Thursday, August 10, 2017

ဗာရာဏသီနဲ႔ ဒီမိုကေရစီ

,
[Zawgyi Version]
https://m.facebook.com/story.php?story_fbid=469868926723130&id=351249361918421
ေရွးျမန္မာပုံျပင္ေတြမွာေတာ့ "တရားသျဖင့္ အုပ္ခ်ဳပ္မင္းလုပ္ေတာ္မူတယ္" ဆိုတဲ့ အသုံးအႏႈန္းေတြကို ေတြ႕ၾကရ ဖတ္ၾကရဖူးမွာပါ။ ႏိုင္ငံသား ျပည္သူေတြအတြက္ တရားသျဖင့္ အုပ္ခ်ဳပ္တာ၊ အာဏာနဲ႔ ႏိုင္ထက္စီးနင္းမလုပ္တာကို လိုလားၾကစၿမဲပါ။ ေခတ္သစ္မွာေတာ့ ဒီမိုကေရစီ ႏိုင္ငံေတြ၊ လူ႕အဖြဲ႕အစည္းေတြမွာ ႏိုင္ငံသားေတြရဲ႕ လြတ္လပ္မႈနဲ႔ အခြင့္အေရးေတြကို အေလးထားရတာေၾကာင့္ အုပ္ခ်ဳပ္သူက အႏိုင့္အထက္ မျပဳရတာဟာ အုပ္ခ်ဳပ္သူေတြရဲ႕ သေဘာဆႏၵနဲ႔ စိတ္ေနစိတ္ထားေပၚမွာ မူတည္ေနတာ မဟုတ္ေတာ့ပါဘူး။ ဒါဟာ ဒီမိုကေရစီ ႏိုင္ငံေတြမွာ ဥပေဒစိုးမိုးမႈအတြက္ လိုက္နာက်င့္သုံးရမယ့္ မူတစ္ခု ျဖစ္လာပါတယ္။

ဒါကို အဂၤလိပ္လိုေတာ့ Due Process လို႔ ေခၚပါတယ္။ အုပ္ခ်ဳပ္သူ၊ ဥပေဒစိုးမိုးေအာင္ ေဆာင္႐ြက္ရသူေတြဟာ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္ေတြကို အလြဲသုံးစားလုပ္ၿပီး ႏိုင္ငံသားေတြရဲ႕ လြတ္လပ္မႈနဲ႔ အသက္အိုးအိမ္စည္းစိမ္ေတြကို မထိပါးရဘူး။ ပ်က္စီးေအာင္ မလုပ္ရပါဘူး။ ဥပေဒစိုးမိုးေရးကို ထူေထာင္ႏိုင္ဖို႔ဆိုရင္ ဥပေဒ စိုးမိုးမႈအတြက္ ေဆာင္႐ြက္ၾကတဲ့ ျပည္သူ႕အဖြဲ႕အစည္းေတြဟာလည္း လိုက္နာရမယ့္ အေျခခံ စည္းမ်ဥ္းေတြ ရွိေနပါတယ္။

ဒီမိုကေရစီနည္းနဲ႔ ဥပေဒစိုးမိုးေရးကို ထူေထာင္တဲ့ ႏိုင္ငံေတြမွာ ေအာက္မွာ ေဖာ္ျပထားသလိုမ်ိဳး မူေတြကို က်င့္သုံးၾကပါတယ္။

📜 က်ိဳးေၾကာင္းခိုင္လုံတဲ့ အေၾကာင္းျပခ်က္ကို တရား႐ုံးက မထုတ္ျပန္ေပးဘဲ ရဲဝန္ထမ္းေတြ၊ ရဲအရာရွိေတြဟာ ဘယ္အိမ္ကိုမွ ကိုယ့္သေဘာ၊ ကိုယ့္ဆႏၵနဲ႔ ရွာေဖြ ေမႊေႏွာက္ခြင့္ မရွိပါဘူး။ ညႀကီးအခ်ိန္မေတာ္ အိမ္တံခါး လာေခါက္ၿပီး လူမသိသူမသိ အဖမ္းဆီးခံလိုက္ရတယ္ဆိုတာ ဒီမိုကေရစီကို က်င့္သုံးတဲ့၊ ဒီမိုကေရစီ ႏိုင္ငံေတြမွာ ေတြ႕ရမွာ မဟုတ္ပါဘူး။

📜 ျပစ္မႈက်ဴးလြန္တာ၊ ဥပေဒခ်ိဳးေဖာက္တာကို ေသခ်ာ စာနဲ႔ေရးသား တိုင္ၾကားအမႈဖြင့္တာ မရွိဘဲနဲ႔လည္း ဘယ္သူ႕ကိုမွ ဖမ္းဆီးလို႔ မရပါဘူး။ ဒါ့အျပင္ တရားနည္းလမ္းတက်မဟုတ္ဘဲ ဖမ္းဆီးၿပီး အမႈဖြင့္လာတာကို တရား႐ုံးက ေတြ႕ရွိတယ္ဆိုရင္ အဖမ္းခံရသူကို ျပန္လႊတ္ေပးရမွာ ျဖစ္ပါတယ္။

📜 လူတစ္ေယာက္ဟာ ျပစ္မႈ မေျမာက္တဲ့ အရာတစ္ခုကို လုပ္လိုက္တယ္။ သူလုပ္ေဆာင္ၿပီး ေနာက္မွ အဲဒီအျပဳအမူကို ဥပေဒအရ ျပစ္မႈေျမာက္တယ္လို႔ ထုတ္ျပန္လိုက္တယ္ဆိုရင္ ဥပေဒ မျပ႒ာန္းခင္က လုပ္ခဲ့တဲ့ လုပ္ေဆာင္မႈ/အျပဳအမူေတြအတြက္ အေရးယူခြင့္/ ေနာက္ေၾကာင္းျပန္ အေရးယူခြင့္ မရွိရဘူး။

📜 လူတစ္ဦးတစ္ေယာက္ဟာ ဥပေဒကို ခ်ိဳးေဖာက္ခဲ့တယ္၊ ျပစ္မႈက်ဴးလြန္ခဲ့တယ္ ဆိုရင္ေတာင္မွ အဲဒီလူဟာ ဥပေဒေၾကာင္းအရ တုံ႔ျပန္ေခ်ပဖို႔၊ အမႈရင္ဆိုင္ဖို႔ အခြင့္အေရးေတြ ရရွိရမွာ ျဖစ္ပါတယ္။

📜 ျပစ္မႈက်ဴးလြန္သူတစ္ေယာက္ဟာ ေနာက္ထပ္ အလားတူ ျပစ္မႈမ်ိဳး က်ဴးလြန္ႏိုင္ေျခ နည္းပါးတယ္ဆိုရင္၊ ထြက္ေျပးဖို႔ အခြင့္အလမ္း မရွိဘူးဆိုတာ အာမခံႏိုင္ရင္ ဖမ္းဆီးထားရာကေန ကာလ အတိုင္းအတာနဲ႔ လႊတ္ေပးတဲ့ "အာမခံ" ကို ခံစားႏိုင္ရမွာ ျဖစ္ပါတယ္။

📜 ျပစ္မႈတစ္ခုကို က်ဴးလြန္ခဲ့သူ၊ ပါဝင္ခဲ့သူ၊ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသူေတြဟာ တရား႐ုံးမွာ သက္ေသအျဖစ္ ထြက္ဆိုတဲ့အခါ အမွန္မဟုတ္တာေတြကို ကိုယ့္အလိုဆႏၵအရ မဟုတ္ဘဲ ဖိအားေပးမႈေတြ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္မႈေတြေၾကာင့္ မတတ္သာတဲ့အဆုံး ထြက္ဆိုတာမ်ိဳး မရွိရပါဘူး။ တစ္ဖက္ကလည္း ရဲအပါအဝင္ ဥပေဒစိုးမိုးေရးမွာ ပါဝင္ေဆာင္႐ြက္ရသူေတြက အမႈရင္ဆိုင္ေနရသူေတြကို ဖိအားေပး ႏွိပ္စက္တာေတြ လုပ္ခြင့္မရွိပါဘူး။

📜 ျပစ္မႈတစ္ခုကို က်ဴးလြန္ေၾကာင္း တရား႐ုံးမွာ ဝန္ခံလိုက္တာနဲ႔ အဲဒီျပစ္မႈ တစ္ခုတည္းအတြက္ အဲဒီ စြပ္စြဲခ်က္နဲ႔ ေနာက္တစ္ခါထပ္ၿပီး ျပစ္ဒဏ္ေပးတာ မလုပ္ရဘူး။ (ဥပမာ - ကိုကႀကီးဟာ တစ္ႀကိမ္တစ္ခါ မူးယစ္ရမ္းကားေၾကာင္း ဝန္ခံလို႔ အျပစ္ေပးမယ္ဆိုရင္ တျခားစြပ္စြဲမႈနဲ႔ ျပစ္ဒဏ္ ထပ္မံခံရတာ ရွိခ်င္ရွိမယ္၊ အဲဒီ တစ္ႀကိမ္ျပဳဖူးတဲ့ မူးယစ္ရမ္းကားမႈအတြက္ ႏွစ္ႀကိမ္ႏွစ္ဆ စြပ္စြဲတာ အျပစ္ေပးတာ လုပ္လို႔မရဘူး၊ )

📜 ဒီမိုကေရစီ ႏိုင္ငံေတြမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ျပစ္ဒဏ္ေပးမႈေတြကို မျပဳလုပ္ဖို႔ ကန္႔သတ္ထားၾကပါတယ္။ ဆိုလိုတာက ျပစ္မႈတစ္ခုကို က်ဴးလြန္တဲ့သူေတြကို မတန္တဆ အျပစ္ဒဏ္ေတြ၊ အရွက္ရေစမယ့္၊ ဂုဏ္သိကၡာ က်ဆင္းေပမယ့္ ျပစ္ဒဏ္ေတြ ေပးတာထက္ ေနာက္ေနာင္မွာ သိလ်က္နဲ႔ျဖစ္ျဖစ္ မသိလို႔ဘဲ ျဖစ္ျဖစ္ ဥပေဒ ခ်ိဳးေဖာက္တာ မရွိေအာင္ ျပဳျပင္ေပးတဲ့၊ စာရိတၱ ပ်ိဳးေထာင္ေပးရာေရာက္တဲ့ ျပစ္ဒဏ္မ်ိဳးကိုသာ ေပးရမွာ ျဖစ္ပါတယ္။

ဒီလို ကန္႔သတ္ခ်က္ေတြ မ်ားေနရင္ ဒီမိုကေရစီအစိုးရေတြဟာ  ဥပေဒစိုးမိုးေရး ေဖာ္ေဆာင္ရာမွာ ထိထိေရာက္ေရာက္ မလုပ္ႏိုင္ေတာ့ဘူးလို႔ ထင္စရာပါပဲ။

ဒါေပမယ့္ ဒီမိုကေရစီ ႏိုင္ငံေတြအလိုက္ လူအမ်ား လက္ခံႏိုင္ၿပီး ႏိုင္ငံသားတစ္ဦးခ်င္းရဲ႕ လုံၿခဳံမႈနဲ႔ အမ်ားျပည္သူရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ေပးႏိုင္ေစမယ့္ ျပစ္မႈေရးရာ တရားေရး စနစ္ေတြကိုေတာ့ ဒီမိုကေရစီ ႏိုင္ငံေတြဟာ အတိုင္းအတာတစ္ခုထိ ထိေရာက္ေအာင္ ထူေထာင္က်င့္သုံးလာၾကတာ ရွိတဲ့အေၾကာင္း တင္ျပရင္း နိဂုံးခ်ဳပ္ပါရေစ။

●—————————————●

[Standard Version] ဗာရာဏသီနဲ့ ဒီမိုကရေစီ

ရှေးမြန်မာပုံပြင်တွေမှာတော့ "တရားသဖြင့် အုပ်ချုပ်မင်းလုပ်တော်မူတယ်" ဆိုတဲ့ အသုံးအနှုန်းတွေကို တွေ့ကြရ ဖတ်ကြရဖူးမှာပါ။ နိုင်ငံသား ပြည်သူတွေအတွက် တရားသဖြင့် အုပ်ချုပ်တာ၊ အာဏာနဲ့ နိုင်ထက်စီးနင်းမလုပ်တာကို လိုလားကြစမြဲပါ။ ခေတ်သစ်မှာတော့ ဒီမိုကရေစီ နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို အလေးထားရတာကြောင့် အုပ်ချုပ်သူက အနိုင့်အထက် မပြုရတာဟာ အုပ်ချုပ်သူတွေရဲ့ သဘောဆန္ဒနဲ့ စိတ်နေစိတ်ထားပေါ်မှာ မူတည်နေတာ မဟုတ်တော့ပါဘူး။ ဒါဟာ ဒီမိုကရေစီ နိုင်ငံတွေမှာ ဥပဒေစိုးမိုးမှုအတွက် လိုက်နာကျင့်သုံးရမယ့် မူတစ်ခု ဖြစ်လာပါတယ်။

ဒါကို အင်္ဂလိပ်လိုတော့ Due Process လို့ ခေါ်ပါတယ်။ အုပ်ချုပ်သူ၊ ဥပဒေစိုးမိုးအောင် ဆောင်ရွက်ရသူတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မထိပါးရဘူး။ ပျက်စီးအောင် မလုပ်ရပါဘူး။ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ဆိုရင် ဥပဒေ စိုးမိုးမှုအတွက် ဆောင်ရွက်ကြတဲ့ ပြည်သူ့အဖွဲ့အစည်းတွေဟာလည်း လိုက်နာရမယ့် အခြေခံ စည်းမျဉ်းတွေ ရှိနေပါတယ်။

ဒီမိုကရေစီနည်းနဲ့ ဥပဒေစိုးမိုးရေးကို ထူထောင်တဲ့ နိုင်ငံတွေမှာ အောက်မှာ ဖော်ပြထားသလိုမျိုး မူတွေကို ကျင့်သုံးကြပါတယ်။

📜 ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ကို တရားရုံးက မထုတ်ပြန်ပေးဘဲ ရဲဝန်ထမ်းတွေ၊ ရဲအရာရှိတွေဟာ ဘယ်အိမ်ကိုမှ ကိုယ့်သဘော၊ ကိုယ့်ဆန္ဒနဲ့ ရှာဖွေ မွှေနှောက်ခွင့် မရှိပါဘူး။ ညကြီးအချိန်မတော် အိမ်တံခါး လာခေါက်ပြီး လူမသိသူမသိ အဖမ်းဆီးခံလိုက်ရတယ်ဆိုတာ ဒီမိုကရေစီကို ကျင့်သုံးတဲ့၊ ဒီမိုကရေစီ နိုင်ငံတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။

📜 ပြစ်မှုကျူးလွန်တာ၊ ဥပဒေချိုးဖောက်တာကို သေချာ စာနဲ့ရေးသား တိုင်ကြားအမှုဖွင့်တာ မရှိဘဲနဲ့လည်း ဘယ်သူ့ကိုမှ ဖမ်းဆီးလို့ မရပါဘူး။ ဒါ့အပြင် တရားနည်းလမ်းတကျမဟုတ်ဘဲ ဖမ်းဆီးပြီး အမှုဖွင့်လာတာကို တရားရုံးက တွေ့ရှိတယ်ဆိုရင် အဖမ်းခံရသူကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

📜 လူတစ်ယောက်ဟာ ပြစ်မှု မမြောက်တဲ့ အရာတစ်ခုကို လုပ်လိုက်တယ်။ သူလုပ်ဆောင်ပြီး နောက်မှ အဲဒီအပြုအမူကို ဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ထုတ်ပြန်လိုက်တယ်ဆိုရင် ဥပဒေ မပြဋ္ဌာန်းခင်က လုပ်ခဲ့တဲ့ လုပ်ဆောင်မှု/အပြုအမူတွေအတွက် အရေးယူခွင့်/ နောက်ကြောင်းပြန် အရေးယူခွင့် မရှိရဘူး။

📜 လူတစ်ဦးတစ်ယောက်ဟာ ဥပဒေကို ချိုးဖောက်ခဲ့တယ်၊ ပြစ်မှုကျူးလွန်ခဲ့တယ် ဆိုရင်တောင်မှ အဲဒီလူဟာ ဥပဒေကြောင်းအရ တုံ့ပြန်ချေပဖို့၊ အမှုရင်ဆိုင်ဖို့ အခွင့်အရေးတွေ ရရှိရမှာ ဖြစ်ပါတယ်။

📜 ပြစ်မှုကျူးလွန်သူတစ်ယောက်ဟာ နောက်ထပ် အလားတူ ပြစ်မှုမျိုး ကျူးလွန်နိုင်ခြေ နည်းပါးတယ်ဆိုရင်၊ ထွက်ပြေးဖို့ အခွင့်အလမ်း မရှိဘူးဆိုတာ အာမခံနိုင်ရင် ဖမ်းဆီးထားရာကနေ ကာလ အတိုင်းအတာနဲ့ လွှတ်ပေးတဲ့ "အာမခံ" ကို ခံစားနိုင်ရမှာ ဖြစ်ပါတယ်။

📜 ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သူ၊ ပါဝင်ခဲ့သူ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေဟာ တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုတဲ့အခါ အမှန်မဟုတ်တာတွေကို ကိုယ့်အလိုဆန္ဒအရ မဟုတ်ဘဲ ဖိအားပေးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကြောင့် မတတ်သာတဲ့အဆုံး ထွက်ဆိုတာမျိုး မရှိရပါဘူး။ တစ်ဖက်ကလည်း ရဲအပါအဝင် ဥပဒေစိုးမိုးရေးမှာ ပါဝင်ဆောင်ရွက်ရသူတွေက အမှုရင်ဆိုင်နေရသူတွေကို ဖိအားပေး နှိပ်စက်တာတွေ လုပ်ခွင့်မရှိပါဘူး။

📜 ပြစ်မှုတစ်ခုကို ကျူးလွန်ကြောင်း တရားရုံးမှာ ဝန်ခံလိုက်တာနဲ့ အဲဒီပြစ်မှု တစ်ခုတည်းအတွက် အဲဒီ စွပ်စွဲချက်နဲ့ နောက်တစ်ခါထပ်ပြီး ပြစ်ဒဏ်ပေးတာ မလုပ်ရဘူး။ (ဥပမာ - ကိုကကြီးဟာ တစ်ကြိမ်တစ်ခါ မူးယစ်ရမ်းကားကြောင်း ဝန်ခံလို့ အပြစ်ပေးမယ်ဆိုရင် တခြားစွပ်စွဲမှုနဲ့ ပြစ်ဒဏ် ထပ်မံခံရတာ ရှိချင်ရှိမယ်၊ အဲဒီ တစ်ကြိမ်ပြုဖူးတဲ့ မူးယစ်ရမ်းကားမှုအတွက် နှစ်ကြိမ်နှစ်ဆ စွပ်စွဲတာ အပြစ်ပေးတာ လုပ်လို့မရဘူး၊ )

📜 ဒီမိုကရေစီ နိုင်ငံတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပေးမှုတွေကို မပြုလုပ်ဖို့ ကန့်သတ်ထားကြပါတယ်။ ဆိုလိုတာက ပြစ်မှုတစ်ခုကို ကျူးလွန်တဲ့သူတွေကို မတန်တဆ အပြစ်ဒဏ်တွေ၊ အရှက်ရစေမယ့်၊ ဂုဏ်သိက္ခာ ကျဆင်းပေမယ့် ပြစ်ဒဏ်တွေ ပေးတာထက် နောက်နောင်မှာ သိလျက်နဲ့ဖြစ်ဖြစ် မသိလို့ဘဲ ဖြစ်ဖြစ် ဥပဒေ ချိုးဖောက်တာ မရှိအောင် ပြုပြင်ပေးတဲ့၊ စာရိတ္တ ပျိုးထောင်ပေးရာရောက်တဲ့ ပြစ်ဒဏ်မျိုးကိုသာ ပေးရမှာ ဖြစ်ပါတယ်။

ဒီလို ကန့်သတ်ချက်တွေ များနေရင် ဒီမိုကရေစီအစိုးရတွေဟာ  ဥပဒေစိုးမိုးရေး ဖော်ဆောင်ရာမှာ ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူးလို့ ထင်စရာပါပဲ။

ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံတွေအလိုက် လူအများ လက်ခံနိုင်ပြီး နိုင်ငံသားတစ်ဦးချင်းရဲ့ လုံခြုံမှုနဲ့ အများပြည်သူရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်စေမယ့် ပြစ်မှုရေးရာ တရားရေး စနစ်တွေကိုတော့ ဒီမိုကရေစီ နိုင်ငံတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်အောင် ထူထောင်ကျင့်သုံးလာကြတာ ရှိတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်ပါရစေ။

#CivicsNow #Democracy #Rule_of_Law #Due_Process #Fairy_Tales

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ဗာရာဏသီနဲ႔ ဒီမိုကေရစီ”

Post a Comment

Related Posts Plugin for WordPress, Blogger...