Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.. ..၃

,
ကာနယ်​လ်​စတဒ်​မန်းနဲ့တပ်​ဖွဲ့သုံးဆယ်​ကို​ရောက်​တဲ့အခါ
ဟိန်​ဆိုင်းကိုမ​တွေ့ရလို့လာ​တွေ့ဖို့​အကြိမ်​ကြိမ်​​ခေါ်တာ
တောင်​မလာဘဲ​နေတယ်​။ဒေသခံလူထုကလည်းဟိန်​ဆိုင်း
မှဟိန်​ဆိုင်းဖြစ်​​နေတာကိုကြည့်ခြင်းအားဖြင့် ဒီအုပ်​ချုပ်
သူ ဟိန်​ ဟာ လူထုအ​ပေါ်အ​တော်​သြဇာလွှမ်းမိုးထားတာ
ထင်​ရှား​နေတယ်​။သီ​ပေါ်​စော်​ဘွားတူ ခွန်​မိတ်​က​တော့
နောက်​လိုက်​​နောက်​ပါ​တွေနဲ့ သီ​ပေါနယ်​စပ်​ဂုတ်​ထိပ်
အထိလာပြီးအင်္ဂလိပ်​ကိုကြိုဆိုပါတယ်​။အဲဒီ​နောက်
အိုးစည်​ဗုံ​မောင်း​တွေတီးပြီးသုံးဆယ်​မြို့ထဲကို ​ဂေါ်ရခါး
စစ်​တပ်​၀င်​လာ​နေတာကို နယ်​သူနယ်​သား​တွေရပ်​ကြည့်
နေကြတယ်​။အင်္ဂလိပ်​အတွင်းဝန်​သာကယ်​၀ှိုက်​က
အ​သေးစိပ်​စုံစမ်း​လေ့လာပြီးတဲ့အခါ ​ဒေသခံ​တွေကြည်​ညို
တဲ့ဟိန်​ဆိုင်းကိုပဲနယ်​စားခန့်​ဖို့​ထောက်​ခံတဲ့အစီရင်​ခံစာ
အထက်​ကို​ရေးတင်​ခဲ့တယ်​။

၁၈၈၆ ဒီဇင်​ဘာလကုန်​ပိုင်းမှာ မန္တ​လေးကိုနယ်​လှည့်လာ
တဲ့ မဟာဝန်ရှင်​​တော်​မင်းကြီး Sir Chrles Bernardက
သီ​ပေါ​စော်​ဘွားစ၀်​ခွန်​ဆိုင်​ကိုဖိတ်​တဲ့အခါ မြန်​မာမင်းကို
မ​တွေ့ချင်​လို့​ရှောင်​​ပြေးခဲ့တဲ့​စော်​ဘွားဟာ အခု​တော့
မယား​တွေ ​မောင်းမမိဿံ တစ်​​ထောင်​​ကျော်​နဲ့ခမ်းခမ်း
နားနားကြွချီပြီး ၁၈၈၇ခုနှစ်​ ဇန်​န၀ါရီလ ၂၇ရက်​​နေ့မှာ
မန္တ​လေးကိုဝင်​​ရောက်​လာတယ်​။အင်္ဂလိပ်​ကလည်းစစ်
ဘင်​ခရာအဖွဲ့ဦး​ဆောင်​ပြီး မန္တ​လေးမြို့တွင်းကိုကြိုဆို​ခေါ်
ဆောင်​လာစဉ်​ လမ်းတစ်​​လျှောက်​မှာအင်​အား၁၅၀ခန့်
ရှိတဲ့ဂုဏ်ပြု​မင်းစီးတပ်​ခွဲတစ်​ခွဲက ခမ်းနားစွာအ​လေးပြု
ခဲ့ကြတယ်​။အိန္ဒိယမဟာရာဂျာ​တွေကို​ချော့လိုက်​​ခြောက်
လိုက်​ ​ကျောသပ်​လိုက်​နဲ့ပုံစံအမျိုးမျိုးခင်းပြီး​ပေါင်းလာ
တဲ့ အင်္ဂလိပ်​ဟာ သီ​ပေါ​စော်​ဘွားကို ၁လ ​လောက်​​နေထိုင်
စေပြီးဧည့်ဝတ်​​ကျေပြွန်​လိုက်​တယ်​။လွန်​ခဲ့တဲ့၃နှစ်​ခန့်
က ကြိုးမိန့်​ကျအကျဉ်းသားကို သူကိုယ်​တိုင်​နှယ်​နှင်​ခဲ့ပြီး
အခု​တော့ ​စော်​ဘွားအ​ဆောင်​အ​ယောင်​နဲ့ခမ်းခမ်းနားနားကြို ဆို
နေတဲ့အင်္ဂလိပ်​ရဲ့ ရာဇပရိယာယ်​ဆိုတာဒါပဲ။ဒါ့အပြင်
စော်​ဘွားကို ၁၀နှစ်​ အခွန်​​ပေးသွင်းခြင်းက​နေ ကင်းလွတ်
ခွင့်ပြုလိုက်​ပါတယ်​။ဒါဟာ သီ​ပေါ​စော်​ဘွားတစ်​​ယောက်
တည်းကိုကွက်​ပြီး​ပေးတဲ့အထူးအခွင့်အ​ရေးပါ။အဲဒီ
နောက်​ ထပ်​ပြီး မိုင်းလုံ၊သုံးဆယ်​နယ်​​တောင်​ဘက်​ကမိုင်းတုံ
နယ်​​တွေကို​ပေးပါ​သေးတယ်​။အခွင့်အ​ရေး​တွေ​ပေးပြီးတဲ့
နောက်​ ဗြိတိသျှဟာတာဝန်​ကိုပါ​ တစ်​ပါတည်းထည့်
ပေးပြန်​တယ်​။အင်္ဂလိပ်​ကိုပုန်​ကန်​​နေတဲ့မိုင်းလုံမြို့စား
င​မောင်​ကို အခုချိန်​ကစပြီး၂လအတွင်းသီ​ပေါ​​စော်​ဘွား
ကိုယ်​တိုင်​ဖမ်းအပ်​ဖို့နဲ့မန္တ​လေးကအပြန်​၁၅ရက်​အတွင်း
မိုင်းတုံနယ်​ကိုတိုင်းခန်းလှည့်လည်​ဖို့ပါပဲ။

အဲလိုနဲ့ အင်္ဂလိပ်​က သီ​ပေါ​စော်​ဘွားကို ဆနဒ်​​ ​စော်​ဘွား
ခန့်​အပ်​လွှာ​ပေးအပ်​တယ်​။အဲဒီမှာ​ မြန်​မာဘုရင်​ကျွန်​​တော်
မျိုးဖြစ်​သည့်အတိုင်းဆိုတဲ့စာ​ကြောင်းပါလာတဲ့အခါ
စော်​ဘွားကခါးခါးသီးသီးငြင်းဆန်​​နေလို့မနည်း​ဖျောင်း
ဖျနားချခဲ့ရပါ​သေးတယ်​။ဆနဒ်​ဆိုတာဘာလဲ။
ဆနဒ်​ဆိုတာ အာရဗီစကားဖြစ်​တယ်​။အစဉ်​အဆက်​၊
အ​ထောက်​ထားစသဖြင့်အဓိပ္ပါယ်​ထွက်​ပါတယ်​။အိန္ဒိယ
မှာလည်း မဟာရာဂျာ​တွေအားလုံးကို ဒီအတိုင်းပဲသုံး
တယ်​။မြန်​မာလိုအလွယ်​​ပြောရရင်​ ခန့်​စာဖြစ်​​ပေမယ့်
ဆနဒ်​ ဆိုတဲ့ အာရဗီ​ဝေါဟာရ က ခန့်​စာလို့​အဓိပ္ပါယ်
မထွက်​ဘူး။ဥပမာ ဆနဒ်​ဆိုတဲ့​ဝေါဟာရကို ဟဒီးဆ်​ကျမ်း
တွေမှာ​တွေ့ရတယ်​။တမန်​​တော်​မိုဟာမက်​ရဲ့ စကား​တွေ
ကို စု​ဆောင်းမှတ်​တမ်းတင်​ထိန်းသိမ်းပြု စုထားတဲ့
ကျမ်းစာအုပ်​ကို ဟဒီဆ်းကျမ်းစာအုပ်​လို့​ခေါ်တယ်​။
အစ္စလာမ်​ကမ္ဘာတစ်​ခုလုံးသ​ဘောတူညီမှုနဲ့ဆုံးဖြတ်​အတည်
ပြုထားတဲ့ဟဆီဒ်းကျမ်းကြီးက၆ကျမ်းရှိတယ်​။ဟဒီဆ်း
တစ်​ပုဒ်​မှာ ၂ပိုင်းရှိတယ်​။ဟဒီဆ်းတစ်​ပုဒ်​ကို စဖွင့်တာ
ဆနဒ်​နဲ့ဖွင့်တယ်​။ဒုတိယ ပိုင်းက ​အ​ကြောင်းအရာဖြစ်
တယ်​။အဲဒီဆနဒ်​ဆိုတာ အဲဒီဟဒီဆ်းရဲ့ အ​ကြောင်းအရာ
မှန်​ကန်​​ကြောင်း အ​ထောက်​ထားအစဉ်​အဆက်​အဖြစ်
ရာဝီ(ဆင့်ပြန်​သူ)တစ်​ဦးချင်းစီးနာမည်​အပြည့်အစုံ
ယုံကြည်​ချက်​နဲ့တကွ​ဖော်​ပြပြီးကာမှအ​ကြောင်းအရာ
က​(မသန်​)အ​နေနဲ့ ​အောက်​မှာလာတယ်​။ဟဒီဆ်းရဲ့ 
ခိုင်​မာမှု၊မခိုင်​မာမှုကို အစ္စလာမ်ဟဒီဆ်းပညာရှင်​​တွေက
အဲဒီဆနဒ်​နဲ့အဓိကထားပြီးစစ်​​ဆေးပါတယ်​။အဲ​တော့
ဒီဆနဒ်​နဲ့ အခု​စော်​ဘွား ဆနဒ်​က ​ဝေါဟာရတူ​ပေမယ့်
အဓိပ္ပါယ်​အားဖြင့်မတူ​ကြောင်း မူရင်းအာရဗီဘာသာ
စကားရဲ့ ဇစ်​မြစ်​ကို​တင်​ပြလိုက်​တာပါ။

ဆာချာလ်းဘာနဒ်​နဲ့အတူ ရှမ်းအ​ရေးပိုင်​အဖြစ်​လျာထား
ခံရသူ R.H.Pilcher လည်းမန္တ​လေးကိုပါလာခဲ့တယ်​။
Pilcherဟာ မြန်​မာမင်း​ခေတ်​က ဗြိတိသျှအစိုးရရဲ့ 
သံမှူးအဖြစ်​အမှုထမ်းခဲ့သူဖြစ်​ပြီး အထက်​နဲ့​အောက်​မြန်​မာ
ပြည်​ရဲ့ နယ်​ခြားမျဉ်းဖြစ်​တဲ့ သရက်​ခရိုင်​မှာခရိုင်​၀န်​အဖြစ်
လည်း​ဆောင်​ရွက်​ဖူးသူဖြစ်​ပါတယ်​။ဘာသန္တရ​လေ့လာ
လိုက်​စားသူ၊ရှမ်းနဲ့မြန်​မာစကားကိုကျွမ်းကျင်​သူလည်း
ဖြစ်​ပြီး သူက ​သီးသန့်​ရုံးတစ်​ရုံးဖွင့်ပြီး ရှမ်းနဲ့ပက်​သက်​တဲ့
မှတ်​တမ်း​တွေ၊မှတ်​စု​တွေ၊မြန်​မာအရာရှိ​တွေဆီကစုံစမ်း
မေးမြန်းရတဲ့အချက်​အလက်​​တွေ၊အ​ကြောင်းအမျိုးမျိုး
ကြောင့်မန္တ​လေးကို​ရောက်​လာတဲ့ရှမ်း​စော်​ဘွား နယ်​စား
မြို့စား​တွေနဲ့​ဆွေ​တော်​မျိုး​တော်​​တွေဆီချဉ်းကပ်​​မေးမြန်း
ထားသမျှအားလုံးကိုစုစည်းပြီး စာတစ်​အုပ်​​ရေးတယ်​။
ပ​ဒေသရာဇ်​​နယ်​ရှင်​​တွေရဲ့ နာမည်​၊​ဆွေစဉ်​မျိုးဆက်​၊
ရှမ်းလူမျိုး​တွေအ​ကြောင်း၊ယဉ်​​ကျေးမှုနဲ့ဓ​လေ့စရိုက်
တင်​မက အကျင့်အကြံ​တွေကိုပါထည့်သွင်းပြု စုခဲ့
တာ​ကြောင့် ​နောင်​အခါမှာအင်္ဂလိပ်​​တွေလက်​စွဲပြုရတဲ့
ရှမ်းပြည်​လက်​စွဲလို့လည်း​ခေါ်ရတဲ့စာအုပ်​ကြီး၊အဲဒီ
စာအုပ်​မှတ်​တမ်းကြီးကို တစ်​လက်​ပြီးတစ်​လက်​​ပြောင်း
စဉ်​ အသစ်​ဖြည့်စွက်​ခဲ့ကြတာ​ကြောင့်​နောက်​ဆုံးမှာ
စော်​ဘွားတစ်​ဦးချင်းစီရဲ့ ကိုယ်​​ရေးအတ္ထု ပ္ပတ္တိအ​သေးစိပ်
ပါ ပါဝင်​တဲ့ အင်​မတန်​တန်​ဖိုးရှိတဲ့စာအုပ်​ကြီးဖြစ်​လာခါ
အုပ်​ချုပ်​​ရေးအရာရှိအဆက်​ဆက်​ ယ​နေ့ ဒီ​စာ​ရေး​နေ
ချိန်​အထိ မြန်​မာဖွတ်​ကျား​အစိုးရ​တွေကိုယ်​တိုင်
စွန့်​လို့မရ​သေးတဲ့ ကျမ်းစာအုပ်​ကြီးလည်းဖြစ်​၊ဥပ​ဒေ
မှတ်​တမ်းကြီးလည်းဖြစ်​၊ရှမ်းပြည်​လမ်းညွှန်​၊ရှမ်းပြည်​လက်​စွဲ၊
ရှမ်းပ​ဒေသရာဇ်​လမ်းညွှန်​စသဖြင့် အမျိုးမျိုး​ခေါ်လို့
ရတဲ့ Shan States Mannual ဆိုပြီးဖြစ်​လာခဲ့​တော့
တာပါပဲ။

၁၈၈၆ ​မေလထဲမှာ အခု​ပြောတဲ့ Pilcher ထံကိုလိပ်​စာ
မပါ​တဲ့သ၀ဏ်​တစ်​​စောင်​ကို ​ညောင်​​ရွှေ​စော်​ဘွားကြီး
စ၀်​အုံရဲ့ အတွင်းဝန်​ဆိုသူကိုယ်​တိုင်​ယူ​ဆောင်​လာတယ်​။
........ပ​ဒေသရာဇ်​ မျိုးရိုးနှင့်တကွ ရှမ်းနယ်​ပယ်​များကို
နေမြဲအတိုင်းထားပါ။ကျွန်ုပ်​တို့အားခိုလှုံခွင့်ပြုပါ။နယ်
ရှင်​အချို့သည်​ မြန်​မာမင်းညီမင်းသားအမည်​များကို
အသုံးပြု၍ အခြား​သောနယ်​များကိုသိမ်းပိုက်​စိုးမိုးရန်
ကြံရွယ်​ခဲ့ပြီး ကြံရွယ်​ဆဲလည်းဖြစ်​ပါတယ်​။ကျွနု​ပ်​တို့၏
အမျိုးဘာသာ သာသနာကိုကာကွယ်​​စောင့်​ရှောက်​​ပေးပြီး
ကျွနု​ပ်​တို့ဘာလုပ်​ရမည်​ကို အမိန့်​ရှိပါ......ဆိုတာပါပဲ။
အဲဒီအတွင်းဝန်​နဲ့ပီချာ ဘာ​တွေထပ်​​ပြောတယ်​ဆိုတာ
တော့မှတ်​တမ်းတင်​မထားလို့မသိရဘူး။ဒါဟာ
စော်​ဘွားကိုယ်​တိုင်​အင်္ဂလိပ်​ကို အားကိုးသမှုပြုပြီး
အ​ဖေ ​ခေါ်လိုက်​တာပဲ။

ညောင်​​ရွှေ​စော်​ဘွားရဲ့ အတွင်းဝန်​ဟာ ဒီသ၀ဏ်​လွှာနဲ့အတူ
မန္တ​လေး​ရောက်​တဲ့အချိန်​ဟာ ​မေလဖြစ်​လို့ မုတ်​သုံ​လေ
ဦးနဲ့အတူမိုးစက်​​တွေညာသံ​ပေး​နေပါပြီ။မိုး​ကောင်​ကင်
ပေါ်မှာမိုးတိမ်​စုဖွဲ့မိပြီဆိုတာနဲ့ အမြင့်​ပေ ၄၀၀၀မှသည်
၈၀၀၀​ကျော်​အထိရှိတဲ့ ရှမ်းကုန်​​မြေမြင့်​ကြီး​ပေါ်ကို
အရင်​သွန်​ချခဲ့တာ ဘူမိ​ဗေဒတွက်​ကိန်းအရ လွန်​ခဲ့တဲ့
နှစ်​သန်း​ပေါင်း၉၀၀၀​ကျော်​ကတည်းကပါပဲ။အဲဒီလို
ရှမ်းကုန်း​မြေမြင့်​ပေါ်မှာ မိုးရိပ်​ခို(Rain Shadow) တာ
ကြောင့်အလယ်​ပိုင်းတိုင်းလွင်​ပြင်​ကြီး(မန္တ​လေးတိုင်​၊မ​ကွေး
တိုင်း၊စစ်​ကိုင်းတိုင်း)တစ်​ခုလုံးမိုးမရွာတာလည်း လွန်​ခဲ့
တဲ့နှစ်​သန်း​ပေါင်း၉၀၀၀​ကျော်​ကတည်းကပါပဲ။Rain
Shadowအ​ကြောင်းကို ခင်​ဗျားတို့ကျ​နော်​တို့၉တန်းမှာ
သင်​ကြရမှာပါ။အဲဒီ၉တန်းသင်​ခန်းစာကိုမ​ကျေညက်​လို့
လား​တော့မသိဘူး အ​နော်​ရထာ​ခေတ်​က ပုဂံစည်​ပင်​တယ်
သစ်​ပင်​​တွေ​ပေါတယ်​ ဘာညာသာရကာ​လျှောက်​​ပြောပြီး
မကြီးကျယ်​ကြီးကျယ်​​အောင်​ပုံ​ပြောတတ်​တဲ့သမိုင်းပညာ
ရှင်​​တွေလည်း အခုထိရှိဆဲပဲ။အဲ​တော့အခုလိုမိုးဦး​လေဦး
မှာခုန်​ဆင်းလာမယ့်မိုး​ရေစက်​​တွေဟာ သက်​သက်​ညှာ
ညှာရှိလိမ့်မယ်​မထင်​နဲ့။၁၈၈၆တုန်းက ရှမ်း​တောင်​တန်း
ဟာ သစ်​ပင်​​တွေနဲ့​တောထ​နေတဲ့တကယ့်အပျို စစ်​စစ်
ပါကင်​​တောအုပ်​ပါ။ဘယ်​အမျိုးသားဖက်​ဆစ်​​တွေက
မှ မုဒိမ်းမကျင့်ရ​သေးဘူး။မတို့ထိရ​သေးဘူး။သဘာဝ
သစ်​ပင်​ကြီး​တွေစိမ်းစိမ်းစိုစိုနဲ့ရှမ်းကုန်း​မြေမြင့်ကြီးကို
အခု​အချိန်​ စိတ်​မျက်​စိထဲမြင်​​ယောင်​စိတ်​ကူးယဉ်​ကြည့်
လို့​တောင်​ရနိုင်​မှာမဟုတ်​တဲ့ ​တောင်​တန်း​ပေါ်မှာလမ်းပန်း
ဆက်​သွယ်​​ရေးခက်​ခဲတာနဲ့အမျှ ​ရောဂါဘယလည်းထူ
ပြောမှာဖြစ်​တဲ့ရာသီ၊တစ်​ခါ အဲဒီအချိန်​က ရှမ်းပြည်​မှာ
နွားလှည်း​တောင်​မ​ပေါ်​သေးလို့ ကုန်​စည်​ပို့​ဆောင်​​ရေး
အတွက်​အဓိကယာဉ်​ဟာ ၀န်​တင်​လားတိရစ္ဆာန်​​တွေနဲ့
ဝန်​တင်​နွားတိရစ္ဆာန်​​တွေပဲရှိကြတာပါ။အဲ​တော့လှည်း
လမ်း​တောင်​မ​ပေါက်​​သေးဘူးဆိုတာမြင်​သာပြီထင်​ပါတယ်​။
ဒါ​ကြောင့်တိရစ္ဆာန်​တို့ရဲ့ ကျမ်းမာ​ရေးကိုပါထည့်တွက်​ရမှာ
ဖြစ်​ပြီးတစ်​ပြိုင်​နက်​တည်းမှာပဲ ​ကျောက်​ဆည်​နယ်​မှာ
အ​ခြေစိုက်​ထားတဲ့ ဗြိတိသျှစစ်​စခန်းမှာလည်းစစ်​သည်
အင်​အားကနည်း​နေတယ်​။ဒီအ​ခြေခံ Errors ​တွေရှိ​နေ
လို့ ပီချာ က ဘားနဒ်​ သ​ဘောတူညီချက်​နဲ့​​ညောင်​​ရွှေ
စော်​ဘွားဆီ စာရှည်​တစ်​​စောင်​​ရေးပြီးပြန်​ကြားလိုက်​တယ်​။
........ရှမ်းနယ်​ကိစ္စအတွက်​အရာရှိတစ်​ဦးလွှတ်​မယ်​၊
သူနဲ့အတူတပ်​ဖွဲ့တစ်​ခုပါမယ်​။ငြိမ်းချမ်း​ရေးကိုအား​ပေး
မယ်​။တစ်​နယ်​နဲ့တစ်​နယ်​ရန်​စကျူး​ကျော်​တာမလုပ်​ဖို့၊
မြန်​မာမင်း​လောင်းကိုလက်မ​ခံဖို့၊အကယ်​၍ အဲဒီ
မင်း​လောင်းကိုဖမ်းပို့ရင်​ဆုလာဘ်​​တော်​​တွေ​ပေးမယ်​၊
အင်္ဂလိပ်​အစိုးရဟာရှမ်းနဲ့စစ်​ဖြစ်​ချင်​စိတ်​လုံးဝမရှိပါ၊
ဘုန်း​တော်​​သောက်​ရမ်း​သောက်​ရမ်းကြီးတဲ့ဧကရီ
ဗစ်​တိုရီးယားသခင်​မကြီးရဲ့ ​ရေခဲ​ရေလို​အေးစက်
နေတဲ့ ​မေတ္တာအရိပ်​အာဝါသအမိုးအကာကြီး​အောက်​မှာ
ရှမ်းတစ်​မျိုးသားလုံး​အေးစက်​​နေတာမြင်​ချင်​​ကြောင်း၊
၂နှစ်​၃နှစ်​အတွင်း ရမည်းသင်း၊​ကျောက်​ဆည်​နယ်​ကို
ဖြတ်​ပြီးမန္တ​လေးကိုမီးရထားလမ်း​ဖောက်​မှာဖြစ်​​ကြောင်း၊
ဒါ​ကြောင့် ဆား ငါးပိ ၀ါနဲ့အခြားကုန်​ပစ္စည်း​တွေရှမ်းနယ်
ကိုစုန်​ဆန်​ပို့​ဆောင်​နိုင်​​တော့မှာဖြစ်​​ကြောင်း.......စသဖြင့်
ရေးသားထားတယ်​။

အဲဒီက​နေစတင်​ပြီး ဗြိတိသျှ​တွေဟာ ကျ​နော်​​ရှေ့ ပိုစ့်
တွေမှာ သမိုင်းစာတမ်းပုံစံနဲ့တင်​ပြခဲ့တဲ့ အင်း​လေးရွာမှာ
ဗဟိုရုံးစိုက်​ရာမြို့တည်​ဖို့လျာထားခဲ့တယ်​။တည်​ချင်
လောက်​​အောင်​လည်း ​ညောင်​​ရွှေ​စော်​ဘွားက ဒူး​ထောက်
ထားပြီဖြစ်​​နေတာပါပဲ။အခုလိုအင်္ဂလိပ်​ဆီခိုဝင်​လာတာ
ညောင်​​ရွှေ​​စော်​ဘွားတစ်​ဦးတည်းမထင်​နဲ့။မိုးဗြဲ​စော်​ဘွား
ခွန်​ယုံး နဲ့ ရွာငံနယ်​စားတို့လည်းပါတယ်​။မိုြး​ဗဲဆိုတာ
ကရင်​နီနယ်​စပ်​ရှမ်း​တောင်​ဘက်​စွန်းမှာရှိတာပါ။နယ်​သား
တွေက ကရင်​နီနဲ့ပ​ဒေါင်​​တွေပါ။ကရင်​နီနယ်​ကလူ​တွေ
ကမိုးဗြဲကိုမကြာခဏ၀င်​၀င်​တိုက်​ပြီးလူ​တွေဖမ်း​ခေါ်သွား
နေတာ​ကြောင့်အင်္ဂလိပ်​ကိုအကူအညီ​တောင်းတာပါ။
မြန်​မာမင်း​ခေတ်​က မိုြး​​ဗဲမှာမြန်​မာကင်းတပ်​နဲ့အတူ
စစ်​ကဲကြီးတစ်​ဦးလည်းရှိတယ်​။ဒီစစ်​ကဲဟာ​မြေလပ်​၀န်
လည်းဖြစ်​ပါတယ်​။ဒါ​ပေမဲ့သီ​ပေါပါပြီးမြန်​မာကင်းတပ်
မရှိ​တော့တဲ့အခါ အကာကွယ်​မဲ့ဘ၀နဲ့ကရင်​နီ​တွေပြု
သမျှခံ​နေရတယ်​။မိုးဗြဲနယ်​ဟာသမိုင်းမှာဘယ်​တုန်းကမှ
ငြိမ်းသက်​ခဲ့တယ်​ဆိုတာမရှိဘူး။နောက်​ကြုံတဲ့အခါ
အကျယ်​​ပြောပါ့မယ်​။

ရွာငံနယ်​စားကနယ်​လုခံရလို့တိုင်​တာဖြစ်​ပါတယ်​။ရွာငံ
နယ်​က ကွယ်​လွန်​သူမြို့စားငယ်​ရဲ့ ဦး​လေးနဲ့အဘိုးတို့
ဟာ မင်းစည်းစိမ်​ကိုသူရထိုက်​တယ်​ငါရထိုက်​တယ်​နဲ့
အငြင်းပွား​နေကြတယ်​။ရွာငံဟာ ​ကျောက်​ဆည်​မြန်​မာ
နယ်​နဲ့ ဆက်​​နေတာ​ကြောင့် မန္တ​လေးနဲ့နီးတယ်​။ရွာငံ
ကျောက်​ဆည်​ မန္တ​လေး လမ်းဆိုတာမြန်​မာပ​ဒေသရာဇ်
သမိုင်းတစ်​​လျှောက်​ရှမ်း​တောင်​တန်းနဲ့ပက်​သက်​လာတိုင်း
ပါ​နေရတဲ့လမ်း​ကြောင်းကြီးပဲဖြစ်​ပါတယ်​။ဒါ​ကြောင့်ပဲ
၁၈၉၅ခုနှစ်​မှာ အင်္ဂလိပ်​ဟာ ရွာငံနယ်​ကို​ကျောက်​ဆည်
ခရိုင်​ထဲ​ပေါင်းထည့်​လိုက်​တယ်​။

အဲအချိန်​ မိုးလှိုင်​နယ်​စားမျိုးရိုးထဲက စ၀်​ခမ်းလှိုင်​တစ်
ယောက်​အင်္ဂလိပ်​ဆီချဉ်းကပ်​ပြီး မိုးမိတ်နယ်​​စော်​ဘွား
အဖြစ်​သူ့ကိုခန့်​ဖို့ဆွယ်​တယ်​။မိုးလှိုင်​နဲ့မိုးမိတ်​ဟာနယ်​ချင်း
ဆက်​​နေရုံမက လူ​တွေက ​လည်း​ဆွေမျိုးရင်းခြား​တွေပါ။
အင်္ဂလိပ်​မတက်​ခင်​​လေးမိုးမိတ်​​စော်​ဘွားကွယ်​လွန်​သွားလို့
သား​တော်​စ၀်​ခမ်း​မောင်​က အရွယ်​မ​ရောက်​​သေးလို့
ရင်​ခွင်​ပိုက်​အုပ်​ချုပ်​​နေခဲ့တယ်​။အင်္ဂလိပ်​၀င်​လာတဲ့အခါ
ဒါဟာအကွက်​​ကောင်းပဲလို့မြင်​ပြီး မန္တ​လေး​ရောက်​စ၀်​ခမ်း
လှိုင်​တစ်​​ယောက်​ ဖျာဝင်​ခင်းဖို့ကြိုးစားတယ်​။မန္တ​လေး
မြို့သိမ်းတိုက်​ပွဲမှာပါဝင်​ခဲ့တဲ့ Capt.Adamson က
သူ့ကိုမိုးမိတ်​​စော်​ဘွားကြီးအဖြစ်​ခန့်​အပ်​တဲ့ဆနဒ်​​ပေး
လိုက်​လို့ အဲဒီဆနဒ်​ကြီးရင်​၀ယ်​ပိုက်​ပြီးမိုးမိတ်​ကိုအ​ပြေး
အလွှား​ တက်​သွားတဲ့အခါ ရင်​ခွင်​ပိုက်​ကလက်​မခံဘူး။
နယ်​ထဲ​တောင်​၀င်​ခွင့်မ​ပေးဘဲ ခုခံ​နေတယ်​။ဒါ​ကြောင့်
စ၀်​ခမ်းလှိုင်​တစ်​​ယောက်​ သူအားကိုးရာ အင်္ဂလိပ်​ကို
၁၈၈၆ ​မေလ ထဲမှာပဲ အကူအညီလှမ်း​တောင်း​တော့
ပါးနပ်​တဲ့အင်္ဂလိပ်​ကလည်းအ​ခြေ​နေကိုအကဲခတ်​မိပြီး
မသိသလို​နေလိုက်​တယ်​။

အဲဒီလိုပဲ ရှမ်းပြည်​​တောင်​ပိုင်းသထုံနယ်နဲ့ကပ်​လျက်
တန်​ဖက်​နယ်​က အခွန်​​ပေးသွင်းဖို့ပျက်​ကွက်​လို့၁၈၈၂
ခုနှစ်​ကနယ်​စားအဖြစ်​ကပြုတ်​ကျခဲ့ရပြီး မန္တ​လေးမှာ
ဆင်းဆင်းရဲရဲနဲ့လာ​နေ​နေရတဲ့နယ်​စားခွန်​နုကလည်း
ဒီအတိုင်းပဲ။အင်္ဂလိပ်​​ခေတ်​မှာအ​လျှောက်​​ကောင်းလို့
ထောက်​ပံ့​ကြေးချီးမြင့်ခံရကာ အင်္ဂလိပ်​စကားပြန်​အဖြစ်
အသုံး​တော်​ခံ​နေတယ်​။

သီ​ပေါနန်းတက်ပြီးစ​​မန္တ​လေးအ​ခြေ​နေကလည်းလုံးဝ
မ​ကောင်း​တော့ဘူး။သီ​ပေါကို​လေးစားခန့်​ညား​ကြောက်​ရွှံ
မယ့်သူတစ်​ဖြည်းဖြည်းနည်းနည်းလာတယ်​။နယ်​စပ်
တွေနဲ့ဗဟိုအာဏာလက်​လှမ်းမမီရာ​ဒေသ​တွေမှာပုန်​ကန်
ခြားနားတာ လုယက်​တာ​တွေဖြစ်​လာ​နေပါတယ်​။အ​ခြေ​နေ
ပေးတာနဲ့ကိုယ်နယ်​မှာကိုယ်​ရာဇဘိ​သိက်​ခံပြီးတစ်​ထီး
တစ်​နန်းစိုးစံ​နေကြသလိုအခြားနယ်​ကိုစစ်​ပြု တိုက်​ခိုက်
တာမျိုးလည်းရှိပြီးမနိုင်​ရင်​မြို့ရွာ​တွေကိုဖျက်​ဆီးပစ်​ခဲ့
ကြတယ်​။

အဲဒီအချိန်​မြန်​မာဗဟိုအစိုးရနဲ့​ရောရှမ်း​တောင်​ရှမ်း​မြောက်
တို့နဲ့ပါခပ်​​ဝေး​ဝေးမှာရှိ​နေတဲ့ရှမ်းအ​ရှေ့ ကျိုင်းတုံအ​ခြေ​နေ
ဟာလည်းဆိုးရွားလာ​နေခဲ့တယ်​။ကျိုင်းတုံဟာ​ရှေးကတည်း
က​ဝေးလွန်းလို့ အ​ဝေးကင်းစခန်းမြို့လို့သမုတ်​ခဲ့တာပါ။
အဲအချိန်​နယ်​ချဲ့လာ​နေတဲ့ပြင်​သစ်​ရဲ့ တုံကင်းနယ်​နဲ့
ကျိုင်းတုံဟာကပ်​လာတယ်​။ဒါအဲဒီ​ခေတ်​ကပတ်​၀န်းကျင်
နိုင်​ငံ​ရေးအခင်းအကျင်းပဲ။ဒါ​ကြောင့်ကျို င်းတုံနယ်
ထဲကို ပြင်သ​စ်​နဲ့အင်္ဂလိပ်​စပိုင်​​တွေ သာလာယံဇရပ်​လို
ဝင်​ထွက်​​နေတာကြာပြီ။အဲဒီအချိန်​​ကျိုင်းတုံး​စော်​ဘွား
ကလည်း နှာကစ်​​နေတယ်​။သူနှာကစ်​​နေရတဲ့အ​ကြောင်း
က ကျိုင်းတုံလက်​​အောက်​ခံနယ်​ဖြစ်​တဲ့ကျိုင်းရုံးကြီး
ခေါ်ကျိုင်းဟုန်​​ခေါ်ဆစ်​​ဆောင်​ပန္နားနယ်​ကိုနယ်​စားခန့်
တဲ့ကိစ္စနဲ့ပက်​သက်​ပြီး​မ​ကျေနပ်​လို့​နေပြည်​​တော်​နဲ့ခပ်
တန်းတန်း​နေ​နေခဲ့တယ်​။တိုက်​တိုက်​ဆိုင်​ဆိုင်​ကျိုင်းတုံ
မှာ သီ​ပေါမင်းကိုပုန်​ကန်​တဲ့ မိုးနဲ​စော်​ဘွား၊ရပ်​​​စောက်
စော်​ဘွား၊မိုင်း​နောင်​မြို့စားခွန်​ထွန်းတို့အပြင်​နယ်​ရှင်
တွေနဲ့ကျမိုင်းတို့ပါလာ​ရောက်​စုရုံး​နေကြတယ်​။

ပ​ဒေသရာဇ်​စနစ်​ဆိုတာ ပထမဦးဆုံး မြို့စား၊နယ်​စား
ပယ်​စား​တွေနဲ့အထိုင်​ချရတဲ့စနစ်​ဖြစ်​ပါတယ်​။အဲဒီပ​ဒေ
သရာဇ်​နယ်​စားပယ်​စားဆိုတာ သူ့ပင်​ဂိုသ​ဘောမှာ
ဘာအင်​အားမှရှိတာမဟုတ်​ဘူး။အာဏာရှင်​ပ​ဒေသရာဇ်
ကြီးစိတ်​​တော်​​ကျေနပ်​​အောင်​လုပ်​​ပေးနိုင်​ခဲ့လို့ဒီ​နေရာ
ကို​ရောက်​လာကြတာချည်းပဲဖြစ်​​ပေမယ့် အဲဒီနယ်​စား
ပယ်​စား မြို့စားဆိုတာမရှိရင်​လည်း ပ​ဒေသရာဇ်​စနစ်
ကိုတည်​​ထောင်​လို့မရဘူး။ဒါ​ကြောင့်ဧကရာဇ်​ကြီးနဲ့ဧက
ရာဇ်​ငယ်​ဟာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီသ​ဘောဖြစ်​ပါ
တယ်​။အညမည သ​ဘောတရားအရ​ပြောရရင်​ အင်​ပါ
ယာဧကရာဇ်​ကြီးရဲ့ အာဏာစက်​ကိုပ​ဒေသရာဇ်​နယ်​စား
ပယ်​စား​တွေအ​ပေါ်မှာတင်​ရတာဖြစ်​ပြီး အဲဒီအာဏာ
ကို နယ်​စားပယ်​စား​တွေအားဖြင့်​ဖော်​ထုတ်​တယ်​။ဒါ
ပ​ဒေသရာဇ်​စနစ်​ရဲ့ ဖွဲ့စည်းပုံပဲ။သူ့မှာဥပ​ဒေမရှိဘူး။
ဒီစနစ်​ရဲ့ အဓိကလိုက်​နာအပ်​တဲ့စည်းမျဉ်းဆိုတာ
ပ​ဒေသရာဇ်​အဆင့်​ဆင့်ရဲ့ စိတ်​​တော်​​မညိုး​စေဖို့တစ်​ခု
တည်းရယ်​ပါပဲ။

ဒီသ​ဘောအတိုင်းပဲ ရှမ်း​ပေဒသရာဇ်​နယ်​စားပယ်​စား
တွေဟာ မြန်​မာဧကရာဇ်​ရဲ့ ထီးရိပ်​ကိုခိုရတယ်​။ကုန်း
ဘောင်​​ခေတ်​​ရောက်​​တော့ ရှမ်းနယ်​မှာ မြန်​မာမင်းက
စစ်​ကဲ​တွေနဲ့ကင်းတပ်​​တွေစစ်​တပ်​​တွေချထား​လေ့ရှိ
တယ်​။ယ​နေ့ စစ်​တပ်​​တွေ​တောင်​တန်း​ပေါ်မှာ​နေရာယူ
ထားသလိုပဲ။စော်​ဘွားနယ်​ရဲ့ အ​ရေးကြီးကိစ္စ​တွေကို
အဲဒီစစ်​ကဲ​တွေကသာ အဆုံးအဖြတ်​​ပေးကြတာဖြစ်​ပါ
တယ်​။မိုးနဲစစ်​ကဲဟာ ရှမ်းပြည်​နယ်​မှာအ​ရေးအကြီး
ဆုံးစစ်​ကဲရာထူးဖြစ်​တယ်​။စစ်​ကဲကအခြားသူမဟုတ်​ဘူး။
မင်းသားပါ။အဲဒီမိုးနဲစစ်​ကဲနဲ့တကွမိုးနဲမှာတပ်​စွဲထားတဲ့
မြန်​မာတပ်​ကို မိုးနဲ​စော်​ဘွားစ၀်​ခွန်​ကြည်​ကလက်​စတုံးစီ
ရင်​ပစ်​လိုက်​လို့ ဒီကိစ္စကိုအ​ကြောင်းခံပြီး သီ​ပေါ
လွှတ်​လိုက်​တဲ့တပ်​​တွေမ​ရောက်​ခင်​ ​စော်​ဘွားဟာ
လင်း​ခေး​ကြောက​နေ သံလွင်​ကိုဖြတ်​ပြီးအ​ရှေ့ ဖျားကျိုင်း
တုံနယ်​ထဲကိုခိုဝင်​သွားပါ​တော့တယ်​။စော်​ဘွား​ပြေးလမ်း
ကို​​တွေးကြည့်ရင်​မိုးနဲ က​နေ လင်း​ခေး၊လင်း​ခေးက​နေ
သံလွင်​ကိုဖြတ်​ပြီး မိုင်းဆတ်​အထိ​ပြေးကာ မိုင်းဆတ်
က​နေ မိုင်းပျဉ်းလမ်း​ကြောင်းအတိုင်းချီပြီးကျိုင်းတုံ
ကိုဆင်းသွားမယ်​လို့ထင်​ရတယ်​။ဘာလို့ဆို​တော့
အဲဒီ​ခေတ်​တုန်းက မိုင်းတုံ၊မိုင်းဆတ်​၊တာချီလိတ်​လမ်း
ဆိုတာမရှိ​သေးလို့ပဲ။တာချီလိတ်​ဆိုတဲ့မူးယစ်​မြို့​တော်
လည်းမ​ပေါ်​သေးဘူး။

မိုးနဲဟာ မြန်​မာ့သမိုင်းမှာဘယ်​​နေရာမဆိုပါ​နေတတ်​တဲ့
မြို့ပြတစ်​ခုပါ။သမိုင်းအစဉ်​အဆက်​မှာဆန်​​ရေစပါး
ပေါသလို မြန်​မာပြည်​အညာရာသီဥတုနဲ့သိပ်​မကွာဘူး။
လူဦး​ရေထူထပ်​တယ်​။ရှမ်း​တောင်​မှာလည်းမိုးနဲ​စော်​ဘွား
ဟာ ဆယ်​လီတစ်​​ယောက်​ပဲ။အဲလို ဆယ်​လီတစ်​​ယောက်
က သီ​ပေါကိုပုန်​ကန်​ပြီး​တောခိုပြီဆို​တဲ့ဒီသတင်းဟာ
အဲဒီအချိန်​ကရှမ်းပြည်​တစ်​ခွင်​မှာ အ​တော်​ကြီးကျယ်​တဲ့
မျက်​နှာဖုံးသတင်းဖြစ်​မှာ​သေချာသလို ဒီဂယက်​ကလည်း
ပတ်​၀န်းကျင်​တစ်​ခွင်​ကို​တော်​​တော်​​လေးရိုက်​ခတ်​သွား
မယ်​လို့ယူဆရတယ်​။

မိုးနဲ​စော်​ဘွားကဘာ​ကြောင့်ပုန်​ကန်​ရတာလဲဆိုတဲ့​မေးခွန်း
ကို​လေ့လာရင်​ပ​ဒေသရာဇ်​​တွေမှာ နိုင်​ငံ​ရေးဆိုတာ
သမီး​ပေးနှမယူတာကအများဆုံးပါ။သိပ်​လှ​နေလို့၊
သို့မဟုတ်​ ရှိုက်​ကြီးဖိုငယ်​အသွယ်​သွယ်​​ကျန်​​နေ​သေးလို့
စတဲ့အ​ကြောင်း၂​ကြောင်းကလွဲပြီး မိဖုရား​ဟောင်း
(မယားငယ်​)ကိုယူ​လေ့မရှိဘူး။အများစုကအသစ်​စက်
စက်​​တွေဖြစ်​တဲ့၊သမီး၊နှမကိုသာယူကြတာ​တွေ့ရတယ်​။
အဲဒီ​ခေတ်​တုန်းက မိန်းမဆိုတာ က​လေး​တွေကိုထုတ်​လုပ်
ပေးရတဲ့စက်​ရုံဆိုတာထက်​ သာတယ်​ဆိုရင်​လည်းပဲ
နိုင်​ငံ​ရေးလက်​​ဆောင်​ပဲပြစရာရှိတယ်​။ကျန်​တဲ့ဂုဏ်​ဒြပ်
လိုက်​ရှာပြဖို့ဆိုတာဖြစ်​ကိုးမဖြစ်​နိုင်​ဘူး။ကျ​နော်​မြန်​မာ
ရာဇ၀င်​​ရေးတုန်းက ဒီလိုခြင်​​ထောင်​ထဲကဗရမ်းဗတာ
တွေအ​ကြောင်းအ​ထောက်​ထား​တွေနဲ့အများကြီး​ပြောခဲ့
ပြီးပြီဖြစ်​လို့အခုလည်း ဒီအတိုင်းပဲလို့ယူဆလိုက်​ပါ။
ဒါ​ကြောင့် အမျိုးသား​ရေးအစဉ်​အလာလက္ခဏာများ
မ​ပျောက်​ပျက်​​အောင်​ထိန်းသိမ်း​စောင့်​ရှောက်​​ရေးဆိုတဲ့
ဦးတည်​ချက်​​ထဲ၂၁ရာစုမှာဒီလိုအစဉ်​အလာဆိုးမျိုး​တွေ
မပါ​အောင်​ဆု​တောင်းကြ​ပေါ့။ကိုယ့်မင်းကိုယ်​ချင်း
ကိုယ့်ထီးကိုယ့်နန်းကိုပဲ တမ်းတချင်​သပဆိုလည်း
မတားပါဘူး။

အဲတုန်းက မိုးနဲ​စော်​ဘွားဖြစ်​​နေတဲ့ စ၀်​ခွန်​နွံဟာ သူ့သမီး
တွေထဲက ၂​ယောက်​ကို​ရွှေးထုတ်​ပြီး မင်းတုန်းမယား
အဖြစ်​​ပေးလိုက်​လို့ မင်းတုန်းရဲ့ စိန်​​နန်း​တော်​​ရွှေနန်း​တော်
ကြီးထဲမှာမိုးနဲ​စော်​ဘွားရဲ့ သြဇာဟာတက်​လာခဲ့ရတယ်​။
အဲဒီလိုပဲ သီ​ပေါနန်းတက်​ချိန်​မိုးနဲ​စော်​ဘွားဖြစ်​လာတဲ့
စ၀်​ခွန်​ကြည်​ကလည်း ဖ​အေ့နည်းတူ သမီးမ​ပေးဘဲ
တူမ မခင်​ထူးကို သူ့သြဇာတက်​ဖို့သီ​ပေါမယားအဖြစ်
ဆက်​သပြန်​တယ်​။သို့​သော်​အ​ခြေ​နေကမတူ​တော့ဘူး။
မင်းတုန်းက ရှိသမျှ သူ့မယား၉၇​ယောက်​စလုံးကိုဟိတ်​ဆို
ဟိတ်​၊တိတ်​ဆိုတိတ်​ဆိုသလိုနိုင်​နင်းတယ်​။သီ​ပေါကဒီလို
မဟုတ်​ဘူး။ကမ္ဘာ​ပေါ်မှာ​ပေါ်ထွန်းခဲ့တဲ့ အင်​ပါယာဧကရာဇ်
ကြီး​တွေထဲ မယား​ကြောက်​(မယက)ကြီး​တွေကိုအမှတ်​စဉ်
ရင်​သီ​ပေါက ၁ပဲ။ဘာပဲဖြစ်​ဖြစ်​ မြန်​မာ​တွေက နိုင်​ငံတကာ
ဆုလဒ်​​တွေကိုမမြင်​ဖူးကြသူ​တွေဖြစ်​လို့ ​အောင်​လအန်​ဆိုင်း
ကို​တောင်​နိုင်​ငံသား​ပေးပြီး​ခြေသလုံးဖက်​​နေကြတာဆို​တော့
ဒါလည်းနိုင်​ငံတကာဂုဏ်​ထူးတစ်​ခုပဲဖြစ်​လို့ဂုဏ်​ယူကြဖို့
တိုက်​တွန်းပါတယ်​။အဲ​တော့ အခုသီ​ပေါနားမှာမင်းမူ​နေတာ
မြန်​မာ့သမိုင်းရဲ့ ဖွား​စော၊မယ်​နု၊ဆင်​ဖြူ  မရှင်​တို့နဲ့စရိုက်
တူ ရမ္မက်​ကြီးတဲ့ စုဖုရားလတ်​ဆိုတဲ့မိန်းမဖြစ်​​နေလို့
စ၀်​ခွန်​ကြည်​မှန်းချက်​နဲ့နှမ်းထွက်​မကိုက်​ဖြစ်​သွားတယ်​။
ဒီဖြစ်​စဉ်​ကိုတွန်းအား​ပေးဖို့​နောက်​အ​ကြောင်းအရာတစ်​ခု
ကလည်းတိုက်​တိုက်​ဆိုင်​ဆိုင်​​ပေါ်ပြန်​တယ်​။အဲဒါက
အဲဒီအ​တောအတွင်းမှာပဲ မန္တ​လေးနန်း​တော်​ထဲက​နေ
မိုးနဲမိဖုရားကြီးထွက်​​ပြေးတာပါပဲ။မိရင်​အသတ်​ခံရမှာ
ဖြစ်​ပါတယ်​။ဒါ​ပေမဲ့သံ​ခြေချင်းခတ်​ပြီး​ကြေးတိုက်​သွင်း
ထားလိုက်​တယ်​။အဲဒီမိဖုရားထွက်​​ပြေးတာနဲ့ပက်​သက်​ပြီး
သီ​ပေါပြန်​တမ်းမှာ
.....မိုးနဲမိဖုရား​ဟောင်းကို​ရွှေဖ၀ါး​တော်​​အောက်​​ခေါ်ယူ
ပြီးလျှင်​ အထက်​သနား​တော်​မြတ်​ခံရရင်း ၀င်း​နေအိမ်
များတွင်​ ​နောက်​ပါ​ကျေးကျွန်​​ယောကျာ်းတို့နှင့်တကွ
မညိုးနွမ်း​စေရ......
......မိုးနဲ​စော်​ဘွားထိတ်​လန့်​​ကြောက်​​ရွှံ့ မရှိ​ရွှေဖ၀ါး​တော်
အောက်​လာ​ရောက်​​အောင်​သာယာညင်​​ပြောင်း​ပြောဆို၍
သိမ်းပိုက်​​ခေါ်ယူ​စေရန်​...​ကြောက်​လန့်​တိမ်း​ရှောင်​ထွက်
ပြေးလျင်​လည်းဖမ်းဆီး​စေရန်​ နိုင်​တန်​နိုင်​​လောက်​​အောင်​...........
(လွှတ်​​တော်​မှတ်​တမ်း-မစ္စတာ​တော်​စိန်​ခို)ဆိုတဲ့
အတွက်​ မိုးနဲ​စော်​ဘွားကို​ခေါ်ဖို့တပ်​​တွေ​ထောင်​နဲ့ချီပြီး
စေလွှတ်​ပါ​တော့တယ်​။အဲဒါ​ကြောင့်မိုးနဲ​စော်​ဘွား​တောခို
သွား​တော့တာပါပဲ။

.....မိုးနဲ​​စော်​ဘွား​ဟောင်း စခွန်​ကျီ၊မိုင်း​နောင်​မြို့စား
ဟောင်း ငခွန်​ထွန်းတို့သည်​ ​ရွှေဘုန်း​တော်​မြတ်​ကို
မခံဝံ့၍သားမယားနှင့်တကွသံလွင်​အ​ရှေ့ ဘက်​ ကျိုင်း
တုံမြို့သို့ထွက်​​ပြေး၊ကျိုင်းတုံ​စော်​ဘွား၊ရပ်​​စောက်​​စော်
ဘွား​ဟောင်း၊မိုင်းပျင်း​စော်​ဘွား​ဟောင်းတို့နှင့်ပူး​ပေါင်း၍...
ဆိုတဲ့အတွက်​ရှင်းသွားပါပြီ။

ဘာလို့သူထွက်​​ပြေးတာသူ့သား၊မယားပါ​ခေါ်​ပြေးရတာလဲ
လို့ခင်​ဗျားတို့​မေးစရာရှိမယ်​။တကယ်​ကမြန်​မာမင်းဟာ
ပြီးခဲ့တဲ့စစ်​အစိုးရလိုပဲ ဆလိုင်းတင်​​မောင်​ဦးကိုမမိလို့
ကိုဆလိုင်းရဲ့ တစ်​မိသားစုလုံးကို​ခေါ်ယူနှိပ်​စက်​ပြီး ဒုက္ခ
ပေးကာ ဆလိုင်းတင်​​မောင်​ဦးအဖမ်းခံဖို့ဖိအား​ပေးခဲ့တာ
ပါ။ဆလိုင်းတင်​​မောင်​ဦးဟာ လက်​နက်​ကိုင်​ပြီး တိုင်းပြည်
နဲ့လူမျိုးကိုသတ်​ခဲ့တဲ့ရာဇ၀တ်​သားမဟုတ်​ဘူး။မတရား
တဲ့အစိုးရကိုဆန့်​ကျင်​လို့ မတရားသဖြင့်ကြိုးစင်​တင်
ခံရပြီး ရာဇ၀တ်​သားအစိုးရက သတ်​ခဲ့လို့​သေခဲ့တာပါ။
မနက်​​စော​စောစီးစီး ရဲ​ဘော်​တို့ငါ​တော့သွားနှင့်ပြီမင်းတို့
ဆက်​တိုက်​ကြလို့​ပြောပြီး ရဲဝံ့စွာကျားပီပီကြိုးစင်​​ပေါ်ကို
တက်​သွားခဲ့တာပါ။အဲဒီ​နေ့ ည​နေမှာအုန်း​ကျော်​မြင့်ကြိုး
စင်​တက်​တယ်​။အဲဒီတစ်​ရက်​တည်းပဲ။အဲ​တော့ဘမျိုးဘိုး
တူ ပညာမဲ့ အမျိုးသားဖက်​ဆစ်​​တွေဟာ ဘယ်​ဘ၀ကိုပဲ
ရောက်​သွား​ရောက်​သွား နိမ့်ပါးတဲ့အကျင့်အကြံ​တွေနဲ့
နိမ့်ပါးတဲ့စိတ်​ဓာတ်​​တွေကပြဋ္ဌာန်းတဲ့အတိုင်းလိုက်​နာ​နေ
ကြမှာပဲဆိုတာ အမြဲတမ်းသတိထား​နေသင့်ပါတယ်​။
ဒါ​ကြောင့်​ဒီ​မြေဒီ​ရေရဲ့ ရာစုနှစ်​၁၁ခုစလုံးမှာ​ပေါ်​ပေါက်​ခဲ့
ဖူးတဲ့အစိုးရအားလုံး​အောက်​တန်းစားကြီးပဲလို့​ပြောရင်​လည်း
သမိုင်းကိုတိတိကျကျသိသူ​တွေ ​ဆန့်​ကျင့်ဝံ့မယ်​လို့
မထင်​ဘူး။အ​ထောက်​ထား​တွေအရ​တော့ ​အေဒီ၁၁ရာစု
က​နေ ၂၁ရာစုအထိ ဒီ​မြေဒီ​ရေမှာ အမျိုးသား​ခေါင်း​ဆောင်
ဖြစ်​ဖူးခဲ့သမျှထဲမှာ ကိုယ့်စကားကိုယ်​တာဝန်​ယူဝံ့ပြီး
ယောကျာ်းပီပီ ရဲရင့်ပြတ်​သားတဲ့ဆုံးဖြတ်​ချက်​နဲ့​ခေါင်း
ဆောင်​ခဲ့သူဆိုတာ သခင်​​အောင်​ဆန်းအပြင်​ ပြစရာမရှိဘူး။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=138469160628624&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.. ..၃”

Post a Comment

Related Posts Plugin for WordPress, Blogger...