Sunday, June 9, 2019

ဆုတ်ခွာရမယ့်အချိန်-သရ၀ဏ်(ပြည်)

,
အောင်မြင်စွာဆုတ်ခွာခြင်းဟူသောစကားကို ဗြိတိသျှစစ်တပ်က မြန်မာပြည်မှဆုတ်ခွာတော့ ကြေငြာခဲ့၊အသုံးပြုခဲ့ကြသည် ။ မျိုးချစ်စိတ်ဓာတ်ပြင်းထန်နေဆဲကာလ ဖြစ်၍ မြန်မာအတော်များများသည် နယ်ချဲ့အင်္ဂလိပ်ကိုကြည့်မရသောကြောင့် ဂျပန်နှင့် ဘီအိုင်အေစစ်တပ် တိုက်ခိုက်၍ အင်္ဂလိပ်တို့ထွက်ပြေးသွားရခြင်းတွင် အောင်မြင်စွာဆုတ်ခွာခြင်းဟုသုံးသွားခြင်းကို ဟားတိုက်လှောင်ပြောင်ကြသည်  ။ သို့သော် ဗြိတိသျှတို့သည် သူတို့၏ အမှုထမ်းအရာထမ်းများအားလုံး စစ်သားများအားလုံး၊ လက်နက်များ၊မော်တော်ယာဉ်များ၊ ရိက္ခာများ၊ လျှို့ဝှက်စာရွက်စာတမ်းများအားလုံးကို အပါယူပြီး အိန္ဒိယသို့ စနစ်တကျဆုတ်ခွာသွားနိုင်ခဲ့ခြင်းဖြစ်သည် ။ ကစဉ်းကလျားတပ်ပျက်၍ ဆုတ်ခွာထွက်ပြေးခြင်းမဟုတ် ။ သူတို့ဆုတ်လမ်းကြောင်း ဘေးကင်းစေရန် စစ်တောင်းတံတား၊အင်းဝတံတား စသောတံတားကြီးများကို ဗုံးခွဲ ဖျက်ဆီး၍ တဆင့်ခြင်း စနစ်တကျ ဆုတ်ခွာခဲ့သည် ။ ဖြစ်ပွားခဲ့သောကမ္ဘာစစ်ကြီးနှင့်စာလျှင် အင်္ဂလိပ်စစ်တပ်သည် အကျအဆုံး အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့သည် ။ ထို့ကြောင့် သူတို့ကိုယ်သူတို့အောင်မြင်စွာဆုတ်ခွာခြင်းဟု ၀င့်ကြွားခဲ့ခြင်းဖြစ်သည် ။အင်္ဂလိပ်တို့မြန်မာပြည်ကိုပြန်ဝင်လာ၍ ဂျပန်ကိုတိုက်ထုတ်ရာတွင်တော့ ( မြန်မာများကလည်း တိုက်ခိုက်သောကြောင့်) ဂျပန်စစ်တပ်သည် အင်္ဂလိပ်တို့ကဲ့သို့ အောင်မြင်စွာဆုတ်ခွာခြင်းမလုပ်နိုင်တော့ပဲ ကစဥ့်ကလျား အလဲလဲအပြိုပြိုဖြင့် ဂုဏ်သိက္ခာမဲ့စွာ အကျအဆုံးများစွာဖြင့် အငတ်ငတ်အပြတ်ပြတ်ဖြစ်ကာ ခွေးပြေးပြေးပြေးရတော့သည် ။ ထို့ကြောင့် စစ်သဘောတွင် တိုက်ရမည့်အချိန်တွင်တိုက်ပြီးဆုတ်ခွာရမည့်အချိန်တွင် စနစ်တကျ အချိန်မီဆုတ်ခွာခြင်းသည် အရေးကြီးပါ၏ ။ မဟုတ်သည့်နေရာတွင် ခေါင်းဆောင်တချို့က တလွဲဆံပင်ကောင်းကာ မဆုတ်ခွာမိပဲ ဘ၀င်မြင့် ၊ မာနကြီးနေပါလျှင် အောက်လက်ငယ်သားများ ဒုက္ခရောက်ကာ ရှုံးနိမ့်တတ်ပါသည် ။ တပ်ပျက်တပ်ပါသည် ။

          စစ်ရေးတွင်သာမက နိုင်ငံရေးတွင်လည်းဤနည်းနှင်နှင်ဖြစ်ပါသည် ။နိုင်ငံရေးတွင် ၀င်သင့်သည့်အချိန်တွင်ဝင်ပြီးထွက်သင့်သည့်အချိန်တွင်ထွက်ရပါသည် ။ အချိန်ကိုက်မှု Timing ကိုသိမှနိုင်ငံရေးလောကတွင်ရှင်သန်နိုင်ပါသည် ။ ၀န်ကြီးချုပ်ဦးနုသည် ၀န်ကြီးချုပ်အဖြစ်မှနှုတ်ထွက်ပြီး ဖဆပလ အဖွဲ့ချုပ်ဥက္ကဌနေရာတွင်နေမည်ဟုဆိုကာ ဦးဗဆွေကို ၀န်ကြီးချုပ်ရာထူး လွှဲပေးပါသည် ။ ထိုသို့ထွက်သွားခြင်းမှာ ဂုဏ်သိက္ခာရှိသောထွက်သွားခြင်းဖြစ်ပါသည် ။ သို့သော် ဦးနုသည် မာနတချက်ကြောင့် သူ့စကားကိုသူမတည်နိုင်ပဲ ဦးဗဆွေ ကို ၀န်ကြီးချုပ်ရာထူးမှ ပြန်ထွက်ခိုင်းကာ သူကိုယ်တိုင်ဝန်ကြီးချုပ်ပြန်လုပ်ပါသည် ။ ထွက်မည်ဆိုပြီးမှပြန်ဝင်ခြင်းဖြစ်သည် ။ ထိုစဉ်မှစကာ တောက်လျှောက် ဦးနုသည် ဖဆပလတွင်ရော ၊ တပ်မတော်တွင်ပါ သြဇာကျဆင်းလာပါသည် ။ ၁၉၆၀ ရွေးကောက်ပွဲဖြင့် ၀န်ကြီးချုပ်ရာထူးသို့ပြန်လာခဲ့သော်လည်း ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေ၀င်း၏အာဏာသိမ်းခြင်းကိုခံရကာ နိုင်ငံရေးသြဇာအာဏာကျဆုံးခဲ့ပါသည် ။ သူ့နေရာကိုဆက်ခံသော ဗိုလ်ချုပ်ကြီးနေ၀င်းသည်လည်းဆုတ်ခွာရမည့်အချိန်တွင်မဆုတ်ခွာမိသောကြောင့် နိုင်ငံရေးတွင်ကျဆုံးပြီး သမိုင်းမလှသော ဗိုလ်ချုပ်ကြီးတယောက်အဖြစ် ကဗ္မည်းထိုးခံရပါသည် ။ ဗိုလ်ချုပ်နေ၀င်းနိုင်ငံရေးမှဆုတ်ခွာရမည့်အချိန်မှာ ၁၉၇၄ တွင်ဖြစ်သည် ။ အာဏာသိမ်းတော်လှန်ရေးကောင်စီကိုဖျက်သိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့စည်းချိန် ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုချိန်တွင်ဗိုလ်ချုပ်နေ၀င်းသည် စစ်တပ်မှာပဲနေကာ အသက်ပြည့်ကအငြိမ်းစားယူပြီး နိုင်ငံရေးမှထွက်ရမည်ဖြစ်သည် ။ ထိုသို့လုပ်ခဲ့လျှင် ဦးနေ၀င်းတသက်လုံးသမိုင်းကြောင်းလှပပေလိမ့်မည် ။ ယခုတော့ တပ်မှထွက်တော့လည်း ဗိုလ်ချုပ်ကြီးနေ၀င်းမှသမ္မတကြီးဦးနေ၀င်း ၊ သမ္မတရာထူးမှထွက်တော့လည်း လမ်းစဉ်ပါတီဥက္ကကြီးဦးနေ၀င်း အဖြစ် အာဏာကိုကုတ်ကတ်နေရာယူကာသေသည်အထိအုပ်ချုပ်သွားချင်သောကြောင့် ၁၉၈၈ မှစကာ သြဇာအာဏာမှေးမှိန်ပြီး ကွယ်လွန်ချိန်တွင်အကျနာခဲ့သည် ။ ဦးနေ၀င်းနောက်တွင် ဆက်ခံသော ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ၁၉၈၈ တွင် အာဏာသိမ်းစစ်ကောင်စီတွင် ဥက္ကဌဖြစ်လာပြီး သူနိုင်ငံရေးမှဆုတ်ခွာရန်အကောင်းဆုံးအချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရချိန်ဖြစ်သည် ။ အနိုင်ရပါတီကို အာဏာလွှဲပေးပြီးနိုင်ငံရေးမှထွက်နိုင်ခဲ့လျှင် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ရာဇ၀င်သမိုင်းမှာအလွန်ထွန်းပြောင်ခဲ့ပေလိမ့်မည် ။ ယခုသော် ဦးစောမောင်သည် ဇာတ်သိမ်းမလှပေ ။ သူ့နောက်ဆက်ခံသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း နိုင်ငံရေးမှထွက်ခွာရမည်မှာ ၁၉၉၀ ကတည်းကဖြစ်သည် ။ သို့သော် မာဏနှင့် အတ္တများကြောင့် မဆုတ်ခွာနိုင်သေးပဲ ၂၀၁၁ ဧပြီလကျမှ တရားဝင် အနားယူသွားခဲ့သည် ။ သို့သော် ဆုတ်ခွာရာတွင် ဖြောင့်ဖြောင့်တန်းတန်း ဆုတ်ခွာသွားခြင်းမဟုတ် ။ သူနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး စသော ထိပ်တန်းစစ်ခေါင်းဆောင်များ၏နောင်ရေးကို အကာအကွယ်ယူရန် သံကွန်ခြာခုနစ်ထပ် ထဲဝင်နေသည့်သဖွယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ နောက်ကြောင်းမပြန်ရေးဥပဒေ၊ လွှတ်တော်တွင်တပ်မတော်သား ၁၆၆ ဦး ပါဝင်နေသည့်ဥပဒေ ။ ၀န်ကြီးသုံးပါးကို အရပ်ဘက်ကမခန့်နိုင်ပဲ ကာကွယ်ရေးဦးစီးချုပ်ကသာခန့်နိုင်သောဥပဒေ ။ တိုင်းနှင့်ပြည်နယ်အစိုးရများတွင်လည်း တပ်မှ ခန့်သောဝန်ကြီးများ ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များခန့်သော ဥပဒေ ၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ရွေးကောက်ခံအမတ်များပြင်မှာ စိုး၍ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ယောက်အနက် ၁ ယောက်အနည်းဆုံးမထောက်ခံပါက ပြင်မရစေသော ဥပဒေ (ပုဒ်မ ၄၃၆ ) တို့ကို ပြဌာန်းပြီး စစ်တပ်ကိုနိုင်ငံရေးတွင်ထားရစ်ခဲ့၏ ။ ထိုသို့စစ်တပ်သည်နိုင်ငံရေးတွင်ပါဝင်သည့်အစဉ်အလာသည် မြန်မာကစခြင်းမဟုတ်၊အာဆီယံနိုင်ငံဖြစ်သော အင်ဒိုနီးရှားလွှတ်တော်ကိုပုံစံတူယူထားခြင်းဖြစ်သည်ဟုလည်းအချို့ ကဆင်ခြေပေးကြသည် ။

      ထိုသို့ဆင်ခြေပေးကြသူများသည် ဘယ်တော့မှအင်ဒိုနီးရှားအကြောင်းကို ဆုံးခန်းတိုင်အောင် ရှင်းမပြကြပါ ။ အင်ဒိုနီးရှားတွင် လွှတ်တော်တွင် လူ ၅၀၀ ရှိပါသည် ။ ထိုလူ ၅၀၀ တွင် ရွေးကောက်ခံအမတ်က လူ ၄၀၀ ဖြစ်ပါသည် ။ရွေးကောက်ပွဲမ၀င်ပဲ မြန်မာနိုင်ငံမှာလို လွှတ်တော်သို့ဝင်ထိုင်နေသော ခန့်အပ်ခံ ( appointed ) အင်ဒိုနီးရှားတပ်မတော်သားဦးရေမှာ ၁၀၀ ရှိပါသည် ။ လူ ၅၀၀ တွင် ၁၀၀ ပါဝင်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်နှုန်းမှာ ၂၀ ရာခိုင်နုန်းဖြစ်ပါသည် ။ ၂၀ ရာခိုင်နုန်းပါဝင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် မြန်မာနိုင်ငံမှာလို တို့ထောက်ခံမဲမပေးမချင်း တို့အဖွဲ့လွှတ်တော်ထဲမှထွက်စရာမလို ဆိုသောစနစ်မဟုတ်သောကြောင့် ၁၉၉၈ တွင်ပြုပြင်ပြောင်းလဲရေးစတင်လုပ်ဆောင်ခဲ့ပါသည် ။ လူထုဆန္ဒပြပွဲများကြောင့် သမ္မတဆူဟာတို ပြုတ်ကျပြီးသမ္မတမီဂါဝတီဆူကာနိုပူထရီလက်ထက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုကို ၁၀၀ မှ ၇၅ ဦးသို့   ၁၉၉၈ တွင် လျှော့ချခဲ့ပါသည် ။ နောက်လေးနှစ်အကြာ ၂၀၀၂ ခုနှစ်တွင်တော့ မြန်မာနိုင်ငံမှ ပြည်ထောင်စုလွှတ်တော်နှင့်တူသော အင်ဒိုနီးရှား ( People Consultative Assembly ) လွှတ်တော်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုကို အားလုံး နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါသည် ။ အင်ဒိုနီးရှားတပ်မတော်ကလည်းထိုဆုံးဖြတ်ချက်ကိုလေးစားလိုက်နာခဲ့သည်မှာချီးကျူးဖွယ်ဖြစ်ပါသည် ။ အင်ဒိုနီးရှားတပ်မတော်သည် နိုင်ငံရေးမှ ထွက်သင့်သည့်အချိန်တွင်ထွက်ခဲ့ခြင်းဖြစ်ပါသည် ။ ၂၀၀၄ မှစကာ အင်ဒိုနီးရှား လွှတ်တော်တွင်တပ်မတော်သား ကိုယ်စားလှယ်တယောက်မှမပါတော့ပါ။ အားလုံးရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များချည်းဖြစ်ပြီး ၂၀၀၉ ရွေးကောက်ပွဲတွင်တော့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကိုလည်း ၅၀၀ မှ ၅၆၀ သို့  တိုးမြှင့်ခဲ့ပါသည် ။ ထို့ကြောင့်အင်ဒိုနီးရှားကိုနမူနာယူသော စစ်တပိုင်း ၊ ဒီမိုကရေစီတပိုင်း လွှတ်တော်စနစ်တွင် ဒီမိုကရေစီတပိုင်းမှသည် ဒီမိုကရေစီအပြည့်ဖြစ်သည်အထိ ( ၁၉၉၈ မှ ၂၀၀၂ အတွင်း) ရွေးကောက်ပွဲ ၂ ကြိမ်အတွင်း လေးနှစ်သာအချိန်ယူသွားကြောင်း သိသင့်ပေသည် ။ ၁၉၉၈ရွေးကောက်ပွဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၀ မှ ၇၅ ဦး သို့လည်းကောင်း၊ ၂၀၀၂ ရွေးကောက်ပွဲအပြီးတွင် ၇၅ ဦးမှ သုည ဦးရေသို့လည်းကောင်း စနစ်တကျအသွင်ကူးပြောင်းသွားခဲ့ခြင်းတို့ကို ပြုလုပ်သွားခဲ့ရာ အောင်မြင်မှုရကြောင်းကမ္ဘာကိုပြနိုင်ခဲ့ပါသည် ။ ထိုအကြောင်းကိုထည့်ပြောမှ မြန်မာကအတုခိုးသောအင်ဒိုနီးရှားပုံစံ လွှတ်တော်နိုင်ငံရေးမှာ ပြည့်စုံနိုင်ပေမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမရှိသော်လည်း ၂၀၀၂ မှ ယနေ့ ၂၀၁၉ အထိ ၁၇ နှစ်တာကာလအတွင်း အင်ဒိုနီးရှားနိုင်ငံရေးသည် တည်ငြိမ်နေတာပဲဖြစ်သည် ။

     မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များကိုဖွဲ.စည်းရာတွင် ပြည်သူ.လွှတ်တော်၌ ၁၁၀ ဦး ၊ အမျိုးသားလွှတ်တော်၌ ၅၆ ဦး ၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးပါဝင်ခဲ.လေသည် ။ ၎င်းအပြင် တိုင်းဒေသကြီးနှင်.ပြည်နယ်လွှတ်တော်များတွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံတပုံ ရာခိုင်နှုန်းဖြစ်သောအရေအတွက်ကို တပ်မတော်သားကိုယ်စားလှယ်များက ရွေးကောက်ပွဲဝင်စရာမလိုပဲပါဝင်ခွင်.ကိုခွင်.ပြုထားရသေးသည်(ပုဒ်မ၁၆၁/ဃ)  ။ ထိုတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကိုမည်သို.ရွေးချယ်၍ လွှတ်တော်အတွင်းစေလွှတ်လိုက်သနည်းဆိုသောကိစ္စမှာလည်းသိပ်မရှင်းလှ ။တပ်မတော်ကြီးတစ်ခုလုံးတွင်လူသိန်းနှင်.ချီ၍ရှိသည်.အနက် လူ ၁၆၆ ယောက်ကိုတပ်တွင်းရွေးကောက်ပွဲမှတဆင်.ရွေးလိုက်ခြင်းမဟုတ်တာတော.သေချာသည် ။ အဓိကကတော. တပ်မတော်၏အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးချုပ်မှ သူ.စိတ်ကြိုက် လူ ၁၆၆ ယောက်ကိုရွေးချယ်စေလွှတ်လိုက်ခြင်းဖြစ်သည် ။ ထို.ကြောင်.တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ အလုပ်ရှင် Boss သည် ပြည်သူလူထုမဟုတ်ပဲ တပ်ချုပ်ကြီးသာဖြစ်နေပေသည် ။ တပ်မတော်မှလာသော ကိုယ်စားလှယ်များအတွက် ဥပဒေ၏အကာအကွယ် အမဲ.ဆုံးအချက်မှာ ရွေးကောက်ပွဲမှတက်လာသော လွှတ်တော်အမတ်များကို ပြည်သူလူထုကလွဲ၍ မည်သူကမျှ လူစားလဲခွင်. လွှတ်တော်အမတ်အဖြစ်မှပြန်ခေါ်ခွင်.မရှိသော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဆန္ဒအတိုင်း ပြန်ခေါ်နိုင်သည် ။ လူစားလဲနိုင်သည် ။ ထို.ကြောင်. တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏သက်တမ်းသည် ကမ်းနားသစ်ပင်လို ဖြစ်နေသည် ။ အချိန်မရွေး ဖယ်ရှားခံရနိုင်သည်.သဘောဖြစ်သည် ။ဤကိစ္စမှာ ဒီမိုကရေစီမကျဆုံးအချက်ကြီးဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား Absolute Power ပေးထားသည်.သဖွယ်ဖြစ်နေပါသည် ။  

   တကယ်တော. ဒီမိုကရေစီနိုင်ငံကြီးများတွင် တပ်မတော်သည် ပြည်သူလူထုကရွေးကောက်တင်မြှောက်သောအရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်နေရစမြဲဖြစ်သည် ။ လွှတ်တော်တွင် ဥပဒေပြုခြင်းသည် လွှတ်တော်အမတ်များ၏ကိစ္စသာဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင်.ပါတ်သက်လာလျှင်သာစစ်တပ်၏တာဝန်ဖြစ်သည် ။ တိုင်းပြည်ကာကွယ်ရာတွင်ပင် စစ်ပွဲတစ်ပွဲကိုတိုက်သင်.သည် (သို.မဟုတ်)စစ်ပြေငြိမ်းသင်.သည်ဆိုခြင်းကို သမ္မတနှင်.လွှတ်တော်မှသာဆုံးဖြတ်ချက်ချခွင်.ရှိပြီး စစ်တပ်သည်ထိုဆုးံဖြတ်ချက်ကိုလက်တွေ.အကောင်အထည်ဖော်ရရုံသာတာဝန်ရှိလေသည် (လွှတ်တော်ကာကွယ်ရေးကော်မတီကကြားနာပွဲလုပ်၍ခေါ်မေးလျှင်တော့ စစ်ဗိုလ်ချုပ်ကြီးများက ထိုတိုက်ပွဲကိုတိုက်ရန်၊ သူတို့ဘက်က ဘယ်လိုအသင့်ဖြစ်နေပါသည် ၊ဘယ်လိုပြင်ဆင်ထားပါသည် ဆိုခြင်းကိုလာရောက်ရှင်းပြတာ ဒီမိုကရေစီနိုင်ငံလွှတ်တော်များမှာတွေ့ ဖူးသည် ) ။  ထို.ကြောင်. အမေရိကန်များအကျအရှုံးများလှသော ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်တပ်မတော်သည် အရပ်သားအစိုးရ၏ဆုံးဖြတ်ချက်ကိုသာလိုက်နာ၍ ပရော်ဖက်ရှင်နယ်လ်ပီပီ စစ်တိုက်သောတာဝန်ကိုသာ မမှိတ်မသုံထမ်းရွက်ခဲ.ပါသည် ။ တိုင်းပြည်၏ဖိအားကြောင်. သမ္မတကစစ်ရပ်စဲရန်ကြေငြာသောအခါမှ တပ်မတော်သည် စစ်တပ်ကိုပြန်ဆုတ်ခဲ.ပါသည် ။ဆိုလိုသည်မှာ တပ်မတော်သည် အစိုးရနှင်.လွှတ်တော်ကိုတာဝန်ခံရမည်ဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတာဝန်ပေးလာလျှင် မိမိဆုံးဖြတ်ချက် ၊မိမိထင်မြင်ချက်များကိုရှေ.တန်းမတင်ရဟူသည်.အချက်သည် ဒီမိုကရေစီတွင်အရေးကြီးသောအချက်ဖြစ်သည် ။

      တကယ်တန်းတွင် စစ်တပ်၏သဘောသဘာဝကိုက ဒီမိုကရေစီကိုကျင်.သုံး၍ မရသောလုပ်ငန်းသဘာဝဖြစ်သည် ။ တောင်ကုန်းတစ်ခုကိုတက်သိမ်းရန် ရဲဘော်တို.တက်ဟု ဗိုလ်ကအမိန်.ပေးသည်.အခါ ဖြစ်ပါ.မလားဗိုလ်ကြီး သူတို.က အင်အားများတယ်နော် ဟူ၍တစ်မျိုး ၊ ကျွန်တော်ကခြေထောက်နာနေလို. မလိုက်နိုင်ဘူးဟူတစ်ဖုံအကြောင်းပြညှိနှိုင်းခြင်း ၊ မဲခွဲဆုံးဖြတ်ခြင်းများလုပ်နေ၍မရ ၊အမိန်.ပေးသည်.အခါဘာမှစောဒကတက်မနေပဲ အထက်အရာရှိ၏စကားကို မှားမှားမှန်မှန် လိုက်နာဆောင်ရွက်ရန်တာဝန်ရှိလေသည် ။ထိုသို.မဟုတ်ပါက မည်သို.မျှစစ်တိုက်၍ရမည်မဟုတ်ပေ ။ အထက်အမိန်.မနာခံပါကလည်းနောက်တန်းပြန်ရောက်သောအခါ Court Martial ခေါ်စစ်ခုံရုံးအတင်ခံရပေဦးမည် ။ ထို.ကြောင်. စစ်တပ်၏သဘောသဘာဝအရ ဒီမိုကရေစီခေါ်အများဆန္ဒဖြင်.ဆုံးဖြတ်ခြင်းကို ကျင်.သုံး၍မရပေ ။တနည်းဆိုရလျှင် တပ်မတော်သားများသည် ဒီမိုကရေစီနှင်.အလှမ်းဝေးသူများဖြစ်သည် ။ ဆိုလိုရင်းမှာတပ်မတော်ကိုအပြစ်ပြောလိုရင်းမဟုတ် ၊လုပ်ငန်းသဘာဝအရ မအပ်စပ်ပုံကိုသာထောက်ပြလိုခြင်းဖြစ်သည် ။ ဤသို.ဒီမိုကရေစီအလေ.အထများနှင်. မအပ်စပ်သောသူများ လွှတ်တော်အတွင်းဝင်ရောက်၍ ဥပဒေပြုရေးလုပ်ငန်းများဆောင်ရွက်သောအခါ ဘုန်းကြီးနှင်.ဘီးလိုမအပ်စပ်သောကိစ္စများဖြစ်ပေါ်လာရချေသည် ။ အမိန်.ပေး ၊အမိန်.ခံစနစ်ဖြင်.အသားကျနေသူများသည် ဒီမိုကရေစီဟုဆိုအပ်သော မိမိမကြိုက်သော်လည်းအများစုက လိုလားနှစ်ခြိုက်နေလျှင် သည်းခံလိုက်လျောသောဓလေ.ကို အသားကျဖို.အတော်ကိုကြိုးစားရဦးမည်ဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.မညီဘူးဟုယူဆပါကလည်း အခြားသောဒီမိုကရေစီလုပ်ထုံးများဖြစ်သည်. ကန်.ကွက်မဲပေးခြင်း ၊ ဥပဒေပြဌာန်းပြီးသွားသောအခါ ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးသို. ပို.ကာ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီမညီ စိစစ်ခံယူစေခြင်းတို.ကိုဆောင်ရွက်၍ရပေသည် ။ စစ်တိုက်သလို တဖွဲ.လုံးဆင်း ၊တဖွဲ.လုံးတက် ဆိုသလို အစုအဖွဲ.အင်အားပြခြင်းများကား လွှတ်တော်အတွင်းဆောင်ရွက်၍ကောင်းသောလုပ်ငန်းများမဟုတ်ပေ ။

    မည်သို.ပင်ရှိစေ စစ်တပ်နှင်.ဒီမိုကရေစီဝါဒသည် နဂိုကတည်းက ပြဒါးတစ်လမ်း ၊သံတစ်လမ်းသဖွယ် ပြောင်းပြန်ဇောက်ထိုးတည်ရှိနေသည်ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်၍လွှတ်တော်အတွင်းမှ တပ်မတော်သားများအောင်မြင်စွာဆုတ်ခွာသွားပြီးတိုင်းပြည်ကာကွယ်ရေးလုပ်ငန်းပိုင်းကိုသာ အဓိကလုပ်ကိုင်ခြင်းသည် တပ်မတော်၊နိုင်ငံရေးပါတီများနှင်.တိုင်းသူပြည်သားများအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်ပါသည်။ဆုတ်ခွာသင့်သည့်အချိန်တွင် ဆုတ်ခွာသွားခြင်းသည် အားလုံးအတွက်အကျိုးရှိသောလမ်းစဉ်ဖြစ်သည်ကိုသမိုင်းကသက်သေပြနေပါကြောင်းတင်ပြလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

စောငိ့ကြည့်(News Watch)ဂျာနယ်
၇.၆.၂၀၁၉ -MHSP *

https://www.facebook.com/groups/154087975156923/permalink/367604060471979/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဆုတ်ခွာရမယ့်အချိန်-သရ၀ဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...