Friday, August 11, 2017

မှတ်ပုံတင်အတွက် အထောက်အထားအကြောင်းပြပြီး ပြည်သူတွေကြန့်ကြာအောင်ပြုလုပ်မှုအားတိုင်ကြားမှုများရှိပါက ထိထိရောက်ရောက် အရေးယူမည်ဟု ဆို

,
နေပြည်တော်၊ သြဂုတ် - ၁၀

အထောက်အထားတွေကိုလည်း အကြောင်းပြပြီး ပြည်သူတွေ ကြန့်ကြာ အောင် မဆောင်ရွက်ဖို့ အကြိမ်ကြိမ်အခါခါ ညွန်ကြားပြီး ဖြစ်ပါတယ်။ တိုင်ကြားမှုများရှိလာရင်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ယနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ က ပြောကြားခဲ့ပါတယ်၊

ယနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးမှာ မင်းဘူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း က နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဥပဒေ နှင့်အညီ အဆင်ပြေ ချောမွေ့စွာရရှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထား ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။

မင်းဘူးမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းဝင်း က " ပြည်သူတွေအတွက် လိုအပ်နေတဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြားများနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ - ၆၆/၆ များကို သက်ဆိုင်ရာလူဝန်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ဦးစီးဌာနများသို့ သွားရောက် လုပ်ကိုင်တဲ့နေရာမှာ အဆင်မပြေ မှုများ ကြုံတွေ့နေရကြောင်းနဲ့ အချို့ဆိုလျှင် သတ်မှတ်နှုန်းထားများထက် ပိုမို ငွေကြေးတွေ တောင်းခံနေကြောင်း၊ ငွေကြေး မပေးနိုင်ပါက အကြောင်း အမျိုးမျိုးပြပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်ဟု ရက်ချိန်းတွေပေးပြီး အချိန်ကို လာဘ်စားနေသေးကြောင်း ပြည်သူတွေ ပြောပြချက်အရ သိရှိရ ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ က " ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုဝင်စာရင်းများကို ဥပဒေ နဲ့အညီ
ပိုမိုပြီးအဆင်ပြေ ချောမွေ့စေရန်အတွက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါကြောင်း၊ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အထောက်အထား အချက်အလက်များကိုလည်း အတတ်နိုင်ဆုံး ဖြေလျော့ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။မဖြစ်မနေ ကောက်ခံရမဲ့ အနည်းဆုံး လိုအပ်ချက်များကိုသာ ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါ တယ်။ကျွန်တော်တို့ (၁၀)နှစ်၊ (၁၈)နှစ် ပြည့် မှတ်ပုံတင်များ၊ နှစ်(၃၀) ပြည့် မှတ်ပုံတင်များကို လဲလှယ်ဖို့ ညွန်ကြားထားပါတယ်။လဲလှယ်ရင်လည်း  စနစ်တကျ ပြန်လည်ပြီး လဲလှယ်ပေးနေပါတယ်။(၃၀) ပြည့် မှတ်ပုံတင်မှာ လာရောက် လဲလှယ်သူကိုယ်တိုင် လာရောက်လဲလှယ်မယ် မှတ်ပုံတင်မှာ ရှိတဲ့ အထောက်အထားကိုလည်း သေချာ စစ်ဆေးနိုင်မယ်ဆိုရင်၊ မှန်ကန်တယ်လို့ ယူဆနိုင်တယ်ဆိုရင် တစ်ခြား အထောက်အထား မလိုဘဲနဲ့ ဆောင်ရွက်ပေးနိုင်ပါတယ် သို့ရာတွင် မှတ်ပုံတင်ထဲမှာရှိတဲ့ပုံစံနဲ့ အပြင်မှာရှိတဲ့ပုံစံ ပျက်ယွင်းနေမယ် မှတ်ပုံတင်ထဲမှာရှိတဲ့ အထောက် အထားဟာလည်း အစစ်အမှန်ဖြစ်ကြောင်း သံသယရှိမယ်ဆိုရင်တော့ အထောက်အထားများ လိုမှာ ဖြစ်ပါတယ်။အဓိက အားနည်းချက်က ကျွန်တော်တို့ရဲ့ မှတ်ပုံတင်ဟာ စက္ကူကပ်ပြား ဖြစ်တဲ့အတွက် အတု ပြုလုပ်ဖို့ အရမ်းလွယ်ကူပါတယ်။ဒီ အတွက်လည်းဘဲ ကျွန်တော်တို့ EIT ခေါ်တဲ့ နောင်မှာ ဒီဂျစ်တယ်မှတ်ပုံတင် လုပ်ဖို့ အစိုးရအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်လျက် ရှိပါတယ်။နိုင်ငံတော်အကြီးအကဲများကလည်း လမ်းညွန်ချက် ပေးထားပါတယ်၊ လတ်တလော အခြေအနေမှာတော့ ၀န်ထမ်းများကို ဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ ဆောင်ရွက်ဖို့၊ သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမိုမကောက်ခံဖို့ လိုအပ်တဲ့ အထောက်အထားတွေကိုလည်း အကြောင်းပြပြီး ပြည်သူတွေ
ကြန့်ကြာအောင် မဆောင်ရွက်ဖို့ အကြိမ်အကြိမ်အခါခါ ညွန်ကြားပြီး ဖြစ်ပါတယ်။တိုင်ကြားမှုများရှိလာရင်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်၊

ယင်း မှတ်ပုံတင်ကိစ္စများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှ
" ဒီ မှတ်ပုံတင်ကိစ္စဟာ မြို့နယ်အတော်များများမှာ ဒီ ပြဿနာ ရှိပါတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးဌာန အနေနှင့် ဥပဒေ စည်းမျဉ်း စည်းကမ်း ညွန်ကြား ချက်နဲ့ အောက်ခြေမှာ လုပ်ဆောင်ချက်နဲ့ တစ်ထပ်တည်း ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ် " လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

credit -  wa than aung
Ven Pinnyarvamsa
10-8.2017

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မှတ်ပုံတင်အတွက် အထောက်အထားအကြောင်းပြပြီး ပြည်သူတွေကြန့်ကြာအောင်ပြုလုပ်မှုအားတိုင်ကြားမှုများရှိပါက ထိထိရောက်ရောက် အရေးယူမည်ဟု ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...