Thursday, August 10, 2017

တမျိုးကြီးပါလား

,
ဒါဟာ နိုင်ငံတော်အစိုးရကသာ ဆောင်ရွက်ရမှာမဟုတ်ပါလား..
တပ်မတော်က နိုင်ငံတော်အစိုးရ ညွှန်ကြာချက်ကိုသာ အကောင်ထည်ဖော်ရမှာမဟုတ်ပါလား..

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ANP ပါတီမှ
တာဝန်ရှိသူများနှင့် တွေ့ဆုံ
=====================================================
နေပြည်တော် ၂၀၁၇၊ သြဂုတ် - ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင်
ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်
အရာရှိကြီးများ တက်ရောက်ကြပြီး ဒေါက်တာ အေးမောင်နှင့်အတူ ANP ပါတီဗဟိုအလုပ်
အမှုဆောင်များဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ဦးဝေစိန်အောင်
နှင့် ဦးခင်မောင်လတ် တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမို
ပူးပေါင်းလုပ် ဆောင်နိုင်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Senior General Min Aung Hlaing.

https://m.facebook.com/story.php?story_fbid=832545780238334&id=100004487587808

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တမျိုးကြီးပါလား”

Post a Comment

Related Posts Plugin for WordPress, Blogger...