Sunday, August 13, 2017

ANP ခေါင်းဆောင်များ ၄င်းတို့ပင့်လာသောဗမာနယ်ချဲ့တပ်ကို အမြန်ဆုံးပြန်လည်မောင်းထုတ်သင့်ကြောင်း ဗိုလ်ချုပ်သတိပေး

,
ယခုဖြစ်ပွါးနေသောရက္ခိုင်မူဆလင်ပြဿနာသည် ရက္ခိုင့်တပ်မတော်ကိုဖြိုခွင်းရန် လူထုထောက်ခံမှုကျဆင်းစေရန် ဗမာနယ်ချဲ့တပ်ကရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဗမာနယ်ချဲ့တို့၏ရည်ရွယ်ချက်မှာ အနောက်ဖက်နယ်စပ်တွင် စစ်အုပ်ချုပ်ရေးချပြီးစစ်အင်အားတိုးချဲ့ကာ ရက္ခိုင့်တပ်မတော်မှ ပြည်သိမ်းစစ်ဆင်နွဲလာတာကို ကာကွယ်ဖို့ဖြစ်သည်။ တခြားရည်ရွယ်ချက်များလည်းရှိပုံရသည်။ ရက္ခိုင်မူဆလင်အဓိကရုဏ်းထဲမှာ ရက္ခိုင့်တပ်မတော်အေအေကို ကြားညှပ်သွားအောင်လုပ်တာဖြစ်သည်။ ရက္ခိုင့်တပ်မတော်ကအလင်းဝင်ပြီး ပြည်သူ့စစ်လက်ခံလာစေရန် ဂွင်ဆင်တာလည်းဖြစ်နိုင်သည်။ပြည်သူတွေကိုငါတိုမြန်မာ့တပ်မတော်ကပဲ ကာကွယ်နေရတာပါကွာဆိုပြီး ဟန်ရေးပြချင်တာလည်း ဖြစ်နိုင်သည်။

ဗမာနယ်ချဲ့တို့၏ပရိယေကို အူမချေးခါးမကျန်သိထားသော ရက္ခိုင့်တပ်မတော်ဗိုလ်ချုပ်များက မအလအလိုကျအသုံးတော်မခံကြဖို့ အမြဲတမ်းသတိပေးနေသည်။ ဒီလောက်အကြိမ်ကြိမ် သတိပေးနေသည့်ကြားက ANP ခေါင်းဆောင်များက ဗိုလ်မင်းအောင်လှိုင်ဆီမှာအခစားဝင်ပြီး ဗမာစစ်ခွေးတပ်ကို အုန်းပွဲတရားပွဲဖြင့်ပင့်လာကြသည်။ ၄င်းတို့၏လုပ်ရပ်မှာ ၁၇၈၄က မောင်ဝိုင်းတပ်ကိုငသံဒေပင့်လာတာနဲ့ ဆင်ဆင်တူနေသည်။ ထို့ကြောင့် ANP ခေါင်းဆောင်များအနေဖြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏အကြံပေးစကားကို မြေ၀ယ်မကျနားထောင်ပြီး ခုရောက်ရှိနေသည့် ဗမာနယ်ချဲ့တပ်ကို အမြန်ဆုံးပြန်လည်မောင်းထုတ်သင့်ကြောင်း သတိပေးလိုက်သည်။

မူဆလင်အကြမ်းဖက်သောင်းကျန်းမှု တကယ်သာဆိုးဝါးနေသည်ဆိုပါက ဘင်္ဂလာရက္ခိုင်နယ်စပ်ကိုစိုးမိုးထားသော တပ်မဟာ(၃)နဲ့တပ်မဟာ(၅)က လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ ပြည်သူထဲတွင်ရောနှောတပ်ဖျောက်ထားသော ရက္ခိုင့်တပ်မတော်ကွန်မင်ဒိုများကလည်း ခေတ်မီလက်နက်ဆန်းများသုံး၍ ကာကွယ်သွားကြမှာဖြစ်ကြောင်းကိုလည်း ANP ခေါင်းဆောင်များ ခေါင်းထဲထည့်ထားဖို့လိုပါသည်။

#ရက္ခိုင့်တပ်မတော်ထိပ်တန်းသတင်းများအား သင်ဖတ်ပြီးထပ်ဖြန့်မှ အမျိုးသားရေးတာဝန်ကျေမည်။


https://m.facebook.com/story.php?story_fbid=1594395740623625&id=1162710293792174

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ANP ခေါင်းဆောင်များ ၄င်းတို့ပင့်လာသောဗမာနယ်ချဲ့တပ်ကို အမြန်ဆုံးပြန်လည်မောင်းထုတ်သင့်ကြောင်း ဗိုလ်ချုပ်သတိပေး”

Post a Comment

Related Posts Plugin for WordPress, Blogger...