Thursday, May 30, 2019

ဦးဝီရသူထောက်ခံသူများ ရွှေတိဂုံရင်ပြင်တော်ပေါ် တက်ရောက်၊ ဂေါပကမတားဆီး

,
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးဝီရသူကို ထောက်ခံသူများနှင့် ဘုန်းကြီးများ ယနေ့နေ့လယ် ၁နာရီခန့်မှစတင်ကာ စုရုံးရောက်ရှိနေကြပြီး ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်သွားကြပြီဖြစ်သည်။

ရွှေတိဂုံဘုရားရင်ပြင်တော်တွင် လူစုလူဝေးဖြင့် ဆုတောင်းခြင်း၊ ဆန္ဒပြခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားသော်လည်း ဦးဝီရသူ ထောက်ခံသူများကိုမူ ရွှေတိဂုံဂေါပက အဖွဲ့ကတစ်စုံတစ်ရာ ပြောဆို တားမြစ်ခြင်းမရှိပေ။

မူလက ဆရာတော် ဦးဝီရသူကို နိုင်ငံတော် သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က မနက်ဖြန် မွန်းလွဲချိန်တွင် သြဝါဒပေးမည်ဟု အကြောင်းကြားစာ ထုတ်ပြန်ထားသော်လည်း မနေ့ညနေတွင် ဦးဝီရသူကို သြဝါဒပေးမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

သို့သော် ယနေ့နေ့လယ်ပိုင်းက ဦးဝီရသူက မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် နေ့လယ် ၂နာရီတွင် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ထံ သွားရောက်၍ သြဝါဒခံမည်ဟု ဖြေကြားခဲ့သည်။ရဲတပ်ဖွဲ.ကတော့ ဦးဝီရသူကို ဖမ်းဆီးရန် ရှာဖွေနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

https://m.facebook.com/story.php?story_fbid=1385910588223342&id=518067831674293

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးဝီရသူထောက်ခံသူများ ရွှေတိဂုံရင်ပြင်တော်ပေါ် တက်ရောက်၊ ဂေါပကမတားဆီး ”

Post a Comment

Related Posts Plugin for WordPress, Blogger...