Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.. ..၂

,
မြန်​မာတစ်​ပြည်​လုံးကိုသိမ်းပိုက်​လိုက်​ပြီဖြစ်​​ပေမယ့်
အင်္ဂလိပ်​ဟာ ရှမ်း​တောင်​တန်းအ​ရေးကို မကိုင်​တွယ်
သေးဘူး။အဲဒီအချိန်​ရှမ်း​တောင်​တန်းနဲ့ပက်​သက်​ပြီး
ဗြိတိသျှ​တွေ​ကောင်း​ကောင်းမသိ​သေးတာလည်းဖြစ်​နိုင်
ပါတယ်​။မန္တ​လေးကိုသိမ်းပြီး ဗြိတိသျှ​တွေဟာ မန္တ​လေး
အထက်​ကိုထိုးတက်​ခါဗန်း​မော်​ကတစ်​ဆင့်တရုတ်​ပြည်
ကုန်​သွယ်​လမ်းကိုဦးစား​ပေးပြီးဖွင့်တာ​တွေ့ရတယ်​။

ဗြိတိသျှ​တွေဟာ ကမ္ဘာတစ်​ခွင်ကိုဖြတ်​သန်းချီတက်​ပြီး
နယ်​ချဲ့အုပ်​ချုပ်​လာခဲ့တာ​ကြောင့်အ​တွေ့အကြုံ ​တွေက
ပြောစရာမလို​အောင်​ပြည့်လျှံ​နေပြီဖြစ်​ပါတယ်​။အ​မေရိက
တိုက်​၊အာဖရိကတိုက်​၊​မြေထဲပင်​လယ်​​ဒေသ၊အ​ရှေ့ အလယ်
ပိုင်း၊အိန္ဒိယ၊သြစ​တြေးလျ၊အာရှအ​ရှေ့ ဖျားနဲ့ပစီဖိတ်
သမုဒ္ဒရာ က ဘုစုခရုကျွန်းငယ်​​တွေပါမကျန်​ ကာလံ
ဒေသံနဲ့လူမျိုးစုအမှတ်​သညှာ​တွေအ​ပေါ်အ​ခြေခံပြီး
အုပ်​ချုပ်​ပုံအမျိုးမျိုးကိုတီထွင်​ကြံဆပြီးအုပ်​ချုပ်​ခဲ့
ကြတာ​ဖြစ်​လို့ အုပ်​ချုပ်​​ရေးအတတ်​ပညာနဲ့ပက်​သက်
လာရင်​ ဗြိတိန်​ကိုမှီသူမရှိဘူးလို့ဆိုရမ​လောက်​ပါပဲ။
မြန်​မာနဲ့အနီးဆုံးအိန္ဒိယကိုကြည့်ရင်​အင်္ဂလိပ်​​တွေ
တိုက်​ရိုက်​အုပ်​ချုပ်​တဲ့နယ်​​မြေ​ဒေသ​တွေနဲ့မဟာရာဂျာ
ခေါ်တဲ့ ​စော်​ဘွားနယ်​စား​တွေဗြိတိသျှကိုပဏ္ဏာဆက်​ပြီး
အုပ်​ချုပ်​တဲ့နယ်​​တွေဆိုပြီး၂မျိုးခွဲခြားလို့ရပါလိမ့်မယ်​။
ဒီစနစ်​ကပဲ အနာဂတ်​ရှမ်း​တောင်​တန်းရဲ့ အုပ်​ချုပ်​​ရေး
ပုံစံဖြစ်​လာခဲ့တာပါ။

ပင်​လယ်​ကမ်း​ခြေ​ဒေသနဲ့ကူးသန်း​ရောင်းဝယ်​​ရေးအတွက်
အသုံးဝင်​တဲ့၊အသုံးတည့်တဲ့မြစ်​ကြီး​တွေရဲ့ ဝဲယာမြစ်​ကမ်း
ဒေသ​တွေ၊မြစ်​၀ကျွန်း​ပေါ်​ဒေသ​တွေ၊​မြေသြဇာ​ကောင်းတဲ့
ချိုင့်ဝှမ်း​ဒေသ​တွေနဲ့လူ​နေထူထပ်​ပြီးစည်​ပင်​တဲ့​ဒေသ​တွေ
ကိုအင်္ဂလိပ်​အစိုးရကတိုက်​ရိုက်​အုပ်​ချုပ်​တယ်​။တစ်​နည်း
အားဖြင့်ကုန်​သွယ်​စီးပွား​ရေးကိုလက်​ထဲထားချင်​လို့ပဲ။
အင်္ဂလန်​လုပ်​ကုန်​​ချော​တွေကိုများများစားစား​ရောင်းချ
နိုင်​ပြီးအင်္ဂလန်​စက်​ရုံအလုပ်​ရုံ​တွေအတွက်​ကုန်​ကြမ်း​တွေ
အလွယ်​တကူ​ဈေး​ပေါ​ပေါနဲ့ရနိုင်​တဲ့​ဒေသ​တွေကို ပြည်​နယ်
အဖြစ်​ထူ​ထောင်​ပြီးGovernorလို့​ခေါ်တဲ့အုပ်​ချုပ်​​ရေးမှူး
တွေကတိုက်​ရိုက်​အုပ်​ချုပ်​ပါတယ်​။အဲဒီအုပ်​ချုပ်​​ရေးမှူး
အဆင့်ဆင့်ကို အုပ်​ချုပ်​​ရေး​မှူးချုပ်​လို့အဓိပ္ပါယ်​ရတဲ့
Governor -General က ကွပ်​ကဲတယ်​။

ရာသီဥတုမ​ကောင်းတဲ့​ဒေသ၊လမ်းပန်းဆက်​သွယ်​​ရေး
ခက်​ခဲတဲ့​ဒေသ၊လူ​နေကျဲပါးပြီး ယဉ်​​ကျေးမှုအဆင့်အတန်း
နိမ့်လွန်းတဲ့ဖွတ်​​တွေ​ပျော်​စံရာ​ဒေသ​တွေကို​တော့ အလုပ်
ရှုပ်​မခံဘဲ နယ်​စား မြို့စား ရွာစားစတဲ့ဗြိတိသျှသစ္စာခံ
တစ်​​ယောက်​​ယောက်​ကို​မွေးပြီး သူ့လက်​ထဲအပ်​ထားလိုက်
ပြီး နှစ်​စဉ်​ပုံမှန်​အခွန်​ဆက်​သွင်းပြီးပြီး​စေလိုက်​တယ်​။
ဒီစနစ်​ဟာ စိတ်​ချရတယ်​။အုပ်​ချုပ်​ရလွယ်​တယ်​။
ယဉ်​​ကျေးမှုမျိုးစုံနဲ့လူသားမျိုးနွယ်​စုံ​ရှိရာ​ဒေသက
တိုင်းရင်းသား​အမျိုးမျိုးကို တစ်​စည်းတစ်​လုံးတည်း
ဘယ်​သူက အားအားလျားလျားအလုပ်​ရှုပ်​ခံပြီးအုပ်​ချုပ်
မှာလဲ။စီးပွား​ရေးအရလည်းအကျိုးမရှိသလိုအကျိုးရှိ
လာမယ့်အလားအလာလည်းမမြင်​။ဒါ့အပြင်​သူ့စကား
လည်းကိုနားမလည်​၊ကို့စကားလည်းသူနားမလည်​တဲ့
တိုင်းရင်းသားအစိမ်းသက်​သက်​​တွေကိုထိန်းဖို့ဆိုတာ
ငဂျင်းဆီနဲ့ငဂျင်း​ကြော်​တဲ့နည်းပဲရှိပါတယ်​။ဗြိတိသျှ
တွေ​နေရာမှာအခြားအုပ်​စိုးသူ​တွေဆိုရင်​လည်း ဒီအတိုင်း
ပဲကျင့်သုံးမှာပါ။ငွေကုန်​လည်းသက်​သာတယ်​။အဆစ်
ရမှာက ပုဆိန်​ရိုးမျိုး​တွေရဲ့ သစ္စာတရားပဲ။လူသားသ
ဘာဝအရ ကိုယ်​နဲ့ကိုယ့်မိသားစု၊ကိုယ့်ဘ၀သာယာမှု
ကို​ပေး​နေတဲ့အင်​အားစု သို့မဟုတ်​အစိုးရ သို့မဟုတ်
သူ​ဋ္ဌေးတစ်​​ယောက်​​ယောက်​ကို သခင်​အားရ ကျွန်​ပါးဝ
လုပ်​တတ်​ကြတာ မြန်​မာပြည်​သား​တွေရဲ့ ​မွေးရာပါကျွမ်း
ကျင်​ပြီးသားအတတ်​ပညာလည်းဖြစ်​တယ်​လို့ကို​ပြောရင်
ခင်​ဗျားတို့စိတ်​ဆိုးမယ်​မထင်​ဘူး။ဘာလို့ဆို​တော့
အဲဒီ​ခေတ်​က ယ​နေ့ပုဇွန်​လုံးလက်​မနဲ့​ထောင်​လွှား​နေတဲ့
သောက်​ဆန်းမျိုးချစ်​စိတ်​ ဆိုတာကြီးက ဘယ်​ဆီ​နေ
မှန်း​တောင်​မသိ​သေးဘူး။ဒါ​ကြောင့်ပဲဆိုဖီယာတို့ ရိုစီတို့
အလက်​ဇန်​ဒါ​မောင်​စိန်​တို့ ရစ်​ချတ်​​မောင်​​မောင်​တို့စတဲ့
ငပိနဲ့ချိစ်​​ ​ရောထားတဲ့နာမည်​​ပိုင်​ရှင်​​တွေကိုလိုနီ​ခေတ်​မှာ
လူတန်းစားတစ်​ရပ်​အ​နေနဲ့​တောင်​​ပေါ်ထွန်းခဲ့တာ​ပေါ့။

အိန္ဒိယမှာ မဟာရာဂျာ​ပေါင်း ၆၀၀ခန့်​ကို ပ​ဒေသရာဇ်
ခေါင်း​ဆောင်​ကြီးအ​နေနဲ့ Vicero​y ​ခေါ်တဲ့ဘုရင်​ခံချုပ်
က အင်္ဂလန်​ဘုရင်​မကိုယ်​စားအုပ်​ချုပ်​ကွပ်​ကဲတယ်​။
အုပ်​ချုပ်​​ရေးမှူးချုပ်​ Governor - Generalတာဝန်
ရောဘုရင်​ခံချုပ်​ Viceroyတာဝန်​ကိုပါတစ်​ဦးတည်း
ပူးတွဲ ယူပြီးချုပ်​ကိုင်​ထားတာဖြစ်​ပါတယ်​။ဒါ​ကြောင့်
အဲဒီပုဂ္ဂိုလ်​​တွေရဲ့နာမည်​​ရှေ့ မှာ Vicero​y Governor -General
လို့ထည့်​သွင်း​ရေးသားကြတာဖြစ်​ပါတယ်​။

ဒီအ​တွေ့အကြုံ ကပဲ ရှမ်း​တောင်​တန်းကိုဘယ်​လိုကိုင်
တွယ်​ရမလဲဆိုတဲ့ ​မေးခွန်းကို​အ​ဖြေ​ပေးသွားတာဖြစ်​ပါ
တယ်​။ပင်​လယ်​မရှိမြစ်​မရှိ၊ရှိတဲ့မြစ်​ကလည်း ​အောက်
ပြည်​မြစ်​လိုစိုက်​ပျိုး​ရေး၊သက်​​မွေးဘ၀အတွက်​အသုံး
ပြုမရ၊​တောက​ခေါင်​၊​တောင်​ကုန်းသက်​သက်​နဲ့ဖွဲ့စည်း
တည်​ရှိ​နေပြီး နွားဝန်​တင်​ လားဝန်​တင်​ ပခုံးထမ်း​ခေတ်
ကမတက်​​သေးတဲ့၊လူဦး​ရေကလည်းနည်း​တော့ မဟာရာ
ဂျာနယ်​အငယ်​စား​လောက်​ရှိတဲ့ရှမ်းပြည်​နယ်​မြို့ပြ
ကျေးရွာ​တွေကို​သူ့​စော်​ဘွား သူ့နယ်​စားပယ်​စား​တွေလက်
ထဲပဲအပ်​ပြီးထိန်းထားခိုင်းလိုက်​ခြင်းအားဖြင့်လွယ်​ကူစွာ
အုပ်​ချုပ်​နိုင်​မယ်​လို့အင်္ဂလိပ်​က​တွေးမှာ​သေချာတယ်​။
ယ​နေ့အထိလမ်းပန်းဆက်​သွယ်​​ရေးဆိုးဝါး​နေ​သေးတဲ့
ရှမ်း​တောင်​တန်းဟာ ၁၈၈၆တုန်းကဘယ်​လို​နေမလဲ
စဉ်းစားကြည့်​ပေါ့။

တကယ်​​တော့ မင်းတုန်းမင်းလက်​ထက်​​အောက်​မြန်​မာ
ပြည်​ကျ​ရောက်​သွားပြီးကတည်းက နိုင်​ငံ​တော်​အရပ်​ရပ်
က ဆက်​​ကြေး(အခွန်​)​ပေးသွင်းမှု​တွေက ​လျှော့နည်းသွား
ပါပြီ။ကော့​သောင်းက​နေ ​တောင်​ငူအထိ ဆက်​​ကြေး
အားလုံးက​နေလက်​မဲ့ဖြစ်​သွားခဲ့ရတာ​ကြောင့် ဒါဟာ
ပ​ဒေသရာဇ်​အစိုးရအဖွဲ့ကိုအင်​မတန်​နစ်​နာ​စေခဲ့တယ်​။
မင်းတုန်းမင်းလက်​ထက်​ကတည်းက အခွန်​ဘဏ္ဍာ
ကကျပ်​​နေတာပါ။ဒါ​တောင်​ ​ငွေ​ကြေးကုန်​ကျများတဲ့
သင်္ဂါယာတင်​တဲ့အလုပ်​​တွေ၊​ရွှေတိဂုံထီးတင်​တဲ့အလုပ်
တွေကိုထပ်​လုပ်​တဲ့အခါ လူထုကငတ်​သထက်​ငတ်
လာခဲ့​တယ်​။လွတ်​လပ်​​ရေး​ခေတ်​မှာ ဦးနုသင်္ဂါယနာ
တင်​တာ အ​မေရိကန်​​ဒေါ်လာ၂သန်းကုန်​တယ်​လို့ သမိုင်း
ပါ​မောက္ခ​ဒေါက်​တာ​မောင်​​မောင်​ကြီးကဆိုတာ​ကြောင့်
မင်းတုန်း​ခေတ်​မှာအနည်းဆုံး၁သန်း​တော့ကုန်​မှာ​သေ
ချာတယ်​။တစ်​ခါ ထီးတင်​တာ ​ငွေ၃သိန်း​ကျော်​ကုန်​တယ်​။
အဲဒီ​ခေတ်​ကမြန်​မာ့​ငွေတစ်​ကျပ်​ဟာ အင်္ဂလန်​၂သျှီလင်
နဲ့ညီမျှတယ်​။ဒါ​ကြောင့်အင်္ဂလန်​​ပေါင်​၁သန်းဟာ
ကျပ်​​ငွေတစ်​ကု​ဋေနဲ့ညီတယ်​။တစ်​ကျပ်​မှာ၆၄ပြား၊တစ်​ပြား
မှာ သုံးပိုင်​ ရှိတဲ့​ခေတ်​ဖြစ်​လို့​ငွေတန်​ဖိုးဘယ်​​လောက်​ရှိတယ်
ဆိုတာဆက်​စဉ်းစားလို့ရပြီထင်​ပါတယ်​။စီးပွား​ရေးနား
မလည်​တဲ့မြန်​မာအစိုးရဟာ တိုင်းပြည်​ဘဏ္ဍာကို လိုသလို
သုံးတာပါပဲ။ငွေလိုရင်​လူထုဆီကအခွန်​တိုး​ကောက်​တယ်​။

အဲလိုနဲ့မင်းတုန်းမင်း​သေပြီးသီ​ပေါ်မင်းနန်းတက်​​တော့
အ​တွေးအ​ခေါ်က စ​ကော​လောက်​မနက်​​ပေမယ့် မိုက်​တွင်း
က​တော့အ၀ီစိနဲ့နှိုင်းရ​လောက်​တဲ့မ​ဟေသီ စုဖုရားလတ်
ရဲ့ ချယ်​လှယ်​မှုထဲ​မျော်​ပါပြီးလူသတ်​ပွဲ​တွေကျင်းပတဲ့အခါ
မင်းညီမင်းသား​တွေထွက်​​ပြေးကြတာ​တွေ၊အသတ်​ခံရတာ
တွေရှိလာခဲ့တယ်​။အဲဒီလိုထွက်​​ပြေးလွတ်​​မြောက်​သွားတဲ့
မင်းသား​တွေက အနီးအနားကနယ်​စားပယ်​စား​တွေနဲ့
ပေါင်းပြီးသီ​ပေါအစိုးရကိုပုန်​ကန်​တယ်​။တကယ်​​တော့
သီ​ပေါအစိုးရအုပ်​ချုပ်​တဲ့မြန်​မာနိုင်​ငံရဲ့ နိုင်​ငံ​ရေးဟာ 
အေဒီ၁၈၀၀ပြည့်နှစ်​ကတည်းက ရမ်းခါ​နေခဲ့တာပါ။
နိုင်​ငံ​ရေးမတည်​ငြိမ်​ရင်​စီးပွား​ရေးမှာထိခိုက်​ရတယ်
ဆိုတဲ့စကားဟာ ​ခေတ်​သစ်​ရောက်​မှ​ပေါ်လာတဲ့
ဥပ​ဒေသမဟုတ်​ဘူး။ကမ္ဘာမှာလူ​တွေတိုင်းနဲ့ပြည်​နဲ့
ပလ္လင်​နဲ့ဆင်​နဲ့ဖြစ်​လာပြီးဆိုတဲ့ ​အေဒီပထမရာစု
ကတည်းက ဒီအတိုင်းပဲ။အဲ​တော့အခုလိုနိုင်​ငံ​ရေး
မတည်​ငြိမ်​တဲ့အခါ လူထုစီးပွား​ရေးမှာထိခိုက်​ရတယ်​။
အထက်​မြန်​မာပြည်​တစ်​လွှား​တောကြိုအုံကြားမကျန်
ကြိမ်​မီးအုံသလိုရှိ​နေတဲ့အခါ ခို​အောင်းစရာအလွန်
ကောင်းတဲ့ပထ၀ီက​လည်း အသင့်ရှိ​နေလို့ရှမ်း​တောင်​တန်း
ပေါ်ကို​ပြေးတက်​ခဲ့ကြပြီးသူပုန်​စခန်း၊သူပုန်​စားကျက်
တွေဖန်​တီးကြ​တော့တာပါပဲ။တစ်​ခါအခုလို နိုင်​ငံ​ရေး
က​မောကကမဖြစ်​​နေတဲ့ကာလ၊ဗဟိုသီ​ပေါအစိုးရရဲ့ 
အာဏာနဲ့​ဝေးတဲ့​ဒေသ​တွေမှာ​တော​ကြောင်​​တွေလက်
ခ​မောင်းခတ်​ထကြွ​သောင်းကျန်​လို့ ပြည်​သူလူထုရဲ့ 
ဘ၀​တွေဟာ တစ်​​နေ့ထက်​တစ်​​နေ့ပိုဆိုးလာခဲ့ရတယ်​။

တိုင်းသူပြည်​သားလူအများဟာအစိုးရကို​ပေးသွင်းရမယ့်
ဆက်​​ကြေး(အခွန်​)ကိုမ​ပြောနဲ့ ၀မ်းစာ​တောင်​ခက်​ခဲလာ
တယ်​။နယ်​​မြေမငြိမ်းချမ်းတဲ့အခါလယ်​ယာလုပ်​ငန်း
ခွင်​ကိုပစ်​ထားရ​တော့ဘဏ္ဍာ​တော်​​ကောက်​ခံ့လို့မရ။ဒါ
ကြောင့်​နေပြည်​​တော်​ကို ကန့်​​တော့​ကြေး​ငွေ​ပေးသွင်းဖို့
ပျက်​ကွက်​လာတဲ့နယ်​ရှင်​ ​စော်​ဘွား နယ်​စား​တွေဟာ
အ​ရေးယူခံကြရတယ်​။ဆက်​​ကြေးမ​ပေးနိုင်​တဲ့​စော်​ဘွား
တွေကို မြန်​မာအစိုးရက ​နေပြည်​​တော်​မှာအကျယ်​ချုပ်
နဲ့​နေ​စေတာ၊ကြည်းတိုက်​သွင်းတာ၊သားမယားကိုပါ​ခေါ်ပြီး
ထိန်းသိမ်းထားတာ၊​ငွေမသွင်းနိုင်​တဲ့နယ်​ကို ​ငွေသွင်းနိုင်
တဲ့နယ်​စားဆီလွှဲ​ပေးလိုက်​တာစတဲ့ အရှက်​တကွဲအကျိုး
နည်းအ​ရေးယူမှု​တွေပြု ကျင့်လာတဲ့အခါ ​စော်​ဘွား​တွေ
ဟာ မြန်​မာအစိုးရကိုချဉ်​လာတယ်​။အဲဒါ​ကြောင့်မိုးနဲ
နဲ့ ရပ်​​စောက်​​စော်​ဘွားတို့စတင်​ပုန်​ကန်​ခဲ့ကြတာဖြစ်​ပါ
တယ်​။

သူပုန်​ဖြစ်​သွားတဲ့ မိုးနဲ ​စော်​ဘွား စ၀်​ခွန်​ကြည်​နဲ့
ရပ်​​စောက်​​စော်​ဘွားစ၀်​၀ိုင်းတို့ကိုနားချသိမ်းသွင်းဖို့
သီ​ပေါ်အစိုးရက သီ​ပေါ​စော်​ဘွားကိုတာဝန်​​ပေးတယ်​။
ဒီတာဝန်​ကိုသီ​ပေါ​စော်​ဘွားကပျက်​ကွက်​တဲ့အခါ မြန်​မာ
အစိုးရကစိတ်​ခုလာတယ်​။အဲဒီလိုအ​ခြေ​နေမျိုးထဲမှာ
သီ​ပေါအစိုးရက သီ​ပေါ​စော်​ဘွားစ၀်​ကြာခိုင်​ကို
ရွှေဖ၀ါး​တော်​​အောက်​အဖူး​မျှော်​​ရောက်​​စေလို့ ဆင့်​ခေါ်တဲ့
အခါမှာ​တော့ စ၀်​ကြာခိုင်​ဟာ မနာခံ​တော့ဘဲ ကယား
နယ်​ကိုဖြတ်​၀င်​ပြီး ​တောင်​ငူ​ကြောကဆင်းခါ အင်္ဂလိပ်
ပိုင်​​အောက်​မြန်​မာပြည်​ကို​ပြေးဝင်​ခိုလှုံသွားပါ​တော့တယ်​။
စ၀်​ကြာခိုင်​ဟာ ရန်​ကုန်​ ကြည့်မြင်​တိုင်​မှာ​ကျောက်​ကုန်
သည်​တစ်​ဦးအသွင်​ယူနာမည်​​ပြောင်းပြီး​နေထိုင်​​နေခဲ့
တယ်​။ဒ့ါ​ပေမဲ ပ​ဒေသရာဇ်​ဖြစ်​တာ​ကြောင့် ခက်​ထန်​တဲ့
စိတ်​​ကြောင့် သူ့အိမ်​​စေခံ၂​ယောက်​ကိုအ​ခြောက်​တိုက်
သတ်​ပစ်​လိုက်​တယ်​။သူဟာသူ​​နေထိုင်​ရာအရပ်​​ဒေသ
(သီ​ပေါ)ထင်​ပြီး လုပ်​ချင်​ရာလုပ်​လိုက်​တာ သူ​ရောက်
နေရာအရပ်​​ဒေသကို​မေ့သွားပုံရတယ်​။မြန်​မာမင်း​တွေနဲ့
ရှမ်းပ​ဒေသရာဇ်​​တွေ​နေထိုင်​ရာအရပ်​​ဒေသ​တွေဟာ
တောရိုင်းဓ​လေ့လို့​ပြောရမယ့် လူသတ်​လိုင်​စင်​ရ
အာဏာရှင်​ကြီး၊အာဏာရှင်​လတ်​၊အာဏာရှင်​ငယ်​တို့
နေထိုင်​ရာအရပ်​​ဒေသဖြစ်​​ပေမယ့် ​အောက်​မြန်​မာပြည်
က​တော့ အဲဒီနဲ့တစ်​ချိန်​တည်းမှာဥပ​ဒေနဲ့အုပ်​ချုပ်​​နေ
တာဖြစ်​လို့ သီ​ပေါ​​စော်​ဘွား စ၀်​ကြာခိုင်​ခများ
သူတစ်​ခါမှမကြားဖူးတဲ့ အိန္ဒိယရာဇသတ်​ဥပ​ဒေပုဒ်​မ
၃၀၂နဲ့ညားပါ​တော့တယ်​။

တရားရုံးမှာသူနာမည်​​ပြောင်း(ခွန်​ဆိုင်​)ပြီး​ကျောက်​ကုန်
သည်​အသွင်​ယူထားတဲ့မျက်​နှာဖုံးကွာကျပြီး သူဟာ
သက်​ဦးဆံပိုင်​ပ​ဒေသရာဇ်​ဖြစ်​လို့ သူ့လက်​​အောက်​ငယ်​သား
ကို သတ်​ဖြတ်​ခွင့်ရှိ​ကြောင်း မရှက်​မ​ကြောက်​ထု​ချေတာ
ပါပဲ။အဲဒီ​ခေတ်​က အဲလို​တောရိုင်းစရိုက်​ကိုရှမ်း​စော်​ဘွား
တွေ​တောင်​ ရှက်​ရ​ကောင်းမှန်းမသိခဲ့တာပါ။တကယ်
တော့ ပ​ဒေသရာဇ်​​ခေတ်​​လောကအမြင်​ဆိုတာအားကြီးသူ
အနိုင်​ရစတမ်းပဲဖြစ်​လို့ဒါကိုရှက်​စရာလို့ဘယ်​သူမှမမြင်
ဘူး။သို့​သော်​ သူ့တိုလိုအုပ်​စိုးသူပဲဖြစ်​တဲ့သူတို့ကိုပါလွှမ်း
မိုးပြီးချုပ်​ကိုင်​ထားသူဖြစ်​တဲ့အင်္ဂလိပ်​ဥ​ပေဒအ​ခြေပြု အုပ်
ချုပ်​​ရေးစနစ်​​အောက်​မှာ​တောရိုင်းဓ​လေ့ကို​ဖော်​ထုတ်​​နေ
တာ​တော့ရှက်​သင့်တယ်​ထင်​တာပဲ။နောက်​ဆုံး
ရန်​ကုန်​တရားသူကြီးချုပ်​(Recorder of Rangoon)
က ၁၈၈၂ ခုနှစ်​မှာ သီ​ပေါ​စော်​ဘွားစ၀်​ကြာခိုင်​ကို ​သေဒဏ်
အမိန့်​ချလိုက်​ပါ​တော့တယ်​။ဒါ​ပေမဲ့ အယူခံအ၀င်​​ကောင်း
လို့ မဟာဝန်​ရှင်​​တော်​မင်းကြီးကကြိုးဒဏ်​က​နေ ကျွန်းဒဏ်
အဲဒီက​နေ နိုင်​ငံ​ရေးအ​ခြေ​နေအရပ်​ရပ်​ကိုအ​ကြောင်းခံပြီး
၁၈၈၄ မှာ ​အောက်​မြန်​မာပြည်​က​နေနယ်​နှင်​လိုက်​တာ
စော်​ဘွားအတွက်​ မဟာအခွင့်အ​ရေးဖြစ်​သွား​တော့တာပါ
ပဲ။

ကယားနယ်​ထဲခို​အောင်းပုန်း​ရှောင်​​နေပြီး သီ​ပေါနန်းကျ
ပြီး ၁၈၈၆ မတ်​လ ကျခါမှသီ​ပေါကို​ရောက်​လာတဲ့အခါ
စ၀်​ခွန်​ဆိုင်​ ဆိုသူကသူ့နယ်​ကိုအပိုင်​စီးထားတာ​တွေ့
လိုက်​ရတယ်​။သိန္နီ​စော်​ဘွား​ဟောင်းရဲ့ သား ​နော်​မိုင်း
ဆိုသူကို မြင်​စိုင်းမင်းသားကသီ​ပေါ​စော်​ဘွားခန့်​တယ်​။
တကယ်​​တော့​နော်​မိုင်းဟာ သိန္နီနယ်​အုပ်​ချုပ်​​ရေးမှာ
မစွံလို့ ​နေပြည်​​တော်​​ခေါ်ချုပ်​ထားခိုက်​​ထောင်​ထဲမှာ
မြင်​စိုင်းမင်းသားနဲ့မိတ်​ဖွဲ့ခဲ့ပြီး အင်္ဂလိပ်​၀င်​လာလို့
ထောင်​တံခါး​တွေပွင့်တဲ့အခါ ဆရာသမား၂​ယောက်
ပခုံးဖက်​ပြီး ရှမ်း​တောင်​​တန်း​ပေါ်တက်​ခဲ့ကြတာပါ။

နောက်​ဆုံး ဗမာသီ​ပေါက အဖမ်းခံရပြီး ရှမ်းသီ​ပေါ
လူသတ်​သမားရာဇ၀တ်​သားဘ၀က​နေ ​ထောင်သား
ဘ၀ အဲဒီကလွတ်​ပြီး သီ​ပေါမှာ​စော်​ဘွားပြန်​ဖြစ်​လာတယ်​။

၁၈၈၆ ​ဖေ​ဖော်​၀ါရီလ ၂၆ရက်​​နေ့ မှာ အထက်​မြန်​မာပြည်
ကို ဗြိတိသျှအိန္ဒိယရဲ့ အစိတ်​အပိုင်းအဖြစ်​​ကြေငြာတယ်​။
မန္တ​လေးကိုသိမ်းပြီး ၅၆ရက်​အကြာမှာ အထက်​မြန်​မာ
ပြည်​ရဲ့ အုပ်​ချုပ်​​ရေးပုံစံကိုအတိအကျ​ဖော်​ထုတ်​လာတယ်​။
အိန္ဒိယဘုရင်​ခံချုပ်​ရဲ့ သ​ဘောတူညီချက်​နဲ့ အထက်​မြန်​မာ
နိုင်​ငံဥပ​ဒေများ ဥပ​ဒေ(Upper Burma Laws Act-1886) ကို
၁၈၈၆ စက်​တင်​ဘာလ ၂၄ရက်​​နေ့မှာ
စတင်​ပြဋ္ဌာန်းပြီး အဲဒီဥပ​ဒေအရ မြန်​မာပြည်​စီရင်​စုနယ်
(Burma Province) မှာပါဝင်​တဲ့အထက်​မြန်​မာနိုင်​ငံ
အောက်​မြန်​မာနိုင်​ငံရဲ့ အဓိပ္ပါယ်​ကိုဖွင့်ဆိုထားတာ
အဲဒီထဲမှာရှမ်း​တောင်​တန်း ကချင်​ ချင်းစတဲ့ ​တောင်​တန်း
ဒေသတစ်​ခုမှမပါဘူး။

အဲဒီ​နောက်​အထက်​မြန်​မာပြည်​ရဲ့ ပ​ဒေသရာဇ်​အုပ်​ချုပ်
ရေးကို​အောက်​​ခြေကစပြီး​ပြောင်းလဲတယ်​။တိုက်​သူကြီး
နေရာမှာ ​ကျေးရွာသူကြီးစနစ်​နဲ့အစားထိုးတယ်​။အဲဒီအထိ
ရှမ်းနယ်​ကိစ္စတစ်​စုံတစ်​ရာကိုင်​တွယ်​တာမရှိ​သေးဘူး။
ဒါ​ပေမဲ့ အဲဒီ​နောက်​ပိုင်းမှာ ရှမ်း​မြောက်​ထဲကို စစ်​တပ်​တစ်​တပ်
မလွှတ်​ရင်​မဖြစ်​​တော့တဲ့ အ​ခြေ​နေ​ပေါ်လာခဲ့တယ်​။
အဲဒါက​တော့ မန္တ​လေးအ​ထက်​မိုင်​၅၀အကွာ ​တောင်​ခါပန်း
ပေါ်က​မေမြို့ အဲဒီက ၁၅မိုင်​ထွက်​ရင်​ ၀က်​၀ံ၊အဲဒီက၁၉
မိုင်​ခန့်​ထွက်​ရင်​ ဘန့်​​ဘွေး အဲဒီက​နေ မိုင်​၂၀ခန့်​ထွက်​ရင်
ဆမ်​ဆယ်​(မြန်​မာအ​ခေါ်သုံးဆယ်​)နယ်​ရှိတယ်​။အခု​​ပြော
တဲ့မိုင်​တိုင်​ဟာ ကျ​နော်​​ရောက်​ဖူးလို့မှတ်​သားထားတဲ့
အကွာအ​ဝေးပါ။အခု​ပြော​နေတဲ့အချိန်​တုန်းက​မေမြို့
ဆိုတာ​တောင်​မ​ပေါ်​သေးဘူး။မန္တ​လေး-ဆမ်​မယ်​ဆိုတဲ့
ပုံစံမျိုးဖြစ်​မယ်​လို့ယူဆရတယ်​။အဲဒီဆမ်​ဆယ်​နယ်​ဟာ
အရင်​ကတည်းကသူ့နယ်​ရှင်​နဲ့သူ​နေလာပြီး အခု​တော့
အုပ်​ချုပ်​သူနယ်​ရှင်​မင်းဆက်​ပြတ်​သွားတာ အတန်​ကြာ
ပြီဖြစ်​လို့ ​လော​လောဆယ်​မှာ ဟိန်​ ဆိုင်း ဆိုသူ မြန်​မာ
အ​ခေါ် သူကြီးဦးသဲ က အုပ်​ချုပ်​​နေတာကို ​လောဘကြီး
တဲ့သီ​ပေါ​စော်​ဘွားကလု​တော့တာပါပဲ။သီ​ပေါ​စော်​ဘွား
ဆိုတာ အထက်​​ဖော်​ပြပါရာဇ၀တ်​သား ​ထောင်​သားဘဝ
ကလွတ်​ပြီး ပလ္လင်​​ပေါ်​ရောက်​လာတဲ့စ၀်​ကြာခိုင်​ပါပဲ။

၁၈၈၆ ​အောက်​တိုဘာမှာ စ၀်​ကြာခိုင်​နဲ့ဗြိတိန်​အာဏာပိုင်
တွေအ​ပေးအယူလုပ်​တယ်​။စော်​ဘွားက သူ့တူခွန်​မိတ်​ကို
သုံးဆယ်​နယ်​စားခန့်​မယ်​ အင်္ဂလိပ်​က​ထောက်​ခံ​ပေးဖို့
တောင်းဆိုပြီး ခပ်​တည်​တည်​ပဲ ရှမ်းနယ်​အနှံ့မှာနယ်​လု
နေတဲ့လင်းပင်​နဲ့မြင်​စိုင်းမင်းသားတို့အ​ကြောင်းလုပ်​ကြံ
လီဆည်​တင်​ပြပြီး လက်​နက်​​တွေပါ​တောင်းတာပါ။

သုံးဆယ်​နယ်​မှာ သူကြီးဦးသဲ ကိုနယ်​ခံလူထုက​ထောက်​ခံ
တယ်​။ဒီသုံးဆယ်​နယ်​​လေးကဘာမို့လို့အင်္ဂလိပ်​က၀င်​ပါရ
မှာလည်း​မေးရင်​မှန်​ပါတယ်​။အင်္ဂလိပ်​အတွက်​သုံးဆယ်
နယ်​လေးဟာ ဘာမှ​တော့အ​ရေးမပါဘူး။ဒါ​ပေမဲ့ သုံးဆယ်
ပထ၀ီနဲ့တည်​​နေရာက​တော့ အင်္ဂလိပ်​၀င်​ပါရမယ့်​နေရာ
ဖြစ်​​နေပါတယ်​။ဘာလို့ဆို​တော့ ရှမ်းပြည်​ဟာ သုံးဆယ်
မြောက်​ပိုင်း နဲ့ အထက်​မြန်​မာပြည်​အကြား(ယ​နေ့အတိုင်း
အတာနဲ့တွက်​ရင်​ မိုင်​၁၀၀ ကီလိုမီတာ ၂၀၀ခန့်​အကွာအ​ဝေး)
အ​ရေးပါတဲ့ နွားဝန်​တင်​စခန်းဖြစ်​​နေတာ​ကြောင့်
အခုဆူပူနယ်​လုမှု​တွေ​ကြောင့်လမ်းပိတ်​​နေတာတစ်​နှစ်
ကျော်​လာခဲ့ပြီ။ဒီတစ်​နှစ်​အတွင်း မြင်းနဲ့လားဝန်​တင်​ခရီး
ခေါက်​​ရေ ၁​သောင်းခန့်​၊နွားဝန်​တင်​​ခေါက်​​ရေ၅​သောင်း
ခန့်​ ဟာ မိုင်းလုံက တစ်​ဆင့်​ကွေ့ပတ်​ပြီးသွား​နေရလို့
ခရီးလည်းဖင့်၊စရိတ်​လည်းကြီး၊​ဈေးလည်းတက်​ဖြစ်​​နေ
ခဲ့တယ်​။အဲ​တော့ဒီစရင်းကိုကြည့်ခြင်းအားလုံးဖြင့်သုံးဆယ်
နယ်​ကိုဖြတ်​သန်းပြီးဖြစ်​​ပေါ်​နေတဲ့စီးပွား​ရေး​ဈေးကွက်​ကို
ခန့်​မှန်းလို့ရ​လောက်​ပြီထင်​ပါတယ်​။

အဲဒီအချိန်​နဲ့တစ်​ပြိုင်​နက်​တည်းမှာပဲ အထက်​မြန်​မာပြည်
ဆိုင်​ရာ အတွင်းဝန်​ချုပ်​ သာကယ်​၀ှိုက်​(​နောင်​မှာ မြန်​မာ
ပြည်​ဒုတိယဘုရင်​ခံဖြစ်​လာသူ Sir Herbert Therkel
White)က အိန္ဒိယအစိုးရကိုရှမ်းပြည်​နဲ့ပက်​သက်​ပြီး
.....ကျွနု​ပ်​၏စာနှင့်အတူထည့်​ပေးလိုက်​​သော ​ကြေငြာ
ချက်​မူကြမ်းသည်​ မြန်​မာဝန်​ကြီးများနှင့်တိုင်​ပင်​၍​ရေး
သားထားခြင်းဖြစ်​​သော​ကြောင့်အထက်​မြန်​မာပြည်​ကို
သိမ်းပိုက်​ချိန်​ကမြန်​မာမင်းလက်​​အောက်​တွင်​ရှိ​သော
ရှမ်းနယ်​ပယ်​များစရင်းဟုယုံကြည်​ရပါသည်​။ကြေငြာ
ချက်​စာတမ်းကိုအ​ချောကိုင်​နိုင်​​အောင်​၀န်​ကြီးများသာ
မက ရှမ်း​ရေးရာကျွမ်းကျင်​​သော ပုဂ္ဂိုလ်​များနှင့်လည်း
ထပ်​မံ​ဆွေး​နွေးခဲ့ပါသည်​......ဆိုတာပါပဲ။

ရှမ်းနာမည်​​တွေဟာ မြန်​မာနာမည်​​တွေလိုပဲထပ်​တဲ့နာမည်
တွေရှိပါတယ်​။တော​တောင်​​တွေကို​ရှေ့ ထားပြီးနာမည်​​ပေး
တာမျိုးလည်းရှိတယ်​။ဥပမာ လွိုင်​(​တောင်​)နဲ့စတဲ့မြို့ရွာ
တွေ၊နမ့်(​ရေ)နဲ့စတဲ့မြို့ရွာ​တွေ၊ထမ်​(ဂူ)နဲ့စတဲ့ရွာ​တွေနဲ့
ဝမ့်(ရွာ)နဲ့စတဲ့ရွာ​တွေစသဖြင့်အများကြီးယ​နေ့အထိရှိ
ဆဲပါ။ဥပမာ မိုင်း ဆိုတာပြည်​၊နယ်​၊တိုင်း စသဖြင့်​ခေါ်
တာ​ဖြစ်​လို့ရှမ်းနယ်​အများအပြားမှာ မိုင်းနဲ့မိုး​​တွေပါ
နေတယ်​။မိုင်းကိုင်​၊မိုင်းရယ်​၊မိုင်း​နောင်​၊မိုင်းရှူး၊
မိုင်းပန်​၊မိုင်းပွန်​၊စတဲ့မိုင်းနဲ့စတဲ့မြို့​တွေရှိသလို
မိုးနဲ၊မိုးဗြဲ၊မိုးမိတ်​၊မိုး​မောက်​ စတဲ့မိုးနဲ့စတဲ့မြို့​တွေလည်း
ကရှိတယ်​။တကယ်​​တော့ အခု​ပြော​နေတဲ့မိုင်း၊မိုးဆိုတာ
မြန်​မာက​ခေါ်တာပါ။ရှမ်းကအဲလိုမ​ခေါ်ဘူး။မုန်း(Mong)
လို့​ခေါ်တာပါ။ဒါ​ကြောင့်မိုး​၊မိုင်းအမည်​​ပေါက်​မြို့ရွာ
အားလုံးရဲ့ မူလဇစ်​မြစ်​အမည်​မှန်​က မုန်းတစ်​ခုတည်း
သာဖြစ်​ပါတယ်​။

ရှေးတုန်းက အညာဗမာ က သူ​ခေါ်တတ်​သလို မိုးနဲ၊
မိုင်းကိုင်​၊လဲချား၊​ညောင်​​​ရွှေလို့​ခေါ်ခဲ့ရာက​နေနှုတ်​ကျိုး
ခဲ့ကြတာပါ။အမည်​မှန်​က မုန်းနိုင်း(မိုးနဲ)၊မုန်း​ကေ(န်​)
လိုင်းခ(မိုင်းကိုင်​လဲချား)​၊​ယောင့်​ဟွေ(​ညောင်​​ရွှေ)တို့သာ
ဖြစ်​ပါတယ်​။ဒါ​ကြောင့်လည်းအင်္ဂလိပ်​က သူ့မှတ်​တမ်း
မှာ မြန်​မာအ​​ခေါ်ကိုမထည့်သွင်းဘဲ ရှမ်းအသံအတိုင်း
အင်္ဂလိပ်​အက္ခရာနဲ့စာလုံး​ပေါင်းကာမှတ်​တမ်းတင်​ထား
ခဲ့တာ​တွေ့ရတယ်​။ဒါ​ကြောင့် Upper Burma Gazetteer
ဖတ်​ရင်​ပဲဖြစ်​ဖြစ်​ ရှမ်းပြည်​အတွက်​နာမည်
ကြီးဥပ​ဒေစာတမ်းကြီးဖြစ်​တဲ့ ယ​နေ့အထိအဲဒီဥပ​ဒေ
တွေကိုဆက်​လက်​အသုံးပြု​နေရဆဲဖြစ်​တဲ့ Shan State Manural
ဖတ်​ရင်​ပဲဖြစ်​ဖြစ်​ ခင်​ဗျားတို့ကျ​နော်​တို့
မ​သောက်​ဘဲမူးသွားမှာ​သေချာတယ်​။

နာမည်​​ပြောင်းအစိုးရလို့​​ပြောရမယ့်​အစိုးရက​နေ၀င်းအစိုး
ရဖြစ်​တယ်​။ပုံ​ပြောင်းမယ်​ နာမည်​​ပြောင်းမယ်​ဆိုရင်
သူ့ကို​ခေါ်။သူအဲဒီ​နေရာမှာပါရဂူ​မြောက်​ကျွမ်းကျင်​တယ်​။
ဒါ​ပေမဲ့သမိုင်း​ပြောင်းမယ်​ဆိုရင်​​တော့သူနဲ့မရဘူး။
သမိုင်း​ပြောင်းကျွမ်းကျင်​တာက ဒုတိယစစ်​တပ်​မင်းဆက်
နဲ့သူ့အလိုရိသမိုင်းဆရာ​တွေနဲ့မျိုးချစ်​ပုံပြင်​​ရေးဆရာ
တွေဖြစ်​ပါတယ်​။အခုနာမည်​​ပြောင်းကျွမ်းကျင်​တဲ့​နေ၀င်း
အစိုးရက လွိုင်​ကို ​ခေါ်ရလွယ်​​အောင်​ ဘယ်​က၀ိနဲ့တိုင်
ပင်​ပြီးဘယ်​လို​ပြောင်းလိုက်​တယ်​မသိရ​ပေမယ့် လွိုင်
ဟာ လွယ်​ဖြစ်​သွား​တယ်​။ကံ​ကောင်းသွားတာက
ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့​တော်​ပါ။မဟုတ်​ရင်
လွယ်​​ကော်​လို့ ခင်​ဗျားတို့ကျ​နော်​တို့ယ​နေ့ဖတ်​​နေ​ခေါ်​နေ
ရမှာ​သေချာတယ်​။လက်​ရှိမြင်​ရသ​လောက်​က​တော့
လွိုင်​​မွေဟာ လွယ်​​မွေ၊လွိုင်​လမ်​ ဟာ လွယ်​​လင်​၊စသဖြင့်
ဖြစ်​သွားတယ်​။သူ့ဘာသာစကားနဲ့သူ​ဝေါဟာရမှာ
သူ့အဓိပ္ပါယ်​နဲ့သူရှိ​နေတာ မြန်​မာစစ်​တပ်​ပညာမဲ့က၀ိ
တွေမသိဘူး။သူတို့သိတာ သူတို့​ခေါ်ရလွယ်​ဖို့နဲ့
Burmanizationအပင်းသွင်းနိုင်​ဖို့ပဲ။လင်​ ဆိုတဲ့မြန်​မာ
ဝေါဟာရ ဟာ များ​သောအားဖြင့် ခင်​ဗျားကျ​နော်​တို့
အ​မေရဲ့​ခင်​ပွန်းကို​ခေါ်တာပါ။ရှမ်းအ​ခေါ် လမ်​ သို့မဟုတ်
လယ်​(မ) LEMဆိုတာ ချွန်​​သော လို့အဓိပ္ပါယ်​ထွက်​ပါ
တယ်​။အဲ​တော့အဓိပ္ပါယ်​ဘယ်​​လောက်​ကွာဟသွားတယ်
ဆိုတာမြင်​သာမယ်​ထင်​ပါတယ်​။ဒါ​ကြောင့်ရှမ်းမှတ်​တမ်း
ကြီးကို​ရေးသားပြု စုခဲ့တဲ့ စ​ကော့က
......နယ်​တစ်​နယ်​မှာ လူသူကင်းမဲ့ကာ ကန္တရဖြစ်​​သည်
ဟုဆိုကြသည်​။တစ်​​နေရာနှင့်တစ်​​နေရာ ကျယ်​ပြန့်​စွာ
ကွာ​ဝေး​သော အမည်​တူ နယ်​နှစ်​နယ်​လည်းရှိ​သေးသည်​....
လို့မှတ်​တမ်းတင်​ခဲ့တာဖြစ်​ပါတယ်​။တကယ်​​တော့၂နယ်
မကဘူး။ရှမ်း​တောင်​ကလွယ်​လုံရှိသလို ရှမ်း​မြောက်​က
ဝ​စော်​ဘွားတစ်​ဦးအုပ်​ချုပ်​တဲ့လွယ်​လုံ ရှိသလို ယိုဒယား
မှာလည်းလွယ်​လုံရှိတယ်​။အောက်​သထုံရှိသလို ရှမ်းသထုံ
ရှိတယ်​။ဒါ့အပြင်​ ပင်​လုံ လွိုင်​လင်​ နမ့်စံတို့လည်းရှိ​သေး
သလို သာယာဝတီနယ်​က သုံးဆယ်​နဲ့ရှမ်းပြည်​​မြောက်​ပိုင်း
ဆမ်​ဆယ်​(သုံးဆယ်​)လည်းရှိပါ​သေးတယ်​။ဒါကဗဟုသုတ
အ​နေနဲ့ကြုံ တုန်းတင်​ပြတာပါ။

အဲ့​တော့သုံးဆယ်​နယ်​လုပွဲ​ကြောင့်ကုန်​သွယ်​​ရေးထိခိုက်
လာတဲ့အခါ အင်္ဂလိပ်​၀င်​ပါရတယ်​။ဒါ​ကြောင့် ​ဂေါ်ရခါး
သေနတ်​ကိုင်​တပ်​ရင်း၃က စစ်​သည်​အင်​အား၂၀၀ခန့်​နဲ့
တပ်​ရင်းမှူး ကာနလ်​စတဒ်​မန်း(Col.Stedman)ကိုယ်
တိုင်​ ကွပ်​ကဲပြီး ၁၈၈၆ နိုဝင်​ဘာလ၈ရက်​​နေ့ သီ​ပေါပါပြီး
၃၄၅ရက်​အကြာမှာ မန္တ​လေးအ​ရှေ့ ​မြောက်​ ဇီးပင်းက​လေး
စခန်းက​နေ စတင်​ပြီးချီတက်​ပါ​တော့တယ်​။တပ်​နဲ့အတူ
နိုင်​ငံ​ရေးအရာရှိ အတွင်းဝန်​ချုပ်​သာကယ်​လ်​၀ှိုက်​ကိုယ်
တိုင်​လိုက်​ပါခဲ့တာကိုကြည့်ခြင်းအားဖြင့်​ ဒီခရီးရဲ့ အ​ရေး
ကြီးပုံကိုခန့်​မှန်းမိ​လောက်​မယ်​လို့ထင်​ပါတယ်​။

ရှမ်း​စော်​ဘွား​တွေရဲ့ အာဏာ​မက်​မှုက​ကြောင့်လူထုနဲ့ရပ်​ရွာ
တွေမီး​လောင်​ပြင်​ဖြစ်​ခဲ့ရပုံ​တွေကို​နောက်​တစ်​ပိုင်းမှာ
ဆက်​လက်​တင်​ပြသွားပါ့မယ်​။


https://m.facebook.com/story.php?story_fbid=138176540657886&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.. ..၂”

Post a Comment

Related Posts Plugin for WordPress, Blogger...