Friday, June 7, 2019

ပြောရမယ့်သူတွေကမပြောတော့

,
မနေ့ည ကိုး နာရီကနေ ဆယ်နာရီခွဲအထိ ဘီဘီစီအသံလွှင့်ဌာန၊ Real Story အစီအစဉ်ရဲ့ ရခိုင် ပြည်နယ်အရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့တယ်။

ပင်တိုင်ဆွေးနွေးသူတွေက ကျွန်တော်၊ Burma Human Rights Network in UK က ဦးကျော် ၀င်း နဲ့  အာနန်ကော်မရှင်အဖွဲ့ဝင် ဒတ်ခ်ျ သံအမတ်ဟောင်း Laetitia van den Assum ဆိုတဲ့  အမျိုးသမီးရယ် သုံးယောက်ပါ။

စကားဝိုင်းကဒုက္ခသည်တွေပြန်လာနိုင်မယ့်အခြေအနေကို ဦးတည်တယ်ဆိုပေမယ့် ထုံးစံအတိုင်း       ဘင်္ဂလီ/ ရိုဟင်ဂျာ စကားလုံး၊ တိုင်းရင်းသား/ နိုင်ငံသား ပြဿနာ၊ လူမျိုးတုန်းသတ်ဖြတ်တယ်           ဆိုတဲ့ စွပ်စွဲချက် တွေပါ ဆက်စပ်ပြီးပါဝင်လာပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးရင်း သတိပြုမိတဲ့အချက်နှစ်ခုရှိပါတယ်။ပထမတစ်ခုက မြန်မာ  အစိုးရဘက်က အသံပေါ့။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆီကို အချက်အလက်တွေ ပို့   တော့ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ အင်တာဗျူး   ထား       တာ   ကို ဖွင့်ပြမယ်၊ အဲဒီအပေါ် ကျွန်တော်တို့က သုံးသပ်ရမယ်ဆိုတဲ့ အစီအစဉ်တစ်ခုပါတယ်။  

ဒါနဲ့ကျွန်တော်က အဲဒါဆိုရင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောတာကိုရောမထည့်    ဘူးလားလို့မေးတော့ သူတို့ဆက်သွယ်ပေမယ့် မဖြေဘူးလို့ ပြောတယ်။
တကယ်ဆက် သွယ်   သလားဆိုတာတော့ သူတို့မှ သိမှာပဲ။  သို့သော် ဆက်သွယ်ရဲ့သားနဲ့ မြန်မာဘက်က မဖြေဘူး   ဆိုရင်တော့ ကျွန်တော်တို့ဘက်က အားနည်းချက်ပဲ။ အနည်းဆုံး လန်ဒန်မှာ ရှိတဲ့    မြန်မာသံရုံး      ကတော့ ဖြေသင့်တယ်လို့ထင်ပါတယ်။

မောင်တော- ဘူးသီးတောင်အရေးနဲ့ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ် ဘက်က ကုလသမဂ္ဂ စင်မြင့်  က စပြီး ရနိုင်တဲ့ ပလက်ဖောင်းမှန်သမျှပေါ်ကနေ   သူတို့ရဲ့  အသံကို ပါအောင်လုပ်နေတယ် ။      

ကျွန်တော်တို့ဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးကလည်း ပြည်တွင်းရေးရာနဲ့ အလုပ်များနေတဲ့    အတွက် ကုလသမဂ္ဂအပါအ၀င် ရခိုင်အရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့   ဆွေးနွေးပွဲတွေကို       မတက်နိုင်ဘူး။ အခြားဝန်ကြီးတွေ၊ သံအမတ်တွေတက်ပြောတယ်ဆိုပေမယ့်လည်း    သမ္မတရဲ့       အထက်မှာ ရှိတယ်လို့ ပြောထားတဲ့ ၊ နိုင်ငံတကာကလည်း အဲဒီလိုပဲ လက်ခံထား တဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ဘယ် ၀ိတ်တန်းတူပါ့မလဲ။   အဲဒီလို အခြေအနေမှာ   မီဒီယာ တွေပေါ်က စကားဝိုင်းတွေကိုပါ မြန်မာသံတမန်တွေက လက်ရှောင်နေမယ်ဆိုရင်တော့    နိုင်ငံတကာမျက်နှာစာမှာ  ဘင်္ဂလားဒေ့ရှ်ပြောသမျှ အမှန်ဖြစ်နေတော့မှာပဲ။

ဒုတိယအချက်က ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့   ဒတ်ခ်ျ သံအမတ်ဟောင်း Laetitia van den Assum ရဲ့ဆွေးနွေးချက်တွေပါ။  ဦးကျော်ဝင်းက သူ့ဘက်က သူရပ်တည်ပြီး ပြောသွားတာ      က ပြဿနာမဟုတ်ဘူး။ အာနန်ကော်မရှင်မှာပါခဲ့သူတစ်ယောက်က အချက်အလက်အလွဲတွေ     နဲ့ မြန်မာအစိုးရကို အပြစ်တင်နေတာကတော့ အတော်အံ့သြဖို့ကောင်းတယ်။

ဒီစကားဝိုင်းထဲမှာ သူပြောတဲ့အထဲက အရေးကြီးတဲ့ အမှားနှစ်ခုကို ကျွန်တော်ထောက်ပြခဲ့တယ်။

၁။   သူက နိုင်ငံသားဖြစ်ဖို့အတွက် ဘိုးဘွားဘီဘင်တွေဟာ မြန်မာနိုင်ငံမှာ ၁၈၂၄ ခုနှစ် မတိုင်မီ    ထဲက နေထိုင်ခဲ့ကြောင်း သက်သေပြရတယ်။ ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ  လို့ ပြောတယ်။ ကျွန်တော်က ခင်ဗျားမှားနေတယ်။ ၁၈၂၄ မတိုင်ခင်နေထိုင်ခဲ့တယ်ဆို    တာက    တိုင်းရင်းသားဖြစ်ခြင်း ၊  မဖြစ်ခြင်းနဲ့ပဲ ဆိုင်တယ်။  တိုင်းရင်းသား မဟုတ် တဲ့ ရိုဟင်ဂျာ/ ဘင်္ဂလီတွေအတွက် နိုင်ငံသားဖြစ်ဖို့အတွက် ဆိုရင်  ဘိုးဘွားတွေက ၁၉ ၄၈ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံ   ထဲမှာနေထိုင်ခဲ့ကြောင်းပဲ သက်သေပြဖို့လိုတယ်။     အဲဒီ လို သက်သေပြနိုင်လို့ နိုင်ငံသားဖြစ်နေတဲ့ သူတွေလည်း အများကြီးရှိတယ် လို့ ပြန်ရှင်း ခဲ့တယ်။

၂။   သူက အစိုးရလုပ်နေတဲ့ NVC နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဟာ မရိုးသားဘူး။ သက် သက်     အချိန်ဆွဲနေတယ်။ အခုအချိန်ထိ လူနည်းနည်းလေးကိုပဲ နိုင်ငံသား  အဖြစ် အသိ အမှတ်ပြုခံရတယ်လို့ပြောတယ်။    ကျွန်တော်က မဟုတ်ဘူး၊  NVC လုပ်ငန်း   စဉ် အခက်အခဲဖြစ်နေတာ ရိုဟင်ဂျာ/ ဘင်္ဂလီ ဆိုတဲ့စကားလုံးကြောင့်၊  ရိုဟင်ဂျာလို့ ဖော်ပြ မပေးရင်  မလုပ်ဘူးဆိုပြီး ငြင်းဆန်နေတာကြောင့် ဆိုပြီး ပြန်ရှင်းခဲ့ရတယ်။

ဒီအမျိုးသမီးကို ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဘယ်သူရွေးခဲ့လဲတော့   မသိဘူး။    အခုတော့ သူဟာ  အာနန်ကော်မရှင်အဖွဲ့ဝင်ဆိုတဲ့ ဂုဏ်ပုဒ်   နဲ့  နိုင်ငံတကာမှာလှည့်ပြီး မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်း ဝေဖန်  နေ လေရဲ့။

စကားဝို်င်းရဲ့  အဆုံးသတ်ကလည်း သူနဲ့ ကျွန်တော် အပြန်အလှန်ငြင်းနေရင်းနဲ့ပဲ ပြီးသွား တယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆန္ဒရှင်အများစုရဲ့ သဘောထား    ဆိုတာမျိုးကို  ထည့်စဉ်းစားဖို့မလိုဘူး။ ဒီမိုကရေစီခေါင်းဆောင်ဟာ လူနည်းစုတွေ     အတွက် ပြောရဲရမယ်၊ လုပ်ရဲရမယ်လို့ဆိုတယ်။

ကျွန်တော်က အဲဒါဆိုရင်  မင်းတို့ ဥရောပနိုင်ငံတွေမှာလည်း  လက်ယာစွန်း ပါတီတွေက အားကောင်းလာတော့    အစိုးရနဲ့ အဓိက ပါတီတွေက ရွှေ့ပြောင်းအခြေချနေထိုင်     သူတွေကို ဆန့်ကျင်တဲ့ လူထုသဘောထားတွေကို အလေးထား စဉ်းစားလာရတာပဲမဟုတ်ဘူးလား။ မင်းတို့လို ဒီမိုကရေစီ နှစ်ရာချီနေတဲ့ နိုင်ငံတွေတောင် အဲဒီလို ဆိုရင် ဒီမိုကရေစီပြောင်းတာ ရှစ်နှစ်ပဲ ရှိသေး တဲ့ ငါတို့နိုင်ငံအတွက်လည်း ဘာဆန်းလဲလို့ ပြောခဲ့တယ်။

နောက်ဆုံးတော့ တင်ဆက်သူက ရပါပြီ၊ ရပါပြီ ဆိုပြီး ပွဲသိမ်းလိုက်ရတော့တယ်။

  အမှန်ကတော့ ညကိုးနာရီ၊ ဆယ်နာရီ သူတို့ စတူဒီယိုကို ဘယ် သွားချင်    ပါ့မလဲ။ သို့သော် ပြောရမယ့်သူတွေက မပြောတော့ ပြောသင့်တယ် ထင်တဲ့ သူက ကိုယ့်ထမင်း ကိုယ်စားပြီး ငြင်းခဲ့ရတာပါပဲ။

#yehtutcomment
#media
#rakhine


https://m.facebook.com/story.php?story_fbid=2233642956749294&id=100003108354469

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပြောရမယ့်သူတွေကမပြောတော့”

Post a Comment

Related Posts Plugin for WordPress, Blogger...