Saturday, October 14, 2017

လူမျိုးတုံး သတ်ဖြတ်ခြင်းမရှိ၊ ဘင်္ဂါလီများအနေဖြင့် ထိတ်လန့်၍ ပြေးခြင်း မဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆို

,
မိမိတို့နိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုလည်း လုံးဝမရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် ကြောက်ရွံ့ ထိတ်လန့်၍ ပြေးခြင်းမျိုး မဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာသွားခြင်း ဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI အား အောက်တိုဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံအတွင်းရှိ နေရပ် ရှောင် ရခိုင်လူမျိုးများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဟိန္ဒူ ဘာသာဝင်များနှင့် ဘင်္ဂါလီများကိုပါ ထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများ လုပ်ဆောင်ပေး နေကြောင်း၊ မိမိတို့နိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုလည်း လုံးဝ မရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် ကြောက်ရွံ့ ထိတ်လန့်၍ ပြေးခြင်းမျိုး မဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာသွားခြင်း ဖြစ်သည်ကို ဓာတ်ပုံမှတ် တမ်းများတွင် တွေ့ရကြောင်း၊ အစိုးရ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထွက်ခွာခြင်းမပြုရန် ပြောဆိုသည်ကိုပင် လက်မခံကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား သူများကိုလည်း ၁၉၉၃ ခုနှစ်တွင် နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီချက်များအရ ပြန်လည် လက်ခံသွားရန် ရှိကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ သံအမတ်ကြီးက ဂျပန်နိုင်ငံ အစိုးရအနေဖြင့် ရခိုင် ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နားလည်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရ နှင့် တပ်မတော်၏ လုံခြုံရေး ဆိုင်ရာများကို အပြုသဘောဖြင့် လုပ်ဆောင်နေသည်ကို သိရှိပြီး ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ ကိုလည်း ရပ်တည်ချက် မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော သတင်း အချက်အလက် များအပေါ် မူတည်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်အရေး ကိစ္စအား ဆွေးနွေးရန် လုပ်ဆောင်နေကြောင်း၊ အချို့ အချက်အလက်များသည် မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်၏ အမှန်တကယ် လုပ်ဆောင်မှုများနှင့် လွဲမှားနေသဖြင့် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေမှန် များကို ကမ္ဘာက သိရှိအောင် လုပ်ဆောင် ရန်လိုကြောင်း အကြံပြု ဆွေးနွေးခဲ့သည်ဟု သိရသည်။
http://www.theladiesnewsjournal.com/news/fri-2017-10-13-1227/7691

Photo - information Committee
(ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာရန် နယ်စပ်အနီး ရောက်ရှိစဉ်)
The Ladies News

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူမျိုးတုံး သတ်ဖြတ်ခြင်းမရှိ၊ ဘင်္ဂါလီများအနေဖြင့် ထိတ်လန့်၍ ပြေးခြင်း မဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...