Saturday, September 23, 2017

ငါးစားကြူးကျေးရွာနှင့် ကြိမ်ချောင်း မြောက်ရွာတို့၌ မီးလောင်မှုဖြစ်ပွား ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် လက်လုပ်မိုင်းများ တွေ့ရှိ

,
စက်တင်ဘာ ၂၃၊၂၀၁၇

 မောင်တောမြို့နယ် နယ်မြေ ၅ ငါးစားကြူးကျေးရွာနှင့်ကြိမ်ချောင်းမြောက်ရွာတို့၌ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ် နယ်မြေ ၅ ငါးစားကြူးကျေးရွာ၌ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းခဲ့ရာ  နေအိမ် (၆) လုံး မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ရသည့်အကြောင်းအရင်းအား စုံစမ်းလျက် ရှိပြီး ဥပဒေအရ အမှုဖွင့်စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ မွန်းလွဲ ၂ နာရီတွင်  မောင်တောမြို့နယ် နယ်မြေ ၄ ကြိမ်ချောင်း မြောက်ရွာ၌  မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဘင်္ဂါလီလူမျိုးများနေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းအိမ်များနှင့် ကပ်လျက် ရှိသည့် ဟိန္ဒူလူမျိုးများ၏နေအိမ်များကို ကူးစက်လောင်ကျွမ်းခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည်  မြို၊ ရခိုင်၊ ဘင်္ဂါလီနှင့် ဟိန္ဒူလူမျိုးများနှင့်အတူ  စုပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲတွင်  မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့်တန်ဖိုးကျပ်(၈)သိန်း ခန့်ရှိ နေအိမ် ၈ လုံး  မီးလောင်ဆုံးရှုံးခဲ့ပြီး  မီးရှို့သူအား ကြိမ်ချောင်းနယ်မြေစခန်း၌ (ပ)၄၄/၂၀၁၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင်    ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်   တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိရာ ကိုးတန်ကောက်အုပ်စု ချိန်ခါလီကယ်ဆယ်ရေးရွာ၏ အနောက်ဖက် မေယုတောင်ခြေနေရာ၌  ကောက်ရိုးပလပ်စတစ်ဖြင့်အုပ်ထားပြီး မြေကျင်းအတွင်းမှ အကြမ်းဖက်သမားများထောင်ထားသော ကားပစ်စတင်ဖြင့် ပြုလုပ်ထားသည့်  အလျား ၉ လက်မ ၊အချင်း ၄ လက်မခွဲခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊ အလျား ၉ လက်မ၊ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၅ လုံး စုစုပေါင်း လက်လုပ်မိုင်း ၇ လုံး တူးဖော် သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော လက်လုပ်မိုင်းများနှင့် ပတ်သက်၍ အင်းဒင်နယ်မြေစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး စုံစမ်းလျက်ရှိကြောင်းသိရသည်။

https://m.facebook.com/story.php?story_fbid=805393999633708&id=639456206227489

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ငါးစားကြူးကျေးရွာနှင့် ကြိမ်ချောင်း မြောက်ရွာတို့၌ မီးလောင်မှုဖြစ်ပွား ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် လက်လုပ်မိုင်းများ တွေ့ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...