Tuesday, November 7, 2017

ဘီလူးႀကီး ဘယ္ေတာ့မွ မေသ

,
ေရႊေသြးကာတြန္းဂ်ာနယ္မွာ ငယ္စဥ္က ဖတ္ခဲ့တဲ့ ပုံျပင္ေလးပါ။

ရြာေလးတစ္ရြာကို ဘီလူးႀကီးႏွိပ္စက္ေနတယ္။ သူလိုတာ မေပးရင္ ရြာထဲဝင္ လူသတ္၊ ကၽြဲႏြားသတ္၊ အိမ္ေတြ၊ စိုက္ခင္းေတြ ဖ်က္ဆီးတယ္။

ရြာသားေတြက စားစရာမရွိ၊ ဆင္းရဲတဲ့ၾကားက ဘီလူးႀကီး ေက်နပ္ေအာင္ ၾကက္ငွက္ သားငါးေတြ ခ်က္ျပဳတ္ၿပီး သူေနတဲ့ဂူထဲကို ေန႔တိုင္းပို႔ေပးရတယ္။ အရက္ေသစာလည္း ေပးရတယ္။ ပိုဆိုးတာက သမီးကညာေတြကိုလည္း အလွည့္က် မျပတ္ဆက္သရတယ္။ အဲဒါေၾကာင့္ ရြာသားေတြဟာ ဘီလူးႀကီးကို ႏွိမ္နင္းမယ့္ သူရဲေကာင္းကိုပဲ အျမဲေမၽွာ္ေနၾကတယ္။

သူရဲေကာင္းေတြလည္း အျမဲလာၾကပါတယ္။ လာတဲ့သူရဲေကာင္းတိုင္းကလည္း ဘီလူးေနတဲ့ဂူထဲဝင္ၿပီး ဘီလူးကိုတိုက္ခိုက္ၾကတယ္။ ဘီလူႀကီးရဲ့ နာက်င္ေအာ္ဟစ္သံေတြကိုလည္း ဂူအျပင္က ေစာင့္ၾကည့္ေနတဲ့ ရြာသားေတြ အျမဲၾကားခဲ့ရတယ္။ ဘီလူးႀကီး ေသဆုံးသြားၿပီလို႔ ရြာသားေတြ ထင္မွတ္ေနဆဲမွာပဲ ဘီလူးအသစ္တစ္ေကာင္ ထြက္လာၿပီး အရင္ဘီလူးအတိုင္း ရြာသားေတြကို ႏွိပ္စက္ျမဲ ႏွိပ္စက္ေတာ့တာပဲ။ ဘီလူးတိုက္ဖို႔ ဝင္သြားတဲ့သူရဲေကာင္းလည္း အျမဲတမ္းလို အစအနေပ်ာက္သြားေနခဲ့တယ္။ အေတာ္ထူးဆန္းတယ္ေနာ္။

ရြာထဲက ေမာင္ပညာဆိုတဲ့ လူငယ္တစ္ေယာက္က ဘာေၾကာင့္ ဒီလိုျဖစ္ေနရသလဲဆိုတာကို စုံစမ္းေဖာ္ထုတ္မယ္လို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

သိပ္မၾကာခင္မွာပဲ ထုံးစံအတိုင္း လက္ရွိဘီလူးကိုသတ္မယ့္ သူရဲေကာင္းတစ္ဉီး ရြာကို ေရာက္လာခဲ့ပါၿပီ။ ရြာသားေတြက အဲဒီသူရဲေကာင္းကို ထုံးစံအတိုင္း အားကိုးတႀကီးနဲ႔ ဘီလူးေနတဲ့ဂူကို ခပ္လွမ္းလွမ္းက ျပေပးလိုက္ၿပီး ျပန္ေျပးကုန္ၾကတယ္။ သို႔ေသာ္ ေမာင္ပညာကေတာ့ ထြက္မေျပးပဲ အဲဒီသူရဲေကာင္းေနာက္က ပုန္ရွိုးၿပီး ဂူထဲအထိ လိုက္သြားနိုင္ခဲ့တယ္။

သူရဲေကာင္းဟာ အမွန္တကယ္ပဲ ဘီလူးႀကီးနဲ႔ ရင္ဆိုင္ၿပီး တိုက္ခိုက္ခဲ့တယ္။ အစားေကာင္းေတြ တနင့္တပိုးစား၊ အရက္ေသစာေတြ အလြန္အကၽြံေတြ ေသာက္စားေနၿပီး ဝဖီးေလးလံေနတဲ့ ဘီလူးႀကီးကို သူရဲေကာင္းက အလြယ္တကူပဲ သတ္ျဖတ္နိုင္ခဲ့တယ္။ ေမာင္ပညာ ဝမ္းသာသြားတယ္။ သို႔ေသာ္ သူရဲေကာင္း ဘာလုပ္မလဲဆိုတာကို အသာေလး ဆက္ေစာင့္ၾကည့္ေနတယ္။

ဘီလူးသတ္ သူရဲေကာင္းႀကီးဟာ ဂူထဲမွာ လွည့္ပတ္ၾကည့္ေတာ့ ဘီလူးႀကီး စားေနတဲ့ စားေကာင္း ေသာက္ဖြယ္ေတြကို ေတြ႕ပါေလေရာ။ သူရဲေကာင္းႀကီးလည္း ဗိုက္ဆာဆာနဲ႔ စားလိုက္တယ္။

စားရင္းနဲ႔ ဘီလူးႀကီး ေသာက္ေနတဲ့ အရက္ေတြကို ေတြ႕ျပန္ေရာ။ အဲဒါနဲ႔ အဲဒီအရက္ေတြကို ေသာက္လိုက္ျပန္ေရာ။

ေသာက္ၿပီးေတာ့ ဘီလူးႀကီးအိပ္တဲ့ သလြန္ေပၚမွာ ရြာကဆက္သထားတဲ့ သမီးပ်ိဳကို ေတြ႕ျပန္ေရာ။ သူက တုပ္လိုက္ျပန္ေရာ။ ေနာက္ ေမာေမာနဲ႔ သူရဲေကာင္းႀကီးက သလြန္ေပၚမွာ ေျခပစ္လက္ပစ္ အိပ္ေမာက်သြားတယ္။ ေမာင္ပညာက ဇြဲေကာင္းေကာင္းနဲ႔ ဆက္ေစာင့္ၾကည့္ေနတယ္။

အတန္ၾကာေတာ့ သူရဲေကာင္းႀကီး ျပန္နိုးလာတယ္။ နိုးထလာတဲ့ သူရဲေကာင္းႀကီးဟာ မူလလူအသြင္ေပ်ာက္ၿပီး အစြယ္ေတြထြက္၊ မ်က္ကြင္းေတြနီရဲ၊ အေမႊးအမၽွင္ေတြ ထူပိတ္ေနတဲ့ ဘီလူးႀကီးတစ္ေကာင္ ျဖစ္ေနတာကို ေမာင္ပညာ တအံ့တၾသၾကည့္ရင္း ဘာေၾကာင့္ ဘီလူးအသစ္ေတြ အျမဲတမ္း ေပၚထြက္ေနရသလဲဆိုတာကို သေဘာေပါက္သြားသတဲ့ကြယ္။

ျမန္မာျပည္မွာ ဘီလူးႀကီး ဘယ္ေတာ့မွ မေသပါ။

သေဗၺသတၱာ ကမၼသကာ

Zawgi

==================

ဘီလူးကြီး ဘယ်တော့မှ မသေ

ရွှေသွေးကာတွန်းဂျာနယ်မှာ ငယ်စဉ်က ဖတ်ခဲ့တဲ့ ပုံပြင်လေးပါ။

ရွာလေးတစ်ရွာကို ဘီလူးကြီးနှိပ်စက်နေတယ်။ သူလိုတာ မပေးရင် ရွာထဲဝင် လူသတ်၊ ကျွဲနွားသတ်၊ အိမ်တွေ၊ စိုက်ခင်းတွေ ဖျက်ဆီးတယ်။

ရွာသားတွေက စားစရာမရှိ၊ ဆင်းရဲတဲ့ကြားက ဘီလူးကြီး ကျေနပ်အောင် ကြက်ငှက် သားငါးတွေ ချက်ပြုတ်ပြီး သူနေတဲ့ဂူထဲကို နေ့တိုင်းပို့ပေးရတယ်။ အရက်သေစာလည်း ပေးရတယ်။ ပိုဆိုးတာက သမီးကညာတွေကိုလည်း အလှည့်ကျ မပြတ်ဆက်သရတယ်။ အဲဒါကြောင့် ရွာသားတွေဟာ ဘီလူးကြီးကို နှိမ်နင်းမယ့် သူရဲကောင်းကိုပဲ အမြဲမျှော်နေကြတယ်။

သူရဲကောင်းတွေလည်း အမြဲလာကြပါတယ်။ လာတဲ့သူရဲကောင်းတိုင်းကလည်း ဘီလူးနေတဲ့ဂူထဲဝင်ပြီး ဘီလူးကိုတိုက်ခိုက်ကြတယ်။ ဘီလူကြီးရဲ့ နာကျင်အော်ဟစ်သံတွေကိုလည်း ဂူအပြင်က စောင့်ကြည့်နေတဲ့ ရွာသားတွေ အမြဲကြားခဲ့ရတယ်။ ဘီလူးကြီး သေဆုံးသွားပြီလို့ ရွာသားတွေ ထင်မှတ်နေဆဲမှာပဲ ဘီလူးအသစ်တစ်ကောင် ထွက်လာပြီး အရင်ဘီလူးအတိုင်း ရွာသားတွေကို နှိပ်စက်မြဲ နှိပ်စက်တော့တာပဲ။ ဘီလူးတိုက်ဖို့ ဝင်သွားတဲ့သူရဲကောင်းလည်း အမြဲတမ်းလို အစအနပျောက်သွားနေခဲ့တယ်။ အတော်ထူးဆန်းတယ်နော်။

ရွာထဲက မောင်ပညာဆိုတဲ့ လူငယ်တစ်ယောက်က ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတာကို စုံစမ်းဖော်ထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သိပ်မကြာခင်မှာပဲ ထုံးစံအတိုင်း လက်ရှိဘီလူးကိုသတ်မယ့် သူရဲကောင်းတစ်ဉီး ရွာကို ရောက်လာခဲ့ပါပြီ။ ရွာသားတွေက အဲဒီသူရဲကောင်းကို ထုံးစံအတိုင်း အားကိုးတကြီးနဲ့ ဘီလူးနေတဲ့ဂူကို ခပ်လှမ်းလှမ်းက ပြပေးလိုက်ပြီး ပြန်ပြေးကုန်ကြတယ်။ သို့သော် မောင်ပညာကတော့ ထွက်မပြေးပဲ အဲဒီသူရဲကောင်းနောက်က ပုန်ရှိုးပြီး ဂူထဲအထိ လိုက်သွားနိုင်ခဲ့တယ်။

သူရဲကောင်းဟာ အမှန်တကယ်ပဲ ဘီလူးကြီးနဲ့ ရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တယ်။ အစားကောင်းတွေ တနင့်တပိုးစား၊ အရက်သေစာတွေ အလွန်အကျွံတွေ သောက်စားနေပြီး ဝဖီးလေးလံနေတဲ့ ဘီလူးကြီးကို သူရဲကောင်းက အလွယ်တကူပဲ သတ်ဖြတ်နိုင်ခဲ့တယ်။ မောင်ပညာ ဝမ်းသာသွားတယ်။ သို့သော် သူရဲကောင်း ဘာလုပ်မလဲဆိုတာကို အသာလေး ဆက်စောင့်ကြည့်နေတယ်။

ဘီလူးသတ် သူရဲကောင်းကြီးဟာ ဂူထဲမှာ လှည့်ပတ်ကြည့်တော့ ဘီလူးကြီး စားနေတဲ့ စားကောင်း သောက်ဖွယ်တွေကို တွေ့ပါလေရော။ သူရဲကောင်းကြီးလည်း ဗိုက်ဆာဆာနဲ့ စားလိုက်တယ်။

စားရင်းနဲ့ ဘီလူးကြီး သောက်နေတဲ့ အရက်တွေကို တွေ့ပြန်ရော။ အဲဒါနဲ့ အဲဒီအရက်တွေကို သောက်လိုက်ပြန်ရော။

သောက်ပြီးတော့ ဘီလူးကြီးအိပ်တဲ့ သလွန်ပေါ်မှာ ရွာကဆက်သထားတဲ့ သမီးပျိုကို တွေ့ပြန်ရော။ သူက တုပ်လိုက်ပြန်ရော။ နောက် မောမောနဲ့ သူရဲကောင်းကြီးက သလွန်ပေါ်မှာ ခြေပစ်လက်ပစ် အိပ်မောကျသွားတယ်။ မောင်ပညာက ဇွဲကောင်းကောင်းနဲ့ ဆက်စောင့်ကြည့်နေတယ်။

အတန်ကြာတော့ သူရဲကောင်းကြီး ပြန်နိုးလာတယ်။ နိုးထလာတဲ့ သူရဲကောင်းကြီးဟာ မူလလူအသွင်ပျောက်ပြီး အစွယ်တွေထွက်၊ မျက်ကွင်းတွေနီရဲ၊ အမွှေးအမျှင်တွေ ထူပိတ်နေတဲ့ ဘီလူးကြီးတစ်ကောင် ဖြစ်နေတာကို မောင်ပညာ တအံ့တသြကြည့်ရင်း ဘာကြောင့် ဘီလူးအသစ်တွေ အမြဲတမ်း ပေါ်ထွက်နေရသလဲဆိုတာကို သဘောပေါက်သွားသတဲ့ကွယ်။

မြန်မာပြည်မှာ ဘီလူးကြီး ဘယ်တော့မှ မသေပါ။

သေဗၺသတၱာ ကမၼသကာ

Unicode

https://m.facebook.com/story.php?story_fbid=1538561276221738&id=100002036403855

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ ဘီလူးႀကီး ဘယ္ေတာ့မွ မေသ”

Post a Comment

Related Posts Plugin for WordPress, Blogger...