Friday, May 31, 2019

အစိုးရအဖွဲ့ညွှန်ကြားချက်နဲ့ ဦးဝီရသူကို တရားစွဲတာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

,
မေ - ၃၁ ၊၂၀၁၉

အစိုးရ အဖွဲ့ က ညွှန်ကြားလို့ ရန်ကုန်တိုင်းအစိုးရ က ဦးဝီရသူကို တရားစွဲတာဖြစ်တယ်လို့ သမ္မတရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့  အစိုးရရဲ့တတိယ တစ်နှစ်တာ ကာလ သတင်းစာရှင်းလင်းပွဲအပြီးမှာ မီဒီယာတွေရဲ့မေးမြန်းမှုကိုဖြေခဲ့တာပါ။

 အုပ်ချူပ်ရေးကနေ တရားစွဲတာ၊ ဗဟိုကနေညွှန်ကြားတယ် ၊ တိုင်းဒေသကြီးအစိုးရကို ညွှန်ကြားတဲ့အတွက် တိုင်းဒေသကြီးအစိုးရက တရားစွဲတယ်” လို့ ဆိုပါတယ်။

ဦးဝိရသူကို ဖမ်းဆီးအရေးယူတဲ့ နေရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်စေဖို့ နိုင်ငံတော်သမ္မတရုံးကို ရဲချူပ်အပါအဝင်  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချူပ်တို့ကို ဒီကနေ့ ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။


လက်ရှိမှာတော့ ဆရာတော် ဦးဝိရသူကို ဖမ်းဆီးရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မောင်သင်တုန်း ၊ ဓာတ်ပုံ - EPA

https://www.facebook.com/103865773008399/posts/2480335792028040/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အစိုးရအဖွဲ့ညွှန်ကြားချက်နဲ့ ဦးဝီရသူကို တရားစွဲတာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...