Monday, August 14, 2017

ရိုဟင်ဂျာတိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိအောင်ထုတ်ပြန်ပေးရန် နိုင်ငံရေးပါတီ (၂၀)တောင်းဆို

,
သြဂုတ်(၁၄)၊၂၀၁၇၊ရန်ကုန်
The Nyang News

မြန်မာနိုင်ငံတွင်ရိုဟင်ဂျာ အမည်ဖြင့် တိုင်းရင်းသားမရှိကြောင်းကမ္ဘာကသိအောင် အစိုးရအနေဖြင့်ထုတ်ပြန်ပေးရန်​ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၀) က စုပေါင်း လက်မှတ်ရေးထိုး
တောင်းဆို လိုက်သည်။

အဆိုပါလက်မှတ် ရေးထိုးတောင်းဆိုမှုကိုသြဂုတ်လ (၁၄) ရက်နေ့ကရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု
 ကြံ့ ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးခန်းတွင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာသူတို့က(ရိုဟင်ဂျာ) လူမျိးတစ်မျိုးအဖြစ်တည်ထောင်ပြီး နယ်မြေ တောင်းတော့မှာ။ နိုင်ငံသားတောင်းတာမဟုတ် ဘူး။တိုင်းရင်းသားလူမျိုးစုတောင်းတာ။ပြီးရင် ရှေ့ဆက်ပြီးနယ်မြေခွဲဝေးပေးဖို့တောင်းတော့ မှာ။အဲ့ဒါကြောင့်သမိုင်းကြောင်းအရမရှိလို့ မရှိကြောင်းထုတ်ပြန်ပေးဖို့တောင်းဆိုတာပါ” ဟု လက်မှတ်ရေးထိုးတောင်းဆိုမှုတွင်ပါဝင် သည့်အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်ကပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပက်သက်ပြီး
 ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင်နိုင်ငံရေးပါတီ(၂၀)ကအစိုးကို တောင်းဆိုရာတွင်ရခိုင်ဒေသလုံခြုံရေး အခြေအနေအမြန်ဆုံးဆောင်ရွက်ပေးရန်၊ မြေပြင်တွင်လုပ်ငန်းဆောင်ရွက်နေသည့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာဝန်ထမ်းများ တပ်မတော်နှင့်ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများအားဥပဒေအရ ကာကွယ်အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးရန်၊
အကြမ်းဖက်မှု ကျုးလွန်ခဲ့သူများနှင့်အဖွဲ့အစည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူပေးရန်ဟူသည့်​  အချက်လေးချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကြေညာချက်ကိုပြည်ထောင်စုအစိုးရထံ ပေးပို့သွားမည်ဖြစ်ကြာင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အရေးနှင့်ပက်သက်ပြီးလက်ရှိအစိုးရ၏ ဖြေရှင်းမှုများကိုအားရကျေနပ်မှုမရှိကြောင်းအမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်ကဆိုသည်။

သမ္မတဦးသိန်းစိန်​အစိုးရလက်ထက်က မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးမရှိကြောင်းနှင့်ဘင်္ဂါလီလူမျိုးသာရှိကြောင်းထုတ်ဖော် ​ပြောကြားမှုများရှိခဲ့သည်။

“သဘောမကျဘူး။မကျေနပ်ဘူး၊ဘာလို့ဆိုရင် ရခိုင်ပြည်နယ်မွတ်စလင်များ၊ရခိုင်ဗုဒ္ဓဘာသာ တွေဆိုတာခိုးဝင်တဲ့သူတွေကိုအသိအမှတ်ပြု ပေးရာရောက်တယ်။ပြသနာကအန္တရယ်ကို ဖိတ်ခေါ်တဲ့ဝေါဟာရလို့ယူဆတယ်” ဟု ဦးသိန်းညွန့်က ပြောသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အရေးကိစ္စများကို အချိန်မီ ဆောင်ရွက်နိုင်ပါလျက် မဆောင်ရွက်ခြင်း ကြောင့်နိုင်ငံနှင့် ပြည်သူအတွက်ဖြစ်ပေါ် လာမည့်အကျိုးဆက်များမှာအစိုးရတွင်သာ တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်​ပုံ - ငြမ်း

သြဂုတ်လ (၁၄) ရက်နေ့ကရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးခန်းတွင်ညှိနှိုင်းအစည်းအဝေးပြုလုပ်​​နေစဉ်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာတိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိအောင်ထုတ်ပြန်ပေးရန် နိုင်ငံရေးပါတီ (၂၀)တောင်းဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...