Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​....၁၀

,
၁၈၈၉ ​ဖေ​ဖော်​၀ါရီလ၁ရက်​​နေ့မှာရှမ်းပြည်​နယ်​ပုဒ်​မ၁၀ကို
ပြ​ဋ္ဌာန်းပြီး ရှမ်း​စော်​ဘွား​တွေကိုမိမိတို့နယ်​အတွင်းစီမံ
ဖို့၊ရာဇ၀တ်​နဲ့အခွန်​အုပ်​ချုပ်​ခွင့်အာဏာကိုအပ်​နှင်းလိုက်
တယ်​။အဲဒီအချိန်​မြန်​မာပြည်​ထဲကို စီးပွား​ရေးလုပ်​သား
လိုအပ်​ချက်​အရ အိန္ဒိယနိုင်​ငံသား​တွေအထူးသဖြင့်
အလုပ်​သမားလူတန်းစား​တွေဝင်​​ရောက်​လာကြပြီဖြစ်
ပါတယ်​။ဒီအလုပ်​သမားလူတန်းစားအိန္ဒိယနိုင်​ငံသား​တွေ
က ဗြိတိသျှအုပ်​ချုပ်​မှု​အောက်​မှာ​နေခဲ့ပြီးပြီးဖြစ်​လို့
အောက်​မြန်​မာပြည်​မှာဖြစ်​​စေ။အိန္ဒိယရာဇသတ်​ကြီးနဲ့
တရားမမှုသ​ဘောတရား​တွေကို​ကောင်းစွာနားလည်​​နေ
ကြပြီဖြစ်​ပါတယ်​။

ဒါ​ကြောင့်အဲဒီ​ခေတ်​က စာ​ပေမတတ်​တဲ့အချိန်​ပိုင်းအမှု
ထမ်း​ခေါင်း​ပေါင်းနီလို့​ခေါ်တဲ့ ​စော်​ဘွားရဲ​တွေဟာ စစ်
ရေးစစ်​ရာကိုသာနားလည်​တာ​ကြောင့်စနစ်​ကျတဲ့ရဲတပ်
လိုအပ်​လာတယ်​။ဒီလိုအပ်​ချက်​​ကြောင့် ၁၈၉၂မှာ
ပုလိပ်​ဌာန​ခေါ်တဲ့ ယ​နေ့ ရဲစခန်း​လေးခု ဖွင့်ဖို့ အိန္ဒိယ
အစိုးရက သ​ဘောတူခွင့်ပြု လိုက်​တယ်​။အ​ရေးပိုင်​မင်း
ရုံးစိုက်​ရာ မြို့မှာ ရဲ၁၆​​ယောက်​ပါဌာနတစ်​ခု၊မိုးနဲနဲ့​မြေလပ်
ဝန်​​ထောက်​ရုံးစိုက်​ရာမြို့​တွေမှာရဲ၁၅​ယောက်​စီနဲ့ ကရင်​နီ
ကယားနယ်​မှာ ၁၀​ယောက်​စီနဲ့ဖွဲ့စည်းခဲ့တယ်​။အလားတူ
ရှမ်းပြည်​နယ်​​မြောက်​ပိုင်းမှာ ဂတ်​တဲ၎ခု၊ရဲ၆၅​ယောက်​မှာ
၂၆​ယောက်​ကအိန္ဒိယသား​တွေဖြစ်​ကြတယ်​။

၁၈၈၉မှာ ​မြေလပ်​နယ်​မြို့စား​ငွေခွန်​မှူး​တွေဟာ
ဒုတိယတန်း တရားသူကြီးအာဏာအပ်​နှင်းခံရတယ်​။
သူတို့ဟာ ရှမ်းပုဒ်​မ၁၀အရ တရားစီရင်​နိုင်​ခွင့်အာဏာ
ကို​တော့၁၉၃၂ကျမှရတယ်​။အဲဒီနှစ်​မှာပဲရှမ်း​မြောက်​မြို့
တော်​လားရှိုးကိုတည်​​ထောင်​ပြီးရုံးစိုက်​တယ်​။အဲဒီ​နောက်
တောင်​ကြီးကို​တောင်​ပိုင်းမှာရုံးစိုက်​တယ်​။တောင်​ကြီးဟာ
လားရှိုးထက်​​နောက်​ကျတယ်​။တောင်​ကြီးကို​ပြောင်းတဲ့
နေ့ဟာ ၁၈၉၄ဖြစ်​တယ်​။၁၈၉၅ကစပြီး မင်းစုံဒါဘာပွဲကို
တောင်​ကြီးမှာပဲကျင်းပပါ​တော့တယ်​။အဲဒီပွဲကိုတက်​ဖို့
ရှမ်းတစ်​ခွင်​က ပ​ဒေသရာဇ်​အကြီး အလတ်​ အငယ်
အားလုံးအာသီသရှိကြပြီးတက်​​ရောက်​ကြတာ​တွေ့ရ
တယ်​။စော်​ဘွား၊နယ်​စား၊ပယ်​စားနဲ့​မြေခွန်​မှူးစတဲ့
ဘာစားညာစား ဘာမှူးညာမှူးအားလုံး မိမိတို့အဆင့်
အတန်းနဲ့စီးပွား​ရေးအ​ခြေ​နေအရ မယား​တွေနဲ့​မောင်းမ
မိဿံ​တွေ အကုန်​ပင့်လာပြီး​ ဗြိတိသျှတည်​တဲ့​တောင်​ကြီး
မြို့မှာလည်​ပတ်​ သွားလာ ​ဈေးဝယ်​​ဈေးသုံးလာကြတာ
ပါပဲ။ဒါဘာပွဲမရှိရင်​လည်းပဲအ​ခြေ​နေ​ပေးသလိုလာတတ်
ကြတယ်​။အဲလို မင်း​မြောင်​ကပ်​ပါ​တွေ၊မယား​တွေနဲ့အ​စေ
ခံ​တွေပါတစ်​ပြုံ တစ်​မကြီးသယ်​သယ်​လာတဲ့အခါ တည်းခို
ဖို့ အခက်​ခဲရှိလာတာ​ကြောင့် နယ်​ရှင်​​တွေက​တောင်​ကြီးမြို့
မှာ ယာယီ​ဟော်​နန်း​တွေတည်​​ဆောက်​ကြတယ်​။အရင်​က
စော်​ဘွားလမ်းလို့ ​ခေါ်တွင်​ခဲ့​ပေမယ့် အခု​တော့ စ၀်​စံထွန်း
လမ်းလို့အမည်​​ပြောင်းလိုက်​တဲ့လမ်းဟာ ​တောင်​ကြီးမြို့
မှာအထင်​ကရလမ်းတစ်​လမ်းဖြစ်​ခဲ့ပါတယ်​။ရှမ်းပြည်
တောင်​ပိုင်းက ​စော်​ဘွား မြို့စား​ဟော်​​တွေလမ်းတစ်​ဖက်
တစ်​ချက်​စီမှာ အစီအရီရှိ​နေတတ်​တယ်​။ဟော်​ကုန်းလို့
အမည်​တွင်​တဲ့ တစ်​သီးတစ်​ခြားရပ်​ကွပ်​မှာ​တော့မြို့စား
လမ်းနဲ့​ငွေခွန်​မှူးလမ်း​တွေ​ပါရှိခဲ့တယ်​။ကျိုင်းတုံ​ဟော်
နဲ့​မြောက်​ပိုင်း​စော်​ဘွားကြီးတို့ရဲ့ ​ဟော်​​တွေမှာ ​ရေထွက်​ဦး
လမ်း​တွေရှိခဲ့တာ​ကြောင့်အရင်​ကမြို့ပြင်​ခပ်​ကျကျ​နေရာ
တွေမှာဖြစ်​ခဲ့​ပေမယ့် အခု​တော့မြို့လယ်​ဖြစ်​​နေပြီ။ဗြိတိသျှ
အစိုးရနဲ့ပလဲနံသိပ်​သင့်တဲ့ တစ်​သက်​တစ်​ကျွန်းအကျဉ်း
သားဖြစ်​ဖူးသူ သီ​ပေါ​စော်​ဘွားရဲ့ ​ဟော်​နန်းက​တော့
စစ်​တပ်​အ​နောက်​ဘက်​ ကမူ​လေး​ပေါ်က ထင်းရှူးပင်
တွေကြားမှာရှိခဲ့​ကြောင်းဦးအုန်း​ဖေကပင်​လုံစစ်​တမ်းမှာ
ဖော်​ပြထားတယ်​။

ဒါ​ပေမဲ့ ရှမ်း​မြောက်​​စော်​ဘွားကြီးဟာ ၁၈၉၇ခုနှစ်​ကျမှ
ဒါဘာပွဲကိုတက်​နိုင်​လို့အဲဒီနှစ်​ကစပြီးရှမ်းနယ်​ပယ်​အား
လုံး ဗြိတိသျှလက်​​အောက်​လုံးဝအပြီးအပိုင်​​ရောက်​တယ်
လို့ဆိုရမှာဖြစ်​ပါတယ်​။အဲဒီနှစ်​မှာပဲ မြန်​မာပြည်​ကို
ဝန်​ရှင်​​တော်​မင်းကြီး​နေရာမှာ ဒုတိယဘုရင်​ခံ
(Lieutenant Governor) အုပ်​ချုပ်​တဲ့ အိန္ဒိယ
ရဲ့ ပြည်​နယ်​တစ်​ခုအဖြစ်​ ဧပြီ၎ရက်​​နေ့မှာ​ကြေငြာတယ်​။
ဥပ​ဒေပြု ​ကောင်​စီကို အရာရှိ၎ဦး၊အရာရှိမဟုတ်​သူ
၅ဦး ​ပေါင်း၉ဦးနဲ့ဖွဲ့စည်း​တော့ ရှမ်း​စော်​ဘွားတစ်​ဦးကို
ကောင်​စီဝင်​အဖြစ်​လက်​ခံတယ်​။အာဏာက​တော့ဗြိတိသျှ
ဆီမှာပါပဲ။အဲဒီ​ကောင်​စီဝင်​ရှမ်း​စော်​ဘွားဆိုတာဟာလည်း
အခြားသူမဟုတ်​ဘူး။ဗြိတိသျှနဲ့ပလဲနံသင့်တဲ့သီ​ပေါ​စော်​ဘွား
စ၀်​ခွန်​ဆိုင်​ပါပဲ။၁၈၉၅မှာ သူ့ကို C.I.E ​ခေါ်တဲ့
အိန္ဒိယမဟာရဋ္ဌသာရ ဘွဲ့ကိုအင်္ဂလိပ်​အစိုးရကချီးမြင့်
ခဲ့တယ်​။မျက်​စ်​​ဆေးကုဖို့အင်္ဂလန်​ကိုသွားခဲ့တာ​ကြောင့်
ဘိလပ်​ပြန်​စ၀်​ခွန်​ဆိုင်​ဖြစ်​လာခဲ့တယ်​။အဲဒီနှစ်​မှာပဲတိုက်
တိုက်ဆိုင်​ဆိုင်​ ​ညောင်​​ရွှေ​စော်​ဘွားကြီးစ၀်​အုံနဲ့ကျိုင်းတုံ
စော်​ဘွားကြီး စ၀်​ခမ်​ဖုတို့အသီးသီးကွယ်​လွန်​ခဲ့ကြတယ်​။
ဒါ​ကြောင့်​ညောင်​​ရွှေ​စော်​ဘွားကြီးအဖြစ်​ စ၀်​​မောင်​ကို၊
ကျိုင်းတုံ​စော်​ဘွားကြီးအဖြစ်​ စ၀်​​ကောင်​​ကျောက်​အင်​တ
လိုင်​ ကို  အင်္ဂလိပ်​ကဆနဒ်​နဲ့အတူ​စော်​ဘွားအဖြစ်​ခန့်
အပ်​ခဲ့ရတယ်​။

၁၈၉၇ ခုနှစ်​ဟာ မဟာဝန်​ရှင်​​တော်​မင်းကြီးအုပ်​ချုပ်​တဲ့
နယ်​ပယ်​ဘ၀က​နေ Lieutenant Governor ​ခေါ်
ဒုတိယဘုရင်​ခံအုပ်​ချုပ်​တဲ့အိန္ဒိယရဲ့ ပြည်​နယ်​တစ်​ခု
အဖြစ်​သွတ်​သွင်းခဲ့​ကြောင်းတင်​ပြခဲ့ပြီးပြီ။ဒါဟာမြန်​မာ
တစ်​ပြည်​လုံး​တောင်​တန်း​မြေပြန့်​အနှံ့ ဗြိတိသျှအာဏာ
စက်​ လွှမ်းခြုံ သွားပြီဆိုတာကို​ဖော်​ပြလိုက်​တာပဲ။

၁၈၉၅ကစပြီးမဟာဝန်​ရှင်​​တော်​မင်းအဖြစ်​​ဆောင်​ရွက်
နေတဲ့ Sir Fredrick Fryerဟာ Lieutenant
Governor Sir Fredrick Fryer ဖြစ်​လာခဲ့တယ်​။
ဒါ​ကြောင့် အိန္ဒိယနိုင်​ငံ မိရ်​မာပြည်​နယ်​ ရဲ့ ပထမဆုံး
ဒုတိယဘုရင်​ခံဖြစ်​သူ ဖရိုင်​ယာဟာ မန္တ​လေးက​နေရှမ်း
မြောက်​ထဲကိုတိုင်းခန်းလှည့်လည်​တော့ ၁၉၀၁ခုနှစ်
အောက်​တိုဘာလ၇ရက်​​နေ့မှာသီ​ပေါကို​ရောက်​တယ်​။
နောက်​​နေ့မှာ​တော့အ​ရေးပိုင်​ရုံးစိုက်​ရာလားရှိုးကို​ရောက်
တယ်​။အဲဒီအချိန်​အိန္ဒိယအင်​ပါယာရဲ့ ဘုရင်​ခံချုပ်
ကြီးက Lord Curzon ဖြစ်​တယ်​။သူမလာခင်​ ဖရိုင်​ယာ
က​ရှေ့ ​တော်​​ပြေးအဖြစ်​အရင်​လာသွားတာဖြစ်​ပါတယ်​။
အဲဒီ​ခေတ်​ကမင်းခမ်းမင်းနား​တွေရဲ့ ထုံးစံအတိုင်းသဲဖြူ
ခင်း၊ရာဇမတ်​ကာ၊​င​ပျောပင်​စိုက်​​၊​ရွှေထီးမိုး၊စည်​​တော်​ယွန်း၊
ပန်းစည်းဆက်​၊သြဘာစာတမ်းဖတ်​ကြားစတဲ့အလုပ်​​တွေ
လုပ်​ကြပါတယ်​။

မြန်​မာပြည်​ကိုကြွချီလာတဲ့ ဘုရင်​ခံချုပ်​ကြီးကာဇုံက
မန္တ​လေးကို ၁၉၀၁ခုနှစ်​ နိုဝင်​ဘာ၂၈ရက်​​နေ့(သီ​ပေါပါပြီး
၁၆နှစ်​ပြည့်တဲ့နှစ်​)မှာ ဒါဘာမင်းပွဲကျင်းပတဲ့အခါမန္တ​လေး
နဲ့အထက်​မြန်​မာပြည်​က လူကြီးလူ​ကောင်း​တွေအားလုံး
တက်​ကြတယ်​။အလားတူရှမ်းပြည်​နယ်​က ​​နယ်​​သေး​သေး
မွှာမွှာနယ်​စား​တွေကလွဲပြီး​စော်​ဘွားကြီး လတ်​ ငယ်​နဲ့
နယ်​စားကြီးအားလုံးစုစု​ပေါင်း၃၀တက်​​ရောက်​ခဲ့တယ်​။
အဲဒီမင်းပွဲအထိမ်းအမှတ်​ဘွဲ့ထူးဂုဏ်​ထူး​တွေချီးမြင့်တဲ့အခါ
ကျိုင်းတုံ​စော်​ဘွားသစ်​စ၀်​​ကောင်​​ကျောက်​အင်​တလိုင်​နဲ့
ညောင်​​ရွှေ​စော်​ဘွားသစ်​စ၀်​​မောင်​တို့ကို K.S.Mလို့​ခေါ်
တဲ့ ကျက်​သ​ရေ​ဆောင်​​ရွှေစလွယ်​ရမင်းဘွဲ့ချီးမြင့်ခဲ့တယ်​။
ကျေးသီးမန်းစံနယ်​စားကြီးနဲ့အဲဒီ​ခေတ်​က ကျိုင်းတုံနယ်
လက်​​အောက်​ခံ ယ​နေ့ မိုင်း​ယောင်းမြို့စားတို့ကို T.D.M
ခေါ် သူရဲ​ကောင်း​ငွေဓားရမင်းဘွဲ့၊​ဘော်​ဆိုင်းမြို့စားနဲ့
မောက်​မယ်​နယ်​ ​နော်​လုံဟိန်​(သူကြီး)တို့ကို A.T.M ​ခေါ်
အမှုထမ်း​ကောင်းတံဆိပ်​ရ မင်းဆုတံဆိပ်​စလွယ်​​တွေ
အသီးသီးချီးမြင့်ခဲ့ပါတယ်​။

အဲဒီ​နောက်​ ကာဇုံဟာ လားရှိုးကိုသွားတယ်​။တရုတ်​ပြည်
အ​နောက်​ပိုင်းကိုမီးရထားလမ်း​ဖောက်​ဖို့ကိစ္စဟာဗြိတိသျှ
တွေအတွက်​ဦးစား​ပေးဖြစ်​​နေလို့သံလမ်း​ဖောက်​ပြီးခဲ့တာ
မန္တ​လေးက​နေ သီ​ပေါအထိ ၁၂၆မိုင်​ရှိခဲ့ပြီဖြစ်​ပါတယ်​။
၁၉၀၃ခုနှစ်​မှာ​တော့ လားရှိုးသံလမ်းကိုဖွင့်လှစ်​တယ်​။
လားရှိုးက​နေ တရုတ်​ပြည်​နယ်​စပ်​အနီး သံလွင်​ကမ်းပါး
မှာရှိတဲ့ ကွမ်​လုံရွာအထိ လမ်းအူ​ကြောင်​ရှာတာပြီးစီးသွား
ခဲ့ပြီဖြစ်​ပါတယ်​။ကွမ်​လုံဟာမြန်​မာမင်း​ခေတ်​က အ​ကောက်
တော်​ကင်းစခန်းထားတဲ့​နေရာဖြစ်​ပါတယ်​။

အဲလိုနဲ့ဘုရင်​ခံချုပ်​ကြီးဟာ သံလမ်းကိုယ​နေ့​ခေတ်​စကား
နဲ့​ပြောရရင်​ လာ​ရောက်​ကြည့်​ရှုစစ်​​ဆေးရင်း မနက်
ဘယ်​နှနာရီမှာဘာယဉ်​နဲ့ဝန်​ကြီးအဖွဲ့ကြွ​​ရောက်​ပါတယ်
ရှမ်း ဆိုသလို အပြန်​ခရီးမှာ သူ့​​ကျေး​တော်​မျိုးကျွန်​​တော်
ရင်း ​စော်​ဘွား​တွေနဲ့လက်​ပွန်းတတီးအထူးမီးရထားတွဲဖြူ
နဲ့သွား​နေခဲ့တယ်​။ဒါဖြင့် ဒီ​လောက်​ရှမ်းနိုင်​ငံ​ရေးရာသီဥ
တုသာယာ​နေတာ ရှမ်းလူမျိုးပြည်​သူလူထုရဲ့ ဘ၀ဘယ်
အ​ခြေ​နေရှိမလဲဆိုပြီး ​မေးကြမယ်​လည်းမထင်​ပါဘူး။
တကယ်​​တော့သမိုင်းဆိုတာ အညတရ​တွေအတွက်​မဟုတ်
ဘူးလို့ဆိုရမလိုပဲ။အဲဒီ​ခေတ်​ကလူတိုင်းရဲ့ အ​ကြောင်းကို
သမိုင်းလို့​ခေါ်တာမဟုတ်​ဘူး။အဲဒီ​ခေတ်​က စည်းစိမ်​ရှင်
အာဏာရှင်​ အုပ်​ချုပ်​သူလူတန်းစားရဲ့ အ​ကြောင်းကို
သမိုင်းလို့​ခေါ်သလိုဖြစ်​​နေခဲ့တယ်​။ဒါ​ကြောင့်လည်း
သမိုင်းဆိုတာစစ်​နိုင်​သူက​ရေးတာတို့၊အားကြီးသူရဲ့ 
အ​ကြောင်းကိုသမိုင်းဟု​ခေါ်သည်​တို့စသဖြင့်လူ​တွေက
ခပ်​ရွဲရွဲ့​စောင်း​စောင်း​ပြောဆိုကြတာဖြစ်​လို့သမိုင်းဆိုတဲ့
Subject ကပါနာမည်​ပျက်​ခဲ့ရတယ်​။ဒါဟာမမှန်​ဘူး
လား​မေးရင်​ အရင်​​ခေတ်​က ၁၀၀%အမှန်​ပါ။ယ​နေ့မှာ
တော့ ၅၀%ပဲမှန်​​တော့ပြီ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=139980523810821&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​....၁၀”

Post a Comment

Related Posts Plugin for WordPress, Blogger...