Thursday, November 16, 2017

ဗုဒ္ဓဘာသာအဆုံးအမများ ချွတ်ချော် လိုအပ်မှုများရှိပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှု မရှိနိုင်ဟု ဗန်းမော်ဆရာတော်မိန့်ကြား

,
အောင်ကျော်မင်း

မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ်သော ဗုဒ္ဓဘာသာအဆုံးအမများသည် ချွတ်ချော်မှု၊ လိုအပ်မှုများ
ပေါ်ပေါက်မည်ဆိုပါက မြန်မာနိုင်ငံတော်သည်လည်း တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးမှုများ မရှိနိုင်ကြောင်း
နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဥက္ကဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက
မိန့်ကြားသည်။

နိုဝင်ဘာလ ၁၀ရက်နေ့က ကမ္ဘာကုန်းမြေတွင် ပြုလုပ်သော သတ္တမအကြိမ် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီအစည်း
အဝေးတွင် အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်ပြီး ရဟန်းသံဃာတော်များ စည်းလုံးညီညွတ်စွာဖြင့် ဗုဒ္ဓသာသနာတော်အတွက်သာမက မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သံဃာတော်အားလုံးက ဗုဒ္ဓလမ်းညွန်ဒေသနာတော်
များနှင့်အညီ ပါဝင်ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ဆရာတော်က ပြောသည်။

"နိုင်ငံအတွင်း ဖြစ်ပေါ်တတ်သော မညီညွတ်မှု၊ မအေးချမ်းမှုများကို ညီညွတ်အေးချမ်းမှုများ ရရှိလာအောင် နိုင်ငံသားအားလုံး တစ်ဦးပေါ်တစ်ဦး စာနာထောက်ထားပြီး အကျိုးလိုလားတဲ့
မေတ္တာစေတနာများဖြင့် အချင်းချင်းကူညီရိုင်းပင်းလျက် အေးချမ်းသော လူသားများအဖြစ် ရှင်သန်နေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးရန် ဘုရားတပည့်တော်များက ဓမ္မ၀ိနယနဲ့အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူပါသည်ဘုရား" ဟု ဆရာတော်က ပြောသည်။

ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နူန်း ရှိသော မြန်မာနိုင်ငံသည် အတိတ်ကာလကို ပြန်လည်စီစစ်ကြည့်လျှင် ဗုဒ္ဓဘာသာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဗုဒ္ဓဘာသာ ဘ၀နေနည်းတို့ဖြင့် ရှင်သန်နေထိုင်ခဲ့ပြီး ရဟန်းသံဃာတော်များက ညီညွတ်စွာ နေထိုင်လျက် မှန်ကန်သော အဆုံးအများကို ညွန်ပြခဲ့သည့်အတွက် နိုင်ငံတော်သည် ယနေ့တိုင် တည်ငြိမ်စွာ ရပ်တည်လာခဲ့ကြောင်း ဗန်းမော်ဆရာတော်က ဆိုသည်။

Myanmar Time
သိဒ္ဓိ စိုး

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗုဒ္ဓဘာသာအဆုံးအမများ ချွတ်ချော် လိုအပ်မှုများရှိပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှု မရှိနိုင်ဟု ဗန်းမော်ဆရာတော်မိန့်ကြား ”

Post a Comment

Related Posts Plugin for WordPress, Blogger...