Sunday, October 29, 2017

အာဏာရှင်ကို ၂၀၂၀ ရွှေးကောက်ပွဲမှာ အသက်ပြန်သွင်းဖို့ လူပိန်တွေကို စည်းရုံးနေ

,
၂၉..၁၀..၁၇
-
ဒီကနေ့ လုပ်သွားတဲ့ တပ်မတော်နဲ့ ၀န်ထမ်း ထောက်ခံပွဲ ဆိုဘဲ့။
ဘာကိုထောက်ခံတာလဲ စစ်တပ်က စစ်တိုက်တယ် ၀န်ထမ်းက နိုင်ငံတော်က
ပေးအပ်တဲ့ တာဝန်ကို ကြေပွန်စာထမ်းဆောင်ရမယ်  ဒါကို ဘာအတွက်
ထောက်ခံပွဲ လုပ်တယ်ဆိုတာ စဉ်းစားလို့မရဘူး။
-
ဒါတော့ ဟောပြောပွဲ စင်မြင့်ပေါ်မှာ ကြည့်လိုက်တော့မှ သဘောပေါက်
သွားတယ် ။ ၂၀၂၀ မှာ စစ်အစိုးရ အာဏာရှင်တွေကို အသက်
ပြန်သွင်းဖို့ အာဏာရှင် လက်ပါးစေတွေ ခြေလှမ်းစနေပြီပဲ။
-
``ရွှေအိမ်စည်``ဆိုတဲ့ မိန်းကလေးက ခန့်ညံ့ညံ့ လူပိန်းအကြိုက် ခါတော်မီ ``ဘိလပ်``လို တလုံးနှစ်လုံးနဲ့ လူလိမ်ညာ အကြောင်း ထမှုတ် ဘုမသိဘမသိ စောက်ပိန်း ``ဖေ့ဘွှတ် ``သုံးနေတဲ့ ကောင်တွေရော့ like လိုချင်တဲ့ ပေါ်လစီ ကောင်တွေက ၀ိုင်းရှဲပြီး တင်ပေးကြနဲ့ ဖေ့ဘွှတ်ပေါ်မှာ လူသိများ လာပြီး အခုတော့ အာဏာရှင်ကို အသက်သွင်းဖို့ လက်ပါးစေ
တွေက ပွဲထုတ်လာ ခဲ့ပါပြီ။
-
ဒီမိန်ကလေး နောက်မှာ ပံ့ပိုးပေးနေတာက အာဏာရှင် နေ၀င်း မြေးတွေ အာနာရှုးတွေဟာ ဘယ်တော့အခါမှ နောင်တရတဲ့ လူစားတွေမဟုတ် နေ၀င်ချိန်ထိ သူတို့ ကောင်းကျိုးအတွက်
လုပ်ဆောင် ခဲ့သူတွေကြီးဘဲ့။
-
ခင်ဗျာတို့ ကျုပ်တို့သိထားရမှာ ကိုယ်ငွေနဲ့ကိုယ် ``ဖေ့ဘွှတ်``သုံးပြီး ငါဖေ့ဘွှတ် ပေါ်မှာ ဘာတင်တင် အားလုံး အိုခေတယ်။ ငမောင် လှည့်တောင် မကြည့်ဘူး။
-
အာဏာရှင်တွေရဲ့ လူပြိန်းအကြိုက် စည်းရုံမှုတွေနဲ့ တနိုင်ငံကို အဆိပ်ခတ်ဖို့ ခင်ဗျာတို့ တင်တဲ့သတင်းတွေ ဖြစ်နေခဲ့မယ်ဆိုရင် ပိုစိုးပက်စက် ပြောထည့်ဖို့ ၀န်မလေးဘူး ဆိုတာပါဘဲ့။

သံပါးစပ်
============

@###ဧပရယ်မောင်မောင်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အာဏာရှင်ကို ၂၀၂၀ ရွှေးကောက်ပွဲမှာ အသက်ပြန်သွင်းဖို့ လူပိန်တွေကို စည်းရုံးနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...