Tuesday, May 21, 2019

တိုင်းပြည်ဆူအောင်လုပ်နေသည့်အတွက် သည်းခံကြရန် အာရှအလင်းရောင်ဆရာတော်ပြော

,
တိုင်းပြည်ဆူအောင်လုပ်နေသည့်အတွက် သည်းခံကြရန် အာရှအလင်းရောင်ဆရာတော်ပြော ၊ နှစ်စဉ်ဖြစ်နေသည့်ကိစ္စကို မတားဆီးနိုင်သည့်အတွက် ရှက်မိသည်ဟု သက်ဆွေဝင်းဆို
======================================================

၂၀ မေ မန္တလေး
မြေးချစ်ညို

တိုင်းပြည်ဆူပူအောင်လုပ်နေသည့်အတွက် သည်းခံပြီးနေကြရန်လိုအပ်ကြောင်းနှင့် တောင်ဒဂုံပြဿနာတွင် သည်းခံစိတ်မွေးခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်များကို ကျေးဇူးတင်ကြောင်း အာရှအလင်းရောင်ဆရာတော်က ပြောကြားသည်။

" တိုင်းပြည်ကိုဆူအောင်လို့လုပ်နေတဲ့သူတွေ ရှိနေတယ် ၊ ဒီအချိန်မှာ အားလုံးသည်းခံကြဖို့လိုတယ်၊ သည်းခံစိတ်ကိုမွေးကြပါ"ဟု အာရှအလင်းရောင်ဆရာတော်က ပြောကြားသည်။

မေလ ၂၀ရက်နေ့က စစ်ကိုင်းမြို့ မြို့မပလီဝတ်ကျောင်းတော်တွင်ပြုလုပ်သည့် ဘာသာပေါင်းစုံမိတ်ဆုံစားပွဲနှင့် အစ္စလာမ်ဘာသာဝင်များ ဥပုသ်ဖြေသည့် အခမ်းအနားတွင် ဆရာတော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ တောင်ဒဂုံတွင် အစ္စလာမ့်ဝတ်ကျောင်းတော်ကို မျိုးချစ်လူအုပ်စုများက လာရောက်ပိတ်သိမ်းခိုင်းပြီးနောက်တစ်ရက်တွင် အာရှအလင်းရောင်ဆရာတော်နှင့် SYNERGY အဖွဲ့မှ ကိုသက်ဆွေဝင်းတို့က နှင်းဆီဖြူလှုပ်ရှားမှုများကိုလုပ်ဆောင်ပြီး အကြမ်းဖက်လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြသည်။

"ကျနော် အရမ်းရှက်မိတယ် နှစ်တိုင်းဖြစ်နေတာကို ကျနော်တို့ မတားနိုင်ကြဘူး"ဟု ကိုသက်ဆွေဝင်းက ပြောကြားသည်။

ရန်ကုန်မြို့မှရောက်ရှိနေသည့် အစ္စလာမ်ဘာသာရေးပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာဆောင်းလွင်အောင်က ဘာသာတရားအားလုံးသည် မေတ္တာတရားကို ညွှန်ပြထားသည်သာဖြစ်ပြီး လူလူချင်း သတ္တြါအချင်းချင်းပော် မေတ္တာမထားနိုင်ပါက စစိမှန်သည့် ဘာသာ သာသနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပေါင်းစည်းမေတ္တာအဖွဲ့နှင့် စစ်ကိုင်းမြို့မပလီဝတ်ကျောင်းတော်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဘာသာပေါင်းစုံမိတ်ဆုံစားပွဲနှင့် အစ္စလာမ်ဘာသာဝင်တို့၏မိတ်ဆုံစားပွဲကို ဘာသာပေါင်းဆုံမှ ဆရာတော်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံဒေသခံများ တက်ရောက်ခဲ့ကြသည်။


https://www.facebook.com/714912165290510/posts/2147940341987678/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တိုင်းပြည်ဆူအောင်လုပ်နေသည့်အတွက် သည်းခံကြရန် အာရှအလင်းရောင်ဆရာတော်ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...