Saturday, October 28, 2017

"ဒီအတိုင်း သွားရင် တိုင်းပြည် နာမယ်"

,
ကိုသန့်ဇင်(၈၈ ဗကသ)

(၁)

 "ဒီအတိုင်း သွားရင် တိုင်းပြည် နာမယ်" "ရှင်းရှင်းပြောရရင် အားလုံးလည်း ဒုက္ခရောက်မယ်"
 ===========================
 ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)

 SNLD ၂၉ နှစ်ပြည့်ပွဲမှာ ဥက္ကဌ ဦးခွန်ထွန်းဦးက ၂၁ပင်လုံ အပေါ် သူ့ရဲ့အမြင်ကို ပြတ်ပြတ်သားသား ပြောသွားတာပါ။
ကျနော်တို့ ဗမာပြည်ဟာ ၁၉၄၈ လွတ်လပ်ရေးရတဲ့နှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်လာတာ နှစ် ၇၀ ပြည့်ပါတော့မယ်။
ပြည်တွင်းစစ်နဲ့အတူ တပါတည်းကြီးထွားလာတာကစစ်ဗျူ ရိုကရေစီယန္တယားနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။
ယခုအချိန်ထိ ၂၀၀၈ အခြေခံဥပဒေရဲ့ချူ ပ်ကိုင်မှုတွေအောက်မှာ NLD အစိုးရဟာ ရှေ့တိုးမရ၊ နောက်လည်း
ပြန်ဆုတ်မရနဲ့ အခက်တွေ့နေရတာ အားလုံးအသိပါ။တချို က အစိုးရ ၂ ရပ်မျိုး ဆက်ဆံနေရတယ် ပြောကြပါတယ်။
NLD အစိုးရနဲ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့က ဘယ်လိုဟန်ဆောင်ပြီး ဖုံးဖိနေပေမယ့် NLD ဥက္ကဌ ဒေါ်
အောင်ဆန်းစုကြည် ပြောသွားတာ ၂ ခါ ရှိပါပြီ။

ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော်(KBC)နဲ့တွေ့စဉ်မှာ တခါ၊ မွန်ပြည်သစ်ပါတီ(MNSP)နဲ့တွေ့စဉ်မှာ တခါ။
 "၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်ရဲ့ကိစ္စတွေမှာအစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်လို့ မရပါဘူး"
ဒါဟာ NLD အရပ်သားအစိုးရအောက်မှာ ၂၀၀၈ အရစစ်တပ်က ရှိမနေဘူးဆိုတာ သူ့အစိုးရရဲ့အခက်အခဲကို
မဟာမိတ်ဖြစ်တဲ့ ကိုယ့်လူ(ဒီမိုကရေစီဘက်တော်သား)တွေကို အတိအလင်း ပြန်သတိပေးရင်းနဲ့ ထုတ်ပြောခဲ့
း တာပါ။
ဒီလိုပြောခြင်းက အစိုးရ ၂ ရပ်လို့ ပြောရမလား။ ၂၀၀၈ ပြင်မပြီးမချင်း၊ NLD အနေနဲ့ ၂၀၀၈ ကို ကျော်ပြီး
လုပ်မရဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်တာပါ။

(၂)

 အဲဒီတော့ ကျနော်တို့ အစ ပြန်ကောက်ကြရအောင်။၁၉၄၈ မတ် ၂၈ ကတည်းက ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။
 ၁၉၆၂ မတ် ၂ မှာ ဗိုလ်နေဝင်း စစ်အာဏာသိမ်းတယ်။၁၉၈၈ ဩဂုတ် ၈ မှာ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံဖြစ်ခဲ့တယ်။
 ၁၉၈၈ စက်တင်ဘာ ၁၈ မှာ ဗိုလ်စောမောင် အာဏာထပ်သိမ်းတယ်။
 ၂၀၀၈ မေ ၁၀ မှာ ၂၀၀၈ အခြေခံဥပဒေ ဖြစ်လာတယ် ၂၀၁၁ မှာ ဦးသိန်းစိန် အစိုးရကို အာဏာအပ်တယ်။
 ၂၀၁၆ မှာ NLD အစိုးရ ဖြစ်တယ်။

(၃)

ဗမာပြည်ရဲ့အဓိက ကိစ္စတွေကို ကြည့်မြင်ပြီး ကျနော်တို့ ဘယ်လောက် ခရီးပေါက်နေပြီလဲ တိုင်းတာသွားကြ
ရပါမယ်။
 ၁။ဗမာပြည်ရဲ့ပြည်တွင်းစစ်ကို ကျနော်တို့ ရပ်တန့်နိုင်ပြီလား။

 ၂။စစ်တပ်က အာဏာသိမ်းပြီးတည်ဆောက်ထားတဲ့စစ်ဗျူ ရိုကရေစီယန္တယားနဲ့ စစ်အာဏာရှင်စနစ်ကို
 အကုန်အစင် ဖျက်သိမ်းနိုင်ပြီလား။

၃။ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံက တောင်းဆိုခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ် အပြည့်အဝ ဖွံ့ဖြိုးခွင့်ရပြီလား
အထက်ပါ ကိစ္စ ၃ ရပ်ကို NLD အစိုးရအနေနဲ့ ဘယ်အတိုင်းအတာထိ ခရီးပေါက်နေပြီလဲဆိုတာ ကျနော်တို့
နိုင်ငံရေးသမားတွေနဲ့ ပြည်သူအများက အသေအချာကြည့်မြင်ကြဖို့၊ သုံးသပ်ကြဖို့ အရေးကြီးပါတယ်။
ဒါမှသာ ကျနော်တို့ ဘာတွေ ဆက်လုပ်ကြရမယ်။ဘယ်လို ဆက်စခန်းသွားကြရမယ်ဆိုတာ ပြင်ဆင်နိုင်ပါမယ်။

(၄)

ရခိုင်ကိစ္စအပါအဝင် တိုင်းရင်းသားဒေသတွေမှာရောပြည်မမှာပါ ဖြစ်ပျက်ခံစားနေကြရတဲ့ အောက်ပါ အခြေ
အနေမျာရဲ့အရင်းခံအကြောင်းတရားများဟာ ကျနော်အထက်မှာ ဖော်ပြခဲ့တဲ့ ၃ ချက် ကြောင့် ဖြစ်ပါတယ်။

၁။လုပ်ခလစာနည်းပါးခြင်း၊အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများအရှုံးပေါ်ခြင်းများနဲ့
 ပြည်သူအများစု ဆင်းရဲကြပ်တည်းနေခြင်း။

၂။တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ တရားရေးမဏ္ဍိုင်ယိုင်နဲ့နေခြင်း၊ မူးယစ်ဆေးဝါးမှုများနဲ့ဒုစရိုက်မှုများ ထူ
 ပြောနေခြင်းနဲ့ ပြည်သူအများရဲ့လုံခြုံမှု စိုးရိမ်ကြောင့်ကျနေရခြင်း။

၃။လူ့အခွင့်အရေးဆုံးရှုံးနေရခြင်းများ။

(၅)

ဗမာပြည်က တိုင်းရင်းသားကိစ္စဖြေရှင်းနိုင်ပါမှ ပြည်တွင်းစစ်ရပ်နိုင်ပါမယ်။တိုင်းရင်းသားကိစ္စရော ပါတီစုံကိစ္စရောဟာ ၂၀၀၈
အခြေခံဥပဒေကို ပြင်ဆင်/ဖျက်သိမ်းနိုင်မှ ဖြေရှင်းနိုင်ပါမယ်။
၂၁ ပင်လုံကနေ ငြိမ်းချမ်းရေးရအောင်လုပ်မယ်။NCA မူ အတိုင်း ဆက်သွားမယ်။ငြိမ်းချမ်းရေးရမှ ၂၀၀၈ ပြင်မယ်။

NLD အစိုးရနဲ့ စစ်တပ်ကတော့ အထက်ပါအတိုင်းပဲနောက်မဆုတ်ဘဲ ဆက်သွားမယ်လို့ ပြောထားပါတယ်။
NCA စာချူ ပ်ကို လက်မှတ်ရေးထိုးကြဖို့သာ တိုက်တွန်းနေပါတယ်။
NLD အစိုးရနဲ့ စစ်တပ်က ပြောနေ လုပ်နေတဲ့အတိုင်းဗမာပြည် ငြိမ်းချမ်းရေး ရနိုင်ပါ့မလား။

ဒါကို ကျနော်တို့ သုံးသပ်ကြဖို့ လိုပါတယ်။

(၆)

 SNLD ဥက္ကဌ ဦးခွန်ထွန်းဦးကတော့ ၂၁ ပင်လုံမှာ
အဖွဲ့အစည်း အားလုံးမပါဝင်တဲ့အတွက် လက်ရှိအခြေ
အနေအတိုင်း ဆက်သွားနေမှာကို အင်မတန်မှ စိုးရိမ်
မိတဲ့အကြောင်း သူတို့ရဲ့ SNLD ပါတီ ထူထောင်တဲ့
၂၉ နှစ်ပြည့်ပွဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
 "ခပ်ရှင်းရှင်းပြောရရင် အားလုံးမပါဘဲ ဆက်သွားလို့
 မရဘူး"
 "ဒီအတိုင်းပဲ ဆက်သွားရင် တိုင်းပြည် နာမယ်"
 "ရှင်းရှင်းပြောရရင် အားလုံးလည်း ဒုက္ခရောက်မယ်"
 ဗမာပြည်မှာ ဒုတိယ လူဦးရေအများဆုံး ဝါရင့်တိုင်းရင်း
သားခေါင်းဆောင်တဦးက ပြည်ထောင်စုအရေး၊ ငြိမ်း
ချမ်းရေးအတွက် ၂၁ ပင်လုံကို ပြတ်ပြတ်သားသား သုံးသပ်သွားတဲ့အချိန်မှာ ဗမာ(တိုင်းရင်းသား)တွေထဲက
ထင်းရှားတဲ့ ခေါင်းဆောင်များကတော့ ဆွံ့အလို့ နှုတ်
ဆိတ်နေကြပါတယ်။

(၇)

 ပြည်တွင်းစစ် စဖြစ်ကတည်းက ပြည်တွင်းငြိမ်းချမ်းရေး
ရရှိဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးစီးဦးဆောင်ပြု
ပြီး ကြိုးစားခဲ့ပါတယ်။
 ဆရာကြီးက "သူမနာ-ကိုယ်မနာ နည်းနာ"ကို အသုံးပြု
ပြီး ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်အုပ်စုများအနေနဲ့ အပြန်
အလှန် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြပြီး၊ အပြန်
အလှန် မေတ္တာတရား ထားရှိကြဖို့၊ သဘောထားကြီပြီး
စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့ အုပ်စု
အားလုံးသို့ မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။
 "ဆရာ မသေခင်မှာ
 ဗမာပြည် ငြိမ်းချမ်းတာ မြင်သွားချင်တယ်"
 လို့ ဗမာပြည်ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြခဲ့ပေမယ့်
ဆရာကြီးခမျာ မြင်တွေ့မသွားရရှာပါ။

(၈)

 ဒီနေရာမှာ ကျနော် တင်ပြဆွေးနွေးတာ ချူ ပ်ပါမယ်။
 ရှမ်းခေါင်းဆောင်က ၂၁ ပင်လုံကို ဝေဖန်တယ်။
 ဗမာတွေ ဆွံ့အနေကြတယ်။

 ရဲဘော် ကြင်မောင်ရဲ့စကားနဲ့ ကျနော် ချူ ပ်ပါမယ်။
 ပါလီမန်တွင်း ပါလီမန်ပြင်ပ လမ်းကြောင်းနှစ်သွယ်ဖြင့်
NLD က သွားမည်ဟု ကြားသိရသည်။
 ကောင်းပါသည်။
 စိုးရိမ်သည်က ဥက္ကဌ ကိုယ်တိုင် ပါလီမန်ထဲသို့ ဝင်
ရောက်သွားသည့်အတွက် ပါလီမန်ပတွင် မည်သူက
ခေါင်းဆောင်မည်လဲဆိုတာတော့ စိုးရိမ်မိသည်။
 အခြေခံစနစ်(၂၀၀၈)က စပြောင်းရမည်။

 ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကို လေးစားမိသည်။
 ဆရာ ဒဂုန်တာရာ ပြောသလို -
 "တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ"

 ကိုသန့်ဇင်(၈၈ ဗကသ)

Photo:Crd. — with Myint Thein and 2 others.
The Light

https://m.facebook.com/story.php?story_fbid=1943651772557438&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "ဒီအတိုင်း သွားရင် တိုင်းပြည် နာမယ်"”

Post a Comment

Related Posts Plugin for WordPress, Blogger...