Tuesday, May 21, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.. ...၎

,
မိုးနဲ​စော်​ဘွားအစာမ​ကြေတဲ့ပြဿ     နာကရှိ​ပါ​သေးတယ်​။
အဲဒါက သူ့လက်​​အောက်​ခံကျိုင်း​တောင်းနယ်​ကိုညီ​တော်
ကမြို့စားအဖြစ်​အုပ်​ချုပ်​​နေစဉ်​ ကွယ်​လွန်​သွားတယ်​။
အဲအချိန်​မြို့စားသားစ၀်​​မောင်​ အရွယ်​မ​ရောက်​​သေး
ဘူး။ဒါနဲ့ ​စော်​ဘွားကြီးရဲ့ ခယ်​မ​တော်​ မြို့စားမယား
မုဆိုးမ က စိတ်​​ပြေလက်​​ပျောက်​ဆိုပြီးမန္တ​လေးဘုရားဖူး
ထွက်​ခိုက်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ဘုရားဖူးလာတဲ့ကျိုင်း
တောင်းနယ်​သား ဦးပဉ္စင်းတစ်​ပါးကကူညီ​စောင့်​ရှောက်
ရင်းရှိသမျှဘုရားအကုန်​ပတ်​ဖူးတာ ​နောက်​ဆုံး ဦးပဉ္စင်း
နဲ့မုဆိုးမ ညှိ​ရောဆိုပါ​တော့။အဲဒီဦးပဉ္စင်းဘွဲ့ကိုမှတ်​တမ်း
တင်​မထားလို့မသိရ​ပေမယ့် လူအမည်​က​ ​မောင်​လူး
ဖြစ်​တာ​ကြောင့် ရှမ်းပအိုဝ့်တို့ရဲ့ ထုံးစံအတိုင်းပဉ္စင်း
လူထွက်​ကို ထွက်​၊လူနာမည်​လူး နဲ့​ပေါင်းပြီးထွက်​လူး
လို့​ခေါ်ကြရာက​နေအမည်​တွင်​သွားတယ်​။

အဲဒီမုဆိုးမ​စော်​ဘွားမယားကိုအ​ကြောင်းခံပြီး ​မြန်​မာ
မင်း​ရွှေနန်း​တော်​က ကျိုင်း​တောင်းနယ်​ရင်​ခွင်​ပိုက်​အဖြစ်
ထွက်​လူး အားခန့်​ထား​စေလို့အမိန့်​ထွက်​လာတဲ့အခါမှာ​တော့
မိုးနဲ​စော်​ဘွားယမ်းပုံမီးကျဖြစ်​​တော့တာပဲ။အဲဒါ​တွေအားလုံး
အ​ပေါ်​​ဒေါ်သဖြစ်​ပြီး ၁၈၈၃မှာ မြန်​မာစစ်​ကဲနဲ့တကွစစ်​တပ်
အားလုံးကိုလက်​စတုံးစီရင်​ပစ်​လိုက်​တာပဲဖြစ်​ပါတယ်​။
ချက်​ခြင်း​နေပြည်​​တော်​ကတပ်​မ​တွေ​စေလွှတ်​တဲ့အခါ
မိုးနဲ့​စော်​ဘွား​တောခိုသွားလို့ လစ်​လပ်​သွားတဲ့မိုးနဲ​စော်
ဘွား​နေရာကိုကျိုင်း​တောင်းမြို့စားက​လေး စ၀်​​မောင်​ကို
၁၈၈၄ ​မေလ ၃ရက်​​နေ့မှာတရားဝင်​မိုးနဲ​စော်​ဘွားခန့်
လိုက်​တာ​ကြောင့် ထွက်​လူး ဟာ အလိုအ​လျောက်​မိုးနဲ
ရင်​ခွင်​ပိုက်​ဖြစ်​လာပြန်​တာပါပဲ။ဘယ်​​လောက်​အထိကံ
ဇာတာကတက်​သလဲ​မေးရင်​ အဲဒီဘုန်းကြီးလူထွက်
မုဆိုးမယူပြီးအာဏာတက်​ယူတဲ့ ထွက်​လူးကို မြန်​မာဘုရင်
က ကျိုင်း​တောင်းရင်​ခွင်​ပိုက်​အဖြစ်​ခန့်​အပ်​တဲ့အမိန့်​စာ
ချွန်​​တော်​​ရော၊မိုးနဲရင်​ခွင်​ပိုက်​အဖြစ်​ခန့်​အပ်​တဲ့အမိန့်​စာ
ချွန်​​တော်​၂ခုစလုံးကို ယ​နေ့အထိ အင်္ဂလန်​​မော်​ကွန်းတိုက်
မှာသိမ်းထားဆဲလို့ပင်​လုံစစ်​တမ်းမှာဦးအုန်း​ဖေကဆိုတယ်​။
အဲလိုနဲ့ ဘုန်းကြီးလူထွက်​အညတရက ​စော်​ဘွားဖြစ်​လာ
တော့ ထွက်​လူး​ပျောက်​ခါ စ၀်​လူး ဖြစ်​လာပြီး ​စော်​ဘွားအစစ်
မိုးနဲစ၀်​ခွန်​ကြည်​ခမျာမှာ​တော့ ငကျီငယ်​ဆိုတဲ့ဘ၀ဆိုက်
သွား​တော့တာပါပဲ။မြန်​မာမင်းဟာ ​စော်​ဘွား​တွေကို​တောင်
င ထည့်သုံးတယ်​။နာမ်​နှိမ်​တာ၊သူ့ကျွန်​​လို့​ပေါ်လွင်​​အောင်
ငနီ၊ငဖြူ၊စသဖြင့်နှိမ်​​ခေါ်တတ်​တဲ့မင်း​တွေဖြစ်​ပါတယ်​။
ဒါ​ပေမဲ့မုဆိုးမအားကိုးနဲ့ရှင်​ဘုရင်​ဖြစ်​ခွင့်ရတဲ့ စ၀်​လူး​ခေါ်
ထွက်​လူးလည်း၃နှစ်​နီးပါးပဲမိုးနဲ​ဟော်​မှာ မုဆိုးမနဲ့နှစ်​ပါး
သွားရတာပါ။

သီ​ပေါပါပြီး ၁၂ရက်​ခန့်​ကြာ​တော့ လင်းပင်​မင်းသားက
ကျိုင်းတုံမှာရုတ်​တရက်​​ပေါ်လာတယ်​။မိုးနဲ​စော်​ဘွား
ခေါင်း​ဆောင်​တဲ့သူပုန်​အဖွဲ့က ၁၈၈၆​ဖေ​ဖော်​၀ါရီလမှာ
ကျိုင်းတုံက​နေသံလွင်​ကိုဖြတ်​ပြီးချီတက်​လာတယ်​။
အဲ​တော့သီ​ပေါပါပြီး၂လ​ကျော်​ပြီဖြစ်​တာရယ်​၊အခုချီ
တက်​လာတဲ့အုပ်​စု​တွေဟာ​စော်​ဘွားအစစ်​​တွေဖြစ်​တာ
ကြောင့် သီ​ပေါခန့်​ခဲ့တဲ့နယ်​စားပယ်​စားမြို့စားအသီးသီး
အားလုံး​ပြေး​ပေါက်​ရှာကြပါ​တော့တယ်​။မြန်​မာတပ်​က
အင်္ဂလိပ်​၀င်​ကတည်းကပျက်​သွားပြီ။

အဲဒီနှစ်​​တွေအတွင်း ရှမ်း​ဒေသမှာ ငရဲပွက်​သလို တစ်​နယ်
နဲ့ တစ်​နယ်​ တိုက်​ခိုက်​၊လုယက်​၊ဖျက်​ဆီး၊မီးရှို့ ကြတာ
မြို့ကြီးပြကြီးဟူသမျှမီးခိုးတစ်​အူအူနဲ့ပြာပုံပဲကျန်​ရစ်
တယ်​။ပြည်​သူလူထုနယ်​သူနယ်​သား​တွေဘယ်​​လောက်
ဒုက္ခ​ရောက်​မလဲဆိုတာစဉ်းစားသာကြည့်​တော့​ပေါ့။
သူ့ကျွန်​မခံစိတ်​ဓာတ်​နဲ့နယ်​ချဲ့ရန်​ကိုစုစည်းတွန်းလှန်
လားမတွန်းလှန်းလားဆိုတာအထူးရှင်းပြမ​နေ​တော့
ဘူး။ပေါ်လွင်​ထင်​ရှား​နေပါတယ်​။ကိုယ်အာဏာရဖို့
ကိုယ်​သြဇာကြီးဖို့ ကိုယ့်လူမျိုးအချင်းချင်းလုယက်
တိုက်​ခိုက်​ နယ်​လု မနိုင်​​တော့ မီးရှို့ ဖျက်​ဆီးပြီး ​ချေမွ
ပစ်​ခဲ့ကြတာပါ။အဲလိုနဲ့ ရှမ်းပြည်​တစ်​ခွင်​လုံး
ဒုဗ္ဘိက္ခ န္တရ ကပ်​ဆိုက်​ပါ​တော့တယ်​။လူ​ရောတိရစ္ဆာန်
ပါဒီဒဏ်​ကိုခံစားကြရတာဖြစ်​ပါတယ်​။

ကျိုင်းတုံကို​ရောက်​သွားတဲ့လင်းပင်​မင်းသားကိုအစွဲ
ပြုပြီးရှမ်း​စော်​ဘွား​တွေက လင်းပင်​မင်းသားကိုနန်းတင်
လိုကြတယ်​ဆိုပြီး​နှောင်း​ခေတ်​သမိုင်းဆရာ​တွေ​ရေးတယ်​။
ဒေသရှမ်း​ဒေသ၊လင်းပင်​မင်းသားလိုသာမန်​အညတရ
မင်းသားတစ်​ပါးကို ၀ါရင့်​စော်​ဘွားကြီး​တွေက ဘာမက်
စရာရှိလို့သူ့ကိုနန်းတင်​မတုန်း။အခုကျိုင်းတုံမှာသွား
စု​နေတာ ခပ်​ချာချာ​စော်​ဘွား​တွေမဟုတ်​ဘူး။ရှမ်းပြည်
ရဲ့ ဆယ်​လီ​တွေပါ။အာဏာလက်​လွတ်​မှာ​ကြောက်​​နေတဲ့
စော်​ဘွား​တွေကြားထဲကို အာဏာမက်​တဲ့လင်းပင်​က
ရောက်​သွားပြီးပူး​ပေါင်းလိုက်​တာပါပဲ။အလကားရှမ်း
စော်​ဘွားကြီး​တွေက လင်းပင်​ကိုဒူး​ထောက်​သစ္စာခံမယ်
ဆိုတာ ဖြစ်​နိုင်​မဖြစ်​နိုင်​အသိဥာဏ်​ရှိရင်​စဉ်းစားသာ
ကြည့်​ပေ​တော့။ကျိုင်းတုံ၊မိုးနဲ၊ရပ်​​စောက်​၊မိုင်း​နောင်၊
မိုင်းပွန်​၊သထုံ၊​မောက်​မယ်​ စတဲ့နယ်​​တွေဟာလင်းပင်နဲ့
အတူ​ပေါင်းပြီး ဗြိတိသျှသြဇာခံထားတဲ့​ညောင်​​ရွှေကို
မျက်​​စောင်းထိုးတယ်​။အဲဒီလိုအာဏာမက်​လို့အာဏာလု
နေတာကို သူ့ကျွန်​မခံစိတ်​ဓာတ်​နဲ့နယ်​ချဲ့ရန်​ကိုစုစည်း
တွန်းလှန်​ခဲ့ကြပါတယ်​လို့က၀ိ​တွေကသမိုင်းတင်​ခဲ့တာ
ပါ။

ညောင်​​ရွှေ​​စော်​ဘွားဆိုတာ မင်းတုန်းမင်းရဲ့  ကိတ္တိမသား
ဖြစ်​တယ်​။အမည်​ကစ၀်​​မောင်​။ရှမ်းအမျိုးသား​တွေထဲ
မှာ အင်္ဂလိပ်​​ပေးတဲ့ ပထမဆုံး ဆာဘွဲ့ရ​စော်​ဘွားဖြစ်​တယ်​။
၁၈၅၂ မှာ စ၀်​​ဆေဟုန်​ ဟာ သူ့ဝမ်းကွဲအကို ကျမိုင်း
စ၀်​သု​ဒေ၀ကို လုပ်​ကြံပြီး ပုဂံမင်းရဲ့ မိဖုရားငယ်​တစ်​ပါ
ဖြစ်​တဲ့ သူ့နှမ အကူအညီနဲ့ ​ညောင်​​ရွှေ​စော်​ဘွားဖြစ်​လာခဲ့
တယ်​။ပုဂံမင်းကိုနန်းချဖို့ မင်းတုန်းနဲ့က​နောင်​ ​ရွှေဘိုမှာ
တပ်​ပြင်​​နေစဉ်​ လုပ်​ကြံခံရသူ စ၀်​သု​ဒေ၀ရဲ့ ဇနီးနဲ့
သား​တော်​​လေး စ၀်​​မောင်​တို့က လိုက်​သွားခဲ့ကြတယ်​။
စ၀်​​မောင်​ရဲ့ အ​မေ မုဆိုးမစ၀်​သု​ဒေ၀မယားနဲ့မင်းတုန်း
မင်းအ​တော်​ခင်​မင်​ရင်းနှီးလို့ မင်းတုန်းအာဏာလုရာ
မှာသုံးဖို့ ​ရွှေ၅၀သားထည့်ဝင်​ကူညီတယ်​လို့ဆိုတာပဲ။
ဘယ်​လိုခင်​မင်​ရင်းနှီးတယ်​​တော့တိတိကျကျမသိရဘူး။
မင်းတုန်းဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲ
သမီးနဲ့​တောင်​မလွတ်​တဲ့ မြန်​မာတို့ရဲ့ စပါယ်​ရှယ်
ဂုဏ်​တင်​​လောက်​ဖွယ်​ အင်​မတန်​ကြီးမားမြတ်​ထွဋ်​​တော်​မူ
သော ပဉ္စမသင်္ဂါယနာတင်​မင်းမလား။အဲ​တော့ မယားလို
ရင်းနှီးတာလား၊​မောင်းမမိဿံလိုရင်းနှီးတာလား၊
စသဖြင့်ကိုယ့်ဟာကိုယ်​ပဲဆုံးဖြတ်​ပါ​တော့။နောက်​ဆုံး
မင်းတုန်းအာဏာရသွား​တော့ မုဆိုးမနဲ့သူ့သားစ၀်​​မောင်
တို့ကို အမရပူရကို​ခေါ်သွားခဲ့တယ်​။သူမန္တ​လေးကို
နေပြည်​​တော်​​ပြောင်းတဲ့အခါမှာ​လည်း ဒီသားအမိ
ပါလာတယ်​။

၁၈၆၄ အိမ်​​ရှေ့စံက​နောင်​လုပ်​ကြံခံရတဲ့ကိစ္စမှာ အဲဒီ
အချိန်​ ​ညောင်​​ရွှေ​​စော်​ဘွားဖြစ်​​နေသူ စ၀်​​နော်​ဖ ပါတယ်
လို့စွပ်​စွဲခံရလို့ မင်းတုန်းမင်းက ​ထောင်​တပ်​တစ်​တပ်​ကို
စေလွှတ်​ပြီးဆုံးမတဲ့အခါ တိုက်​ပွဲဖြစ်​ပြီးစ၀်​​နော်​ဖ ​တောင်
ငူကိုထွက်​​ပြေးရတယ်​။အဲလိုနဲ့ ၁၈၆၄ ​အောက်​တိုဘာလ
၂၃ရက်​​နေ့မှာ မင်းတုန်းမင်းရဲ့ ကိတ္တိမသားစ၀်​​မောင်​ဟာ
ညောင်​ရွှေ​စော်​ဘွားဖြစ်​လာခဲ့​တော့တာပါပဲ။မင်းတုန်းမင်း
က သူ့ကို က​မ္ဘောဇရဌ၊သီရိပရ၀၊မဟာဝံသ၊သုဓမ္မရာဇာ
ဆိုတဲ့ဘွဲ့ကိုပါချီးမြင့်ပါတယ်​။အရှင်​​မွှေးရင်​​နေ့ချင်းကြီး
တယ်​ဆိုတာဒါပဲ။

အဲ​တော့ ရပ်​​စောက်​​စော်​ဘွား​ခေါင်း​ဆောင်​တဲ့လင်းပင်
အပါအ၀င်​ တပ်​​ပေါင်းစု ​ညောင်​​ရွှေကိုဝင်​တိုက်​ချိန်​ဟာ
စော်​ဘွားစ၀်​​မောင်​ရဲ့ ​စော်​ဘွားလုပ်​သက်​ဟာ ၂၃နှစ်
ကျော်​ရှိခဲ့ပြီဖြစ်​ပါတယ်​။အဲဒီတပ်​​ပေါင်းစု​ညောင်​​ရွှေကို
ဝင်​တိုက်​​တော့ စ၀်​​မောင်​ကမန္တ​လေး​ရောက်​​နေတယ်​။
ဒါ​ကြောင့်အလွယ်​တကူသိမ်းပြီး တပ်​​ပေါင်းစုက စ၀်​ချစ်​စု
ကို​စော်​ဘွားခန့်​လိုက်တယ်​။စ၀်​​မောင်​မန္တ​လေးကပြန်​လာ
တော့ စ၀်​ချစ်​စုတပ်​နဲ့​ညောင်​​ရွှေအ​ရှေ့ ဘက်​လွယ်​ထမ်
အရပ်​မှာ တိုက်​ပွဲဖြစ်​​တော့ စ၀်​​မောင်​​ခြေ​ထောက်​နှစ်​ဖက်
စလုံး ဒဏ်​ရာရသွားတယ်​။အဲဒီဒဏ်​ရာကိုကုဖို့ စ၀်​​မောင်
မန္တ​လေးကိုသွား​နေစဉ်​ စ၀်​ချစ်​စုကိုဆက်​တိုက်​ထားပြီး
သူ့နယ်​ကိုသူမရှိတုန်း ခဏထိန်းသိမ်းထား​ပေးဖို့
သူ့အကိုဖြစ်​သူ စ၀်​အုံကို တာဝန်​​ပေးခဲ့တယ်​။စ၀်​အုံ
ကလည်းတာဝန်​​ကျေစွာပဲစ၀်​ချစ်​စုကိုအပြီးတိုက်​ထုတ်​ပြီး
နယ်​ကိုအုပ်​ချုပ်​လိုက်​တာပြန်​ကိုမ​ပေး​တော့ဘူး။

မြန်​မာနိုင်​ငံက ကွန်​မြူ  နစ်​စာ​ရေးဆရာ​တွေကအင်္ဂလိပ်
နဲ့ပ​ဒေသရာဇ်​စနစ်​ကိုအပြစ်​တင်​ပြီး နယ်​ချဲ့စနစ်​ကို
ဇောင်း​ပေး​ဝေဖန်​တတ်​ကြ​ပေမယ့် ကိုယ့်လူမျိုး​တွေရဲ့ 
အာဏာရှင်​စရိုက်​၊အာဏာမက်​​မောမှု​တွေကို​တော့
ဝေဖန်​ဖို့​မေ့​နေခဲ့တယ်​။အရာရာအင်္ဂလိပ်​ကိုအပြစ်​ပုံချ
လို့ အာပတ်​လွတ်​မယ်​​တော့မထင်​နဲ့။နယ်​ချဲ့ဆိုတာ
နယ်​ချဲ့အလုပ်​ကိုလုပ်​မှာ ဓမ္မတာပဲ။ကိုယ်​နယ်​ချဲ့ဖြစ်​ခဲ့
စဉ်​တုန်းကလည်း ဒီပုံစံပဲကျင့်သုံးခဲ့တာမဟုတ်​ဘူးလား။
မြန်​မာပြည်​က ကွန်​မြူ  နစ်​၊ဆိုရှယ်​လစ်​၊ကွန်​ဆာဗစ်​၊
ဒီမိုကရက်​ ဘယ်​သူမှ လူမျိုး​ရေးအစွဲမစင်​ဘူး။အားလုံး
၉၆၉ကွန်​မီ၊၉၆၉ကွန်​ဆာ၊၉၆၉ဒီမိုကရက်​၊၉၆၉ဆိုရှယ်
လစ်​ဆိုတာချည်းပဲ။သကြားဟာချိုမယ်​၊ဆားဟာငံမယ်​၊
ရေမှာအ​ရောင်​အနံအရသာကင်းမယ်​။ဒါဟာဆား၊သကြား၊
ရေတို့ရဲ့ မူလဗီဇပါဂုဏ်​သတ္တိပါ။အဲ​တော့နယ်​ချဲ့ ဆိုရင်
နယ်​ချဲ့အလုပ်​ပဲလုပ်​မှာအထူး​ပြော​နေဖို့မလုပ်​ဘူး။ဒါကို
နယ်​ချဲ့၊အကြံသမား၊ကုလားဖြူ စသဖြင့်​ပြောလာပြီ
ဆိုရင်​​တော့ ပုဂ္ဂိုလ်​​ရေးဆန်​လာပြီး အစွဲမကင်း​တော့ဘဲ
ကိုယ်​တိုင်​လူမျိုး​ရေးအစွဲ​တွေကြားသာယာသွားတာကို
ကိုယ်​ကိုယ်​တိုင်​​တောင်​သတိထားမိလိုက်​မိမှာ​တောင်
မဟုတ်​ဘူး။

အဲ​တော့​ပြော​နေတဲ့အ​ကြောင်းအရာကိုပြန်​ယူရရင်
စ၀်​ချစ်​စုကိုအနိုင်​ရခဲ့ပြီးညီထီးနန်းကိုအပိုင်​စီးလိုက်​တဲ့
စ၀်​အုံကို ရပ်​​စောက်​​စော်​ဘွားကိုအလုံးအရင်းနဲ့တိုက်
ပြန်​တယ်​။ရပ်​​စောက်​​စော်​ဘွားရဲ့ တပ်​သား​တွေက
ကချင်​​တွေနဲ့ ပန်း​သေးမွစ်​စလင်​​တွေပါပဲ။မွစ်​စလင်​ပါ
ရင်​ဖင်​ကြိမ်း​တတ်​ကြတာမို့ အ​ထောက်​ထားနဲ့​ပြောရရင်
..........တရုတ်​ပန်း​သေးများသည်​​ရှေးပ​ဝေသဏီ
ကတည်းက တရုတ်​ပြည်​ယူနန်​နယ်​နှင့်မြန်​မာပြည်​အကြား
လားဝန်​တင်​များဖြင့် ကူးသန်း​ရောင်းဝယ်​​နေကြသူများ
ဖြစ်​သည်​။ဝန်​တင်​လား ရာ​ပေါင်းများစွာစီတန်းလျက်
အုပ်​စုဖွဲ့ကာ လားတရုတ်​​ပေါင်းများစွာ ကူးသန်းသွား
လာ​နေကြသည်​ကို ဒုတိယကမ္ဘာစစ်​ဖြစ်​သည်​အထိ
ရှမ်းပြည်​အနှံ့အပြား​တွေ့ရသည်​။လားအုပ်​ကြီးနှင့်အတူ
တရုတ်​​ခွေးကြီးများအစိတ်​သုံးဆယ်​ခန့်​လိုက်​ပါ​စောင့်
ရှောက်​လျက်​​တွေ့ရမြဲဖြစ်​သည်​......လို့ ပင်​လုံစစ်​တမ်း
စာမျက်နှာ ၃၉​မှာစာ​ရေးသူ ဦးအုန်း​ဖေက ​ရေးသားထား
ပါတယ်​။

အဲ​တော့ရပ်​​​စောက်​နယ်​ဟာ စစ်​​ရေးမှာအချက်​အခြာကျ
တယ်​။ဘာလို့ဆို​တော့​မြောက်​ဘက်​မှာသီ​ပေါ၊အ​ရှေ့ မှာ
မိုင်းကိုင်​၊​တောင်​ဘက်​မှာ​ညောင်​​ရွှေနယ်​​တွေနဲ့ကျယ်​ကျယ်
ပြန့်​ပြန့်​ထိစပ်​​နေလို့ပဲ။ရပ်​​စောက်​အ​နောက်​​တောင်​ဘက်
မြေလပ်​နယ်​​တွေမှာ ဗမာအုပ်​စုဝင်​ ဓနု၊ဓ​နော့၊​တောင်​ရိုး
အမျိုးသားတို့အ​ခြေစိုက်​တယ်​။သူတို့ဟာအင်းအမျိုး
သား​တွေလိုပဲမြန်​မာစကား​ပြော​တွေဖြစ်​တယ်​။ထီးလန့်
ဂန့်​​ဂေါဘက်​က​ပြောတဲ့မြန်​မာစကား​နဲ့ဆင်​တယ်​လို့
ဦးအုန်း​ဖေကဆိုတယ်​။ခေတ်​အဆက်​ဆက်​အဲ့နယ်​​တွေမှာ
စော်​ဘွားမရှိဘဲ​ငွေခွန်​မှူးသာရှိခဲ့တာပါ။မြန်​မာပြည်​အရပ်
ရပ်​က သူခိုးဂျပိုး​တွေအားလုံးခိုးဆိုးလုယက်​ပြီးရင်
ဒီ​မြေလပ်​နယ်​ထဲ​ပြေးဝင်​ခဲ့ကြတာပါ။အင်္ဂလိပ်
ဝင်​လာတဲ့အခါ ​တော်​လှန်​​ရေးသမားလို့​နှောင်း​ခေတ်
မြန်​မာ့သမိုင်းက အတင်းယိုးစွပ်​တဲ့ အာဏာမက်​​မောသူ
အာဏာရှင်​စရိုက်​ရှိသူ​တွေ ဟာလည်း ဒီ​ဒေသကို​ရောက်
ကြပြန်​တယ်​။

မြင်​စိုင်းမင်းသား အင်္ဂလိပ်​ကိုခံတိုက်​ရင်း၁၈၈၆ သြဂတ်​စ်
လထဲမှာ ရွာငံမှာဖျားပြီး​သေတယ်​။ကြည့်မြင်​တိုင်
မင်းသားကလည်း ရွာငံမှာပဲ​နောက်​နှစ်​၁၈၈၇မှာ​သေတယ်​။
နောက်​ဆုံးစကြ်ာမင်းသားဆိုတဲ့တစ်​​ယောက်​က
မြေလပ်​ကို​ပြေးလာတဲ့အခါ ရပ်​​စောက်​​စော်​ဘွားက
ဖမ်းပြီးအင်္ဂလိပ်​လက်​အပ်​လိုက်​လို့ ၁၈၈၈မှာအင်္ဂလိပ်​က
ကွပ်​မျက်​ပစ်​ခဲ့တယ်​။(Burma's  Struggle against
The British Imperialism(1885-1895) by Daw
Nyi Nyi Myint)

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=138545003954373&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.. ...၄”

Post a Comment

Related Posts Plugin for WordPress, Blogger...