရမယ်။ ဒီနေ့ကစပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်မှားတာ တွေ မရှိတော့ဘဲနဲ့ အချင်းချင်း ချစ်ခြင်းမေတ္တာဖြင့် ကြည့်ကြပါလို့ ပြောချင်တယ်”ဟု ကရင်ဘာသာဖြင့် ကေအိုင်စီသို့ပြောသည်။

၎င်းအပြင် BGF အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကလည်း ၎င်းတို့နယ်ခြားစောင့်တပ်ကို လက်ခံခြင်းသည် အမျိုးသားခေါင်း ဆောင် စောဘဦးကြီး မူ(၄)ချက်နှင့် ကိုက်ညီ၍ လက်ခံခဲ့ခြင်းဖြစ်သလို ကရင်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွင် မိမိတို့ အနေဖြင့် အကူအညီမပေးနိုင်သည့်တိုင် အနှောက်အယှက်မပေးသင့်ကြောင်း<br>
BGF နှစ်ပတ်လည် ငါးနှစ်မြောက် အခမ်းအနားတွင် ပြောကြားခဲ့သည်။

BGF နှစ်ပတ်လည်နေ့ကို အမှတ် (၁၀၂၂) တပ်ရင်းအခြေချရာ မဲကနယ်ကျေးရွာနှင့် ရွှေက္ကိုလ်မြိုင်ကျေးရွာတို့၌ နှစ်စဉ် ကျင်းပခဲ့ လေ့ရှိသော်လည်း (၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ကိုမူ အမှတ်(၁၀၂၂)တပ်ရင်း၌သာ ကျင်းပခဲ့သည်။ နံနက် ၇နာရီမှ ၉နာရီခန့်အထိ ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားတွင် စစ်ရေးပြအစီအစဉ်၊ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်နှင့် အစိုးရတပ်မတော်အရာရှိတို့မှ မိန့်ခွန်းပြောကြားခြင်း၊ ပေးပို့လာသည့် ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ဗိုလ်မှူးကြီးစောချစ်သူက စစ်ရေးပြ စစ်သည်များကို လိုက်လံစစ်ဆေးမှုများကိုလုပ်ဆောင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နယ်ခြားစောင့်တပ်များ
🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫
အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် ။ ကချင်ပြည်နယ်၊ ချီဗွေမြို့ နယ်၊ဂန့် ဂွင်းရွာ ။

အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ် ။
ကချင်ပြည်နယ် ချီဗွေမြို့ နယ်၊လုပီရွာ

အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ် စင်ကြိုင်ရွာ။

အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ် ။ရှမ်းပြည်တောင်ပိုင်း မယ်စဲမြို့ နယ် ပန်တိန်းရွာ။

အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ်။
ကယားပြည်နယ် ဘော်လခဲမြို့ နယ် စွတ်ပိုင်ရွာ

အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ နယ် စီအောရွာ

အမှတ်(၁၀၀၇) နယ်ခြားစောင့်တပ်။
ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းတုံမြို့ နယ် ပုံပါကျင်ရွာ။

အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်။ ရှမ်းပြည်နယ်အရှေ့ ပိုင်း မိုင်းယောင်းမြို့ နယ် ၊
မိုင်းယုမြို့ နယ်ခွဲ။

အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်။ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့ နယ်။

အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ်။
ရှမ်းပြည်နယ် အရှေ့ ပိုင်း မက်မန်းမြို့ နယ်။

အမှတ်(၁၀၁၁/၁၀၁၂/၁၀၁၃/၁၀၁၄) နယ်ခြားစောင့်တပ်မျာ။
ကရင်ပြည်နယ်၊လှိုင်းဘွဲ့ မြို့ နယ်၊ မြိုင်ကြီးငူ အထူးဒေသ။

အမှတ်(၁၀၁၅/၁၀၁၆) နယ်ခြားစောင့်တပ်များ။ ကရင်ပြည်နယ် ၊ပိုင်ကျုံဒေသ ။

အမှတ်(၁၀၁၇/၁၀၁၈/၁၀၁၉/၁၀၂၀/) နယ်ခြားစောင့်တပ်များ။
ကရင်ပြည်နယ် မဲပလဲဒေသ။

အမှတ်(၁၀၂၁)နယ်ခြားစောင့်တပ် ။
မွန်ပြည်နယ် ၊ကျိုက်မရောမြို့ ။

အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်။
ကရင်ပြည်နယ် မြ၀တီမြို့ မေတ္တာလင်းမြိုင်။

အမှတ်(၁၀၂၃)နယ်ခြားစောင့်တပ် ။
ကရင်ပြည်နယ် ကျိုက်ဒုံမြို့ နယ်ခွဲ။

နယ်‌ခြား‌စောင့်‌တပ်‌ အဓိက တာဝန်‌ကြီး (၃) ရပ်‌
===========================
(၁) နိုင်‌ငံ‌တော်‌ကာကွယ်‌‌ရေးတာဝန်‌
(၂) ‌လေ့ကျင့်‌‌ရေးတာဝန်‌
(၃) ပြည်‌သူအကျိုးပြုလုပ်‌ငန်းတာဝန်‌

ကိုးကား
🔫🔫🔫
တပ်မတော်စစ်သမိုင်းပြတိုက်

ကျွန်ပ်ချစ်သော ကရင်လူမျိုး
                       BGF......

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နယ်ခြားစောင့်တပ်(BGF)”

Post a Comment

Related Posts Plugin for WordPress, Blogger...