Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​....၉

,
ဒီအပိုင်းမှာ အုပ်​ချုပ်​​ရေးစနစ်​ကိုအဓိကထားတင်​ပြသွား
မှာဖြစ်​ပါတယ်​။အင်္ဂလိပ်​၀င်​မလာခင်​ ခုနှစ်​သက္ကရာဇ်​​တွေ
တုန်းက ရှမ်းပြည်​အုပ်​ချုပ်​​ရေးအပြင်​မြန်​မာတစ်​ပြည်​လုံး
ရဲ့ အုပ်​ချုပ်​​ရေးဟာ မင်းဆိုးမင်းညစ်​စနစ်​(Tyrant system)က
လွဲပြီးအခြားစနစ်​မရှိခဲ့လို့လုံးဝဥဿုံမင်း
ဆိုးမင်းညစ်​စနစ်​(Absolute Tyrant )တစ်​နည်းအား
ဖြင့် နည်းနည်း​ဖေး​ဖေးမမ ​ပြောရရင်​ သက်​ဦးဆံပိုင်
ဘုရင်​စနစ်​(Absolute Monarchy) ဖြစ်​ပါတယ်​။
ပ​ဒေသရာဇ်​သက်​ဦးဆံပိုင်​စနစ်​ရဲ့ ​လောကအမြင်​နဲ့
ကျင့်ဝတ်​ဆိုတာ ​ကျေးဇူးသစ္စာ​တော်​ကို အစဉ်​ထာဝရ
စောင့်သိရို​သေ​ရေးသာဖြစ်​ပြီး ဒါဟာ အဲဒီစနစ်​ရဲ့ တစ်​ခု
တည်း​​သောမဖြစ်​မ​နေလိုက်​နာအပ်​တဲ့ဥပ​ဒေလည်းဖြစ်​တယ်​။

{ ဤကမ္ဘာ​ပေါ်တွင်​မြန်​မာဘုရင်​များ​လောက်​  အနိုင်​အထက်
သက်​ဦးဆံပိုင်​စနစ်​နှင့် အုပ်​ချုပ်​​သော ဘုရင်​မျိုးမရှိဟု
ကျွနု​ပ်​ထင်​​လေသည်​။သူသည်​လူတို့၏အသက်​များကို အစိုးရ​သော၊
စည်းစိမ်​ဥစ္စာများကိုအစိုးရ​သော အရှင်​ဖြစ်
ပြီးလျှင်​၊သူသည်​ ဥပ​ဒေစည်းကမ်းမရှိဘဲ မည်​သူ့ကိုမဆို
နှိပ်​စက်​နိုင်​သည်​။ရာထူးဘွဲ့ထူးများရုတ်​သိမ်းနိုင်​သည်​။
ဥပ​ဒေ စည်းကမ်းအရမဟုတ်​ဘဲ မည်​သူ့ကိုမဆိုသတ်​နိုင်
သည်​။ရာဇ၀တ်​ကြီးများကျူးလွန်​သူများကိုသာမက
သူ့စိတ်​နှင့်မ​တွေ့​သော မည်​သူ့ကိုမဆို သတ်​နိုင်​သည်​။
မြန်​မာပြည်​တွင်​ ပစ္စည်းဥစ္စာကြွယ်​၀ချမ်းသာခြင်းသည်​ 
ဘေးအန္တရာယ်​တစ်​ခုပင်​ဖြစ်​သည်​။တစ်​​နေ့​နေ့တွင်
ဘုရင်​သည်​သူ့အားအပြစ်​တစ်​ခုခုပြကာ ဖမ်းဆီးပြီး
သေဒဏ်​​ပေး၍ သူပိုင်​ပစ္စည်းဥစ္စာများကို သိမ်းယူ​ပေ
လိမ့်မည်​။တိုင်းသူပြည်​သားတိုင်းသည်​ ဘုရင်​၏​ကျေး
ကျွန်​များဖြစ်​ကြပြီးဘုရင်​သည်​ တိုင်းသူပြည်​သားတို့
အား  ကျွန်​​တော်​ များဟု​ခေါ်ရသည်​ကိုပင်​ သူ့အတွက်
ဂုဏ်​တက်​စရာဟုထင်​မှတ်​​နေ​လေသည်​။သူ၏လက်
အောက်​ခံ​ကျေးကျွန်​များအဖြစ်​ ​ဖော်​ပြရန်​သူ၏​ရှေ့ 
တော်​သို့ ၀င်​​ရောက်​ရာတွင်​ လက်​အုပ်​ကိုအထက်​သို့ 
မြောက်​ချီ၍ ထားရပြီး ကိုယ်​ ကိုကြမ်းတွင်​ ၀ပ်​ဆင်း​နေ
ကြ​ရ​လေသည်​။

ပြည်​သူတို့၏ကုန်​ပစ္စည်းသာမက လူကိုပင်​လျှင်​သိမ်း
ယူနိုင်​သည်​။ထို့​ကြောင့်သူသည်​မျက်​စိကျလျှင်​မည်
သည့်မိန်းက​လေးကိုမဆို ​မောင်းမမိဿံအဖြစ်​ ထားရန်
သိမ်းယူနိုင်​သည်​။မြန်​မာဘုရင်​ပိုင်​နက်​နယ်​​မြေကမ်း​ခြေ
သို့ သ​ဘောင်္ပျက်​သဖြင့်​ရောက်​ရှိလာ​သော သ​ဘောင်္
သားများနှင့်သူတို့၏ ပစ္စည်းများကို ဘုရင်​ကသိမ်းယူသည်​။
၎င်းလူနှင့်ပစ္စည်းများကို သမုဒ္ဒရာကလက်​​ဆောင်​​ပေး
လိုက်​​သော  ပစ္စည်းများဟု သ​ဘောထား​လေသည်​။

စစ်​​ကြေငြာခြင်း စစ်​ရပ်​စဲခြင်းကိုလည်း ဘုရင်​ကပြု
လုပ်​နိုင်​သည်​။၎င်းပြင်​တစ်​တိုင်းပြည်​လုံးရှိပြည်​သူများကို
စစ်​ထွက်​ရန်​ ဆင့်ဆို​ခေါ်ယူနိုင်​သည်​။သို့မဟုတ်​အခြား
လုပ်​စရာ ကိုင်​စရာရှိပါကလည်း ဆင့်ဆို​ခေါ်ယူနိုင်​​လေ
သည်​။} ........လို့ ၁၇၈၂ခုနှစ်​က မြန်​မာပြည်​ကိုသာသနာ
ပြုဖို့​ရောက်​လာတဲ့ ဘုန်း​တော်​ကြီး Father Sangrrmano
ကိုယ်​တိုင်​​ရေးတဲ့ သမိုင်းမှာ ဘိုး​တော်
ဘုရား​ခေတ်​ပြိုင်​မှတ်​တမ်းအဖြစ်​ယ​နေ့တိုင်​အသုံးပြု
နေရဆဲဖြစ်​တဲ့ The Burmese Empire By Father
Samgermano စာအုပ်​မှာအထက်​ပါအတိုင်း​ရေးသား
ထားတာ​ကြောင့် ပ​ဒေသရာဇ်​စနစ်​ကိုနားလည်​သိမြင်
လောက်​ပြီလို့ယူဆမိပါတယ်​။အဲဒီစနစ်​နဲ့တိုင်းပြည်​နဲ့
လူမျိုးကိုနှစ်​​ပေါင်း၉၀၀​ကျော်​အုပ်​ချုပ်​ခဲ့သူ​တွေကို
ယ​နေ့ ဘာမှမသိရှာတဲ့မြန်​မာပြည်​သားလူ့ငနွားအ​ပေါင်း
က ကိုယ့်အရှင်​သခင်​​တွေကိုသာ ​မျှော်​မှန်းရည်​ ယ​နေ့
တိုင်​မ​မေ့နိုင်​ပါ​တော့သည်​ တို့၊ကိုယ့်ထီး ကိုယ့်နန်း
ကိုယ့်ကြဌာန်း တို့ထီး တို့စည်း တို့ခရိုင်​ ခိုင်​ခိုင်​တို့
စတဲ့ ကိုလိုနီ​ခေတ်​က ပညာရှိ​လို့ခင်​ဗျားတို့ပါယ​နေ့အထိ
သတ်​မှတ်​ထားတဲ့​သောက်​ရူး​တွေ​လှော်​​ပေးတာကိုအဟုတ်
ကြီးထင်​ပြီးလိုက်​တမ်းတ​နေတာယ​နေ့အထိပဲ။တကယ်​လို့
အဲဒီထီး အဲဒီခရိုင်​ကိုတကယ်​တမ်းတတယ်​ဆိုရင်
ဘာလို့စစ်​အစိုးရကိုဆဲ​နေကြတာတုန်း။ဘာဆိုင်​လဲကွာ
လို့​မေးရင်​မှတ်​ထား... ပ​ဒေသရာဇ်​စနစ်​ရဲ့ ရှင်​သန်​​နေဆဲ
ပြတိုက်​ဆိုတာ လက်​ရှိစစ်​အာဏာရှင်​စနစ်​ပဲ။ဒီမှတ်​ချက်
အတွက်​ မည်​သည့်က၀ိနဲ့မဆို ဒိဘိတ်​စွဲဖို့ ကို့ဘက်​က
အသင့်ပဲ။အဲ​တော့ရှမ်းဟာလည်း ဒီစနစ်​ပဲဖြစ်​လို့ ဒီပုံစံ
နဲ့ပဲ တိုင်းသူပြည်​သားလူအများကိုအုပ်​ချုပ်​ခဲ့တာဖြစ်​ပါ
တယ်​။

ဒါ​ကြောင့်အုပ်​ချုပ်​​ရေးစနစ်​​တွေအ​ကြောင်း​ပြောမယ်
ဆိုရင်​မြန်​မာပြည်​လိုနိုင်​ငံမျိုးရဲ့ သမိုင်းမှာ များများစားစား
ပြောလို့ရတာဆိုလို့ အင်္ဂလိပ်​ကိုလိုနီအုပ်​ချုပ်​​ရေးအပြင်
အခြားမရှိဘူး။ဒါ​ကြောင့်လက်​ရှိအုပ်​ချုပ်​​ရေးစနစ်​​တွေ
ရဲ့ စဦးလည်းဖြစ်​၊အ​ခြေခံလည်းဖြစ်​တဲ့ ကိုလိုနီ​ခေတ်
ကမ္ဘာ့ အဆင့်မီအုပ်​ချုပ်​​ရေးစနစ်​အ​ကြောင်းကိုသိထား
ဖို့လိုပါတယ်​။

အင်္ဂလိပ်​ဟာ မြန်​မာတစ်​ပြည်​လုံးကိုသိမ်းပိုက်​ပြီးချိန်​မှာ
၁၈၇၀ခုနှစ်​ အစီအစဉ်​ (Scheduled-ဥပ​ဒေမှာဒီစာလုံး
ကိုပဲသုံး)​အရ အပ်​နှင်းထားတဲ့ အာဏာ​တွေနဲ့ ၁၈၈၆ခုနှစ်
မတ်​လ ၁ရက်​​နေ့ကစပြီး နည်းဥပ​ဒေ ​တွေကိုရှမ်းနဲ့
တောင်​တန်း​ဒေသကလွဲပြီး မြန်​မာပြည်​မတစ်​ခုလုံးမှာ
အာဏာတည်​​စေတယ်​။အဲဒီနှစ်​မှာထုတ်​ပြန်​တဲ့ပြန်​တမ်း
အရ Scheduled District Act ကိုမြန်​မာပြည်​မမှာ
အာဏာသက်​​ရောက်​​စေခဲ့တယ်​။ဒါ​ကြောင့် သာမန်​အား
ဖြင့် ဥပ​ဒေပြုအဖွဲ့က အတည်​ပြု လိုက်​တဲ့ဥပ​ဒေ​တွေဟာ
ဒီ S.D.A မှာ အလိုအ​လျှောက်​အာဏာမတည်​ဘူး။အာဏာ
တည်​​စေချင်​ရင်​ ပြန်​တမ်းထုတ်​ပြီးတည်​​စေရတယ်​။

ရှမ်းပြည်​ဟာ အဲဒီအချိန်​က မြန်​မာပြည်​မလိုပဲ ဘာဥပ​ဒေ
မှမရှိဘူး။ဓ​လေ့ထုံးစံ​တွေ၊ပ​ဒေသရာဇ်​စိတ်​ကူး​တွေ၊
ပ​ဒေသရာဇ်​ဆန္ဒ​တွေကိုသာ ယ​နေ့သမိုင်းဆရာ​တွေက
အဲဒီ​ခေတ်​ကဥပ​ဒေလို့သုံး​နေကြတာပါ။တကယ်​က ဥပ​ဒေ
(Law)ဆိုတဲ့ ​ဝေါဟာရ ရဲ့ အနှစ်​သာရကိုသိရင်​ ဒီအသုံး
ကိုသုံးကြမယ်​မထင်​ဘူး။တစ်​ချိန်​ကရှိခဲ့တဲ့ အဲဒီဓ​လေ့
စရိုက်​၊ထုံးစံ​တွေနဲ့အစဉ်​အလာယဉ်​​ကျေးမှု​တွေကို
နိုင်​ငံနဲ့လူမျိုးသမိုင်းအရ မဖြစ်​မ​နေရှိဖို့လိုတယ်​လို့
လူအများစုက ယူဆကြလို့ Costumary Law လို့​ခေါ်
တဲ့ ဓ​လေ့ထုံးစံဥပ​ဒေကို စနစ်​တကျပြဋ္ဌာန်း​​ပေးထား
တာဖြစ်​ပါတယ်​။ဒီ ကပ်​စတန်​မရီ ​လော ဟာ အာရှနိုင်​ငံ
တွေမှာ အများဆုံးရှိတယ်​။

အခုလည်း ရှမ်းပြည်​ဟာ ဘာဥပ​ဒေမှမရှိတဲ့အပြင်
၁၈၈၆မှာမြန်​မာပြည်​အတွက်​ပြဋ္ဌာန်းလိုက်​တဲ့ Upper
Burma Law Act 1886 နဲ့လည်းမပက်​သက်​ရတဲ့
အခါ ၁၈၉၀ နိုဝင်​ဘာမှာထုတ်​ပြန်​တဲ့ ရှမ်းပြည်​နယ်​များ
ဓ​လေ့ထုံးစံဆိုင်​ရာ ဥပ​ဒေ ပုဒ်​မ ၁၀ခု ပါဥပ​ဒေကို
ပြဋ္ဌာန်းပြီးအုပ်​ချုပ်​တယ်​။အဲဒီပုဒ်​မ၁၀ခုရဲ့ ပြစ်​ဒဏ်
က၄မျိုးပဲရှိတယ်​။၁။သေဒဏ်​၊၂။ထောင်​ဒဏ်​၊၃။ကြိမ်​ဒဏ်
၎။ငွေဒဏ်​။

ပုဒ်​မ-၁ အစိုးရ(ဗြိတိသျှ/​စော်​ဘွား)ကိုပုန်​ကန်​ရင်​​သေ
ဒဏ်​နဲ့ပစ္စည်းအကုန်​သိမ်း
ပုဒ်​မ-၂ လူသတ်​ရင်​​သေဒဏ်​နဲ့တစ်​သက်​တစ်​ကျွန်​ပါ
ချနိုင်​သလို ​ငွေဒဏ်​ပါတပ်​ရိုက်​နိုင်​တယ်​။
ပုဒ်​မ-၃ လူသတ်​ဖို့အားထုတ်​ရင်​​ထောင်​၇နှစ်
ပုဒ်​မ-၄ ဓားပြ၊လုယက်​၊ဓားပြလက်​ခံထားမှုအားလုံး
အတွက်​​ထောင်​ဒဏ်​၇နှစ်​ စသဖြင့် ၁၀ခုရှိတယ်​။အ​သေး
စိပ်​ချမ​ရေး​တော့ဘူး။ဒါရှမ်းပြည်​မှာပြဌာန်းခဲ့တဲ့အင်္ဂလိပ်
ရဲ့ ပထမဆုံးဥပ​ဒေဖြစ်​ပါတယ်​။အခုတင်​ပြပါ ပုဒ်​မ၁၀
အရ ရှမ်းပြည်​နယ်​အစိုးရက လိုအပ်​လို့ အထက်​မြန်​မာ
ပြည်​မှာအာဏာတည်​​နေတဲ့ ဥပ​ဒေတစ်​ခုခုကို ရှမ်းပြည်
နယ်​မှာပြ​ဋ္ဌာန်းပြီး အာဏာတည်​​စေချင်​ရင်​ ပြန်​တမ်း
ထုတ်​ကြေငြာမှအာဏာတည်​မယ်​။မဟုတ်​ရင်​အာဏာ
မတည်​ဘူး။ဒါအ​ပေါ်မှာတင်​ပြခဲ့တဲ့ Scheduled District Actရဲ့
သ​ဘောတရားပါပဲ။

ဒါ​ပေမဲ့ ၁၈၇၀မှာ ဒီ Scheduled သ​ဘောတရားအရ
အာဏာအပ်​နှင်းတဲ့အတိုင်း ဘယ်​​ဒေသမှာမဆို တရားဥ
ပ​ဒေစိုးမိုးနိုင်​​ရေးအတွက်​ နည်းဥပ​ဒေ​တွေပြု နိုင်​တဲ့
အာဏာကို ကချင်​၊ချင်း၊နဲ့ရခိုင်​​တောင်​တန်း​ဒေသ​တွေ
အတွက်​ အထူးနည်းဥပ​ဒေ​တွေပြု လုပ်​ပြီးပြဋ္ဌာန်းခဲ့ကြ
တယ်​။

အဲဒီ​နောက်​ ကချင်​​တောင်​တန်းလူမျိုးစုနည်းဥပ​ဒေ
၁၈၉၅ (Kachin Hills Tribes Regulation 1895)
ကိုပြဋ္ဌာန်းတယ်​။ချင်း​တောင်​တန်းဟာ မြန်​မာပြည်​နယ်
စပ်​မှာရှိ​နေတာ​ကြောင့် ၁၈၉၅ခုနှစ်​ စက်​တင်​ဘာ၆ရက်
နေ့မှာ နည်းဥပ​ဒေပြု နိုင်​တဲ့အာဏာစက်​အတွင်းကို
သွတ်​သွင်းခဲ့ပြီး၁၈၇၀ scheduled အရအပ်​နှင်း
ထားတဲ့အာဏာနဲ့ ချင်း​တောင်​နည်းဥပ​ဒေ ၁၈၉၆
(Chin Hills Regulation 1896)ကိုပြဋ္ဌာန်းခဲ့တယ်​။
ဒီဥပ​ဒေက ချင်း​တောင်​မှာဘယ်​လိုဥပ​ဒေ​တွေပြဋ္ဌာန်းရမလဲ
ဆိုတဲ့​မေးခွန်းကို​ဖြေထားတာပဲ။၁၈၇၀ခုနှစ်​တုန်းက
အင်္ဂလိပ်​ဟာ စစ်​​တွေခရိုင်​ထဲမှာနှစ်​​ပေါင်းများစွာရှိခဲ့တဲ့
ရခိုင်​​တောင်​တန်း​ဒေသကို​ဖော်​ပြပါ Scheduled ဥပ​ဒေ
အရ နည်းဥပ​ဒေပြု နိုင်​တဲ့အာဏာစက်​ထဲကို ဥပ​ဒေနဲ့
အညီပြန်​တမ်းထုတ်​ပြီး စတင်​သွတ်​သွင်းတယ်​။အဲဒီလို
သွတ်​သွင်းပြီးမှ ရခိုင်​​တောင်​တန်းတရားမနည်းဥပ​ဒေ
၁၈၇၄(Arakan Hills Civil Justic Regulations 1874)ကို
ရခိုင်​​တောင်​တန်းနည်းဥပ​ဒေအဖြစ်​ပြဋ္ဌာန်း
ကာ ၁၉၁၆မှာ ရခိုင်​​တောင်​တန်းနည်းဥပ​ဒေ(Arakan Hills
Regulation 1916)ကိုပြ​ဋ္ဌာန်းခဲ့ပြီး အုပ်​ချုပ်​ပုံ
စနစ်​အသစ်​​တွေကိုထပ်​ချ​ပေးခဲ့တယ်​။

အခုလို ရှမ်းကိုဖယ်ပြိး ​အခြား​တောင်​တန်းဥပ​ဒေနဲ့
အုပ်​ချုပ်​ပုံစနစ်​ကိုသီးသန့်​​ပြောရတာက ရှမ်းကလွဲပြီး
အဲဒီကချင်​၊ချင်း၊ရခိုင်​​တောင်​တန်း​ဒေသ​တွေရဲ့ အုပ်
ချုပ်​​ရေးဟာ ၁၉၃၇ ခုနှစ်​အထိ ဘာမှထူးထူးခြားခြား
မ​ပြောင်းလဲခဲ့ဘူး။

ဒါ​ပေမဲ့ရှမ်းက အဲလို့မဟုတ်​ဘူး။ရှေးတုန်းကပ​ဒေသရာဇ်
အုပ်​ချုပ်​​ရေးဖြစ်​တယ်​။ကိုလိုနီ​ခေတ်​၁၈၈၈ က​နေ ၁၉၄၂
အထိ ၅၄နှစ်​အတွင်း အုပ်​ချုပ်​​ရေးပုံစံ၎မျိုး​တွေ့ရတယ်​။
၁။၁၈၈၈-၁၈၉၇
ဒီကာလမှာ သီ​ပေါ၊​ညောင်​​ရွှေစတဲ့ ဗြိတိသျှအစိုးရနဲ့
ပထမဆုံးအဆင်​​ပြေခဲ့တဲ့​စော်​ဘွား​တွေနဲ့အတူဗြိတိသျှ
အကြံ​ပေးအရာရှိ​တွေခန့်​ထား​ပေးပြီးအုပ်​ချုပ်​တယ်​။
၁၈၈၈မှာ ​စော်​ဘွားခန့်​အပ်​လွှာကို လက်​ခံဖို့​ဖျောင်းဖျ
စည်းရုံးတယ်​။အဲဒီခန့်​စာ ဆနဒ်​​တွေမှာ ​စော်​ဘွား​တွေက
Superintendent ​ခေါ် ဗြိတိသျှအ​ရေးပိုင်​မင်းရဲ့ 
အကြံ၊နည်းလမ်း​ပေးမှု​တွေကိုလိုက်​နာလက်​ခံသ​ဘော
တူရမယ်​လို့ပါတယ်​။နယ်​ပယ်​အုပ်​ချုပ်​​ရေးကိစ္စ​တွေကို
တော့​စော်​ဘွား​တွေကပဲလုပ်​တယ်​။ဒါ​ကြောင့် ဒီအချိန်
ပါလဟာ လက်​​ထောက်​အုပ်​ချုပ်​​ရေးမှူး သို့မဟုတ်
လက်​​ထောင်​အ​ရေးပိုင်​စနစ်​(Assistant Superintendent)
ရှမ်းပြည်​မှာစတင်​တယ်​။

၂။၁၈၉၇-၁၉၂၂
ဒီကာလမှာ​တော့ မြန်​မာပြည်​ရဲ့ လက်​​ထောက်​ဘုရင်​ခံ
ကောင်​စီမှာ ရှမ်း​စော်​ဘွားတစ်​ဦးပါဝင်​ခွင့်ရခဲ့တာပဲ။

၃။၁၉၂၂-၃၅
ဒီကာလမှာ​တော့ ရှမ်းပြည်​နယ်​အားလုံးကို​ပေါင်းပြီး
ရှမ်းပြည်​နယ်​အဖွဲ့အစည်းဖွဲ့ အုပ်​ချုပ်​ခဲ့တာဖြစ်​ပါတယ်​။
၁၉၂၂ ​အောက်​တိုဘာ ၁ရက်​​နေ့မှာ ရှမ်း​မြောက်​နဲ့ရှမ်း
တောင်​ကို ပူး​ပေါင်းဖွဲ့စည်းခဲ့ပြီး ရှမ်း​စော်​ဘွားများ​ကောင်
စီတစ်​ခုဖွဲ့တယ်​။ဒီးရှမ်​​စော်​ဘွားများ​ကောင်​စီမှာ ဗြိတိသျှ
အစိုးရ မဟာဝန်​ရှင်​​တော်​မင်းကြီး ​ခေါ် ​ကော်​မရှင်​နာ
မင်းကြီး(Commissioner)က ဥက္ကဋ္ဌ(President)
ဖြစ်​တယ်​။အဲဒီ​ကောင်​စီကတစ်​ဆင့်ရှမ်း​စော်​ဘွား​တွေဟာ
ရှမ်းပြည်​လုံးဆိုင်​ရာ ဘဏ္ဍာ​ရေးကိစ္စနဲ့အခြားအ​ထွေ​ထွေ
ကိစ္စ​တွေနဲ့ပက်​သက်​တဲ့သူတို့ရဲ့ သ​ဘောထား​တွေကို
တင်​ပြကြရတယ်​။ဒီလိုရှမ်းပြည်​​ကောင်​စီဖွဲ့လိုက်​တာ
ကြောင့် မြန်​မာပြည်​ ​တောင်​တန်း​ဒေသ ၀န်​ထမ်းအဖွဲ့ကို
လည်း စတင်​ဖွဲ့စည်းလိုက်​ရတယ်​။

၎။၁၉၃၅-၄၂
ဒီကာလ​တွေမှာ​တော့ ရှမ်း​​စော်​ဘွား​တွေဟာ အင်္ဂလန်​အစိုး
ရအထိပန်​ကြားချက်​တင်​ခဲ့တာ​ကြောင့်ပြု ပြင်​​ပြောင်းလဲ​တွေ
ဖြစ်​​ပေါ်ခဲ့တယ်​။ထူးခြားတဲ့​ပြောင်းလဲမှုက ရှမ်းပြည်​​စော်​ဘွားများ​ကောင်​စီက
တင်​​မြောက်​လိုက်​တဲ့ကိုယ်​စားလှယ်
၆ဦးပါဝင်​တဲ့ အမြဲတမ်း​စော်​ဘွားများအဖွဲ့ငယ်​​ပေါ်လာခြင်း
ပဲဖြစ်​တယ်​။ဒီအဖွဲ့ဟာ ဘုရင်​ခံနဲ့တိုက်​ရိုက်​​ဆွေး​နွေးခွင့်
ရတယ်​။ဒါ​ကြောင့်ဒီအဖွဲ့ဟာ အခရာဖြစ်​လာပြီးရှမ်း​ပြည်
လုံးဆိုင်​ရာကိစ္စ​တွေဟာလည်း ဒီအဖွဲ့လက်​​အောက်​ကျ
ရောက်​သွားတယ်​။

၁၉၃၅ မှာထုတ်​ပြန်​ဒိုင်​အာခီအုပ်​ချုပ်​​ရေးဟာ မြန်​မာ
နိုင်​ငံရဲ့ ပထမဆုံး ဒီမိုက​ရေစီစမ်းသပ်​ဥပ​ဒေနဲ့အုပ်​ချုပ်
ရေးပဲဖြစ်​တယ်​။သို့​သော်​ဒါကိုလည်းမြန်​မာနိုင်​ငံ​ရေး
သမား​တွေမြင်​နိုင်​စွမ်းမရှိလို့ ဆန့်​ကျင်​ခဲ့ပါ​သေးတယ်​။
အဲဒီ၃၅ဥပ​ဒေမှာ သီးခြားနယ်​​မြေဖြစ်​တဲ့ Scheduled Area​တွေရဲ့ 
စီမံချက်​​တွေပါလာတယ်​။ဒီဥပ​ဒေမှာ
ဒီစကပ်​ဂျူဧရိယာကို ၂မျိုးခွဲတယ်​။ပထမအမျိုးအစား
က နိုင်​ငံ​ရေးမတိုးတက်​​သေးတဲ့​ဒေသ​တွေပါဝင်​ပြီး
အဲဒီ​ဒေသ​တွေကိုဘုရင်​ခံကပယ်​ဖျက်​နိုင်​ခွင့်ရှိတယ်​။
ဒုတိယအမျိုးအစားကို တစ်​ခါ၂မျိုးထပ်​ခွဲတယ်​။၂-၁က
မဲဆန္ဒနယ်​(Constituency Area)​လို့​ခေါ်ပြီး အဲဒီ​ဒေသ
တွေက မြန်​မာပြည်​ဥပ​ဒေပြု အဖွဲ့အတွက်​ ကိုယ်​စားလှယ်​​တွေ
ရွှေးချယ်​တင်​​မြောက်​ခွင့်ရတယ်​။၂-၂ က မဲဆန္ဒနယ်
မဟုတ်​​တဲ့​ဒေသ(Non Constituency) လို့​ခေါ်တယ်​။
ဒီသ​ဘောကဘာလဲဆိုရင်​ နိုင်​ငံ​ရေးမတိုးတက်​​သေးတဲ့ 
ဒေသကို တိုးတက်​လာ​အောင်​​ပြောင်းလဲ​ပေးလို့ရွယ်​တာ
ပါပဲ။အဲဒီကတစ်​ဆင့်​နောက်​ဆုံးမြန်​မာပြည်​မနဲ့တန်းတူ
သွတ်​သွင်းနိုင်တဲ့အထိ ​ဆောင်​ရွက်​ခွင့်ရှိတယ်​။

မြန်​မာ​တွေဟာ နိုင်​ငံ​ရေးအသိ​ခေါင်းပါးတာ သမိုင်း
အစဉ်​အဆက်​တစ်​​လျှောက်​ယ​နေ့အထိပဲ။၁၉၃၅ဒိုင်​အာခီ
အုပ်​ချုပ်​​ရေးကို အမျိုးမျိုးပုတ်​ခပ်​​စော်​ကားခဲ့ကြတာ
မြန်​မာ​ခေတ်​ပညာတတ်​အမျိုးသား​တွေပါ။အဲဒီဒိုင်​အာခီ
ဟာ မြန်​မာနိုင်​ငံ​မှာ ဒီမိုက​ရေစီထွန်းကားလာဖို့စမ်းသပ်
လေ့ကျင့်​ပေးတဲအုပ်​ချုပ်​​ရေးပါ။ဒါ​ပေမဲ့ မြန်​မာ​တွေဟာ
ငါတို့လက်​ထဲသာအာဏာ​ပေးဆိုတဲ့မူဝါဒသမား​တွေဖြစ်​ခဲ့
ကြပြီး ကိုယ်​နှစ်​၁၀၀၀လုံး လုံးဝမတတ်​တဲ့နိုင်​ငံ​ရေးနဲ့
အုပ်​ချုပ်​​ရေးပညာကိုသင်​ယူရ​ကောင်းမှန်းမသိခဲ့ကြ
ဘူး။

တကယ်​​တော့ ၁၈၈၅ မြန်​မာပြည်​ကိုသိမ်းပိုက်​လိုက်​တဲ့
ခုနှစ်​ဟာ ကမ္ဘာမှာအ​တော်​များများ​ပြောင်းလဲကုန်​ပြီဖြစ်
တဲ့ခုနှစ်​ဖြစ်​ပါတယ်​။အေဒီ၁၉၀၀ပြည့်နှစ်​ထဲကို​ရောက်
ဖို့ ၁၅နှစ်​ပဲလို​တော့တဲ့ခုနှစ်​ဖြစ်​သလို ကမ္ဘာ့ နိုင်​ငံကြီး​တွေ
မှာ မင်းနဲ့ပြည်​သူခွဲခြားတဲ့စနစ်​ကတိမ်​​ကောစပြု ​နေပြီ။
ဒါ​ပေမဲ့ ဗြိတိသျှဝင်​လာတဲ့အချိန်​မြန်​မာ​တွေဟာ ​ပ​ဒေ
သရာဇ်​စနစ်​မှာပဲအသားကျ​နေခဲ့တယ်​။ဒါ​ကြောင့်
အုပ်​ချုပ်​​ရေးသမား​တွေကို အ​ရေးပိုင်​-မင်း၊​ကော်​မရှင်
နာ-မင်း၊မင်း-ကြီး(Governor)၊ရာဇ၀တ်​အုပ်​-မင်း၊
စက်​ရှင်​တရားသူကြီး-မင်း၊မြို့ဝန်​ကိုမြို့ဝန်​-မင်း
စသဖြင့် ကိုယ့်ပ​​ဒေသရာဇ်​​ခေတ်​က အဆင့်ဆင့်​သော
အုပ်​ချုပ်​သူ​တွေကို မင်းတပ်​​ခေါ်သလို ​ခေါ်ကြတာပါပဲ။
ဒါကိုအင်္ဂလိပ်​အစိုးရကလည်းသိတယ်​။သို့​သော်​မတားဘူး။
မြန်​မာ​တွေ​အသားကျ​နေတဲ့ ကျွန်​စနစ်​ကို မသိမသာ
လိုက်​ခံယူပြီး ဥ​ရောပသားများသာ ဆိုတဲ့ ကလပ်​​တွေအထိ
ဖြစ်​​ပေါ်ခဲ့ရတာဖြစ်​ပါတယ်​။တကယ်​လည်းအဲဒီ​ခေတ်​က
မြန်​မာ​တွေ အဲဒီကလပ်​​တွေကို မသိနားမလည်​​ကြ​သေး
ဘူး၊ဥ​ရောပသား​တွေ ၀တ်​၊စား၊​နေ၊ထိုင်​ ပုံနဲ့
မြန်​မာ့ဝတ်​၊စား၊​နေ၊ထိုင်​ပုံ အားလုံးဟာ မိုးနဲ့​မြေလိုကွာ
ဟ​နေခဲ့တာအမှန်​ပါ။ရေခဲမမြင်​ဖူး​သေးဘူး။အချိုရည်
မသိဘူး။ဘိလပ်​ကလာလို့ဘိလပ်​ရည်​လို့​တောင်​အမည်
တွင်​ခဲ့​ပါ​သေးတယ်​။ဘို​ကေမ​မေးနဲ့။တစ်​ကိုယ်​လုံး​ဆေးမင်
ကြောင်​ထိုးဆံရှည်​ကိုဆံထုံးထုံးပြီးဖင်​​ပြောင်​​အောင်
ခါး​ထောင်းကျိုက်​ထားတာမြန်​မာအမျိုးသားပါ။အဲလို
လူ​တွေကို နိုင်​ငံ​ရေးနားလည်​ဖို့၊ဒီမိုက​ရေစီတန်း​ပေး
မယ်​ဆိုရင်​ ဖြစ်​နိုင်​မလားစဉ်းစား​လေ။တာဝန်​ယူမှု၊
တာဝန်​ခံမှု၂ခုနဲ့လွတ်​လပ်​ခွင့်ကို​ပေးတဲ့စနစ်​ ဒီမိုက​ရေစီ
ကိုတန်း​ပေးရင်​ အခွင့်အ​ရေး​တော့မပျက်​မကွက်​ယူကြ
မှာ​သေချာ​ပေမယ့် တာဝန်​ခံမှုကို​တော့သိ​တောင်​သိကြ
မယ်​မထင်​ဘူး။အင်္ဂလိပ်​ဟာနယ်​ချဲ့အစိုးရဖြစ်​လို့
မြန်​မာပြည်​သူတစ်​ရပ်​လုံး​ပြောင်းလဲသွား​အောင်​​ခေတ်​မီ
သွား​အောင်​ပြု လုပ်​​ပေးဖို့တာဝန်​​တော့မရှိဘူး။မြန်​မာအစိုး
ရ​တွေ​တောင်​ ဒီလိုလုပ်​​ပေးရ​ကောင်းမှန်းမသိခဲ့တာယ​နေ့
အထိပဲ။တိုင်းသူပြည်​သားအချင်းချင်းမချစ်​ခင်​ဘဲ
မုန်း​နေ​အောင်​၊သံသယနဲ့ဖြစ်​​နေ​အောင်​ တကူးတက ရည်
ရွယ်​ချက်​ရှိရှိနဲ့နိုင်​ငံ​တော်​မူဝါဒချပြီးလုပ်​ခဲ့တာအားလုံး
အသိပဲ။ဒါ​ကြောင့်ဒီဖြစ်​စဉ်​မှာအင်္ဂလိပ်​အစိုးရကိုဘယ်​လို
အပြစ်​​ပြောမလဲ။

အင်္ဂလိပ်​၀င်​လာတဲ့အချိန်​မြန်​မာပြည်​က ကျွန်​မျိုးနွယ်
လူမျိုးအားလုံး အမျိုးသားကျွန်​ဘ၀က​နေ တိုင်းတစ်​ပါး
ကျွန်​ဘ၀ကိုကူးခဲ့ရတယ်​။မြန်​မာတစ်​မျိုးသားလုံးဟာ
ကျွန်​​တွေပီပီ ကျွန်​စိတ်​​တွေပဲရှိခဲ့ကြတယ်​။နိုင်​ငံ​ရေးမသိ
စီးပွား​ရေးနားမလည်​၊စတဲ့အ​ခြေ​နေ၊ကုလားထိုင်​နဲ့
မထိုင်​ဖူးလို့​မြေ​ပေါ်​ဆောင့်​ကြောင့်ထိုင်​​နေကြတဲ့အဆင့်၊
ဘုန်းကြီး​ကျောင်းပညာ​ရေးကသင်​​ပေးတဲ့ဟိန္ဒူ  နိတိ
လောကနီတိကိုကမ္ဘာ​ကျော်​သီအိုရီလို့မှတ်​ယူသင်​ကြား
ခံရင်း ကိုယ့်ကိုယ်​ကိုယ်​ကမ္ဘာကြီး​လောက်​စိတ်​ကူးယဉ်
အိမ်​မက်​ မက်​​နေခဲ့ကြတာဖြစ်​ပါတယ်​။နှိုင်းယှဉ်​စရာ
ဖြစ်​​စေတဲ့ အင်္ဂလိပ်​၀င်​လာ​တော့မှငါတို့ဘာပညာမှမတတ်
ပါလားဆိုတာကွက်​ကွက်​ကွင်းကွင်း မြင်​ခဲ့ကြတာ​တောင်
အတုယူဖို့ပြုပြင်​ဖို့ အမျိုးသားပညာရှင်​​တွေ၊အမျိုးသား
ပညာတတ်​​တွေမတိုက်​တွန်းခဲ့ကြဘူး။အားလုံးတစ်​​လေ
သံတည်း နယ်​ချဲ့ဆိုတာထက်​မပိုတာယ​နေ့အထိပဲ။

အဲ​တော့ လူမှု​ရေး စီးပွား​ရေး နိုင်​ငံ​ရေး ပညာ​ရေး
နဲ့လူမှုနိုင်​ငံ​တော်​​ရေးရာအခြား​သောကဏ္ဍအားလုံးမှာ
ဘာဆိုဘာမှမရှိ​သေးတဲ့မြန်​မာနိုင်​ငံသား​တွေ
ဟာ စနစ်​ကျပြီးသားအင်္ဂလိပ်​အစိုးရနဲ့ထိ​တွေ့ခဲ့ရတာ
ဖြစ်​ပါတယ်​။သင်​ယူချင်​စိတ်​သာရှိမယ်​ဆိုရင်​ယ​နေ့
ဒီပုံစံမျိုး ​ဖြစ်​လာမှာမဟုတ်​ဘူး။မြန်​မာ့သမိုင်းမှာ
ဘယ်​တုန်းကမှစံနမူနာ​ကောင်းကိုသင်​ယူဖူးတဲ့သမိုင်း
မရှိခဲ့ဘူး။အဆိုးတရား​တွေ သင်​ယူခဲ့တဲ့သမိုင်း​တော့
ရှိပါတယ်​။ဒီလိုအတန်းအစား​တွေက ၂၁ရာစုထဲမှာ
မျိုးရိုးကအထက်​တန်းစား​တွေတို့၊တို့ထီးတို့စည်းနဲ့
နေခဲ့ကြတာ​ပေါ့တို့၊ငါတို့လူမျိုးကဘယ်​လိုတို့
စသဖြင့်ဘယ်​သူမှဘာမှမ​ပြော​တာ​တောင်​ ကိုယ့်ဟာကိုယ်
အိုးမလုံအုံပွင့်ဖြစ်​ခါ ထပြီး ​အော်​ကြီးဟစ်​ကျယ်​ ပျာပျာသလဲလဲ 
အော်​ဟစ်​​နေကြတဲ့ဖားသူငယ်​​တွေရဲ့ အဖြစ်​ဟာ
 အ​တော်​သနားစရာ​ကောင်းလွန်း​နေပါတယ်​။အခုလို
တစ်​မျိုးသားလုံးဝဲစွဲပြီးကမ္ဘာ့ ​အောက်​တန်း​နောက်​တန်း
ရောက်​​နေရတဲ့ဖြစ်​စဉ်​ရဲ့ အဓိကနံပါတ်​၁တရားခံဟာ
မြန်​မာအစိုးရလို့​ခေါ်တဲ့အမျိုးသားဖက်​ဆစ်​​တွေပဲ။

ဆက်​ပါဦး


https://m.facebook.com/story.php?story_fbid=139620637180143&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​....၉”

Post a Comment

Related Posts Plugin for WordPress, Blogger...