Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.....၅

,
ဆာချားလ်​ဘားနဒ်​ဟာ သီ​ပေါ​စော်​ဘွားနဲ့​ဆွေး​နွေးပြီးတဲ့​နောက်
ရှမ်း​စော်​ဘွား​တွေနဲ့နယ်​ရှင်​​တွေဆီကိုစာ​တွေ​ရေး
သားပြီးပို့လာတယ်​။အဲဒီ​နောက်​ရှမ်း​ဒေသကိုချီတက်​ပြီး
ဗြိတိသျှသြဇာခံဖြစ်​လာ​အောင်​သိမ်းသွင်းဖို့ လှိုင်းတက်
ရွာကြီးက Regiment တပ်​ရင်း၂ရင်းအသင့်ပြင်​ပြီး
ညောင်​ရွှေက​နေစစ်​​ကြောင်းမှူးကာနယ်​စတဒ်​မန်းဦး
ဆောင်​ပြီး မန္တ​လေးကိုသိမ်းပိုက်​ပြီး၁၃လ​ကျော်​ကြာပြီး
နောက်​ ရှမ်းပြည်​​အ​ရေးကိုတိုက်​ရိုက်​ကိုင်​တွယ်​ပါ​တော့
တယ်​။တပ်​​ပေါင်းစုကြီးထဲမှာ ​တောင်​​ပေါ်ပစ်​ဘုရင့်အ
မြောက်​တပ်​၊တပ်​ရင်း၁က အ​မြောက်​၂လက်​၊
Hampshire တပ်​ရင်း၂ ကအင်​အား၂၅၀၊ဘုံ​ဘေစစ်​​မြေ
ပြင်​အင်​ဂျင်​​နေယာတပ်​ခွဲ၂ကအင်​အား၅၀၊အမှတ်​၃
ဂေါ်ရခါးတပ်​မဟာ ကတပ်​ရင်း၁၊မြင်းစီးလှံကိုင်​တပ်​က
လူ၄၀နဲ့ဘလူချိစ်​တန်​(ပထန်​)တပ်​​တွေပါဝင်​တဲ့တပ်​​ပေါင်း
စု၁၈၈၆ ဇန်​န၀ါရီလ၃၁ရက်​​နေ့မှာ လှိုင်းတက်​စခန်းက​နေ
အ​ရှေ့ ရှမ်းရိုးမ​တောင်​တန်း​ပေါ်ကိုစစ်​ချီပါ​တော့တယ်​။

အဲဒီမှာနိုင်​ငံ​ရေးအရာရှိအဖြစ်​ Hilderbrand နဲ့ လက်
ထောက်​ Scottတို့ပါဝင်​တယ်​။အဲဒီ​နောက်​ဆနဒ်​ခန့်​စာ
တွေ​ပေးအပ်​ပြီးဗြိတိသျှသြဇာခံဘ၀သွတ်​သွင်းတယ်​။
အဲဒီအချိန်​​ညောင်​​ရွှေမှာ ပူပူ​နွေး​နွေး​စော်​ဘွား၃ဦးပြိုင်
နေတယ်​။ပထမ​စော်​ဘွားက လင်းပင်​တို့တပ်​​ပေါင်းစုက
ထောက်​ခံတဲ့စ၀်​ချစ်​စု၊သူက ၇ရက်​ပဲ​စော်ဘွားလုပ်​ရပြီး
မိုးဗြဲမှာခိုလှုံ​နေရတယ်​။ဒုတိယ​စော်​ဘွားက မင်းတုန်းမင်း
ရဲ့ ကိတ္တိမသားစ၀်​​မောင်​။သူကအခု​မျောက်​သစ်​ကိုင်းလွတ်
ဖြစ်​​နေတယ်​။ဘာလို့ဆို့​တော့သူ့​နေရာကိုစ၀်​အုံဝင်​မသွား
တာ​ကြောင့်ပဲ။တတိယ​စော်​ဘွားက စင်​​ပေါ်ကလူ စ၀်​အုံ။
သူတို့၃​ယောက်​ကလည်း မြန်​မာပ​ဒေသရာဇ်​​တွေလိုပဲ
ဖ​အေတူ မ​အေကွဲညီကိုအရင်း​တွေပါ။အခုလိုအင်​အား
တွေ​ညောင်​​ရွှေမှာလာဆုံ​နေလို့သူက မန္တ​လေးကိုအ​ခေါက်
ခေါက်​အခါခါဆက်​သားလွှတ်​ပြီးအင်္ဂလိပ်​​တွေကိုကယ်​ပါ
ယူပါတစ်​စာစာ​အော်​​ခေါ်တယ်​။စ၀်​အုံကိုကူဖို့အင်္ဂလိပ်
တွေလည်းလက်​နက်​အပြည့်အစုံနဲ့​ရောက်​လာတယ်​။

လင်းပင်​တပ်​​ပေါင်းစုက ​ညောင်​​ရွှေနယ်​ ကူကြိုးအရပ်
မှာတပ်​စွဲပြီး​ညောင်​​ရွှေကိုအ​ပေါ်စီးက​နေခံကတုတ်​ကျင်း
တွေနဲ့ အခိုင်​အမာ​နေရာယူပြီးကြည့်​နေခဲ့တယ်​။အဲလိုနဲ့
နာမည်​​ကျော်​ကူကြိုးခံတပ်​တိုက်​ပွဲကြီးဖြစ်​ပွားခဲ့ရတယ်​။
ဒီအ​ကြောင်းအ​သေးစိပ်​​ရေး​နေရင်​စာရှည်​သွားမှာစိုးလို့
တုံးတိတိနဲ့ပဲဖြတ်​ချလိုက်​ပါတယ်​။

၁၈၈၇ ဧပြီ ၂၃ ရက်​​နေ့မှာ လင်းပင်​တပ်​​ပေါင်းစုကို
နှိမ်​နင်းဖို့ စတဒ်​မန်းခံတပ်​က​နေ စစ်​​ကြောင်းတစ်​​ကြောင်း
ချီတယ်​။အဲဒီစစ်​ကြောင်းမှာ စကားပြန်​ခွန်​နုပါလာတယ်​။
ခွန်​နုလည်း စိုင်​​ကော်​တဲ့အခါချုံ​ပေါ်​ရောက်​ရပြီး စ​ကော့
ရဲ့ ​ထောက်​ခံချက်​နဲ့ ၁၈၈၇ ဇွန်​၁၀ရက်​​နေ့မှာ ရပ်​​စောက်
စော်​ဘွားဖြစ်​လာ​ပါ​တော့တယ်​။မူလရပ်​​စောက်​​စော်​ဘွား
ကြီးရဲ့ ကူကြိုးခံတပ်​ဟာ အင်္ဂလိပ်​​တွေရဲ့ အ​မြောက်​ဒဏ်
ကြောင့်စိစိညက်​ညက်​​ကြေသွားတာကို အဲဒီပတ်​၀န်းကျင်
တစ်​ခွင်​ကနယ်​ရှင်​​တွေအားလုံးသိ​ပြီးကြပြီဖြစ်​လိမ့်မယ်​။
အလားတူ မြန်​မာစစ်​တပ်​ထက်​အဆ​ပေါင်းများစွာအဆင့်
မြင့်ပြီးစွမ်းရည်​ပြည့်တဲ့အင်္ဂလိပ်​စစ်​တပ်​ဖွဲ့​တွေ ​ညောင်
ရွှေ အ​ရှေ့ ​တောင်​ဘက်​ စတဒ်​မန်းခံတပ်​မှာအခိုင်​အမာ
တပ်​စွဲထားတယ်​ဆိုတဲ့သတင်းဟာလည်း ရှမ်းပြည်​တစ်​ခွင်
မှာ မသိသူမရှိသ​လောက်​ဖြစ်​သွား​လောက်​ပြီလို့ယူဆရ
တယ်​။ဒါ​ကြောင့်ပဲ​ကျေးသီးမန်းစံ၊လဲချား၊မိုင်းကိုင်​စတဲ့
နယ်​ရှင်​​တွေ၊တိုက်​ပြီးမိုင်းပွန်​​စော်​ဘွားတို့အားလုံး
ဗြိတိသျှသြဇာ​အောက်​ခိုဝင်​လာခဲ့ကြပါ​တော့တယ်​။
အဲဒီ​နောက်ပိုင်း ​​​Hilderbrand ဟာလက်​​ထောက်
အ​ရေးပိုင်​ Scottနဲ့ပဲအ​ရေးကိစ္စ​တွေကိုလွှဲအပ်​ထား
ခဲ့တာ​တွေ့ရတယ်​။

အဲဒီ​နောက်​ ​Scottဟာ Capt.Wallaceနဲ့ Lieut.Jadsonတို့
ကွပ်​ကဲအုပ်​ချုပ်​တဲ့တပ်​သား၅၀ပါ
တပ်​ဖွဲ့နဲ့အတူမိုးနဲကိုချီတက်​တယ်​။မိုးနဲကိုလင်းပင်​မင်းသား
ရောက်​​နေတာကို Scott နဲ့အဖွဲ့က မိုင်းပွန်​မှာကတည်းက
သိပြီးသားပါ။လင်းပင်​က အညံ့ခံဖို့အသင့်ပြင်​ထားတယ်​။
လင်းပင်​မယားကလည်း အ​ရေးပိုင်​ဆီစာတစ်​​စောင်​ပို့
လိုက်​ပါ​သေးတယ်​။
......ဘုရင့်သား​တော်​သည်​ အလံ​တော်​ကိုလှဲ၍ သူပိုင်​စိုး
ထား​သော ​တောင်​​ပေါ်​ဒေသနယ်​ပယ်​အားလုံးအပြင်
အင်​အားကြီးမားလှ​သောတပ်​ကြီးကိုပါဗြိတိသျှအစိုးရထံ
လွှဲအပ်​​ပေးပါလိမ့်မည်​......လို့​ရေးထားတာကိုကြည့်ခြင်း
အားဖြင့် အင်္ဂလိပ်​တပ်​မိုးနဲမ​ရောက်​ခင်​ကတည်းက
လင်းပင်​ လက်​နက်​ချထားပြီလို့​ပြောရမှာဖြစ်​ပါတယ်​။

Scott နဲ့အဖွဲ့ မိုင်းပွန်​ကထွက်​တာနဲ့ မိုးနဲ​စော်​ဘွားနှမကို
ယူထားတဲ့ ​ယောက်​ဖ​တော်​​ရောက်​လာပြီးဗြိတိသျှ​တွေကို
အူယားဖားယားကြိုဆိုတယ်​။မိုင်းစိပ်​နယ်​ကိုဖြတ်​လာတဲ့
အခါ လမ်းတစ်​​လျှောက်​ရွာ​တွေက ရွာသူကြီး​တွေက
ကျိုင်း​တောင်းထွက်​လူး သို့မဟုတ်​ စ၀်​လူး ဒဏ်​​ကြောင့်
ရွာ​တွေပျက်​စီးကုန်​​ကြောင်း၊ပြာပုံပဲကျန်​​တော့​ကြောင်း
သတင်း​ပေးလာတယ်​။မိုင်းစိပ်​က​နေမိုးနဲ​တောက်​​လျှောက်
လမ်းတစ်​​လျှောက်​လုံး မီးခိုအူ​နေတဲ့ရွာ​တွေချည်းပဲ။
စဉ်းစားသာကြည့်​ပေ​တော့​ပေါ့။ပ​ဒေသရာဇ်​အာဏာလု
ပွဲ​များမှာအစွမ်းပြခဲ့ကြတဲ့ကိုယ်​​ရွှေမျိုးချစ်​​တွေရဲ့ လက်​စွမ်း
ဟာ လူထုကိုဘယ်​​လောက်​ဒုက္ခ​ရောက်​​စေခဲ့တယ်​ဆိုတာကိုပါ။

မိုးနဲမြို့​တော်​​တောင်​ဖျက်​ဆီးခံရတဲ့ဒဏ်​ကမလွတ်​ခဲ့ဘူး။
မိုးနဲမြို့ဟာ မြို့​တော်​အင်္ဂါစုံလင်​စွာနဲ့ သူရဲခို၊ရင်​တား၊
စတာ​တွေနဲ့ခမ်းနားကြီးကျယ်​စွာတည်​​ထောင်​ခဲ့တဲ့မြို့​တော်
ကြီးဖြစ်​တာ အ​ထောက်​ထားခိုင်​လုံပါတယ်​။ယ​နေ့အထိမိုးနဲ
ဟာ အတိတ်​ကသူစည်​ကားခဲ့ပုံကို လာ​ရောက်​သူများကို
ပြောပြ​နေသလိုတည်​ရှိ​နေတာပါ။မိုးနဲပျက်​စီး​နေပုံကို
မှတ်​တမ်းတင်​ထားတာက
....ပျက်​စီးယိုယွင်းသွားပြီဖြစ်​​သော ​ရှေး​ဟောင်းမြို့​တော်
ကြီး၏ မြို့ရိုးမှာ၁၂​ပေခန့်​အမြင့်ရှိသည်​။မြို့​တော်​မြို့ရိုး
ကိုစတုရန်းပုံတည်​ထားရာ တစ်​ဖက်​လျှင်​ကိုက်​၁၀၀၀ခန့်
ရှိသည်​။အပြင်​မြို့ရိုးမှာမူရင်းထက်​အတန်​ကျယ်​၀န်း
နေဟန်​​တွေ့ရသည်​။အိမ်​​ခြေ၁​သောင်း​ကျော်​ရှိခဲ့​သော်​လည်း
အခု​လော​လောဆယ်​ ​အိမ်​​ခြေ၃ရာ​လောက်​သာ​ဆောက်​ရ
သေးသည်​။ဘုန်းကြီး​ကျောင်း ၁၂၀ရှိခဲ့သည့်အနက်
မပျက်​မစီး သုံး​ကျောင်းသာ ကျန်​​တော့သည်​......ဆိုတာ
ပါပဲ။

အဲဒီမြို့ရိုးကိုစာ​ရေးသူ​ရောက်​ရှိချိန်​အထိ​တွေ့ရ​ပါ​သေး
တယ်​။မှတ်​တမ်းအရအိမ်​​ခြေ၁​သောင်းရှိခဲ့ဖူးတဲ့မြို့ဟာ
အဲဒီကတည်းကပျက်​သွားခဲ့တာ ယ​နေ့အထိအဖက်​ဆယ်
လို့မရ​တော့ဘူး။ယ​နေ့မိုးနဲဟာ ရွာသာသာမြို့​လေးအဖြစ်
သာကျန်​ရစ်​​နေပါတယ်​။အလားတူ တစ်​ချိန်​က အလွန်
တရာ စည်းကားခဲ့တဲ့ လဲချားနဲ့မိုးနဲမြို့ကြီးဟာ ပ​ဒေသ
ရာဇ်​အာဏာလုပွဲမှာလုံးဝရစရာမရှိ​အောင်​ဆိတ်​သုဉ်း
ပျက်​ဆီး​ပျောက်​ကွယ်​သွားခဲ့တာယ​နေ့အထိပြန်​​ပေါ်
မလာနိုင်​​တော့ဘူး။

မိုးနဲ​ရောက်​​တော့Scottကလင်းပင်​နဲ့​တွေ့ရပုံကိုမှတ်​တမ်း
တင်​ထားတာက
....မင်းသားသည်​မြို့အပြင်​ဘက်​ရှိ ​တောင်​ကတုံး​လေး​ပေါ်
တွင်​​ဆောက်​လုပ်​ထား​သော ၀ါးကပ်​မိုးယာယီတဲနန်း၌
စံ​နေသည်​။ယင်းတဲနန်းကို​ရွှေ​ရောင်​စက္ကူများ၊
ရောင်​စုံပိတ်​​ချောများဖြင့်လှပ​သေသပ်​စွာဆင်​ယင်​ထား
ပြီးစင်​မြင့်​ပေါ်၌အုပ်​​ဆောင်းပုံသ​ဏ္ဍန်​အမိုးပါ​သော
သလွန်​တစ်​ခုကို ခင်းထားသည်​။သလွန်​​ပေါ်တွင်​ ဂျာမနီ
ဖြစ်​​ကော်​​ဇောခင်းထားပြီးနီမြန်း​သောကတ္တီပါမှီအုံးကို
အသာအယာမှီ၍ထိုင်​​နေသည်​.....ဆိုတာပါပဲ။

Scott တို့ဝင်​သွားပြီးနီးရာသလွန်​​ဘေးမှာဝင်​ထိုင်​တယ်​။
Scott က သူ့မှာအခွင့်အ​ရေး​ပေးနိုင်​တဲ့အာဏာပါမလာ
ကြောင်း၊သူ့ကိုဘာအာဏာမှမ​ပေးလိုက်​​ကြောင်း၊ဒါ​ကြောင့်
စတဒ်​မန်းခံတပ်​​ရောက်​မှအ​ရေးပိုင်​နဲ့ဆက်​​ဆွေး​နွေးကြ​စေ
လို​ကြောင်း အကြံ​ပေးတယ်​။မြန်​မာတို့ရဲ့ ​ရွှေမင်းသား
ကြီး နယ်​ချဲ့ကိုတွန်းလှန်​တယ်​ဆိုတဲ့​စိန်​မင်းသားကြီး၊
အမျိုးဂုဏ်​ဇာတိဂုဏ်​မြင့်​မားပြီး သူ့ကျွန်​မခံစိတ်​နဲ့
နယ်​ချဲ့ကိုခံချခဲ့ပါတယ်​ဆိုတဲ့ ​ငွေမင်းသားကြီး က
ဘာ​တောင်းတယ်​ထင်​တုန်း။

...သူ့ကိုမင်းသားအဖြစ်​အသိအမှတ်​ပြု ပြီးပင်​စင်​ရိက္ခာ
အလုံအ​လောက်​​ပေးဖို့၊​နေအိမ်​​ပေးဖို့၊မိုးနဲ က​နေ စတဒ်​မန်း
အသွားလမ်းတစ်​​လျှောက်​ ဆင်​စီးခွင့်ပြုဖို့၊လမ်းမှာ
မင်းသားအ​ဆောင်​အ​ယောင်​ဖြစ်​တဲ့​ရွှေ​မောင်းကြီးတဒူဒူ
ထုသွားခွင့်ပြုဖို့ ....စတာ​တွေပါ။ဘယ်​ပြည်​သူလူထု
တစ်​​ယောက်​အတွက်​မှ​တောင်းဆိုတာတစ်​ခုမှမပါခဲ့ဘူး။
ဘယ်​လိုနယ်​ချဲ့ရန်​ကိုတွန်းလှန်​တာလဲ?ဘယ်​လိုသူ့ကျွန်
မခံစိတ်​ဓာတ်​ စုစည်းတွန်​လှန်​တာလဲ?အခုမြင်​ရတာ
နယ်​ချဲ့လက်​ချက်​တစ်​ချက်​မှမပါဘဲ ကိုယ့်မြို့ ကိုယ်​ရွာ
ကိုယ်​နယ်​​တွေကို ကိုယ့်အချင်းချင်းပဲ ပတ်​ပြီးမီးတိုက်​လို့
ကုန်​သွားတာလယ်​ပြင်​မှာဆင်​သွားသလိုရှင်းလင်းစွာ
မြင်​ကြရမှာပါ။အဲ​တော့မြန်​မာသမိုင်းက​ပြောတဲ့သူ့ကျွန်
မခံပြီးဆိုတာ ငါ့ကျွန်​ခံမယ့်သူ မရှိ​တော့မှာစိုးလို့တကူးတက
မ​မေ့မ​လျှော့သမိုင်းတင်​ပြီး ကျွန်​ခံခိုင်းတာပါပဲ။

အဲလိုနဲ့သီ​ပေါပါပြီး အင်္ဂလိပ်​အုပ်​ချုပ်​​ရေးရှမ်းပြည်​မ
ရောက်​ခင်​ ၁နှစ်​​ကျော်​အချိန်​​အတွင်းရှမ်းပ​ဒေသရာဇ်
စော်​ဘွား​တွေ၊နယ်​ရှင်​​တွေနဲ့မြို့စား၊ရွာစားများသာမက
ကိုဖျာခင်းတို့ပါ ၀င်​​ရောက်​ယှဉ်​ပြိုင်​အာဏာလုကြရာမှာ
မြို့ကြီး​က​နေရွာသိမ်​ရွာငယ်​​တွေအထိအားလုံးပျက်​ဆီး
ခဲ့ရတာ၊နယ်​လုံးကျွတ်​တစ်​အိမ်​မကျန်​မီးရှို့ ခံရလို့ရှမ်း
အမျိုးသား​တွေ​အောက်​မြန်​မာပြည်​နဲ့ယိုးဒယားဘက်​ကို
ထွက်​​ပြေး ​ပြောင်း​ရွှေ့ အ​ခြေစိုက်​ခဲ့ရတာ၊အငတ်​​ဘေး၊
ရောဂါ​ဘေးစတဲ့ကပ်​​ဘေး​တွေနဲ့ဒုစရိုက်​မှု​ပေါင်းစုံကို
ဖန်​တီးခဲ့ကြသူ​တွေဟာ ရှမ်း​စော်​ဘွား​တွေနဲ့လင်းပင်
အပါအ၀င်​ အာဏာမက်​တဲ့အာဏာရှင်​အစဉ်​အဆက်
တွေပဲဖြစ်​ပါတယ်​။အဲဒီအာဏာရှင်​​တွေ၊ပ​ဒေသရာဇ်
အမြိတ်​အစွန်း​တွေ၊ကိုဖျာခင်း​တွေကို စိတ်​​တော်​သိ
သမိုင်းဆရာ​တွေက သူ့ကျွန်​မခံစိတ်​ဓာတ်​နှင့်နယ်​ချဲ့
ရန်​ကိုစုစည်းတွန်းလှန်​ခဲ့ကြပါသည်​ဆိုပြီးမှတ်​တမ်း
တောင်​တင်​​ပေးလိုက်​ပါ​သေးသဗျ။

အခုတင်​ပြခဲ့တဲ့ ပ​ဒေသရာဇ်​ရှမ်းပြည်​ရဲ့ သမိုင်း​ကြောင်း
မှာ အင်္ဂလိပ်​စစ်​တပ်​က စစ်​​ရေးနဲ့ကိုင်​တွယ်​​ဖြေရှင်းခဲ့ရ
တာဆိုလို့ ကူကြိုးခံတပ်​တိုက်​ပွဲတစ်ခု​ပဲရှိတယ်​။
အတွင်းစည်းပြိုကွဲပြီး အာဏာ​လောဘ​ဇောတက်​​နေ
လို့ပြည်​သူလူထုဘ၀ကို​ကြည့်ရ​ကောင်းမှန်း​တောင်​မသိတဲ့
အမျိုးသားဖက်​ဆစ်​​တွေကို အမျိုးသားကယ်​တင်​ရှင်​​တွေ
လိုလို ဂုဏ်​ပြု ​နေကြသူ​တွေရဲ့ စရင်းမှာ မသိမသာကိုယ်
ပါဝင်​​​နေမိရင်​ဖြစ်​​စေ၊အမျိုးဂုဏ်​ဇာတိဂုဏ်​ရဲ့ မျက်​နှာ
ကျက်​ကြီး​အောက်​မှာ​နောက်​ပြန်​လမ်း​လျှောက်​​နေမိရင်
ဖြစ်​​စေ ရှက်​တတ်​ဖို့လိုတဲ့​ခေတ်​ကို​ရောက်​ပြီလို့ပဲ​ပြောခဲ့ချင်​တယ်​။

လင်းပင်​လက်​နက်​ချပြီး​နောက်​တစ်​​နေ့မှာမိုးနဲ​စော်​ဘွား
စ၀်​ခွန်​ကြည်​ဟာ ရံ​ရွှေ​တော်​​တွေမပါဘဲတစ်​​ယောက်​တည်း
ရွှေထီး၂လက်​မိုးပြီးစ​ကော့ဆီ​ရောက်​ချလာပြီးအညံ့ခံ
ဝင်​လာခဲ့တယ်​။မိမိတို့​စော်​ဘွား၊နယ်​စား​တွေအချင်းချင်း
ကို​ပေးပို့ဖို့ ကွက်​လပ်​​တွေချန်​ထားပြီး အမည်​ထည့်သွင်း
ရန်​ဆိုတဲ့စာမှာ သူ့အမည်​ကိုသူကိုယ်​တိုင်​​ရေးသွင်းပြီး
အညံ့ခံရုံတင်​မက ဘဲ သံလွင်​အ​ရှေ့ ဘက်​ကအခြားနယ်
တွေကိုပါနားချ​ပေးပါ့မယ်​ဆိုပြီးကတိ​တောင်​ပြု ခဲ့ပါ​သေး
တယ်​။

မိုးနဲ​ဒေသဟာ မြန်​မာမင်းလက်​ထက်​က စစ်​ကဲကြီးရုံးစိုက်
ရာမြို့ဖြစ်​ခဲ့တာ​ကြောင့် အခုဗြိတိသျှအုပ်​စိုးမှုအထိမ်း
အမှတ်​ကိုထင်​ရှား​စေချင်​လို့ မိုးနဲ​စော်​ဘွားကိုယ်​တိုင်
ဗြိတိန်​ရဲ့ ယူနီယံဂျက်​အလံကို ဗြိတိသျှ​တွေမ​တောင်းဆို
ဘဲ သူ့ဘာသာ​သူ​ လွှင့်တင်​ဖို့​တောင်းဆိုတာကိုအင်္ဂလိပ်
ကလည်းသ​ဘောတူ​ပေးလိုက်​တယ်​။စဉ်းစားသာကြည့်ကြ
ပေ​တော့။

တကယ်​​တော့ ​ဟော်​နန်းရဲ့ ဦးမှာ ဗြိတိန်​အလံလွှင့်ထူ
ခွင့်ကို ဘယ်​နယ်​ရှင်​ ဘယ်​​စော်​ဘွားမှရခဲ့တာမဟုတ်​ဘူး။
မိုးနဲ​စော်​ဘွားအဆက်​ဆက်​က ဒါကိုဝံ့ကြွားဂုဏ်​ယူပြီး
မြန်​မာနိုင်​ငံလွတ်​လပ်​​ရေးရတဲ့အထိ အဲဒီအင်္ဂလန်​ယူနီယံ
ဂျက်​အလံကို အစဉ်​တစိုက်​ လွှင့်ထူခဲ့တာပါ။၁၉၃၂​စော်​ဘွား
စ၀်​​ကျော်​ဟိုးလက်​ထက်​ မြန်​မာပြည်​ဘုရင်​ခံက ယူနီယံ
ဂျက်​အလံကို လွှင့်ထူခွင့်ထပ်​မံအတည်​ပြု ​ပေးခဲ့ပါတယ်​။

၁၈၈၇ ​မေလ၉ရက်​​နေ့မှာကျင်းပတဲ့ မိုးနဲရဲ့ယူနီယံ
ဂျက်​အလံတင်​အခမ်းအနားနဲ့ပက်​သက်​ပြီး Scott
မှတ်​တမ်းတင်​ထားပုံက
......၅နာရီတွင်​ ​ဟော်​နန်း​ရှေ့ မျက်​နှာစာ​မြေကွက်​လပ်​တွင်
စိုက်​ထူထား​သောအလံတိုင်​ကိုဝိုင်း၍ လူများစု​ဝေးကြသည်​။
အလံ​တော်​အ​လေးပြု ရန်​ခရာမှုတ်​သံထွက်​လာ​သောအခါ
Capt.Wallace၊ရိုင်​ဖယ်​တပ်​သား၅၀တို့ညီညာစွာ​သေနတ်
ထမ်းအ​လေးပြု ကြစဉ်​ ကျွနု​ပ်​အလံ​တော်​ကို ၀ါးတိုင်​ထက်
သို့ကြိုးနှင့်တစ်​ဖြည်းဖြည်းဆွဲတင်​သည်​။စော်​ဘွား၏
တီးဝိုင်းလည်းခန့်​ညားထည်​၀ါစွာပါဝင်​တီးမှုတ်​သည်​။
ရောက်​ရှိ​နေ​သော လူထုပရိတ်​သတ်​အားလုံးကဦးချ
ရှီခိုး၍ အလံ​တော်​သစ်​ကိုအ​လေးပြု ကြကုန်​၏။ဤသို့
နှင့်ပင်​ ရှမ်းပြည်​တစ်​ခွင်​ အသစ်​စက်​စက်​အရှင်​သခင်
တို့ ခိုင်​မြဲစွာ အ​ခြေချမိကြပြီဖြစ်​ပါ​တော့သည်​။......

ဒီပိုစ့်ရဲ့ အစပထမမှာ ကျ​နော်​ကြို​ပြောခဲ့တဲ့စကားက
သမိုင်းဆိုတာ ​မော်​ကွန်းဖြစ်​သွားတဲ့နိုင်​ငံ​ရေးဆိုတဲ့စကားပါ။
အခုလိုမိုးနဲ​စော်​ဘွားနဲ့ရှမ်း​စော်​ဘွားအားလုံးဗြိတိသျှကို
ဒူး​ထောက်​လိုက်​တာ ကိုအပြစ်​​ပြောမယ်​လို့စဉ်းစားမယ်
ဆိုရင်​ ကိုယ့်ကိုယ်​ကိုယ်​ မှန်​နဲ့ပြန်​ကြည့်ဖို့လည်းမ​မေ့သင့်
ဘူးထင်​တာပဲ။ကမ္ဘာ့ အရက်​စက်​ဆုံးနဲ့ ကမ္ဘာ့ အဆိုးဝါး
ဆုံး ပ​ဒေသရာဇ်​စနစ်​ရဲ့ စရင်းမှာထပ်​ဆုံးကရပ်​တည်​ခဲ့
တဲ့ မြန်​မာပ​ဒေသရာဇ်​စနစ်​​ကြောင့်ရှမ်း​တွေဒုက္ခ​ရောက်
ခဲ့ရတာကို​မေ့ထားပြီး မိုးနဲ​စော်​ဘွားကိုအလွယ်​တကူ
အပြစ်​​တော့မတင်​နဲ့​ပေါ့ဗျာ။ဗြိတိသျှ ​တွေက ​စော်​ဘွား
ကို​စော်​ဘွားအဆင့်အတန်း​ပေးတယ်​။နာမ်​မနှိမ်​ဘူး။
နေရာတကာ ငါ့ကျွန်​ ငါ့ကျွန်​ဆိုပြီးဂုဏ်​မ​ဖော်​ဘူး။သား
မယားနဲ့မိသားစုကို ဒုက္ခမ​ပေးသလို ​ဒေသခံလူထုကိုမထိ
ဘူး။စည်းနဲ့ကမ်းနဲ့စနစ်​နဲ့၁၉ရာစုကတည်းက နိုင်​ငံ​ရေး
ယဉ်​​ကျေးမှုကို တိတိကျကျလိုက်​နာအ​ကောင်​အထည်​​ဖော်
ခဲ့တဲ့ လူတန်းစား​တွေလက်​ထဲ ဒူး​ထောက်​ရတာဟာ ပညာမဲ့
ရေ​ပေါ်ဆီ ဘာမှသုံးစားမရတဲ့ အညာအပူ​တောက
စင်္ကြာဝဋ္ဌာအလုံးကိုအစိုးရ​တော်​မူ​သော စိတ်​​ဝေဒနာသည်
တွေရဲ့ကျွန်​ဖြစ်​ရတာထက်​သာတယ်​လို့တစ်​စုံတစ်​​ယောက်
က ပြန်​လည်​​ချေပလာရင်​ အခက်​​တွေ့ကြမှာမို့ကြို ပြီး
သတိ​ပေးတင်​ပြလိုက်​တာပါ။ယ​နေ့အထိနှိုင်းယှဉ်​ကြည့်
လို့ရ​နေဆဲပါ။ယ​နေ့ မြန်​မာဗဟိုအစိုးရကိုအထင်​ကြီး
လေးစားခန့်​ညားတဲ့ ပြည်​ပအစိုးရမ​ပြောနဲ့ ပြည်​တွင်း
က ​သွေးချင်းညီကိုများလို့​ပြောတဲ့ ဘယ်​တိုင်းရင်းသား
တစ်​စုတစ်ဖွဲ့ကများမြန်​မာအစိုးရကိုချစ်​ကြည်​​နေပါသလဲ?
အဲ​တော့ ဒီလူမျိုးပဲဖြစ်​၊ဒီရာထူးအစိုးရပဲဖြစ်​တဲ့
ကုန်း​ဘောင်​စစ်​အစိုးရ​တွေအတွက်​သစ္စာရှိ​ပေးပြီး
ဗြိတိသျှကိုဘာအတွက်​ရှမ်း​စော်​ဘွား​တွေအ​နေနဲ့အာခံ
မတုန်း။ဒီ​လောက်​ဆိုရင်​မြင်​သာပြီထင်​ပါတယ်​။

အဲဒီ ယူနီယံဂျက်​အလံ မိုးနဲ​ဟော်​မှာတင်​တဲ့​နေ့မှာပဲ
ကရင်​နီနယ်​စပ်​မှာတည်​ရှိတဲ့ သထုံနယ်​က နယ်​စားကြီး
ခွန်​အို့ ကလည်း မိုးနဲလာပြီးအညံ့ခံပြန်​တယ်​။

လင်းပင်​မင်းသားကို​ခေါ်ပြီး စ​ကော့တို့အဖွဲ့ပြန်​ဆင်းလာ
တဲ့အခါ စတဒ်​မန်းခံတပ်​မ​ရောက်​ခင်​ ၂မိုင်​အကွာက​နေ
အင်္ဂလိပ်​စစ်​ဘင်​ခရာအဖွဲ့ကဆီးကြိုတီးမှုတ်​ကြိုဆိုပြီး
ရှေ့ ​ဆောင်​ချီတက်​တဲ့အခါ ပ​ဒေသရာဇ်​ပီသသူ လင်းပင်
မင်းသားလည်းနှုတ်​ခမ်းနှာ​ခေါင်းတက်​ချိတ်​မတတ်​ပြုံး
နေရှာ​တော်​မူပြီး ဖရဏပီတိဂွမ်းဆီထိသလိုဖြစ်​​နေပါတယ်​။
သူ့ဘ၀မှာ ဗြိတိသျှလက်​ထဲ​ရောက်​သွား​နေတာကို​တောင်
သတိမထားနိုင်​ဖြစ်​ပြီးအ​ပေါ်ယံပကာသန​တွေကိုဦးစား
ပေးသာယာ​နေတတ်​တဲ့လူမျိုးကို အနာဂတ်​နိုင်​ငံ​တော်
ခေါင်း​ဆောင်​ကြီးအဖြစ်​သာ အဲဒီ​ခေတ်​က​ရွှေးလိုက်​မိရင်
တော့​တွေးလို့​တောင်​မရဲ​တော့ဘူး။သူ​ကျောင်းတက်​စဉ်
က သူ့ရဲ့ ​ကျောင်းအုပ်​ကြီးဖြစ်​ခဲ့သူ စိန့်​ဂျွန်း​ကော်​လိပ်
ကျောင်းအုပ်​ကြီး Sir J.G.Scottကိုယ်​တိုင်​သူတပည့်ကို
ခေါ်ပြီးလာ​နေတာပါ။ရန်​ကုန်​​ရောက်​​တော့လင်းပင်​ကို
အိန္ဒိယပို့လိုက်​ပါ​တော့တယ်​။နောက်၂၂နှစ်​​ကြာပြီ​တော့
လင်းပင်​မင်းသားဆီကစာ စ​ကော့ဆီဝင်​လာတယ်​။
အိန္ဒိယကပို့လိုက်​တဲ့စာပါ။
.....လွန်​ခဲ့​သော၂၂နှစ်​ကာလအတွင်း သင်​နှင့်ကျွန်ုပ်
အဆက်​သွယ်​မရှိခဲ့​သော်​လည်း သင့်ကိုမူ ကျွနု​ပ်​ဘယ်​​တော့
မှမ​မေ့ပါ။ကျွန်ုပ်​လက်​နက်​ချ​သော(၁၈၈၇ ​မေလ ၈ရက်
နေ့)​နေ့နဲ့ Fort Stedman မှာ သင့်ကို​နောက်​ဆုံး​တွေ့မြင်
ရ​သော ​နေ့ကိုကျွန်ုပ်​​ကောင်းစွာမှတ်​မိပါ​သေးသည်​.......
လို့​ရေးသားထားတယ်​။

အဲလိုနဲ့ရှမ်းပြည်​တစ်​၀ှမ်းက​စော်​ဘွား​တွေကို​ကျောသပ်​၍
တစ်​နည်း၊ဦးချိုး၍တစ်​ဖုံ၊အ​ပေးအယူလုပ်​၍တစ်​သွယ်
စတဲ့ နည်းအမျိုးမျိုးနဲ့ အင်္ဂလိပ်​ကထိန်းချုပ်​ပြီးတဲ့​နောက်
ကျိုင်းတုံနယ်​တစ်​နယ်​ပဲကျန်​ပါ​တော့တယ်​။

ဆက်​ပါဦးမည်​။
(မှတ်​ချက်​။မိုးနဲသမိုင်းအ​သေးစိပ်​သိချင်​ရင်​ wallထဲက
မိုးနဲသမိုင်းနှင့်ယှဉ်​တွဲ​လေ့လာပါ)

ပုံ-မိုးနဲမြို့ရိုးအကြွင်းအကျန်​ပုံ


https://m.facebook.com/story.php?story_fbid=138697870605753&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.....၅”

Post a Comment

Related Posts Plugin for WordPress, Blogger...