Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​....၆

,
၁၈၈၇ ​မေလ မှာလင်းပင်​ကိစ္စပြီးပြတ်​သွားလို့အင်္ဂလိပ်
ဟာ ကရင်​နီနယ်​ဘက်​ကို​ခြေဦးလှည့်တယ်​။အဲအချိန်
ကျိုင်းတုံနဲ့ကရင်​နီနယ်​ပဲကျန်​​တော့တာပါ။က​မ္ဘောဇ
တိုင်းတစ်​ခုလုံးရဲ့ အုပ်​ချုပ်​မှုတာဝန်​ကို စတဒ်​မန်းခံတပ်
လက်​​အောက်​ပို့ထားလိုက်​တယ်​။မိုးကုန်​တာနဲ့ရှမ်း​မြောက်
စစ်​​ကြောင်းနဲ့ရှမ်း​တောင်​စစ်​​ကြောင်း ၂​ကြောင်းဟာ
စတင်​ချီတက်​ပြီး ခန့်​စာ​ပေးတာ​တွေ၊အထက်​ကိုအစီရင်​ခံ
စာ​ရေးတင်​တာ​တွေ၊မှတ်​တမ်းစုတာ​တွေလုပ်​ခဲ့ကြတယ်​။
ရှမ်း​မြောက်​စစ်​​ကြောင်းကိုအုပ်​ချုပ်​ဖို့ Lieut.Daley
ကိုတာဝန်​​ပေးပြီးမြို့ပြအုပ်​ချုပ်​​ရေးအရာရှိခန့်​လိုက်​တယ်​။
တောင်​ဘက်​စစ်​​ကြောင်းကို Hilderbrand နဲ့ Soctt
တို့ဦး​ဆောင်​ချီတက်​ခဲ့ကြတယ်​။

၁၈၈၈ ဇန်​န၀ါရီလ ၇ရက်​​နေ့မှာ ​တောင်​ဘက်​စစ်​​ကြောင်း
ကမိုးနဲမှာခဏနားတယ်​။အဲဒီမှာရှမ်းပြည်​မင်းပွဲသဘင်
ဖြစ်​တဲ့ ဒါဘာပွဲကိုဆင်​ယင်​ကျင်းပတယ်​။သစ္စာခံဆဲနဲ့
သစ္စာခံပြီး​စော်​ဘွား​တွေအားလုံးတက်​​ရောက်​ကြတာ​ကြောင့်
အိမ်​ရှင်​မိုးနဲ​စော်​ဘွားအပြင်​၊မိုင်းပွန်​၊မိုင်​ပန်​၊မိုင်း​နောင်​၊
မောက်​မယ်​၊ဟိုပုံး၊နမ့်​​ခုတ်​၊​နောင်​မွန်​၊ဘန်းယဉ်​၊သထုံ၊
မိုင်းစိတ်​နဲ့ကျိုင်းခမ်းနယ်​ရှင်​တို့အားလုံးတက်​​ရောက်​ခဲ့
ကြတယ်​။

အဲဒီမိုးနဲ ဒါဘာမှာ အခွန်​ဘဏ္ဍနဲ့ပက်​သက်​ပြီး​ဆွေး​​နွေး
ကြတယ်​။သီ​ပေါလက်​ထက်​စံနှုန်းကိုအတည်​ပြု ယူတယ်​။
ပထမနှစ်​အတွက်​ ​လျှော်​​ပေးပြီး ​နောင်​၅နှစ်​အတွက်​နှစ်​စဉ်
ဆက်​သွင်းရမယ့်​ငွေ​တော်​​တွေကို နယ်​အလိုက်​၀င်​​ငွေ
အလိုက်​ ဆူးကြုံနိမ့်မြင့် သတ်​မှတ်​​ပေးတယ်​။မူရင်းစာက
.....နှစ်​စဉ်​​ကောက်​ခံရန်​​ငွေ​တော်​ကို ခရစ်​ယာန်​သက္ကရာဇ်
၁၈၈၇ ဒီဇင်​ဘာလ၁ရက်​​နေ့ မြန်​မာသက္ကရာဇ်​၁၂၄၉
န​တော်​လပြည့်​ကျော်​၂ရက်​​နေ့ကစ၍ ​နောင်​၅နှစ်​အတွင်း
အတည်​ပြု လုပ်​၍​ကောက်​ခံ​တော်​မူလိမ့်မည်​။၎င်း၅နှစ်
ဆိုသည်​မှာ ခရစ်​ယာန်​သက္ကရာဇ်​၁၈၉၂ နိုဝင်​ဘာ၃၀
ရက်​​နေ့မြန်​မာသက္ကရာဇ်​၁၂၅၄ခုနှစ်​တိုင်​ အတည်​ပြု လုပ်
တော်​မူလိမ့်မည်​။.....

ဗြိတိသျှ​တွေဟာ ​ဒေသခံ​တွေကြုံ ​နေကြရတဲ့စီးပွားပျက်
တဲ့အခက်​ခဲ​ကိုထည့်စဉ်းစားပြီး ​ငွေ​တော်​ကိုသတ်​မှတ်​တာ
တွေ့ရပြီး စိုက်​ပျိုး​ရေးကျဆင်းတဲ့နှစ်​​တွေမှာလည်း
အ​ရေးပိုင်​မင်းကြီးက ​ငွေ​တော်​​တွေကို​လျှော်​ပစ်​တာမျိုး
လည်းရှိခဲ့ပါတယ်​။

၁၈၈၆မှာ ​ရှေ့ မှာ မန္တ​လေး​ရောက်​ ကိုဖျာခင်း
စ၀်​ခမ်းလှိုင်​ကိုအင်္ဂလိပ်​ကဆက်​လက်​မ​ထောက်​ခံ​တော့
ကြောင်း ကသာ အ​ရေးပိုင်​ကတစ်​ဆင့်စာပို့အ​ကြောင်းကြား
ခဲ့​ကြောင်းတင်​ပြခဲ့ပြီးပြီ။၈၇မှာမြန်​မာပြည်​မဟာဝန်​ရှင်
တော်​မင်းကြီးက မိုးကုတ်​ကိုလာတယ်​။ကမ္ဘာ​ကျော်​ပတ္တမြား
မြေ မိုးကုတ်​မြို့ဟာ စ၀်​ခမ်းလှိုင်​ရဲ့ မိုးမိတ်မြို့က​နေ
၂၇မိုင်​ပဲ​ဝေးတယ်​။အဲဒီအချိန်​စ၀်​ခမ်းလှိုင်​ကအင်္ဂလိပ်​ကို
ပုန်​ကန်​​နေပြီဖြစ်​ပါတယ်​။နောက်​ဆုံးသူပုန်​ကြီးကိုဖျာခင်း
စ၀်​ခမ်းလှိုင်​က ဘမျိုးဘိုးတူ မက္ခရာမင်းသားကြီးရဲ့ သား
ဖြစ်​သူ ​စောရန်​ပိုင်​နဲ့ပူး​ပေါင်းမိသွားတယ်​။မက္ခရာမင်းသား
ကြီးနဲ့တရုတ်​တန်းခင်​ခင်​​လေးတို့က​မွေးတဲ့ ​စောရန်​ပိုင်​နဲ့
စောရန်​နိုင်​ညီ​နောင်​တို့အနက်​ ​စောရန်​ပိုင်​ဟာ အင်္ဂလိပ်​ကို
ခံတိုက်​ရင်းနဲ့လက်​​လျှော့ခါတရုတ်​ပြည်ထဲခိုလှုံသွားခဲ့သူ
ဖြစ်​ပါတယ်​။ရှမ်းပြည်​နယ်​​မြောက်​ပိုင်းမှာ သီ​ပေါ၊မိုးမိတ်​၊
တောင်​ပိုင်​၊သိန္နီနယ်​နဲ့ဝနယ်​​တွေက ရှင်းစရာပြဿ     နာ
ရှိတဲ့နယ်​​တွေဖြစ်​တယ်​။ဝနယ်​ကအ​ရေးမကြီး​ပေမယ့်
ရှင်းစရာကသိန္နီနယ်​ဖြစ်​ပါတယ်​။

သိန္နီနယ်​ဆိုတာ ​အေဒီ၁၆၀၄ ခုနှစ်​တုန်းက ​မောရှမ်းတို့
နိုင်​ငံ​တော်​ပျက်​သုဉ်းသွားပြီး​နောက်​သိန္နီ(ဆန္နီ၊ဆန်​၀ှီ-
ရှမ်းအ​ခေါ်)နယ်​ဟာ ရှမ်းပ​ဒေသရာဇ်​နယ်​​တွေထဲမှာ
အကြီးဆုံးနဲ့သြဇာအရှိဆုံးနယ်​ကြီးတစ်​နယ်​ဖြစ်​လာခဲ့
တယ်​။နောက်​ပိုင်းမှာ​တော့မြန်​မာပ​ဒေသရာဇ်​ရဲ့ ပ​ယောဂ
ကြောင့်နဲ့ရှမ်းပ​ဒေသရာဇ်​အဆက်​ဆက်​ရဲ့ အာဏာလုမှု
တွေ​ကြောင့် သိန္နီနယ်​ဟာ ၂ပိုင်း​ကွဲထွက်​သွားခဲ့ရတယ်​။

၁၈၄၆ခုနှစ်​မှာ အင်းဝ ​နေပြည်​​တော်​က သိန္နီ​စော်​ဘွား
အဖြစ်​ ဆိုင်​​နော်​ဖ ကိုခန့်​​ခဲ့တာ​ကြောင့် ဆိုင်​​နော်​ဖဟာ
သိန္နီနယ်​ကြီးရဲ့ ​နောက်​ဆုံး​စော်​ဘွားအဖြစ်​ သမိုင်းတွင်
ခဲ့ရတယ်​။ဘာလို့ဆို​တော့ အဲ့အချိန်​ကစပြီး သိန္နီနယ်​ဟာ
တ​နေ့တခြားအ​ခြေ​နေဆိုးလာပြီး ​နောက်​ဆုံး၂ပိုင်းပိုင်းပစ်
လိုက်​ရတာ​ကြောင့်ပဲ။

ဆိုင်​​နော်​ဖ ဟာလည်း နိုင်​နင်းစွာအုပ်​ချုပ်​နိုင်​သူမဟုတ်​ပါ
ဘူး။သူ့လက်​​အောက်​ခံအမတ်​ ဆန်​ဟိုင်း ကသူ့နယ်​ကို
လုပြီး သူ့ကိုပါနှင်​ထုတ်​ခဲ့လို့ မြန်​မာဘုရင်​က မန္တ​​လေး​ခေါ်
ပြီး အကျဉ်းချထားလိုက်​တယ်​။ဆိုင်​ဟိုင်းဟာ သိန္နီတပ်​မ
ရဲ့တပ်​မှူးလည်းဖြစ်​တာ​ကြောင့်စစ်​​ရေးမှာအ​တွေ့အကြုံ
ရှိတယ်​။မြန်​မာမင်း​နေပြည်​​တော်​က ဆန်​ဟိုင်းကိုဆုံးမ
ဖို့ တပ်​​တွေအများကြီး​စေလွှတ်​ခဲ့တာ အကုန်​တပ်​လန်
ပြေးခဲ့ကြတာချည်းပဲ။သိန္နီကိုရဖို့စိတ်​ကူးယဉ်​လို့​တောင်
မရခဲ့ကြဘူး။အဲလိုနဲ့​နောက်​ဆုံးမင်းတုန်းမင်းလက်​ထက်
အေဒီ၁၈၇၇ ခုနှစ်​မှာ ရှမ်းနယ်​အားလုံးကတပ်​​တွေကို
မဖြစ်​မ​နေချီတက်​ဖို့အမိန့်​နဲ့ဆင့်​ဆိုပြီး သိန္နီနယ်​ကို
ဝိုင်းရံပိတ်​ဆို့(Siege) လုပ်​​တော့မှ ဆန်​ဟိုင်း ကိုးကန့်
နယ်​ထဲ​ပြေးဝင်​သွားခဲ့ရတာပါ။ဆန်​ဟိုင်း​ပြေး​တော့
မူလ​စော်​ဘွား ​နော်​ဆိုင်​ဖ ကိုပြန်​အုပ်​ချုပ်​ခိုင်းတာလည်း
ကြာကြာမခံဘူး။ဆန်​ဟိုင်းရဲ့ သားတပည့်ဖြစ်​သူ ခွန်​ဆန်
တွန်းဟုန်း က နယ်​ကိုချုပ်​ကိုင်​လိုက်​တယ်​။အဲဒါ​ကြောင့်
နော်​ဆိုင်​ဖကို မန္တ​လေး​နေပြည်​​တော်​က​ခေါ်​တော့ ဆရာက
သ​ဘော​ပေါက်​ပြီး သူမသွားဘဲ သားဖြစ်​သူ​နော်​မိုင်းကို
ကိုယ်​စားလွှတ်​လိုက်​တာသားဖြစ်​သူကိုမြန်​မာမင်းကဖမ်း
ချုပ်​ထားလိုက်​ပါ​တော့တယ်​။၁၈၇၉မှာဆန်​ဟိုင်းဟာ
သိန္နီနယ်​အ​ရှေ့ ဘက်​နဲ့​မြောက်​ဘက်​ကို​ကောင်းစွာ
ချုပ်​ကိုင်​ထားလိုက်​နိုင်​ခဲ့ပြီ။ဆန်​ဟိုင်း​သေ​တော့ သူ့
သားမက်​ဖြစ်​သွားတဲ့ ​ဖော်​ပြပါ ခွန်​ဆန်​တွန်းဟုန်း က
အလိုလိုဗိုလ်​ဖြစ်​လာတယ်​။မန္တ​လေးကိုအင်္ဂလိပ်​သိမ်း
တော့ ​ထောင်​တံခါး​တွေပွင့်တဲ့အခါ ​ဆိုင်​​နော်​ဖသား
မြန်​မာမင်းဖမ်းချုပ်​ထားတဲ့ ​နော်​မိုင်းဟာ အဖမ်းခံရစဉ်
မြင်​စိုင်းမင်းသားနဲ့မိတ်​ဖြစ်​ခဲ့ပြီး ၂ဦးသားရှမ်းကုန်း​မြေ
မြင့်​ပေါ်မှာ အာဏာထူ​ထောင်​ဖို့တက်​ခဲ့ကြတယ်​။နောက်
ဆုံး သိန္နီ​စော်​ဘွား​ဟောင်း ဆိုင်​​နော်​ဖနဲ့သူ့သား​နော်​မိုင်း
တို့ ၁၈၈၇မှာအင်္ဂလိပ်​သြဇာခံလိုက်​တဲ့အခါမှာ​တော့
မြင်​စိုင်းမင်းသားနဲ့​နောက်​​ရောက်​လာတဲ့​ချောင်းဆုံမင်းသား
တို့ရဲ့ကဏ္ဍက နိဌိတံသွားပါ​တော့တယ်​။

တစ်​ဖက်​မှာသိန္နီတစ်​ဖက်​ခြမ်းကို ခွန်​ဆန်​တွန်းဟုန်းက
စီးထားတယ်​။Leiut.Daley က လာခဲ့ဖို့၃ကြိမ်​တိတိ
စာပို့တာမလီလို့ ​ကျောင်းမှန်​ကန်​မှန်းသိ​အောင်
တပ်​ကြီးချီ ​တော့မှအ​ပြေးအလွားလာ​တွေ့တယ်​။အဲလိုနဲ့
သိန္နီမှာကျင်းပတဲ့​စော်​ဘွားများ​တွေ့ဆုံပွဲကြီးမှာသိန္နီအ​ရေး
ဆွေး​နွေးတဲ့အခါအားလုံးက၂ပိုင်းခွဲပစ်​ဖို့အကြံ​ပေးကြတယ်​။
၁၈၈၈ မတ်​လ ၃ရက်​​နေ့မှာ​တော့ သိန္နီနယ်​ကြီးကို
တောင်​နဲ့​မြောက်​၂ပိုင်းခွဲပစ်​လိုက်​ရပါ​တော့တယ်​။ဘာ
ကြောင့်ခွဲတာလည်း​မေးရင်​အာဏာရူး​တွေအာဏာလုပြီး
ခွဲရတာပါ။ပြည်​သူလူထု​ကောင်းစား​ရေးထည့်​တွေးပြီး
လုပ်​တာတစ်​ခုမှမရှိဘူး။

ဒါ​ကြောင့် ​စော်​ဘွား​ဟောင်း ဆိုင်​​နော်​ဖရဲ့ သား​နော်​မိုင်းရဲ့ 
တောင်​ဘက်​ခြမ်းကိုယူပြီးယ​နေ့မှစ၍ ​တောင်​သိန္နီဟု
တွင်​​စေ၊ခွန်​ဆန်​တွန်းဟုန်းက ​မြောက်​ဘက်​ပိုင်းကိုစားပြီး
မြောက်​သိန္နီဟုတွင်​​စေ ဆိုပြီးဖြစ်​ခဲ့တာပါပဲ။ဒါဟာ
တောင်​/​မြောက်​သိန္နီနယ်​​တွေရဲ့ မူလစတင်​ဖြစ်​​ပေါ်ပုံပဲ။
တောင်​သိန္နီကိုမိုင်းရယ်​လို့လည်း​ခေါ်တယ်​။မြောက်​သိန္နီ
နယ်​ကို ကချင်​​တွေ သိမ်းပိုက်​ခဲ့ဖူးတဲ့သမိုင်းလည်းရှိ
တယ်​။မြောက်​သိန္နီနယ်​ရဲ့ ​စော်​ဘွားကြီးဖြစ်​သူ ခွန်​ဆန်
တွန်း​ဟုန်း ဟာ ၀ နယ်​ဖြစ်​တဲ့ မိုင်းလင်းနယ်​ တွန်းဟုန်း
ဆိုတဲ့ရွာသားဖြစ်​တာ​ကြောင့် သူ့မူလအမည်​ရင်းဖြစ်​တဲ့
ခွန်​ဆန်​ ဆိုတဲ့အမည်​မှာ ရွာအမည်​ တွဲလိုက်​ရာက​နေ
ခွန်​တန်​တွန်းဟုန်းဆိုပြီးဖြစ်​လာခဲ့တာပါ။သူဖခင်​သာမန်
အရပ်​သားခွန်​ပန်​ဆိုသူက သူ့ကို ၁၈၅၂ခုနှစ်​မှာဖွားမြင်
ခဲ့တာဖြစ်​ပါတယ်​။

ခွန်​ဆန်​ဟာ ပထမ​တော့ တွန်းဟုန်းရွာနဲ့တကွ အနီးအနား
ကချင်​​တွေကိုစုစည်းပြီး​စော်​ဘွားရဲ့ ဖိနှိပ်​မှုကို​တော်​လှန်​ခဲ့
တာဖြစ်​ပြီး သူကိုယ်​တိုင်​အမြင့်​ဆုံးရာထူးရလာတဲ့အခါ
နောက်​လိုက်​ကချင်​​တွေရဲ့ အ​ရေးကိစ္စကိုလစ်​လျူရှု
လာလို့ကချင်​​တွေ​ဒေါ်သ​ပေါက်​ကွဲခဲ့ကြတဲ့အခါ ခွန်​ဆန်
အင်္ဂလိပ်​တပ်​ရှိတဲ့လားရှိုးကို​ပြေးခဲ့ရတယ်​။အင်္ဂလိပ်​တပ်
ကယ်​ခဲ့လို့အသက်​ရှင်​ခဲ့ပြီးအ​စောင့်အ​ရှောက်​နဲ့သိန္နီကို
ပြန်​ပို့ခဲ့ရတာပါ။

အဲဒီကစပြီး ကချင်​အမျိုးသား​တွေရဲ့ မ​ကျေနပ်​မှုကို
ထိန်းမရ​တော့လို့ ၁၈၉၃မှာ ကချင်​​တောင်​တန်းကို
အုပ်​ချုပ်​ဖို့အင်္ဂလိပ်​အရာရှိတစ်​​ယောက်​ကိုခန့်​ထားခဲ့
ရတယ်​။ကချ​င်​​တောင်​တန်းစည်းမျဉ်းဥပ​ဒေအရ
(Kachin Hill Tracts Regulation)ဒူးဝါး​တွေကို
ခန့်​ထားအုပ်​ချုပ်​​စေခဲ့တယ်​။

၁၈၈၈ သြဂတ်​စ်​လမှာ ​မြောက်​သိန္နီ၊​တောင်​သိန္နီ၊​တောင်​ပိုင်
နဲ့သီ​ပေါတို့ကိုရှမ်း​မြောက်​အဖြစ်​ဖွဲ့စည်းပြီး Lieut.Daley
ကို အ​ရေးပိုင်​(Superintendent )အဖြစ်​ခန့်​အပ်​လိုက်
ပါ​တော့တယ်​။

အဲဒီ ၁၈၈၈ ခုနှစ်​ဧပြီလ​နောက်​ဆုံးအပတ်​ထဲမှာ ​ကွယ်​လွန်
သူ​စော်​ဘွားမယားကိုဘုရားဖူးရင်း သင်္ကန်းဝတ်​နဲ့မခဲ့တဲ့
ထွက်​လူး​​ခေါ် စ၀်​လူးအ​ကြောင်း​ရှေ့ မှာတင်​ပြခဲ့ပြီးပြီ။
အဲဒီစ၀်​လူးက မိုးနဲကိုဝင်​တိုက်​လို့ ​စော်​ဘွားစ၀်​ခွန်​ကြည်
ပါထွက်​​ပြေးရတယ်​။မောက်​မယ်​ကိုခွန်​နွဲ့ကြူ  က​စော်​ဘွား
တက်​လုပ်​​နေခိုက်​ မိုးနဲ​ဟော်​မှာစ၀်​လူးက တက်​စံတယ်​။
ဟော်​ဦးက​ဗြိတိသျှအလံကိုဆွဲချဆုတ်​ဖြဲပြီးစံ​နေခဲ့တာပါ။

အဲဒါ​ကြောင့်ဗြိတိသျှတပ်​က ​မောက်​မယ်​ကို ကာနယ်
ဆတိုရီးယားစ်​ဦး​ဆောင်​ပြီးတိုက်​ရပြန်​တယ်​။ပထန်​တပ်
သား၁ရာ​ကျော်​နဲ့ ဘင်္ဂလီ​သေနတ်​ကိုင်​တပ်​သား၅၀
ပါတဲ့အဆိုပါတပ်​အင်​အားနဲ့ဖိခဲ့ရတာပါ။မောက်​မယ်
နဲ့မိုးနဲကြားတစ်​ခွင်​လုံးမှာရှိတဲ့​ဒေသခံပြည်​သူလူထုခမျာ
ဒုက္ခ​ရောက်​တာရက်​ရက်​စက်​စက်​ပဲ။ရွာ​တွေမီးရှို့ခံရလို့
သုသာန်​တစပြင်​ဖြစ်​သွားခဲ့ရတဲ့အထိကြမ်းခဲ့ရမ်းခဲ့ကြတာ
ဖြစ်​ပါတယ်​။ဒီလိုလုပ်​သွားတာဗြိတိသျှ​တွေလို့မထင်​နဲ့။
ဗြိတိသျှ​တွေအဲ့အလုပ်​မလုပ်​ဘူး။အာဏာလု​နေတဲ့
ရှမ်းအမျိုးသားအာဏာရှင်​​တွေကျူးလွန်​ခဲ့ကြတာပါ။

နောက်​ဆုံး လက်​ဖတနင်​​ဖောင်​လာ(​နောင်​ ကပ္ပတိန်​​ဖောင်​လာ)
တပ်​ကြပ်​၁​ယောက်​နဲ့တပ်​သား၃​ယောက်​ရယ်​J.G.Scott
ရယ်​​ လက်​​ရွှေးစင်​​ရွှေးချယ်​ထားတဲ့ လူ၆​ယောက်​ဟာ
မြင်းကို ဒုန်းစိုင်းပြီး မိုးနဲ​ဟောနားချဉ်းကပ်​သွားတယ်​။
စ၀်​လူးအငိုက်​မိသွားပြီး ​ဟော်​ထဲတင်​အဖမ်းခံလိုက်​ရပါ
တော့တယ်​။အဲဒီ​တော့မှမိုးနဲ​စော်​ဘွားစ၀်​ခွန်​ကြည်​လည်း
မိုးနဲ​ဟော်​ပြန်​ကြွရတယ်​။သူပုန်​​တွေကို​စော်​ဘွားကိုယ်
တိုင်​ ရှမ်း​ပ​ဒေသရာဇ်​ဓ​လေ့ထုံးစံအတိုင်း​အားလုံးကို
သေဒဏ်​​ပေးလိုက်​ပြီး စ၀်​လူးကို​တော့ စတဒ်​မန်းခံတပ်
မှာအမှုစစ်​ဖို့​ခေါ်​ဆောင်​သွားခဲ့ကြတယ်​။ဒါ​ပေမဲ့ စတဒ်​မန်း
ခံတပ်​မှာရှိတဲ့ ဗြိတိသျှ စစ်​ဘက်​၊အရပ်​ဘက်​အရာရှိ
တွေမှာ တရားစီရင်​​ရေးအာဏာမရှိတာ​ကြောင့်​ စ၀်​လူး
ကိုမိုးနဲပြန်​ပို့ခိုက်​ ထွက်​​ပြေးလို့ မိုင်းပွန်​အနီးမှာပစ်​သတ်​ခဲ့
ရတယ်​။အဲဒီတုန်းက အင်္ဂလိပ်​အစိုးရအရာရှိ​တွေကို
တရားစီရင်​ရေးအာဏာ​တွေမ​ပေးအပ်​​သေးသလို
စော်​ဘွား​တွေကိုလည်း ​သေဒဏ်​စီရင်​ပိုင်​ခွင့်အာဏာမ​ပေး
သေးတာကို လက်​လွန်​​ခြေလွန်​ဖြစ်​ပြီး​တော့မှသိကြတယ်​။

အင်္ဂလိပ်​ဟာ ကမ္ဘာကို စိုးမိုးနိုင်​ခဲ့တာ စနစ်​၊ဥပ​ဒေသ
တွေ​ကြောင့်ပဲ။ကမ္ဘာတစ်​ခွင်​ကိုဖြတ်​သန်းချီတက်​ပြီး
ကမ္ဘာ့​နေမ၀င်​အင်​ပါယာလို့​ပြောရ​လောက်​​အောင်
တကယ်​လည်း ​နေမ၀င်​တဲ့သူ့အင်​ပါယာကိုချဲ့ထွင်​နိုင်​ခဲ့
ပါတယ်​။ဗြိတိန်​ကျွန်းဆိုတာ အိုင်​ယာလန်​ကိုထည့်​ပေါင်း
မှ ကီလိုမီတာ၃သိန်းခန့်​သာရှိတဲ့ ကျွန်းနိုင်​ငံငယ်​​လေးပါ။
အဲဒီကျွန်းနိုင်​ငံငယ်​​လေးက ကမ္ဘာ့ပထ၀ီရဲ့ ၃ပုံ၂ပုံကို
သိမ်းပိုက်​ပစ်​ခဲ့တာပါ။အဲဒီလိုလုပ်​နိုင်​ရတာဘာ​ကြောင့်
လဲဆိုတာကိုစဉ်းစားရင်​ ဥပ​ဒေရှိလို့ပဲ။မြန်​မာပြည်​ကို
စစ်​တပ်​နဲ့သိမ်းတယ်​။သို့​သော်​အုပ်​ချုပ်​မှုအာဏာကို
တော့စစ်​တပ်​လက်​မအပ်​ဘူး။ကုန်း​ဘောင်​စစ်​အစိုးရကို
ရာဇသံ​နောက်​ဆုံးအကြိမ်​​ပေးပြီး မြန်​မာနိုင်​ငံလုံးကို
သိမ်းပိုက်​​လိုက်​ဖို့ဆုံးဖြတ်​ပြီး ဟယ်​ရီ ​နော်​သ့် ဒါရင်​ပယ်​လ်
ပရင်​ဒါဂတ်​စ်​ကို စစ်​ချီမိန့်​နဲ့တကွ နိုင်​ငံ​ရေးအာဏာပါ
အပ်​နှင်းတယ်​ဆို​ပေမယ့် သိမ်းပိုက်​​ပြီးတည်​ငြိမ်​​အောင်
ဆောင်​ရွက်​ပြီးချိန်​မှာ မဟာဝန်​ရှင်​​တော်​မင်းတစ်​ဦး
လွှတ်​ပြီး အဲဒီစစ်​​ခေါင်း​ဆောင်​ ဗိုလ်​ချုပ်​ပရင်​ဒါဂတ်​စ်​ကို
အပ်​နှင်းထားတဲ့နိုင်​ငံ​ရေးအာဏာကိုရုတ်​သိမ်းခါ
မဟာဝန်​ရှင်​​တော်​မင်းကြီးဆီပြန်​အပ်​ပြီးအရပ်​ဘက်​အုပ်
ချုပ်​ရေးဆီလွှဲခဲ့တာပါ။စစ်​ဘက်​၊အရပ်​ဘက်​တရားစီရင်
ရေးအာဏာကို တရား​ရေမဏ္ဍိုင်​အ​နေနဲ့ပဲစီရင်​တယ်​။
ဒါ​​ကြောင့် ၁၉ရာစုအစကတည်းက ဗြိတိန်​ဟာ
ယ​နေ့အ​ခြေခံနိုင်​ငံ​ရေးစနစ်​လည်းဖြစ်​၊ယ​နေ့နိုင်​ငံတစ်​ခု
တည်​​ထောင်​သူတိုင်းမဖြစ်​မ​နေကျင့်သုံးရာမှာဖြစ်​တဲ့
Excutive power(အုပ်​ချုပ်​​ရေးအာဏာ)၊ Legislative
Power(ဥပ​ဒေပြု ​ရေးအာဏာ)နဲ့Judical Power
(တရားစီရင်​​ရေးအာဏာ)ဆိုတဲ့ ခက်​မသုံးဖြာကို မ​ရော
ယှက်​ဘဲသူ့​နေရာနဲ့သူစနစ်​ကျစွာသုံးသွားခဲ့တာ​တွေ့ရ
တယ်​။ဗြိတိန်​ဟာတိုင်းပြည်​တစ်​ပြည်​ကိုစစ်​တိုက်​သိမ်းခဲ့
တာမှန်​​ပေမယ့် အုပ်​ချုပ်​​ရေးဆိုင်​ရာ စီမံခန့်​ခွဲရာမှာ​တော့
စစ်​တပ်​ကိုမသုံးဘူး။ဒါ​ကြောင့်သူ့အုပ်​ချုပ်​​ရေးကို
ယ​နေ့အထိမြန်​မာပြည်​သား ပညာတတ်​​တွေ ပြန်​လည်
တမ်းတ​နေကြရတာဖြစ်​ပါတယ်​။အမျိုးသားဖက်​ဆစ်
တွေက အ​နော်​ရထာက​နေ ယ​နေ့အထိ​သောက်​စကားကြီး
ထိုင်​ထိုင်​​ပြောလိုက်​၊ဘာမျိုးညာမျိုး​စတဲ့ အမျိုးသား
ရေး​လေပူ​ပေါင်း​တွေကိုဖင်​ကလိပ်​​ခေါင်းထွက်​​အောင်
မှုတ်​သွင်းလိုက်​၊သမုဒ္ဒရာဇ်​မင်းလက်​ထက်​ကတည်းက
ဒီမိုက​​ရေစီနိုင်​ငံကွလို့ မဟုတ်​ကဟုတ်​က မရှက်​မ​ကြောက်
ပြောဝံ့ဆိုဝံ့တဲ့၊စကား​တောင်​​ဖြောင့်​အောင်​​ပြောနိုင်​စွမ်း
မရှိတဲ့၊ဘာစနစ်​၊ဘာဇယား၊ဘာမူ၊ဘာစီမံကိန်းနဲ့ဘာပလန်
မှမရှိတဲ့ မထုတ်​နိုင်​တဲ့၊​ရှေးကလည်းထုတ်​ခဲ့ဖူးတာမရှိတဲ့၊
ယ​နေ့အထိလည်း နယ်​ချဲ့​ပြော​ပြောပြီး နယ်​ချဲ့​ဟာကိုပဲ
ပြေး​ပြေးစုပ်​(နယ်​ချဲ့ဥပ​ဒေ)​ခဲ့ကြတာနှစ်​၇၀ရှိလာ​နေတာ
တောင်​ ကိုယ့်ကိုယ်​ကိုယ်​ဟုတ်​လှပြီထင်​​နေတဲ့ ကမ္ဘာ့ 
သောက်​ဖျင်းအစိုးရ(အ​နော်​ရထာမှသည်​ - ၂၀၁၉ ​မေလ အထိ)
တွေကိုမြင်​ချင်​ရင်​၊အဲဒီ​သောင်​ဖျင်းအစိုးရ​တွေရဲ့ 
သမိုင်းဖြစ်​တဲ့မြန်​မာ့သမိုင်းကိုသာ​လေ့လာကြပါလို့ လမ်း
ညွှန်​ရမလိုလိုပါပဲ။

နှိုင်းယှဉ်​စရာ ယိုးဒယားလူ့အဖွဲ့အစည်းနိုင်​ငံ​တော်​ကို
ကြည့်ပါ။ယိုးဒယားသား​တွေနဲ့မြန်​မာပြည်​သား​တွေယှဉ်
ရင်​ မြန်​မာပြည်​သားဟာ ယိုးဒယားသားထက်​ဥာဏ်
ရည်​ဥာဏ်​​သွေးထက်​ပါတယ်​။ယိုးဒယားသား​တွေဟာ
မြန်​မာ​တွေထက်​ရိုး အ တဲ့လူမျိုး​တွေဖြစ်​ပါတယ်​။ဒါ​ပေမဲ့
သူတို့ကို​ခေါင်း​ဆောင်​တဲ့နိုင်​ငံ့​​ခေါင်း​ဆောင်​ဆိုတဲ့လူက
သူတို့နိုင်​ငံသားပြည်​သူတစ်​ရပ်​လုံးကိုညင်သာ​စွာလှည့်
ပြောင်းနိုင်​​အောင်​စီစဉ်​​ပေးနိုင်​ခဲ့လို့ ယ​နေ့ ယိုးဒယား
ကမ္ဘာ့ အလယ်​မှာတည်​တည်​ငြိမ်​ငြိမ်​ရပ်​တည်​​နေတာဖြစ်
ပါတယ်​။ဒီက​ကောင်​​တွေက​တော့လား ဟယ်​ရီ့စစ်​တပ်
ဂေါဝိန်​ဆိပ်​ကို​ရောက်​​နေတာ​တောင်​ မိစ္ဆာဒိဋ္ဌိကုလားဖြူ
သိုး​ဆောင်းစသဖြင့် သူတစ်​ပါးကို​သောက်​ပုပ်​ချ​နေဆဲပဲ။
ငြင်​သာစွာလှည့်​ပြောင်းဖို့အခွင့်အ​ရေးမင်းတုန်း​ခေတ်
မှာရခဲ့တယ်​။တကယ်​​တော့ ​အေဒီ၁၇ရာစုကတည်းက
ဒီအခွင့်အ​ရေးကိုရခဲ့တာပါ။အေဒီ၁၆၂၈ခုနှစ်​ ၈လပိုင်း ၈ရက်​​နေ့မှာ
နန်းတက်​လာတဲ့ ရှင်​ဘုရင်​ရဲ့ နာမည်​ရင်း
မဟုတ်​​သော်​လည်းပဲ သာလွန်​ငြိမ်းချမ်းစည်​ပင်​တဲ့
ခေတ်​တစ်​​ခေတ်​ဖြစ်​ခဲ့ဖူးလို့ သာလွန်​မင်းလို့အမည်​တွင်
ရတဲ့ရှင်​ဘုရင်​လုပ်​ခဲ့တဲ့အလုပ်​​တွေနဲ့ထုတ်​ခဲ့တဲ့ အမိန့်
တော်​ပြန်​တမ်း​တွေကိုကြည့်ရင်​ သာလွန်​မင်းကိုဆက်​ခံ
တဲ့​နောက်​ရှင်​ဘုရင်​​တွေသာ တစ်​စိုက်​မတ်​မတ်​လိုက်
ပါခဲ့ရင်​၁၈ရာစုမှာမြန်​မာပြည်​ဟာ ​ပြောင်းလဲ​နေပြီလို့
ပြောနိုင်​ပါတယ်​။သာလွန်​မင်းဟာဘယ်​​လောက်​ပဲ​ကောင်း
တဲ့အလုပ်​​တွေကိုလုပ်​ခဲ့လုပ်​ခဲ့ မြန်​မာပ​ဒေသရာဇ်​စနစ်​ရဲ့ 
အ၀ီစိတွင်းထဲမှာရှိ​နေတဲ့ ဒုစရိုက်​အညစ်​အ​ကြေးအစုအပုံ
တွေကို​တော့ဖယ်​ရှားရှင်းလင်းမသွားနိုင်​ခဲ့ဘူး။အဲဒါ​ကြောင့်
သူကွယ်​လွန်​ပြီးမင်းဆက်​၆ဆက်​အရမှာသူ့နိုင်​ငံ​တော်​ပျက်
စီးခဲ့ရတာဖြစ်​ပါတယ်​။အလားတူ လွတ်​လပ်​​ရေးယူ​နေ
ချိန်​မှာလှည့်​ပြောင်းမယ်​ဆိုရင်​လည်းလှည့်​ပြောင်းလို့ရပါ
သေးတယ်​။ဒါလည်း​ပြောင်းရ​ကောင်းမှန်းမသိဘူး။
သာလွန်​မင်းနန်းတက်​တဲ့ခုနှစ်​နဲ့နှစ်​​ပေါင်း ၃၆၀တိတိ
ပြည့်တဲ့ ၁၉၈၈.၈.၈ ရက်​​နေ့မှာ​နောက်​ထပ်​တစ်​ကြိမ်
လှည့်​ပြောင်းနိုင်​ဖို့အခွင့်အ​ရေးက​ပေးလာခဲ့ပါ​သေးတယ်​။
ဒါ​ပေမဲ့ ၁၆၂၈တုန်းက အ​ဖေကိုသတ်​ပြီးရှင်​ဘုရင်​တက်
လုပ်​​နေတဲ့ မင်းရဲဒိဗ္ဗကို ဖယ်​ရှားရှင်းလင်းနိုင်​ခဲ့​ပြီး သာလွန်
ငြိမ်းချမ်းစည်​ပင်​တဲ့​ခေတ်​တစ်​​ခေတ်​​ရောက်​ခဲ့​ပေမယ့်
၁၉၈၈မှာ မသာ​တွေအလွန်​များလို့ မ​နေနိုင်​သူ​စေတနာ
ရှင်​​တွေက အခမဲ့သင်္ဂြိုဟ်​​ပေးရတဲ့​ခေတ်​ထဲကိုနက်​နက်
ရှိုင်းရှိုင်းတိုးဝင်​သွားခဲ့ရတယ်​။ဒါပဲ။ဒါဟာမြန်​မာအုပ်​ချုပ်
သူအဆက်​ဆက်​ရဲ့ အစွမ်းအစဘာလဲ ဆိုတာကိုကွက်​ကွက်
ကွင်းကွင်းစာဖတ်​ပြ​နေတာပဲ။

Systemမှား​နေတာလား၊လူမှား​နေတာလား​တောင်
စာဖတ်​မတတ်​ခဲ့ကြဘူး။မဆလ စနစ်​ကမှား​နေတယ်
ဆိုတာ​ထောက်​ပြ​နေကြတာ​တောင်​ မဟုတ်​ဘူး System
မှန်​တယ်​ လူမှားတာပါလို့အတင်းဖင်​ပိတ်​ငြင်းပြီးအား
မရလို့ ဆိုရှယ်​လစ်​နိုင်​ငံ​ရေးစနစ်​ကိုဖျက်​လိုဖျက်​စီးလုပ်
တယ်​ဆိုပြီး​ထောင်​သွင်းအကျဉ်းပါချပစ်​ခဲ့ကြတာပါ။
လူမှားရင်​ system က အ​ရေးယူပါလိမ့်မယ်​။ဒါ​ပေမဲ့
System မှားပြီဆိုရင်​​တော့ မစဉ်းစားနဲ့​တော့ပျက်​ပြီပဲ။
ဒါ​ကြောင့်၈၈မှာပျက်​သွားတာမဟုတ်​ဘူးလား။လူမှားရင်
System ကအ​ရေးယူ​တော့ ဘတ်​ဂီယာထိုး​နောက်​ပြန်
ဆုတ်​ပြု ပြင်​ခါဆက်​သွားလို့ရပါ​သေးတယ်​။system
က အမှားမခံဘူး။အ​နော်​ရထာက​နေ လက်​ရှိအစိုးရအထိ
ဘာမူ၊ဘာစနစ်​၊ဘာစည်းကမ်း၊စတဲ့ ဘာစည်းမျဉ်းဥပ​ဒေ
မှ ​ခေတ်​စနစ်​နဲ့အညီထုတ်​ခဲ့ဖူးတဲ့သမိုင်းမရှိဘူး။ဒါကို
နောင်​လာ​နောက်​သား အ​မောင်​ပညာရှိက၀ိ​တွေက ​ရွှေ
ဥာဏ်​​တော်​စူး​ရောက်​ပြီး World Socialism ကို
မြန်​မာအမျိုးသား​ရေးဝါဒနဲ့ဗုဒ္ဓ၀ါဒ​ကို socialism က
စီးပွား​ရေး၊နိုင်​ငံ​ရေးသီအိုရီ​တွေနဲ့​ရောမသ​မွှေနှယ်​ပြီး
သောက်​ကျိုးနဲ​အောင်​​ကောင်းတဲ့ Burmese way to Socialism(မြန်​မာ့နည်းမြန်​မာ့ဟန်​ဆိုရှယ်​လစ်​)ဆိုပြီး
ထွင်​တာ တစ်​နိုင်​ငံလုံးငတ်တာမြင်​လို့မ​ကောင်းဘူး။
အခုလည်း မြန်​မာ့နည်းမြန်​မာ့ဟန်​ဒီမိုက​ရေစီဆိုတဲ့
သောက်​ချိုးချိုးဖို့ကြိုးစား​နေတာမြင်​​နေရတယ်​။ခင်​ဗျား
တို့တစ်​သက်​လုံးမှတ်​သွားပါ။မြန်​မာလူမျိုး​တွေမှာ
 စနစ်​ကျတဲ့သမိုင်း၊စည်းကမ်းရှိတဲ့သမိုင်း၊မူ၊​ဘောင်
နဲ့လုပ်​ကိုင်​ခဲ့ဖူးတဲ့သမိုင်း၊စနစ်​တကျစဉ်းစား​တွေး​ခေါ်ပြီး
စနစ်​တကျထူ​ထောင်​ဖူးတဲ့သမိုင်း၊စနစ်​တစ်​ခုကိုတီထွင်​ဖူး
တဲ့သမိုင်းစတဲ့သမိုင်း​ကြောင်း​တွေဘယ်​တုန်းကမှမရှိခဲ့ဖူး
လို့ ကိုယ်​​ရွှေမြန်​မာတို့စိတ်​ကူးမယဉ်​နဲ့။အ​မေရိကန်​ဒီမို
က​ရေစီဖြစ်​ဖြစ်​၊အင်္ဂလန်​ဒီမိုက​ရေစီဖြစ်​ဖြစ်​ ဒါမှမဟုတ်
ကြိုက်​ရင်​ တရုတ်​ကွန်​မြူ  နစ်​စနစ်​ကိုပဲဖြစ်​ဖြစ်​တိုက်​ရိုက်
သာကူးချခိုင်းပါ။မြန်​မာလူမျိုးအုပ်​ချုပ်​သူ​ခေါင်းကထွက်
လာမယ့်စနစ်​တစ်​ခုကို​တော့ ဒီတစ်​သက်​မ​ပြောနဲ့
ဗုဒ္ဓ၀င်​ပုံပြင်​​တွေထဲက စိတ်​ကူးယဉ်​ကိန်းဂဏန်း ​လေးသ​ချေင်္နဲ့ကမ္ဘာတစ်​သိန်းဖြစ်​သွားတာ​တောင်​ မရဘူးမှတ်​။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=138989987243208&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​....၆”

Post a Comment

Related Posts Plugin for WordPress, Blogger...