Tuesday, November 7, 2017

အများပြည်သူပိုင်သော ကြံ့ဖွတ်ရုံး မြေနေရာများ

,
ကြံ့ဖွတ်ပါတီရုံးသမိုင်းပေါင်းချုပ် (လက်ရှိစုစည်းမိသမျှဖြစ်သည်)
သူတို့ကပြောင်လိမ်နေတော့လည်းပြည်သူက ဝိုင်းဖော်ကြတာပေါ့ဗျာကြံ့ဖွတ်ရုံးတွေ ဒီလိုဖြစ်တည်လာတာ

💥💥💥 စာရင်းမှာ မပါသေးတဲ့ မြို့နယ်ရှိရင် ကြံ့ဖွတ်ရုံး တည်နေရာလိပ်စာများ ကွန်မန့်မှာ ဖြည့်ပေးခြင်းဖြင့် မတရားမှုကို ဖော်ထုတ်ကြပါ။

👉🏾 စမ်းချောင်း
အရင်ကခရစ်ယာန်(ချင်း)cemetryပါ
ဒါကိုဈေးလုပ်လိုက်တယ် နောက်ကွန်ဒိုဆောက်ပြီး
သူတို့ကတဝက်ယူလိုက်တယ်
လက်ရှိမြေညီထပ်မှာရုံးဖွင့်ထား
( Credit - Ye Thein Win )

👉🏾 ဗဟန်းမြို့နယ်
ဗိုလ်စိန်မှန်ဟစ်တ်ုင်ကွင်းဘေးလမ်း စည်ပင်မြေပေါ်မှာ
ပါတီရုံးဆောက်ထားတာလူတိုင်းသိတယ်
Credit - Aung Myat

👉🏾မင်္ဂလာတောင်ညွှန်
ကန်ပတ်လမ်းကအရင်ကပြန်ဆက်ပါ ခုကြံခိုင်ရုံး
Credit - Aung Tun Oo

👉🏾မရန်းကုန်း ၂ ရပ်ကွက်
ကလေးကစားကွင်းနေရာမှာ
ကြံ့ဖွတ်ရုံးတည်ဆောက်ထားပါသည်။
ဖယ်မပေးသေးပါ။
( Credit - Bo Kyaw )

👉🏾 အင်းစိန်​ကလူမှုဖူလုံ​ရေး​ဆေးခန်း
ဘာအ​ကြောင်းပြချက်​မှမပါဘဲ
ပြည်​ခိုင်​ဖြိုးရုံးခန်းဖြစ်​ပီးသကာလ
GTI ဝင်းထဲကအုတ်​တရ ​ကျောင်းသား​ဆောင်​ကို
ဒင်းတို့ဆေးခန်းဆိုင်းဘုတ်​ထူကြတယ်
( Credit - Maung Myint )

👉🏾အင်းစိန်
Bocမှတ်​တိုင်​အနီး ​မြောက်​ပိုင်းခရိုင်​ရုံး
မီးရထားပိုင်​​မြေ
( Credit - Hein Htet )

👉🏾 မှော်ဘီမြို့နယ် ကြံ့ဖွတ်ရုံးက အရင် ဆောက်လုပ်ရေးရုံးပါ
(Credit- Thein Htut)

👉🏾လှည်းကူးရုံးက မူလ ပါတီယူနစ်ရုံး နောက် ထောက်လှမ်းရေးရုံးနဲ့ မထသ တစ်ခါ ထောက်လှမ်းရေးနဲ့ ကြံ့ဖွံ့အသင်းရုံး အခုတော့ ကြံ့ဖွံ့ပါတီဖြစိသွားရော ဒါ သိသလောက်
(Credit- Kyaw Kyaw Khin)

👉🏾 ဟသာၤတ...
ခရိုင်ကျန်းမာရေးဦးစီး
ဌာနမှုးရုံးကိုယူပြီးပါတီရုံးဖွင့်ထား
Credit - Myint Thaung

 👉🏾 မြင်းခြံ...
ရှေးကတင်းနစ်ကွင်း အခုခရိုင်ရုံးတဲ့
Credit - Zaw lat

👉🏾 ရွှေ​ညောင်​မြို့.
အများသုံးလမ်းကို  ရုံးပိုင်​​မြေအဖြစ်​သတ်​မှတ်​ထား
မြေစာရင်းကလဲ  တရားဝင်​​အောင်​လုပ်​​ပေးထား
Credit - U Aung Nge's

👉🏾 ပဲခူး
Bago က ရုံးကတော့ အသိသာကြီး
အရင် ရှင်စောပုရပ်ကွက်ရုံး နောက်တော့ ကလေးကစားကွင်း ပီးတော့ သူတို့သိမ်းတာပဲ
ခန်းမကလည်း ဟော်တည်နဲ့ခရီးသွားပိုင် ရွှေဟင်္သာတည်းခိုခန်း
Credit - Lwin Naung Naung

👉🏾 စစ်ကိုင်းတိုင်းမင်းကင်းမြို့ ကျမတို့အထက်တန်းတက်နေတော့ပန်းခြံဘေးက ဖြတ်သွားရတယ်ကျောင်းလစ်ပြီးတော့လဲ ပန်းခြံမှာပုန်းဘူးတယ်ပန်းခြံထဲမှာလဲသူငယ်ချင်းတွေစုပြီးတော့ဓာတ်ပုံရိုက်ဖူးတယ် ကြံ့ဖွံ့ပေါ်လာတော့အသင်းအခု ပါတီဖြစ်သွားပြီပေါ့
( Credit - Khing Khing )

👉🏾 မကွေး
ကျနော်တို့မကွေးကတော့တိုင်းရုံးမြေနေရာကခရစ်ယာန်သုဿန်မြေပါ။မကွေးမှာgsmဖုန်းတစ်လုံး
၁၅သိန်းပေးရစဉ်ကပါတ်ီအတွက်၂သိန်းဆောင်းပြီး၁၇သိန်းကျပါတယ်။ကြံဖွံ့အတွင်းရေးမှူးကကိုသွင်လင်း
(တိုင်းဆက်သွယ်ရေးမန်နေဂျာ)ပါ။အဲသည်အခါက
အလုံး၄၀၀၀ပါ။တိုင်းအတွင်းကတခြားမြို့နယ်တွေမှာ
လည်းအဲသည်နှုန်းအတိုင်းပါ။၂၀၁၀ရွေးကောက်ပွဲမတိုင်မီလေးမှာ တယက ရန်ပုံငွေတွေကို ကြံ့ဖွံ့ပါတီ၊အမျိုးသမီးရေးရာနဲ့မိခင်ကလေးတို့ကိုလွှဲပေးတာလဲရှိတယ်ဗျ။
အမျိုးသမီးရေးရာနဲ့မိခင်ကလေးအသင်းတွေကလည်းကြံဖွံ့အရံအင်အားတွေပါ။တခြားအကြောင်းတွေလဲအများကြီးပါဗျာ။ရေးရလျင်ကုန်မှာမဟုတ်ဘူးဗျာ။

👉🏾 တောင်ငူ
ရန်ကုန်မန္တလေးလမ်း
ယခင် မီးရထားဝန်းနေရာတွင် တည်ဆောက်
( credit - Min Min Oo )

👉🏾မန်းလေးတော့
၇၃ လမ်းပေါ်က သိန်းပေါင်းသောင်းချီတန်တဲ့နေရာကြီး
မည်သို့လုပ်လိုက်သည်မသိ သူတို့ရုံးဖြစ်သွားတာပဲ
မြေလွတ်မြေရိုင်းမဟုတ်တာတော့
သေခြာတယ် 😄
( Credit - Win Than Htut )

👉🏾ကျုပ်တို့ မန်းလေးက ၂၆လမ်းနဲ့ ၇၃လမ်းက ကြံ့ ဖွံ့ တိုင်းရုံးကို ဥပမာ သိသလောက်ပြောမယ်ဗျာ ကျုပ်တို့ ငယ်ငယ်က (ဆေးရုံသုံး)ဆေးသိုလှောင်ရုံကြီးဗျ
(Credit- Ba Gyi Aung)

👉🏾လွိုင်​​ကော်
နောင်​ယား က ရပ်​ကွက်
နောင်​ယား​ဈေး​ဟောင်း ရပ်​ကွက်​ပြည်​သူပိုင်
( credit - Kyaw Win )

👉🏾မိုးညှင်းမြို့နယ် ဟိုပင်မြို့
ဟိုပင် အရင်ဆားဂိုထောင်ခေါ်တဲ့ဟာ
ဘယ်လိုရုံးဖြစ်သွားတယ်မသိ
( Credit - Hnin Hnin Aye )

👉🏾မိတ္ထီလာ
ပြည်သူပိုင်မြေနေရာ တံတားထိပ် နဂါးရုံဘုရားအနီး နေရာကောင်း
မည်သို့လုပ်လိုက်သည်မသိ
( Credit - Sitt Phyu )

👉🏾 ရွှေဘို
အိုးအိမ်ဦးစီးဋ္ဌာနပိုင်မြေပြည်တော်သာရပ်ကွက် ရှေ့
ပြည်ခိုင်ဖြိုး မဝယ်ပဲ ဘယ်လိုပိုင်သွားမှန်းမသိ
( Credit - Fone Wai Htun )

👉🏾 မော်ကျွန်း , ဧရာဝတီတိုင်း
သူတို့က အခုမှကုလားမုန်းနေကြတာ
သူတို့အခုရုံးနေရာကြီးက အရင်ချစ်တီးပိုင်နေရာကြီးနောက်တော့ ဖဆပလအမတ် NLD၉၀အမတ် ဘဘဦးလှဖေနေသွားတဲ့နေရာကို မူလပိုင်ရှင်က
အိန္ဒိယပြန်သွားတယ်ဆိုပြီး ဥုံဖွလုပ်လိုက်တာ ခုလိုဖြစ်သွားရော😀😀
( Credit - Zaw Win Tun )

👉🏾 ပျဉ်းမနား သင်္ချိုင်းဟောင်းနေရာ
အောင်မင်္ဂလာရပ်ကွက်
ဆင်ရုပ်ကြီးအနီး
(ရန်ကုန် -မန္တလေး ကားလမ်းဟောင်းဘေးနေရာကောင်း)
(Credit - Htay Win)

👉🏾 ပုသိမ်
ပုသိမ်တိုင်ရုံးက နေရှင်နယ်ကျောင်းနားက ကုန်းပေါ်မှာပါေ နရာအလွန်ကောင်းသည့်
ပုသိမ်မြို့Main လမ်းပေါ်မှာရှိပါတယ်!
အဲ့ဒီကုန်းကို ကရင်အဖိုးကြီးပိုင်တယ်လို့သိရပါတယ်, ဒါပေမဲ့ အဲ့ဒီ့ကုန်းပေါ်မှာကခေတ်အဆက်ဆက် ကျုးကျော်အခြေချနေထိုင်သူတွေရှိပါတယ်ခင်ဗျာ, အဲ့ဒါကိုပိုင်ရှင်အဖိုးကြီကဖယ်ခိုင်းတာကို ဖယ်လဲမပေး
ငွေလဲမပေးပဲနေနေရင်းက ပိုင်ရှင်အဖိုးကြီးက စစ်အစိုးရလဲတက်လာရော စစ်အစိုးရကိုသွားလှူလိုက်ရော ကျူးကျော်သူတွေအကုန်ဖယ်ပေးရပါတယ်! အဲ့ဒီ့အချိန်က နိုင်ငံတော်ကို လှူဒါန်းခဲ့တဲ့အတွက်
နိုင်ငံပိုင်ပစ္စည်းဟုမှတ်ယူရပါမယ်!
ပြည်ခိုင်ဖြိုးအသင်းဖွဲ့တော့ပြည်ခိုင်ဖြိုးတိုင်းရုံးကိုအဲ့ဒီမြေကွက်ပေါ်မှာ ဆောက်လုပ်
နေရာချထားပေးခဲ့ပါတယ်! အဲ့ဒီအချိန်တုန်းက ပြည်ခိုင်ဖြိုးအသင်းဆိုတာ လူမှုရေးအသင်းအဖွဲ့ပါ နိုင်ငံရေးလုံးဝမလုပ်ပါဘူဆိုပြီးကြွေးကြော်ခဲ့ပြီးမှနောက်ပိုင်းမှာပါတီအဖြစ်ပြောင်းလဲတဲ့အချိန်မှာလဲ အဲ့ဒီနေရာမှာပဲ ခပ်တည်တည်နဲ့ ပါတီရုံးခန်းဆက်လက်ဖွင်လှစ်ခဲ့ဒါ ယခုအချိန်ထိပါပဲခင်ဗျာ!
( Credit - Edwin Medd )

👉🏾 ဖြူးမြို့
ဖြူးမြို့က အရင်တုန်းက တမြို့နယ်လုံးရဲ့ ပင်ပေါင်ရိုက်ခန်းမ အားကစားခန်းမ အလေးမ ခန်းမ မြို့သူမြို့သားအများပိုင်ပေါ့ဗျာ...နောက်မကြာဘူးပြည်ခိုင်ဖြိုး ရုံးဖြစ်သွားတယ်အားကစားခန်းမ ပျောက်သွားတယ်....
( Credit - Myint Win )

👉🏾 ဝက်လက် (စစ်ကိုင်းတိုင်း)
အရင်ကဘက်စုံခြံပါ  မြို့နယ်တွင်းကတောင်သူတွေဆီက တစ်ဦးကိုစပါးတစ်တင်းကျကောက်ပြီး တည်ထောင်ထားတာပါ မြို့နယ်လူထုပိုင်အဖြစ်ရှိနေရာကနေ ကြံ့ဖွတ်အသင်းပိုင်လုပ် နောက် ပါတီပိုင်ယခုထိလုပ်ထား
(Credit - Myint Soe)

👉🏾ဧရာဝတီတိုင်း သာ​ပေါင်းမြို့ လွတ်​လပ်​​ရေး​ကျောက်​တိုင်​နဲ့ ပန်းခြံကို ဖြို ဖျက်​ပြီး ယခု ကြံဖွံ့ရုံးတည်​​ဆောက် ထားပါသည်
ကျွန်​မ ငယ်​​မွေးခြံ​ပေါက်​ပါ။
(Credit- Cinthe Yar)

👉🏾လတ်ပွတ်​တာမြို့မှာကြံ့ခိုင်​​ရေးရုံးက 10 ရပ်​ကွပ်​မှာပါ စည်​ပင်​ပိုင်​​မြေ​နေယာမှာရုံး​ဆောက်​ထားတာပါ ရပ်​ကွပ်​အသစ်​​ဖော်​ချိန်​မှာ​နေရာ​ကောင်း​တွေကိုvip​နေရာလို့သက်​မှက်​ပြီးပြည်​သူကိုမ​ရောင်းပဲထားခဲ့တဲ့​မြေကွက်​​ပေါ့ ​နောက်​ထက်​ထူးခြားတာကအစဉ်​အဆက်​ကငါး​ဈေးဖွင့်​ခဲ့တဲ့မြို့လယ်​​ခေါင်​​မြေကွက်​ကိုရုံး​ဆောက်​တာလည်းမဟုတ်​ပဲနဲ့ကြံ့ခိုင်​​ရေးပါတီပိုင်​​မြေကွက်​အဖြစ်​​ပြောင်းလဲယူခဲ့တာပဲ အခုအဲ​နေရာကို​မြေကွက်​ငှါးထားတယ်​  သတင်းအမှန်​ပါ​လေ့လာစုံစမ်းနိုင်​ပါတယ်​  09252286324
(Credit - Ko Naing)

👉🏾 စလင်းမြို့ နယ် ရုံးးကလဲအရင်ကသမဝါယမဆေးပေးခန်းပါ နိုင်ငံတော်ပိုင်ပါ​ပါ
(Credit - Aung Kyaw Min Oo)

👉🏾 ကသာ ရုံးက အရင် ကျနော်တို့ကျောင်း
အလက  2  ကျောင်းပေါ့
ဘယ်လို  မောင်ပိုင်စီးသလဲတော့အတိအကျ  မသိပါ
(Credit- Thant Zin Haing)

👉🏾ဖျာပုံကရုံးကအရင်ဘတ်စ်ကက်ဘောကစားကွင်းကိုလုပ်ဆာက်ထားတာ (Credit- Soe Thint)

👉🏾မြင်းခြံမှာ ကြံဖွတ်​ရုံးက​ထောင်​ကြီးသွားတဲ့လမ်း​ဘေးမှာရှိပါတယ်​ အဲ့ဒါကအရင်​က​ဆေးသို
လှောင်​ရုံပါ နိုင်​ငံပိုင်​ပါ
(Credit- Zwal Wint Aung)

👉🏾ရပ်​​စောက်​မြို့
.​ဈေးတန်းရပ်​ကွက်​အတွင်းမှာရှိတဲ့ ကြက်​​တောင်​ရိုက်​အားကစားပွဲ
များကျင်းပတဲ့...​လေ့ကျင့်​တဲ့အများပြည်​သူပိုင်​ကြက်​​တောင်​ရိုက်​အားကစားရုံကြီးပါပဲဗျာ။မြို့လယ်​​ကောင်​မှာရှိပါတယ်​။ယ​နေ့မခိုးဘူး​လို့အသံ​ကောင်းဟစ်​​နေကြတဲ့သူများ...အားလုံးသိပါတယ်​...မြို့သူမြို့သားအားလုံးပါ။ ။ထိုပုဂ္ဂိုလ်​များလည်းပဲသိကြပါတယ်​။
(Credit - U Mg Lay)

👉🏾မ​ကွေးတိုင်း ပခုက္ကူခရိုင်​ 
ရေစကြိုမြို့မှာ​တော့ မီးသတ်​ရုံး
ဝိုင်းထဲမှာဖွင့်​ထားတယ်
အစိုးရပိုင်​ ပြည်​သူပိုင်​ အဝန်းဝိုင်းထဲမှာပါ
သူတို့​ခေတ်​ဆို​တော့​ကြောက်​ရ​တော့ မီးသတ်​ဦးစီးဌာနလည်း ​ရေငုံနှုတ်​ပိတ်
ခေါင်းငြိမ့်​ရတာ​ပေါ့
အနိုင်​ထက်​ပြုပြီး​ဆောက်​ကြတာပါ
လို့​ပြောချင်​တယ်
(Credit- Sine Phone Myint)

👉🏾အမရပူရ ရှေးဟောင်းကျုံးမေးတင် သိမ်းထား
(Credit>>Ko Soe Naing Oo)

👉🏾ကလေးမြို့ကတော့ အရင်သချိုင်းနေရာဟောင်းပေါ့
88မတိုင်ခင်ကသချိင်္ုင်းမြေ နောက်တော့
အဲဒီနေရာမှာ စည်ပင်ရုံး တောင်ဇလပ်ဟိုတယ် ပြည်ခိုင်ဖြိုးအသင်း(နောက်တော့ပါတီ)ဘယ်လိုနေရာရယူထားတယ်ဆိုတာတော့မသိ
(Credit- Kyaw Htin)

Credit>> Ko Hlwan Wai Lwin

💥💥💥 စာရင်းမှာ မပါသေးတဲ့ မြို့နယ်ရှိရင် ကြံ့ဖွတ်ရုံး တည်နေရာလိပ်စာများ ကွန်မန့်မှာ ဖြည့်ပေးခြင်းဖြင့် မတရားမှုကို ဖော်ထုတ်ကြပါ။

#ms
Via.Ko U Swe

https://m.facebook.com/story.php?story_fbid=354417481670426&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အများပြည်သူပိုင်သော ကြံ့ဖွတ်ရုံး မြေနေရာများ”

Post a Comment

Related Posts Plugin for WordPress, Blogger...