Tuesday, November 7, 2017

ရပ်ကျေး ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆို ပြည်သူတွေ #မဖြစ်မနေ လုပ်ဆောင်ရမည့် အချက် (၈) ချက်

,
၁။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကနေ ရွေးကောက်ပွဲအချိန်ဇယား (Election Calendar) ကို  အနည်းဆုံး (၁) လ ကြိုတင်၍ ကျယ်ကျယ်ပြန့် ပြန့် ထုတ်ပြန်ပေးဖို့ တောင်းဆိုရန်။

၂။ ရွေးကောက်ပွဲ စတင်သည့် ကြီးကြပ်ရေးမှူး (၅)ဦး ရွေးချယ်သည့်အချိန်သည် ရွေးကောက်ပွဲ တစ်ခုလုံး၏ သမာသမတ်ကျမှု၊ တရားမျှတမှုအတွက် အရေးကြီးပါသဖြင့် ကြီးကြပ်ရေးမှူးများကို ကိုယ်တိုင် ပါဝင်ရွေးချယ်ရန် နှင့် ရွေးချယ်ပြီး ကြီးကြပ်ရေးမှူးများ၏ အမည်နဲ့ ဆက်သွယ်ရန် (မည်သူမည်ဝါဖြစ်ကြောင်း) ကို တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုရန်။

၃။ အိမ်ထောင်စု ကိုယ်စားလှယ်များက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးများအား ဆက်လက် ရွေးချယ်ရမည်ဖြစ်ပါ၍ ကြီးကြပ်ရေးမှူးများ၏ စီမံမှု၊ အိမ်ထောင်စု စုဖွဲ့ ပေးမှု စသည့် သတင်းထုတ်ပြန်မှုကို လေ့လာ စောင့်ဆိုင်းရန်။

၎။ မိမိ ဖြစ်စေလိုသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး အရည်အချင်းနှင့်ကိုက်ညီသူများကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ချဉ်းကပ်စည်းရုံးရန် ။

၎။ တစ်အိမ်တစ်ယောက် သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိပါ၍ မိမိအိမ်ထောင်စုအတွင်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး (မည်သူကို ဘာကြောင့်) မဲပေးလိုသည်ကို အကျေအလည် ညှိနှိုင်းစုဝေး တိုင်ပင်ရန်။

၅။ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း မိမိအိမ်ထောင်စု သဘောထားကို တက်ကြွစွာ၊ ပွင့်လင်းလွတ်လပ်စွာ ဆန္ဒ (သို့ ) လျို့ ဝှက်မဲပေး ပါဝင်ရန်။

၆။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေး ၊ ကျေးရွာတာဝန်ခံ ရွေးချယ်မှု အဆင့်ဆင့်ကို အနီးကပ် စောင့်ကြည့်လေ့လာရန်။

၇။ ရွေးကောက်ပွဲတွင် မသမာမှုများ၊ ဘာသာရေး၊ လူမျိုးရေး အသုံးချ မဲဆွယ်မှုများ၊ မဲဝယ်မှုများ၊ မတရားမှုများ ကို သတင်းမီဒီယာ၊ နယ်မြေခံ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ ၊ ကြီးကြပ်ရေးမှူးများကို အချိန်မီ တင်ပြနိုင်အောင် မှတ်တမ်း ရယူထားရန်။

၈။ ဒီမိုကရေစီ နည်းအရ ရွေးကောက်ပွဲ ရလဒ် သည် သမာသမတ်ကျပါက အနိုင်၊ အရှူံးကို နိုင်ငံကြီးသား ပီသစွာ လက်ခံ၍ မိမိရပ်ရွာကောင်းကျိုး ဆောင်ရွက်ဖို့ အနိုင်ရရှိသူကို ဆက်လက်တိုက်တွန်းနှိုးဆော်ရန်။

လေးစားစွာဖြင့်

Action Committee for Democracy Development

https://m.facebook.com/story.php?story_fbid=1836732413023173&id=1087785347917887

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရပ်ကျေး ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆို ပြည်သူတွေ #မဖြစ်မနေ လုပ်ဆောင်ရမည့် အချက် (၈) ချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...