Tuesday, November 7, 2017

"အမေရိကန်ရောက်ကရင်တွေ ဆော်ပြီ"

,
အမေရိကန်မှာ ကရင်လူမျိုး တစ်သောင်း အောင်ပွဲခံနိုင်ခဲ့ကြပြီ။ ကရင်လူမ်ျုးတွေရဲ့ တောင်းဆိုမှုတွေက ကရင်တမျိုးထဲအတွက်မဟုတ်ပဲ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး တောင်းဆိုသွားပါတယ်။မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသားတွေအပေါ်ယုတ်မာမှုတွေကို တရားဝင်မီးမောင်းထိုးပြသွားပြီး အချက်အလက်အလုံးစုံ အမေရိကန်လွတ်တော်အထိ အဆင့်ဆင့်တက်ပါလိမ့်မယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်လွတ်တော်က မြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ လုပ်ဆောင်ဖို့ တာစူနေတဲ့အချိန်မှာ ယခုကရင်တစ်သောင်းရဲ့ ဆန္ဒထုပ်ဖော်တောင်းဆိုမှုတွေက အမေရိကန်အစိုးရကို ပိုမိုရှင်းရှင်းလင်းလင်းမြင်ခွင့်ရသွားစေပါတယ်။ အစိုးရတပ်ရဲ့ဖိနှိပ်မှုက ရိုဟင်ဂျာတင်မဟုတ်ပဲ တိုင်းရင်းသားတွေအပေါ် ဆယ်စုနှစ် ၈ခုလောက် ဖိနှိပ်မှုတွေ လုပ်နေခဲ့ပါလားဆိုတာ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာကိုထုပ်ဖော်ပြသလိုက်ကြပါတယ်။

ဒါကမြန်မာအစိုးရနဲ့မြန်မာစစ်တပ်ကို အကြတ်အတည်းများသို့ပိုမိုတွန်းပို့စေမှာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ ကရင်အပါအဝင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေဘက် ပိုမိုရက်တည်လာဖို့ အလားအလာကောင်းတွေဆောင်ကျဉ်းပေးလာပါလိမ့်မယ်။ အမေရိကန်အစိုးရသာ တိုင်းရင်းသားတွေဘက် ရပ်တည်လာပါက မြန်မာစစ်အစိုးရအတွက်တော့ ဝမ်းချုပ်စေမယ့်အဖြစ်ပါပဲ။

ဂုဏ်ထူးဆောင်ဆုတွေပြန်လည်ရုတ်သိမ်းမှုနဲ့အတူ ဒေါ်စုအပေါ် အမေရိကန်အစိုးရအပါအဝင် ကမ္ဘာရဲ့ထောက်ခံမှုကျဆင်းလာချိန်မှာ အမေရိကန်ရောက် ကရင်၁၀၀၀၀ ရဲ့ စုရုံးပွဲကမြန်မာစစ်တပ်သာမက မြန်မာအစိုးရအတွက် ဘာမဆိုအဆိုးဘက်ရလဒ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 နောက်ဆုံးပြောချင်တာက အမေရိကန်ရောက်ကရင်တွေ ထင်မထားတဲ့ စုရုံးမှု၊စည်းလုံးမှုကို ပြသလိုက်ပါပြီ။
-ကွဲပြားနေတဲ့ ကရင့်တော်လှန်ရေးတပ်တွေ ဘာလုပ်မှာလဲ?
- ပေါင်းစည်းမရတဲ့ ကရင်ပါတီတွေဘာလုပ်မှာလဲ?
- ကိုယ်ပိုင်ရပိုင်ခွင့်တွေ တိုက်ယူရာမှာ တိုင်းရင်းသားအင်အားစုတွေ စည်းစည်းလုံးလုံးဖြစ်ဖို့ ကရင်တပ်တွေ၊ကရင်ပါတီတွေ အချိန်ဆွဲနေမှုတွေကိုရပ်ပြီး စည်းလုံးရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ဆန္ဒပြုရင်းစာအားအဆုံးသတ်လိုက်ပါတယ်။

(လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၆၀-အကြာမှာ တိုင်းသားများရဲ့အခြေအနေဟာ ဂျီနိုဆိုက်လုပ်ခံနေရပြီဆိုတဲ့အခြေအနေမျိုးအထိ
ဖြစ်လာရတာကြောင့် တစ်ချိန်ကရရှိထားခဲ့တဲ့ ရှားရှားပါးပါးယုံကြည်မှုတွေပျက်ယွင်းကုန်ပြီး နိုင်ငံပြိုကွဲသွားနိုင်သည်အထိ
စိုးရိမ်ဖွယ်အခြေအနေများဖြစ်ပေါ်လာပါကြောင်း)

https://m.facebook.com/story.php?story_fbid=2033685486866871&id=100006763173690

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "အမေရိကန်ရောက်ကရင်တွေ ဆော်ပြီ" ”

Post a Comment

Related Posts Plugin for WordPress, Blogger...