Wednesday, November 1, 2017

ပြည်​သူ့သ​ဘောထား

,
ပြည်သူအချင်းချင်းကြား ဒီသဘောတရားတွေနားလည်အောင်ဖြန့်ဝေပေးကြပါ ..။

( ၁ )အချုပ်အခြာအာဏာသည်
ပြည်သူ့ထံမှသက်ဆင်းရမည်။
အခြေခံဥပဒေသည်
ပြည်သူအများဆန္ဒအတိုင်းရေးဆွဲရမည်။

( ၂ ) စစ်တပ်ဟာ
ပြည်သူက လစာရိက္ခာထောက်ပံ့ထားသော
ပြည်သူ့ဝန်ထမ်းမျှသာဖြစ်သည်။
တစ်နည်း ..
ပြည်သူ့အစေခံသာဖြစ်သည်။
ပြည်သူ့အထက်ကနေခွင့်မရှိ။

( ၃ ) ပြည်သူ့လွှတ်တော်ဆိုသည်မှာ
ပြည်သူ့ရွေးကောက်ခံ
ပြည်သူ့ကိုယ်စားလှယ်များသာ
တက်ရောက်ရန်ဖြစ်သည်။
ပြည်သူကိုကိုယ်စားမပြုဘဲ
လက်နက်ကိုင်တစ်စုတစ်ဖွဲ့ကိုသာ
ကိုယ်စားပြုသူများတက်ရန်မဟုတ်။

( ၄ ) ပြည်သူ့ဆန္ဒကိုကျော်ပြီး ဥပဒေပြုခွင့်
စစ်တပ်ကို ဘယ်ပြည်သူကမှပေးမထား။

( ၅ ) စစ်တပ်ဟာ ပြည်သူအများထံဆန္ဒမဲကောက်ယူပြီးတင်မြှောက်ထားသော အစိုးရထံတွင်
လုံးလုံးလျားလျားသစ္စာခံရမည်။

( ၆ )အစိုးရကို ပြည်သူအများကြား
ဆန္ဒမဲကောက်ယူ၍ တင်မြှောက်ရမည်။

( ၇ ) ပြည်သူအများအနေဖြင့်
မိုးခါးရေသောက်ရွေးရွေး
အရက်သောက်ရွေးရွေး
အိပ်ချင်မူးတူးနဲ့ရွေးရွေး
သူများရွေးလို့ဘဲလိုက်ရွေးရွေး
မဲအများဆုံးရတဲ့အဖွဲ့အစည်းဟာ
အစိုးရအဖြစ်ထိုက်တန်သည်။
စစ်တပ်ဟာ ပြည်သူကို
အိုင်ကျူစစ်ဆေးခွင့်မရှိ။

( ၈ )  ပြည်သူရွေးချယ်သောအစိုးရကို
အရည်အချင်းစစ်ခွင့်..
ပြည်သူ့အစိုးရအပေါ် ကျော်လုပ်ခွင့် ..
ပြည်သူ့ရွေးချယ်မှုကို
စိတ်မချဟုအကြောင်းပြလျက်
အာဏာလုခွင့် ..
ဘယ်ပြည်သူကမှ စစ်တပ်ကိုပေးမထား။
အစိုးရကို ပြည်သူကမကြိုက်ရင်
ရွေးကောက်ပွဲနဲ့ဖြုတ်ချလိမ့်မည်။
ပြည်သူဖြုတ်ချလိုသောအစိုးရက
အသာတကြည်ဆင်းမပေးလျှင်
စစ်တပ်သည် ပြည်သူ့ဘက်မှရပ်တည်၍
ပြည်သူမကြိုက်သောအစိုးရကို
ဖြုတ်ချပေးရမည်။

( ၉ ) ပြည်သူကဝယ်ပေးထား
တပ်ဆင်ပေးထားသောလက်နက်နဲ့
ပြည်သူ့အပေါ်
အထက်စီးမှ အမိန့်ဥပဒေထုတ်
အုပ်ချုပ်မှုသည်
အလွန်အောက်တန်းကျစွာ
ပြည်သူကိုပုန်ကန်ခြင်းဖြစ်သည် ..။

         ###########

Credit

https://m.facebook.com/story.php?story_fbid=352495231862651&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပြည်​သူ့သ​ဘောထား”

Post a Comment

Related Posts Plugin for WordPress, Blogger...