Sunday, August 13, 2017

မဒေးကျွန်းပါတ်လည်မှာ

,
၂၀၁၅ လောက်က ရခိုင်ကျောက်ဖြူကနေ စက်လှေတနာရီလောက်စီးသွားရတဲ့ မဒေးကျွန်းမှာ ယူနန်တရုပ်
တွေတည်ဆောက်နေတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တနှစ်လုံးနီးပါး အနီးကပ်လေ့လာခွင့်ရခဲ့တယ်....

အဲ့ဒိမှာ ထူးခြားချက်တွေအများကြီးရှိတာ ကိုယ်တွေ့မြင်သိခဲ့ရတယ်...အပြင်ပန်းသတင်းအရ တရုပ်လွှမ်းမိုးမှုက အဲ့ဒိဒေသမှာ စိုးရိမ်စရာအဆင့်ဆိုရင် အတွင်းမှာကိုယ်
တွေ့ကြုံခဲ့ရတာက ဒီထက်ဆိုးတယ်...

အရင်အစိုးရရဲ့ အိပ်ထဲငွေရောက်ရေးစီမံကိန်းတစ်ခု
ကြောင့် မဒေးကျွန်းပါတ်လည်မှာ တရုပ်တွေ ထင်ရာစိုင်းခဲ့ကြတယ်....

ကျွန်းပေါ်က ကျွန်းသူကျွန်းသားတွေရဲ့ ဗဟုသုတ
Levelက အရမ်းနိမ့်ကျတဲ့အပြင် အရက်နဲ့မူးယစ်ဆေး
တွေကြောင့် အဆိုးဝါးဆုံးအဆင့်အထိ ကျဆင်းသွား
ရတယ်....

ရခိုင်မိန်းမပျိုလေးတွေဟာ ယွမ်ငွေအောက်မှာ မလူးသာမလွန့်သာ မရုန်းမကန်နိုင်ကြတော့ပဲ စုန်းစုန်းမြုပ်ခဲ့ကြရတာ အများကြီးမှ အများကြီး...

တာဝန်ချိန်ပြည့်လို့ ဒီတရုပ်တစ်ယောက်ပြန်တာနဲ့ သူတွဲခဲ့တဲ့ ဒေသခံတိုင်းရင်းသူမိန်းကလေးကို နောက်တရုပ်တစ်ယောက်ဆီ handover လွှဲခဲ့ပြီးသားပဲ....

တချို့ဆို ၁၇ ၁၈ အရွယ်မှာ လင်၃ယောက်လောက်အထိ ယူခဲ့ကြရတယ်...ဒါကို အမျိုးဘာသာစောင့်ပါ
တယ်ဆိုတဲ့ ကလယားကြောက်တွေက သိချင်မှတောင်သိလိမ့်မယ်....

သေချာတာကတော့ မြစ်ဆုံလက်လွှတ်လိုက်ရတဲ့
နောက်မှာ တရုပ်က မဒေးကျွန်းနဲ့ကျောက်ဖြူဘက်ချမ်းကို လုံးဝလက်မလွှတ်တော့တဲ့အပြင် ဘယ်လောက်အထိ သိမ်းပိုက်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်သင့်
တယ်....

ဟော့တာကတော့ ခိုးဝင်တွေ အကြမ်းဖက်မှုတွေ
မူးယစ်ဆေးတွေပေါ့ဗျာ...

မဟော့တာကတော့ မဒေးကျွန်းက
တရုပ်ပိုင်ကျွန်းဖြစ်နေပြီ...ကြိုက်တဲ့သူလာငြင်းလို့ရ
တယ်...အေးမောင်တို့တွေအော်နေတဲ့ အမျိုးသားရေးဆိုလား ဘာဆိုလား...မြင်နေတာကတော့ ဟိုဘက်
အရောင်ပြ ဒီဘက်ဖင်ခံပေးနေတာလို့ပဲ မြင်တယ်...
အဲ့ထဲမှာ ဟိုဂျပုပါပါတယ်...

Credit နှင်း ဘလက်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မဒေးကျွန်းပါတ်လည်မှာ”

Post a Comment

Related Posts Plugin for WordPress, Blogger...