Wednesday, June 12, 2019
ပ​ဒေသရာဇ်​ရှမ်းပြည်​.....၂၂
,
ကျိုင်း​တုံ​စော်​ဘွားကြီးစ၀်​​ကောင်​တိုင်​​သေပြီ။
ချက်​ခြင်းပဲ လွိုင်​​မွေက နယ်​ခြား​စောင့်တပ်​က
ကျိုင်းတုံကိုဆင်းလာပြီး​စော်​ဘွား​ဟော်​နဲ့ကျိုင်းတုံမြို့
ရဲ့ အချက်​အခြာ​နေရာ​တွေမှာတပ်​စွဲလိုက်​တယ်​။တပ်​ရင်း
မှူးကမြို့သူမြို့သားနယ်​သူနယ်​သား​အားလုံး ​နေမြဲအတိုင်း
နေဖို့အမိန့်​ထုတ်​ပြီး မိုင်​၂၀၀​ကျော်​​ဝေးတဲ့ ဗြိတိသျှရုံးစိုက်
ရာ ရှမ်းပြည်​​တောင်​ပိုင်း လွိုင်​လင်​က နယ်​ခြားတပ်​တစ်
တပ်​ကို ​ကြေးနန်းရိုက်​ပြီး စစ်​ကူ​တောင်းလိုက်​ပါတယ်​။
၁၉၃၇ ​အောက်​တိုဘာ၂၃ရက်​​နေ့
စော်​ဘွား​သေပြီ​နောက်​​နေ့
တောင်​ကြီးမြို့Town Committee ​ဘော်​လုံးကွင်းမှာ
ABM ​ကျောင်းအသင်းနဲ့စစ်​တပ်​​ဘော်​လုံးအသင်းတို့
ယှဉ်​ပြိုင်​ကစား​နေကြတာ ပွဲကမြိုင်​​နေပြီး ကွင်းအတွင်း
လူပြည့်လျှံ​နေတယ်​။ဒုတိယပိုင်းပြန်​စပြီး၁၀မိနစ်​အကြာ
စစ်​ယူနီ​ဖောင်းဝတ်​ထားတဲ့စစ်​သား​တွေရိုင်​ဖယ်​​သေနတ်
တွေကိုင်​​ဘောကွင်းထဲဝင်​လာပြီး ဒိုင်​နားကပ်​စကား​ပြော
ပြီးပွဲသိမ်းလိုက်​တယ်​။ချက်​ခြင်းစစ်​သား​ဘောသမား​တွေ
ကို​ခေါ်ထုတ်​သွားတယ်​။
(တစ်​ခုသိရမှာက အင်္ဂလိပ်​​ခေတ်​မှာ စစ်​ယူနီ​ဖောင်းနဲ့
လက်​နက်​ကိုင်​စစ်​သားကို​တွေ့ရဖို့ဆိုတာအရမ်းခက်​တယ်​။
ယ​နေ့​ပေါက်​လွတ်​ပဲစားဖက်​ဆစ်​​တွေအုပ်​ချုပ်​တဲ့နိုင်​ငံမှာ
ဒီ​သောက်​ချိုးမျိုးကမမြင်​ချင်​အဆုံးမြင်​ရမယ်​။ဒါဘာကွာ
သွားလဲ​မေးရင်​ ယဉ်​​ကျေးတဲ့လူ့အဖွဲ့အစည်း၊လူ့စည်း၊လူ့
ကမ်းနားလည်​တဲ့လူ့အဖွဲ့အစည်းနဲ့ ဖက်​ဆစ်​လူ့အဖွဲ့အစည်း
ကွာသွားတာပါ။ကိုယ့်ကိုယ်​ကိုယ်​ဘယ်​​လောက်​ပဲယဉ်​​ကျေး
ကြောင့်၊သမိုင်းအစဉ်​အလာကြီး​ကြောင်း ကိုယ့်ဟာကိုယ်​ပဲ
သတ်​မှတ်​ပြီးအားမရလို့ ဖွဲ့စည်းပုံ​ခြေဥအချီးနိဒါန်းမှာ
ပါ မဏ္ဍုပ်​တိုင်​တက်​ပြ​ထားတဲ့လူ့အဖွဲ့အစည်းယဉ်​​ကျေးတာ
ဒါလားလို့​မေးရမလိုပဲ။ရယ်​စရာ​တောင်​မ​ကောင်းဘူး။)
အားလုံး​ကြောင်​​နေကြတယ်​။ABM ​ကျောင်းသား​တွေက
တစ်​​ယောက်​ကိုတစ်​​ယောက်​​မေးကြမြန်းကြတဲ့အခါ
ကောလဟလထွက်​လာတာက ကျိုင်းတုံမှာပုန်​ကန်​မှု
ဖြစ်​တယ်​ဆိုတာ​ပါပဲ။တကယ်​က လွိုင်​​မွေတပ်​ရင်းမှူး
စစ်​ကူ​တောင်းလို့ ကျိုင်းတုံကိုစစ်​ချီရမှာမို့တပ်​သား​တွေ
ကိုစုရပ်​ပြန်​​ခေါ်တာပါ။စော်​ဘွားကြီးစ၀်​​ကောင်​တိုင်​ကို
သတ်​သူက သူ့တူအရင်း စ၀်​သီဟဖြစ်​တယ်​။စ၀်​သီဟ
လာအဖမ်းခံတယ်​။လန်​ဒန်​မြို့တိုင်းသတင်းစာမှာ
စ၀်​​ကောင်​တိုင်​လုပ်​ကြံခံရတဲ့သတင်းကိုအသား​ပေး
ဖော်​ပြသွားတယ်​။
စ၀်​သီဟဆိုတာ စ၀်​​ကောင်​​ကျောက်​အင်​တလိုင်​ရဲ့ နှမ
စ၀်​နန်းတပ်​စ်​ထီလာနဲ့ကျိုင်းခမ်းမြို့စားတို့က​မွေးတဲ့
ခွန်​​ဟောင်​ခမ်း-စ၀်​​ဟောင်​ခမ်း
အဲဒီ ခွန်​​ဟောင်​ခမ်းဟာ ကျိုင်းတုံ​စော်​ဘွားသမီး စ၀်​ဖုန်းလူ
ရဲ့ နှမ စ၀်​နန်​တိပကိုင်​​ဆောင်​ နဲ့လက်​ထက်​တယ်​။အဲဒီက
မွေးတဲ့သားဟာ စ၀်​သီဟပဲ။အဲအချိန်​ စ၀်​သီဟ ဟာ
ရန်​ကုန်​တက္ကသိုလ်​ ဥပစာအထက်​တန်းမှာပညာသင်
နေချိန်​ဖြစ်​ပါတယ်​။အမှုကို​တောင်​ကြီးမှာစစ်​တယ်​။အမှု
စစ်​တရားသူကြီးက ရှမ်း​မြောက်​အ​ရေးပိုင်​ မစ္စတာ​ရှော
ဖြစ်​တယ်​။ဘာလို့ရှမ်း​မြောက်​တရားသူကြီးကိုစစ်​ခိုင်း
ရတာလဲလို့​မေးစရာရှိတယ်​။ရှမ်း​တောင်​အ​ရေးပိုင်​လည်း
ဖြစ်​တဲ့​ကော်​မရှင်​နာမင်းကြီးဟာ ရှမ်းပြည်​အတွက်
High Court အာဏာရထားသူဖြစ်​ပါလျှက်​ဘာ​ကြောင့်
အမှုမစစ်​ရတာလဲဆိုရင်​ ဒီအမှုမှာသူကသက်​​သေအဖြစ်
ပါ​နေလို့ပဲ။တရားသူကြီးမစ္စတာ​ရှောဟာ ​တောင်​ကြီးမှာ
အမှုစစ်​ပြီး ၁၂မိုင်​အကွာဟိုပုံးကဗိုလ်​တဲမှာပြန်​အိပ်​တယ်​။
ဘယ်​သူနဲ့မှ​မ​ရောဘဲခပ်​ကင်းကင်း​နေပြီးအမှုကိုစစ်​တယ်​။
စီရင်​ချက်​ချတဲ့အခါ ပြစ်​မှုထင်​ရှား​ပေမယ့်၊​ငယ်​​သေးတာ
ကို​ထောက်​ထားငဲ့ညှာပြီး တစ်​သက်​တစ်​ကျွန်းပြစ်​ဒဏ်
ချလိုက်​တယ်​။နောက်​ကွယ်​ကစီစဉ်​သူ စ၀်​ဖုန်းလူကို
သက်​​သေမရှိလို့တရား​သေလွှတ်​လိုက်​တယ်​။
၁၈၈၅မှာအင်္ဂလိပ်​ကမြန်​မာပြည်​ကိုသိမ်းလိုက်​တဲ့အချိန်
ကျိုင်းတုံ​စော်​ဘွားကြီးကွယ်​လွန်​သွားလို့သား​တော်
စ၀်​ခမ်​ဖုစိုးစံတယ်​။၁၈၉၇မှာ စ၀်​ခမ်​ဖုကွယ်​လွန်​​တော့
ညီ​တော်​စ၀်​​ကောင်​​ကျောက်​အင်​တလိုင်​စိုးစံတယ်​။မြန်​မာ
ဘုရင်​​တွေကြုံ ရတဲ့ပြဿနာမျိုး စ၀်​​ကောင်​​ကျောက်​အင်
တလိုင်​ လည်းကြုံ ရပြန်​တယ်​။ဘာလဲဆို​တော့ အင်းဝ​ရွှေနန်း
ရှင်​ဘကြီး​တော်​မင်းဟာ သူ့ငယ်​ချစ်​ နန်းမ​တော်​မယ်​နုကို
တောင်​ညာစံ​ဒေ၀ီမ​ဟေသီအဖြစ်​တင်​​မြှောက်​ခဲ့တယ်​။
ရွှေဘိုမင်းက သူ့ငယ်​ချစ်​မမြ​လေးကိုအ​နောက်​နန်းတင်
တယ်​။မင်းတုန်းမင်းက သူ့ငယ်​ချစ်​ မယ်​သဲကို ​တောင်​နန်းစံ
အဖြစ်​မတင်​ဘဲ ​မြောက်​နန်းမိဖုရားအဖြစ်​ထားတယ်​။
ဒါပ​ဒေသရာဇ်​​တွေရဲ့ မထူးဆန်းတဲ့အစဉ်​အလာပါ။မယား
တွေစိတ်​ကြိုက်​ယူခွင့်ရတဲ့အ​ခြေ​နေဖြစ်​တာမို့ အဲဒီ
မယား​တွေကို ကိုယ့်စိတ်​ကြိုက်​စီစဉ်​ခွင့်ရှိပါတယ်​။
အဲဒီအတိုင်းပဲ ကျိုင်းတုံ​စော်​ဘွားကြီး စ၀်​​ကောင်​​ကျောက်
အင်​တလိုင်​ရဲ့ငယ်​ချစ်​ ပထမဆုံးမယားက သာမန်​အရပ်​သူ
ဒေါ်နန်း​ဖောင်​ဖြစ်​တယ်​။သူအမြင့်​ရောက်​​တော့ သူ့မယား
ဟာ စ၀်​နန်းဝဏ္ဏဖြစ်​လာတယ်​။အသတ်​ခံရတဲ့​စော်​ဘွားကြီး
စ၀်​​ကောင်​တိုင်​ရဲ့မယ်​​တော်​ပါ။ပ​ဒေသရာဇ်​အိမ်​​ထောင်​​ရေး
ဓ​လေ့နဲ့အညီ စ၀်​​ကောင်​​ကျောက်​အင်​တလိုင်​ဟာ ​ဟော်​နန်း
အလယ်​တင့်တယ်​​စေဖို့ မဟာဆီမဟာ​သွေးစစ်​စစ်​ဖြစ်​တဲ့
ပ​ဒေသရာဇ်​ရဲ့ သမီးပျိုတစ်​ဦးကိုလက်​ဆက်​ပြန်​တယ်​။သူက ​လောနယ်​ မိုင်းဆင်​ က ​စော်​ဘွားသမီး စ၀်​နန်​ပဒုမ္မာ
ဖြစ်​ပါတယ်​။အဲဒီ​ခေတ်​က မိုင်းဆင်​ဟာ ကျိုင်းတုံရဲ့နယ်
တစ်​နယ်​ပါ။အခု​လောနိုင်​ငံထဲ​ရောက်​​နေပါတယ်​။
မြန်​မာပြည်​ကိုအင်္ဂလိပ်​သိမ်းပြီးနယ်​နိမိတ်​​တွေပြန်​သတ်
မှတ်​တဲ့အခါ ရှမ်းနယ်​အများအပြားဟာ ယိုးဒယား၊
တရုတ်​နဲ့​လောနိုင်​ငံထဲကို​ရောက်​ကုန်​တာပါပဲ။ဒီမိုင်းဆင်
နဲ့ပက်​သက်​ပြီး စ​ကော့မှတ်​တမ်း သူ့အ​တွေ့အကြုံ
ဆိုပြီးဦးလှဒင်​ဘာသာပြန်​တဲ့စာအုပ်​မှာ
..........ကျွန်ုပ်​၀မ်းအနည်းဆုံးနှင့်အနှိမ်​ခံရဆုံးအ​တွေ့အကြုံ
မှာ မိုင်းဆင်​နယ်​နှင့်ပက်​သက်​​သောကိစ္စဖြစ်​သည်​။ထိုနယ်
သည်​ ကျိုင်းတုံနယ်​မှမဲ​ခေါင်​အထိတည်​ရှိ၍ကျိုင်းတုံ
စော်​ဘွား၏ပိုင်​နက်​နယ်​​မြေအဖြစ်​ကျိုင်းတုံနန်းလျာမင်း
သားတို့ကိုလက်​​တွေ့သင်​တန်း​ပေးသည့်အ​နေဖြင့်
တာဝန်​လွှဲအပ်​အုပ်​ချုပ်​​စေ​လေ့ရှိ​သောနယ်​ဖြစ်​သည်​။
ကျွနု​ပ်​တို့သည်​ကျိုင်းတုံ​စော်​ဘွားအားဗြိတိသျှတိုင်းရင်း
သားအဖြစ်​သ​ဘောထား​ကြောင်း​ပြောရုံမှတပါးကျိုင်းတုံ
နှင့်ပက်​သက်​​သောမည်​သည့်ကိစ္စကိုမှငါးနှစ်​လုံးလုံးတိုး​၍
မလုပ်​ခဲ့ရ​သေးပါ။ကျိုင်းတုံ​စော်​ဘွားသည်​ သူမြို့​တော်
သို့ ပထမဆုံး​ရောက်​ရှိသွား​သောအရာရှိထံသစ္စာခံစဉ်
မိုင်းဆင်​ကိုပါ ဗြိတိသျှပိုင်​နက်​အတွင်းသွတ်​သွင်းရမည်
ဟုချက်​ခြင်း​တောင်းဆိုသည်​။အဘယ်​​ကြောင့်ဆို​သော်
ယိုးဒယား တို့သည်​ ချင်​ဆင်း(Chieng Sin)နယ်ကို
အောင်​မြင်​​သောအခါမိုင်းဆင်​ကိုပါလိုချင်​လာ​သော
ကြောင့်ဖြစ်​သည်​။ကံအား​လျှော်​စွာ ယိုးဒယား နှင့်
ဗြိတိသျှတို့ပူးတွဲ​ကော်​မရှင်​တစ်​ခု ယခုအခါမဲ​ခေါင်​မြစ်
ကိုဖြတ်​​ကျော်​၍ မိုင်းဆင်​သို့သွား​နေကြ​လေပြီ။မိုင်းဆင်
မြို့စားသည်​ ကျိုင်းတုံ​စော်​ဘွား၏ဦးရီး​တော်​ဖြစ်​​လေ
လည်​။သူက ယိုးဒယားပြည်​မှာ သူ၏ပိုင်​နက်​နယ်​​မြေ
နှင့်ဘာမှမဆိုင်​ဟု​ကြေငြာသည့်အပြင်​မြန်​မာအစိုးရကို
ဆက်​သမြဲဖြစ်​​သော ​ရွှေပန်းခိုင်​​ငွေပန်းခိုင်​များကိုလည်း
အမြန်​ဆုံး​ပေးဆက်​လာသည်​။နောက်​ဆုံးတွင်​အိန္ဒိယအစိုး
ရသည်​မိုင်းဆင်​ကိုလက်​လွှတ်​မခံ​တော့​ပေ။ယိုးဒယား
တို့သည်​ ဗြိတိသျှတို့ဘက်​ကလိုက်​​လျောဖို့အစွမ်းကုန်​​နေပြီ
ကိုမြင်​တာ​ကြောင့်အလွယ်​တကူသိမ်းပိုက်​ရရှိထား​သော
ချင်းဆင်​မြို့ကိုသာအနိုင်​နှင့်ပိုင်းရန်​ပြင်​ဆင်​ကြ​လေသည်​။
သို့​သော်​ ကျိုင်းဟုန်​အ​ရေးတွင်​ကျွနု​ပ်​တို့ပိုင်​ဆိုင်​ပါလျက်
တရုတ်​ပြည်​သို့စွန့်​လိုက်​ရမည့်အ​ခြေ​နေ​ပေါ်လာပြန်​သည်​။
မိုင်းဆင်​ကိုသိမ်းပိုက်​လိုက်​ခြင်း​ကြောင့်​မြေငတ်​​နေသူများ
ဟုလည်း​ကောင်း၊ထိုအချိန်​က မိုင်​၁၅၀​ဝေး​သော ပြင်
သစ်​သမ္မနိုင်​ငံ၏ပိုင်​နက်​ကိုတားဆီး​နှောင့်ယှက်​ရာ​ရောက်
သည်​​ဟူ၍လည်း​ကောင်း၊​တွေးထင်​ကြသည်​။ထို့​ကြောင့်ဗြိတိန်​သည်​ မိုင်းဆင်​နယ်​ကိုစွန့်​လွှတ်​လိုက်ပြီဖြစ်​​ကြောင်း
ယိုးဒယား အစိုးရနှင့်မိုင်းဆင်​မြို့စားတို့အားအ​ကြောင်း
ကြား​သောအခါ သူတို့အားလုံးအံ့သြသင့်သွားကြ​လေ
သည်​။ပြင်​သစ်​တို့ ယိုးဒယားနှင့်အချင်းများပြီး မဲနံမြစ်
တွင်​တိုက်​ခိုက်​​သောအခါ စ​ကော့မှာ သူ့အလုပ်​များပြီးလု
ပြီးခင်​ဖြစ်​​နေ​လေပြီ။၁၈၉၃ ​အောက်​တိုဘာတွင်​ချုပ်
ဆိုခဲ့​သော စာချုပ်​၏ရလဒ်​မှာ မဲ​ခေါင်​မြစ်​တစ်​ဖက်​ကမ်း
ရှိယိုးဒယားပိုင်​နက်​နယ်​​မြေများကိုပြင်​သစ်​တို့အားခွဲ​ပေး
လိုက်​ရသည်​။ထို့​ကြောင့်ပြင်​သစ်​တို့ကမိုင်းဆင်​ကို
သူတို့ပိုင်​ထိုက်​သည်​ဟု​တောင်းဆိုပြီးကိုယ်​စားလှယ်​များ
စေလွှတ်​၍ ပြင်​သစ်​အလံလွှင့်ထူရန်​နှင့်အိမ်​များ​ဆောက်​ရန်
အနီ​ရောင်​ အဖြူ​ရောင်​နှင့်အပြာ​ရောင်​​ဆေးများသုတ်​ရန်
ပင်​စီမံ​နေကြ​​လေသည်​။........
ဒါစ​ကော့မှတ်​တမ်းပါရှမ်းနယ်​မိုင်းဆင်​ရဲ့ ဘ၀သမိုင်းပါ။
အဲဒီမိုင်းဆင်​မှာ စ၀်​နန်​ပဒုမ္မာနဲ့စ၀်​​ကောင်​​ကျောက်
အင်တလိုင်​တို့ လက်​ထပ်​ခဲ့ကြပြီးစ၀်​ဖုန်းလူ​အမည်​ရတဲ့
သား​တော်​ကို​မွေးခဲ့တာဖြစ်​ပါတယ်​။နယ်​စပ်​​ဒေသက
ရှမ်း​တွေ တကွဲတပြားဖြစ်​သွားရတဲ့သမိုင်း​ကြောင်းပါ။
ရှမ်း​တောင်​၊ရှမ်းအ​ရှေ့ ၊ရှမ်း​မြောက်​ဘယ်​ဘက်​ကိုပဲ
ကြည့်ကြည့်ရှမ်း​တွေတစ်​ကွဲတစ်​ပြားနဲ့ဟိုနိုင်​ငံ​ရောက်
လိုက်​ ဒီနိုင်​ငံ​ရောက်​လိုက်​နဲ့ဘ၀ဆုံးရရှာတယ်​။အထူး
သဖြင့်ကျိုင်းတုံပါ။အကြီးဆုံးနယ်​ဖြစ်​ပါတယ်​။ဆစ်
ဆောင်​ပန္နားနယ်​ကိုတရုတ်​ကို​ပေးခဲ့ရတယ်​။ကျိုင်းဟုန်
နဲ့မိုင်းဆင်​က​လောထဲပါသွားတယ်​။ယ​နေ့​တော့
ရှမ်း​တွေခများနယ်​စပ်​မှာ ဘယ်​အစိုးရရဲ့ ​လောက်​​လောက်
လားလားအကူအညီကိုမှမရဘဲ ဘ၀ကိုကြုံသလို
ကျောင်း​နေကြရတာပဲဖြစ်​ပါ​တော့တယ်​။ဒီလိုဖြစ်​ရတဲ့
အဓိကအ​ကြောင်းတရားဟာ ဧကရာဇ်​ဘုရင်​ကြီးနဲ့
နန်းတွင်းလူ့မလိုင်​လူတန်းစားရဲ့ ပြည်​သူလူထုအ​ပေါ်
လစ်​လျူရှုခဲ့ခြင်း​ကြောင့်ပဲဖြစ်​ပါ​တယ်​။နန်း​တော်
ထဲမှာမယား​တွေနဲ့ဇိမ်​ခံမယ်​။ပုဆိုးဆွဲ၊ခါးဆွဲ​တွေအပြင်
ဟူးရားညို ဟူးရားနီ ဟူးရားနက်​တို့ဆီက အလကားရတဲ့
က​ပေါက်​တိက​ပေါက်​ချာအကြံဥာဏ်​​တွေ​ဟောကိန်း​တွေ
နဲ့သာယာပြီး ကိုယ်နဲ့ကိုယ့်မိသားစုသာယာမှုတစ်​ခုတည်းသာကွက်​ပြီးကြည့်ခဲ့ကြတာပါ။
အဲ​တော့ ဆက်​စပ်​အ​ကြောင်းအရာဖြစ်​တဲ့မိုင်းဆင်​က​နေ
ဘတ်​ဂီယာပြန်​ထိုးရင်​ စ၀်​​ကောင်​​ကျောက်အင်​တလိုင်​နဲ့
သာမန်​အရပ်​သူ​ဒေါ်နန်း​ဖောင်​က​မွေးတဲ့သား​တော်​ကြီး
စ၀်​​ကောင်​တိုင်​ကို ​စော်​ဘွားကြီးက အချစ်​ပိုခဲ့တယ်​။
ဒါ​ကြောင့်သူ့အရိုက်​အရာကိုဆက်​ခံဖို့ စ၀်​​ကောင်​တိုင်
ကို ကျမိုင်း(အိမ်​​ရှေ့ ဥပရာဇာ)ခန့်​ပြီး ဒုတိယမယား
စ၀်​နန်​ပဒုမ္မာ က​မွေးတဲ့ စ၀်​ဖုန်းလူကို​တော့ ​နော်​မိုင်း
အဖြစ်​သာဝတ်​​ကျေတန်း​ကျေခန့်​အပ်​ခဲ့တာဖြစ်​ပါတယ်​။
စ၀်​ဖုန်းလူ ဟာ ရန်​ကုန်​စိန့်​​ပေါ​ကျောင်းမှာပညာသင်​ခဲ့
သူဖြစ်​တယ်​။အခုစ၀်​သီဟကိုအခါ​တော်​​ပေးသူက
စ၀်​ဖုန်းလူပါပဲ။အာဏာရှင်​ကြီး​တွေရဲ့သား​တွေကလည်း
သူတို့အဘ​တွေနဲ့အတူတူအာဏာမက်​ကြသူ​တွေချည်း
ပါ။ဒါ​ကြောင့်​အစ်​ကိုဖြစ်​သူစ၀်​​ကောင်​တိုင်​ကိုအစွမ်းအစ
မရှိလို့ကိုယ်​တိုင်​မလုပ်​ကြံဘဲ ​ကောက်​ကျစ်​စွာနဲ့သူ့နှမ
က​မွေးတဲ့သူ့တူစ၀်​သီဟကတစ်​ဆင့်လုပ်​ကြံ​စေခဲ့တာပါ။
ဒီကြားထဲ တစ်​ခါ ၁၉၂၇မှာ ​ငွေတုဂိုဏ်းတစ်​ခုနဲ့ငြိစွန်း
လို့ စ၀်​ဖုန်းလူဟာ ကျိုင်းတုံ​ဟော်​နန်းဆက်​ခံ​ရေးဝါစဉ်
စရင်းက​နေလုံးဝဖယ်​ထုတ်​ခြင်းခံလိုက်​ကရပြန်​တယ်​။
ဒီအမုန်းနဲ့ရန်​ငြိုးဟာ စ၀်​​ကောင်​တိုင်​ကိုလုပ်​ကြံဖို့လုံ
လောက်​​စေပြီဖြစ်​ပါ​တော့တယ်​။တကယ်​စ၀်​​ကောင်​တိုင်
ကိုသတ်​ခဲ့တာ စ၀်​သီဟမဟုတ်​ဘူး။စ၀်​ဖုန်းလူပါ။
စ၀်​​ကောင်​တိုင်​ဟာ သူ့အ​ဖေကိုယ်​စားအင်္ဂလန်​သွားရှမ်း
ကိုယ်​စားလှယ်​အဖွဲ့မှာပါခဲ့သူဖြစ်​တယ်​။အဲဒီတုန်းက
စ၀်​ဖုန်းလူဟာ အစ်​ကို​​တော်​နဲ့အ​ဖော်​အဖြစ်​လိုက်​ပါခဲ့တယ်​။
စ၀်​​ကောင်​တိုင်​ဟာ ဗြိတိသျှစစ်​တပ်​မှာအမှုထမ်းခဲ့သူဖြစ်​ပြီး
Capt.Sao Kunag Tia ဟာ ​သေနတ်ပစ်​သိပ်​​တော်
တယ်​လို့နာမည်​ကြီးတယ်​။နေ့စဉ်​၆လုံးပြူး​သေနတ်​ပစ်​​လေ့
ကျင့်ပါတယ်​။ဒါ​ပေမဲ့​သေမယ့်ညမှာ​သေနတ်​ကို​ဆောင်​မထား
မိခဲ့ဘူး။ပွဲ​တော်​လာတာဖြစ်​လို့​သေနတ်​ယူမလာခဲ့တာ
လည်းဖြစ်​ပါလိမ့်မယ်​။အကယ်​၍​သေနတ်​​ဆောင်​ထားရင်
လည်း မရဏလမ်းကလွှတ်​မယ်​မထင်​ဘူး။ဘာလို့ဆို​တော့
လုပ်​ကြံပါတယ်​ဆိုမှ​တော့ဘယ်​သူက​ရှေ့ ကရင်​ဆိုင်​မှာ
မဟုတ်​ဘူး​လေ။လူမှန်​​တွေ လူ​ဖြောင့်​တွေဟာ လူ​ကောက်
တွေနဲ့ဆုံလာတဲ့အခါတိုင်း ကျရှုံးတတ်​တာကိုလည်းသတိ
ပြု​နေမိတယ်​။တကယ်​​​တော့လူဟာလမ်းနဲ့ပမာတူတယ်​။
လမ်းဟာ​ကောက်​ရင်​ရှည်​ပြီး​ဖြောင့်ရင်​တိုသလို လူဟာ
လည်းအဲဒီအတိုင်းပဲ။
ကမ္ဘာ့ပ​ဒေသရာဇ်​စနစ်​​တွေပျက်​သုဉ်းရတဲ့အ​ကြောင်း
တရား​တွေနဲ့ကွဲပြားစွာမြန်​မာပြည်​က ပ​ဒေသရာဇ်​စနစ်
တွေ ပျက်​သုဉ်းရတဲ့​အ​ကြောင်းတရားထဲမှာ အဓိက
အချက်​တစ်​ချက်​အဖြစ်​ပါလာတာက အခုလိုမယားယူ
စည်းကမ်းမဲ့ခြင်း​ပဲ။မြန်​မာ့​မြေက ရှမ်း၊ရခိုင်​၊မွန်​၊
မြန်​မာ ဒီ၎မျိုးဟာ ပ​ဒေသရာဇ်​လူ့အဖွဲ့အစည်းဖြစ်​တယ်​။
အဲဒီ၎အုပ်​စုထဲမှာ ဗမာ၊မွန်​၊ရခိုင်​ က အတူတူပဲ။ရှမ်းနဲ့
သူတို့၃အုပ်​စု အနည်းငယ်​ကွာတယ်​။ဒါကလည်း
ပထ၀ီ​ကြောင့်ဖြစ်​​ပေါ်တဲ့နိုင်​ငံ​ရေးရဲ့ သက်​​ရောက်​မှု​ကြောင့်
ပဲဖြစ်​ပါတယ်​။မဟုတ်​ရင်​ရှမ်းလည်းသူတို့နဲ့တစ်​ထပ်​တည်း
ဖြစ်​မှာပါ။မွန်​​ရော ရခိုင်​​ရော ဗမာ​ရော မှာ ရှိသမျှပ​ဒေ
သရာဇ်​အားလုံး​ပေါက်​လွတ်​ပဲစား မယားယူကြတာပါ။
အဲဒီ၎အုပ်​စုထဲမှာ ဆရာကြီးက ဗမာ။
ဗမာ့စနစ်​မှာ​မိန်းမ​တွေအများကြီးယူတာ။မိဖုရားကြီး၊
တောင်​နန်းမ​တော်​၊အ​နောက်​နန်းမ​တော်​၊အလယ်​နန်း
မ​တော်​၊​မြောက်​နန်းမ​တော်​ဆိုပြီးအဂ္ဂမ​ဟေသီနဲ့မိဖုရား
စုစု​ပေါင်း၅ပါးက ပင်​တိုင်​ထားရတယ်​။ဒီနန်းရမိဖုရား၎
ပါးအပြင်​အ​ဆောင်​ရမိဖုရား၎ပါးရှိပြန်​တယ်​။အဲဒီမိဖုရား
တွေအပြင်​ အလွန်​များပြားတဲ့မှန်​နန်းအပျို ​တော်​ ​တွေဆို​တာရှိ​သေးတယ်​။အဲဒီအပျို​တော်​​တွေဟာမိဖုရား​လောင်း
တွေဖြစ်​လို့ အနက်​​ရောင်​သလွန်​နဲ့အိပ်​ကြရပြီး မိဖုရား
လေးဖြစ်​တာနဲ့ သလွန်​ကို​ရွှေပိန်းထည့်ရတယ်​။
အဲလိုနဲ့ ​တောင်​နန်းညာတင်​မိဖုရား​ခေါင်​ကြီး၊နန်း​တော်
အ​ဆောင်​​တော်​လို့သမုတ်​တဲ့မိဖုရားကြီး​တွေ၊​ဒေ၀ီဘွဲ့ခံမိဖုရားလတ်​၊မ​ဟေဘွဲ့ခံမိဖုရားငယ်​၊၀တီဘွဲ့ခံကိုယ်​လုပ်
တော်​ကြီး၊သီရိဘွဲ့ခံကိုယ်​​လုပ်​​တော်​လတ်​၊မင်း တပ်​​ခေါ်ရတဲ့
ကိုယ်​လုပ်​​တော်​ငယ် စသဖြင့်အဆင့်အတန်းအမျိုးမျိုး
နဲ့မယားအမျိုးမျိုးရှိ​နေတာ​ကြောင့် သူတို့တာဝန်​ကို
ထမ်း​ဆောင်​ရတဲ့ အရာရှိအမျိုးသား​တွေကိုလည်း အများ
အပြားခန့်​ထားရပြီး နိုင်​ငံ​ရေးရှုပ်​​ထွေး​ပွေလီမှု​တွေအထိ
သက်​​ရောက်​တယ်​။
မြန်​မာနန်းတွင်းမှာ အ​နောက်​​ဆောင်​လို့ ​ခေါ်တဲ့အ​ဆောင်
ဟာ ကမ္ဘာ့ အကြီးဆုံး မြန်​မာပ​ဒေသရာဇ်​မယားများ
စု​ပေါင်း​နေထိုင်​ရာအ​ဆောင်​​တော်​ကြီးပဲဖြစ်​တယ်​။
အဲဒီမယားအသီးသီးရဲ့ တာဝန်​ကို ထမ်း​ဆောင်​ဖို့ခန့်​အပ်​ထား
ရတဲ့ဝန်​ထမ်းကလည်းအ​တော်​များတယ်​။ကာမ​လှောင်
အိမ်​ကြီးဆိုလည်းမမှားပါဘူး။မြန်​မာ့သမိုင်းမှာ ဘာအရည်
အချင်းမှမရှိတဲ့ နရသီဟပ​တေ့ ရဲ့ စုစု​ပေါင်းမယားစရင်း
ဟာ  ၃၀၀၀​ကျော်​တယ်​လို့အဆိုရှိတယ်​။မင်းဟာကယုတ္တိ
မရှိဘူးများလွန်းတယ်​​လို့တစ်​စုံတစ်​​ယောက်​က​ပြောလာ
လာရင်​လည်းအထူးမငြင်းပါဘူး။ဘာလို့ဆို​တော့ မြန်​မာ
ရာဇ၀င်​ပုဂံသမိုင်းမှာ ဘာမဆိုအ​ရေအတွက်​ပိုလျှံ​နေတာ
အားလုံးအသိပဲ​လေ။အဲဒီမယား​တွေက​မွေးတဲ့သား​တွေသမီး
တွေကလည်း အာဏာရှင်​​သွေး​တွေဖြစ်​လို့အားလုံးအစွယ်
ငေါ​ငေါ​တွေနဲ့ချည်းပဲ။ပလ္လင်​​ပေါ်​ရောက်​တာနဲ့သွားဖြဲ၊
နှာမှုတ်​၊လက်​သည်းထုတ်​၊ဂျို​သွေးကြ​တော့တာပါပဲ။
တကယ်​​တော့ အခုခင်​ဗျားတို့ကျ​နော်​တို့​ကျောင်း​တွေမှာ
သင်​​နေရတဲ့ရာဇ၀င်​ဆိုတာ အဲဒီပ​ဒေသရာဇ်​​တွေသွားဖြဲ၊
နှာမှုတ်​၊လက်​သည်းထုတ်​၊ဂျို​သွေးကြတဲ့အ​ကြောင်း
အဆင့်ဆင့်​ပြောသမျှမှတ်​တမ်းတင်​ပြီး ကိုယ့်အ​ကြောင်း
လုပ်​ သင်​ယူ​နေကြရတာပါ။ဒါကျ​နော်​အရမ်းကာ​ရော
ပေါက်​လွတ်​ပဲစား​ပြောတာမဟုတ်​ဘူး။ဒါ​ကြောင့်
တစ်​ဆက်​တည်းအ​ထောက်​ထားပါ​ပေးခဲ့မယ်​။
ပုဂံအစိုးရ၅၅ဆက်​လို့ခင်​ဗျားတို့​ကျောင်းမှာသင်​ရလိမ့်
မယ်​။အ​ထောက်​ထားက​တော့ဘာမှမရှိဘူး။သမုဒ္ဒရာမင်း
တွေ၊ပင်​လယ်​မင်း​တွေ၊မြစ်​မင်း​တွေနဲ့မဟုတ်​ကဟုတ်​က
ပေါက်​ပန်း​လေးဆယ်​​ပုံပြင်​​တွေနဲ့ဘယ်​လိုမှမဖြစ်​နိုင်​တဲ့
နတ်​နဲ့နဂါး အတူအိပ်​တာလူ​မွေးပြီးပျူ ​စောထီး​မွေးတယ်
ဆိုပြီးရာဇ၀င်​အဖွင့်စာမျက်​နှာကို ​ရေးထားပါတယ်​။
ဒါ​ကြောင့်၅၅ဆက်​ဟာ ဘာအ​ထောက်​ထားမှမရှိလို့
ပျဉ်းပြားမင်း​တွေသစ်​တုံးမင်း​တွေ ကပျဉ်းမင်းတို့က
နေ ညှာညှာတာတာ သနားလို့ စယူ​ပေးရရင်​ ပုဂံအစိုးရ ၂၂ဆက်​ရှိပါတယ်​။အဲဒီ၂၂​ယောက်​မှာ ၁၇​ယောက်​အာဏာ
သိမ်းခံရပြီး၁၆​ယောက်​အသတ်​ခံရလို့ အာဏာသိမ်း
မှု၇၇.၂၇ရာခိုင်​နှုန်းနဲ့စရင်းပိတ်​တဲ့ ပုဂံနိုင်​ငံ​တော်​အကြီးအကဲ၁၆​ယောက်​ဟာ တုတ်​၊ဓား၊လှံ၊​လေး၊မြား၊အဆိပ်​တို့
နဲ့​ပြောင်​​ပြောင်​တင်းတင်းလုပ်​ကြံသတ်​ဖြတ်​ခံကြရတာဖြစ်​တယ်​။အဲဒီထဲမှာ မြင်း​ချေးမီးရှို့တဲ့ပြာပူတွင်းထဲတွန်းချ
ခံရတဲ့တန်​နက်​မင်း(၂)၊​နောက်​ပါမှူးမတ်​၊ကျွန်​ယုံ​တွေက
ရွှံ့နှစ်​​တွေ၊​မြေစိုင်​ခဲ​တွေနဲ့ဝိုင်း​ပေါက်​ပြီးဆင်​​ရေချိုးတဲ့
ကန်​ထဲနစ်​​သေရတဲ့ စ​လေင​ခွေး(၃)၊သင်္ကန်းဝတ်​သံဃာ့
ဂိုဏ်းဝင်​ဖြစ်​​နေတာ​တောင်​ ​ခေါင်းဖြတ်​ပြီးတရုတ်​ပြည်
ပို့ခံရတဲ့ ​ကျော်​စွာ(၂၂)စသဖြင့် မရှုမလှအ​သေဆိုးနဲ့
သေကြရသူ​တွေက အများစုပါ။
ဒါတင်​ပဲလားဆို​တော့ ဒီထက်​ဆိုးတာရှိပါ​သေးတယ်​။
အဲဒါက ရှင်​ဘုရင်​ကိုကိုယ်​တိုင်​အ​သေသတ်​တဲ့၊သို့မဟုတ်​ သတ်​ခိုင်းတဲ့သူ​တွေအာဏာရပြီးကြီးစိုးကြတာဖြစ်​တဲ့
အတွက်​ ​သေသွားတဲ့ ရှင်​ဘုရင်​ကိုအားနာလို့​ကောင်းမွန်​စွာ
အခမ်းအနားနဲ့မဟုတ်​​စေကာမူ သရဏဂုံတင်​ သင်္ဂြိုဟ်
ပေးတယ်​ဆိုတာ​တောင်​မရှိဘူး။ဒါ ဘုန်းကြီး​ကျောင်း
စက်​မှုဇုန်​ကထုတ်​လုပ်​တဲ့ဒကာ​တော်​​ရေ​မြေ့ရှင်​​တွေ​နော်​။
လူမျိုးခြားမိစ္ဆာဒိဋ္ဌိ​တွေလုပ်​တာမဟုတ်​ဘူး။ကုလားဖြူ၊
ကုလားမဲ၊ကုလားနီ​တွေလုပ်​တာမဟုတ်​ဘူး။
ဥပမာ သိကြားမင်​ဆက်​တဲ့လှံ၊ဓား၊ဥ​သျှောင်​​တွေရတယ်
ဆိုတဲ့အ​နော်​ရထာမင်း​စောဟာ လုပ်​ကြံခံရပြီးသင်္ဂြိုဟ်​စရာအ​လောင်း​တောင်​ရှာမ​တွေ့ဘူး။အဲလိုပဲ ဇမ္ဗူဒိပ်​ကျွန်း
အဆုံးက ဇမ္ဗူသ​ပြေပင်​ရင်းကို​ရောက်​​တော့ နာမည်​စာလုံး၃၀ပါတဲ့ဘွဲ့​တော်​ကိုချီးမြင့်ပြီးသိကြားမင်းကိုယ်​တိုင်
ဘိသိက်​သွန်း​ပေးရတယ်​ဆိုတဲ့ အ​လောင်းစည်​သူလည်း
အိုမင်းမစွမ်းအရွယ်​မှာသူ့သားနရသူကခုတ်​သတ်​လို့​သေရ
တယ်။အစ်​ကိုကိုလိမ်​​ခေါ်ပြီးညစာမှာအဆိပ်​​ကျွေးသတ်​ပြန်​တယ်​။အဲဒီနရသူ(၁၄)ဟာ ရာဇပလ္လင်​​ပေါ်​ရောက်​တဲ့အခါ သူ့အ​ဖေနဲ့အစ်​ကိုရင်းတို့ရဲ့ အ​လောင်းကိုသာကီဝင်​မင်း
တို့ရဲ့ ​ရှေးထုံးတမ်းစဉ်​လာနဲ့အညီ ခမ်းနားစွာသင်္ဂြို ဟ်​​တော်
မူတယ်​လို့ ဘယ်​ရာဇ၀င်​မှာမှမပါဘူး။အ​ဖြောင့်​တိုင်းစဉ်း
စားရင်​သူတို့သင်္ချိုင်းရှိ​နေရင်​​တောင်​​နောက်​ဆက်​တွဲ
ပြဿနာ​တွေရှိ​နေနိုင်​​သေးတာ​ကြောင့် သားအဖ၂​ယောက်
စလုံးကို လက်​စလက်​နမကျန်​​အောင်​ ကိစ္စတုံး​ဖျောက်​ဖျက်
ရှင်းလင်းလိုက်​လိုက်​တာပါပဲ။အဲလိုနဲ့ ရှင်​ဘုရင်​၂၂​ယောက်
ရဲ့ အဆုံးအထိ နှစ်​​ပေါင်း၄၃၀​ကျော်​အတွင်း လုပ်​ကြံ
အာဏာသိမ်းမှုဂုဏ်​ထူးထွက်​ဖို့၃မှတ်​​လောက်​သာ
လို​တော့တဲ့ပုဂံနိုင်​​တော်​ဟာ ​နောက်​ဆုံးရှင်​ဘုရင်​​ခေါင်းပြတ်​သွားတဲ့၁၃ရာစုအကုန်​မှာပြည်​ဖုံးကားချသွားတယ်​။
ဒါမြန်​မာ​တွေသိပ်​​သောက်​မွှန်းတင်​တဲ့ပုဂံနိုင်​ငံ​ရေး။ပုဂံ
လူမှု​ရေးလား မ​မေးနဲ့​တော့။စာ​တောင်​​ရေးလို့မတတ်​​သေးဘူး။
ဘာသာ​ရေးလား ဟုတ်​ကဲ့ မယာယာနမကျ ​ထေရလည်း
မဟုတ်​ ဟိန္ဒူ အ​ရောအစပ်​​တွေနဲ့စိတ်​ထင်​သလိုကျင့်သုံး
နေတာပါ။တစ်​ခုတည်း​သောကျမ်းကြီးကျမ်းခိုင်​ရဲ့ လမ်း
ညွှန်​မှုနဲ့ တစ်​ဦးတည်း​သော ဓမ္မသတ်​မှူးချုပ်​ကြီး(သံ​ဃာ)
ရဲ့ ပြ​ဋ္ဌာန်းမှုမှာ တစ်​စုတစ်​​ဝေးတည်းလိုက်​နာ​ဆောက်​တည်
ခဲ့ဖူးတဲ့ ဘာသာ​ရေးသမိုင်း ပုဂံသမိုင်းမှာသွားမရှာနဲ့။
ဘယ်​​တော့မှ​တွေ့ရဖို့မရှိဘူး။အဲဒီပုံပြင်​အားလုံးဘယ်​က
လာသလဲ​မေးရင်​ဘုန်းကြီး​ကျောင်းကပုံပြင်​​ပြောကျွမ်းကျင်​တဲ့ဆရာ​တော်​ဆီကရယ်​၊စိတ်​ကူးယဉ်​ပုံပြင်​​တွေ​ရေးသား
ရာမှာပါရဂူ​မြောက်​ကျွမ်းကျင်​တဲ့ ​သော်​တာ​ဆွေတို့၊
ခင်​မျိုးချစ်​တို့၊ချစ်​ဦးညိုတို့ မတင်​၀င်းတို့က​နေ မျိုးချစ်
သမိုင်းဆရာ​တွေဆီကလာတာပါ။
ဒါ​ကြောင့်အ​ထောက်​ထားနဲ့​ပြောလို့ရတဲ့ခင်​ဗျားတို့နဲ့
အနီးစပ်​ဆုံးကုန်း​ဘောင်​ဆက်​ရဲ့ မယားစရင်းကိုကြည့်ရင်
၁။အ​လောင်းဘုရား တရားဝင်​စုစု​ပေါင်း ၇​ယောက်
(နန်းသက်​၈နှစ်​အတွင်း)
၂။နောင်​​တော်​ကြီး တရားဝင်​စုစု​ပေါင်း၇​ယောက်
(နန်းသက်​၃နှစ်​အတွင်း)
၃။ဆင်​ဖြူ  ရှင်​ တရားဝင်​ စုစု​ပေါင်း၁၅​ယောက်
(နန်းသက်​၁၃နှစ်​အတွင်း)
၎။စဥ့်ကူးမင်း တရားဝင်​စုစု​ပေါင်း၁၀​ယောက်
(နန်းသက်​၆နှစ်​အတွင်း)
၅။ဖောင်းကားစား​မောင်​​မောင်​ ၇ရက်​ပဲနန်းစံရ​ပေမယ့်
မိန်းမက​တော့၂​ယောက်​ပါ။
၆။ဘိုး​တော်​ဘုရား တရားဝင်​စုစု​ပေါင်း၃၅​ယောက်
(နန်းသက်​၃၆နှစ်​အတွင်း)
၇။ဘကြီး​တော်​​ခေါ်ဗဒုံမင်း တရားဝင်​စုစု​ပေါင်း၁၀​ယောက်​(နန်းသက်​၁၈နှစ်​အတွင်း)
၈။သာယာဝတီမင်း​ခေါ်​ရွှေဘိုမင်း စုစု​ပေါင်း၁၈​ယောက်
(နန်းသက်​၉နှစ်​အတွင်း)
၉။ပုဂံမင်း စုစု​ပေါင်း၈​ယောက်​(နန်းသက်​၇နှစ်​အတွင်း)
၁၀။မင်းတုန်း စုစု​ပေါင်း၉၇​ယောက်​(နန်းသက်​၂၃နှစ်​အတွင်း)
၁၁။သီ​ပေါ စုစု​​ပေါင်း ၆​ယောက်​(နန်းသက်​၇နှစ်​အတွင်း)
ဒီမှာ​ပြောတဲ့တရားဝင်​စရင်းဆိုတာ မိဖုရားကြီးနဲ့ ​လေး
မျက်​နှာနန်း​ဆောင်​မယား၎​ယောက်​ရယ်​ ကိုယ်​လုပ်​​တော်
တွေရယ်​ပဲပါတာပါ။တခြားမိဖုရားငယ်​​တွေ၊​မောင်းမမိသံ
တွေထည့်မတွက်​ထား​သေးဘူး။
ကျ​နော်​အားလျား​နေလို့ ဒီမြန်​မာမင်းရဲ့ အိမ်​​​ထောင်​​ရေး
တွေကို ​ဖော်​ပြ​နေတာမဟုတ်​ဘူး။ဒီရဲ့ အကျိုးဆက်​​တွေ
ဘယ်​အထိသွားတယ်​ဆိုတာမြင်​​စေချင်​လို့တင်​ပြ​နေတာပါ။
ဘိုး​တော်​ဘုရားမှာ သားသက်​သက်​၆၁​ယောက်​၊သမီးသက်​သက်​၆၁​ယောက်​ စုစု​ပေါင်း၁၂၂​ယောက်​၊က​နောင်​မင်းသားမှာ သား၅၃​ယောက်၊သမီး၅၁​ယောက်​နဲ့စုစု​ပေါင်း ၁၀၄
ယောက်​၊မင်းတုန်းမင်းမှာ သား၅၂၊သမီး၅၆ စုစု​ပေါင်း
၁၀၈​ယောက်​၊အသီးသီးရှိကြတယ်​။အဲဒီလို မယား
အသီးသီးက​မွေးလာသူ​တွေဟာ ဖ​အေတူ ညီကိုအရင်း
တွေဖြစ်​ကြပါလျှက်​နဲ့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ရန်
စောင်​သတ်​ဖြတ်​ကြ​တော့တာပဲ။မင်းတုန်းမင်း​ရဲ့ ​မြောက်
နန်းမိဖုရားရဲ့ သား မက္ခရာမင်းသားဟာ ​လောင်းရှည်
မိဖုရားသား သီ​ပေါနန်းတက်​ပွဲမှာ အသတ်​ခံရပြီး ​မြောက်
ရွှေ​ရေးမိဖုရားသား​တွေဖြစ်​တဲ့ ​ညောင်​ရမ်းနဲ့​ညောင်​အုပ်​တို့က​ပြေးနိုင်​လို့လွတ်​သွားပြီး၊​တောင်​​ရွှေ​ရေးမိဖုရားသား
တွေဖြစ်​တဲ့မြင်​ကွန်းနဲ့မြင်းခုံတိုင်​မင်းသား​တွေက ဦး​လေး
လည်း​တော်​၊​ယောက္ခထီးလည်း​တော်​တဲ့ က​နောင်​မင်းသား
ကို လွှတ်​​တော်​မှာပဲဗိုက်​ထဲဓားထည့်​ပေးလိုက်​တာပါ​။
တကယ်​​တော့ ဘုရင်​က မယားအမျိုးမျိုးကိုမိဖုရား​မြှောက်​တာ​ကြောင့် အဲဒီက​မွေးလာတာအားလုံး​ဗျောက်​​သောက်
တွေဖြစ်​ကြ။နေပြည်​​တော်​မ​ရောက်​ဖူးလို့က​လေးငယ်
လက်​ကိုဆွဲပြီးလာတဲ့မိန်းမကို မိဖုရား​မြောက်​တဲ့မြန်​မာ
ဘုရင်​ရှိသလို သူများမယားကိုသ​ဘောကျပြီး ကိုယ့်
မယားနဲ့ကိုယ်​​လုပ်​​တော်​တစ်​​ယောက်​အလိုက်​​ပေးပြီးလဲ
ယူခဲ့ဖူးတဲ့မြန်​မာဘုရင်​ဆိုတာလည်းရှိတယ်​။ကျ​နော်
ဒီအ​ကြောင်း​တွေ မြန်​မာ့သမိုင်း​​ရေးတုန်းကအကုန်​တင်
ပြခဲ့ပြီးပါပြီး။
မယားကများ​တော့ အလှည့်ကျမယားတိုင်း​ပေါ် မတက်​နိုင်​။
အပြုစု​ကောင်းတဲ့မယားနားကပ်​​နေတာ​ကြောင့် ကာမဆာ
လောင်​မှု​တွေနဲ့ဖိစီး​နေတဲ့အခြားမယား​တွေရဲ့ ရမ္မက်​​ဒေါ်သ
တွေကတစ်​မျိုး၊မိဖုရားချင်းဂုဏ်​တုဂုဏ်​ပြိုင်​ရတာက
တစ်​မျိုးနဲ့ မြန်​မာနန်းတွင်းက မယားနန်း​ဆောင်​ကြီးဟာ
ကမ္ဘာ​ပေါ်မှာအပူဆုံးဗိမာန်​ကြီးဖြစ်​လို့​နေပါ​တော့တယ်​။
ရိုင်းတာတစ်​ခုမှမပါဘူး။ဒါ အကယ်​ဒမစ်​အမြင်​နဲ့
ပြော​နေတာပါ။လူဖြစ်​ရင်လူလိုခံစားမှာပဲ။ဒီမှာလာပြီး
သောက်​​ပေါ အိ​နြေ္ဒ​တွေဘာ​တွေယူမလာနဲ့။အမှန်​တကယ်
ရှိတဲ့အရာ​တွေမဟုတ်​ဘူး။စောင့်စည်းထားတာကို
အိ​နြေ္ဒလို့​ခေါ်​နေကြတာပါ။စောင့်စည်းတယ်​ဆိုတာ
လည်း နာမ်​ခန္ဓာကိုပဲ​စောင့်စည်းလို့ရမှာ။ဘုရားဖြစ်​မယ့်
အုတ်​နီခဲ​တွေမဟုတ်​လို့စိတ်​ခန္ဓာနဲ့​ဖောက်​ပြန်​ပြစ်​မှား
နေကြမယ့်ဖြစ်​စဉ်​​တွေ အများကြီးရှိကိုရှိ​နေမှာပါ။
.....ဆံ​ခွေကိုဖြန့်​ကျင်းလို့ ပြတင်းကမ်း​​မျှော်
     ချ​နေကျမှန်​စာကို အခါခါမယ်​ထိုး
     ပူလွန်းလို့ပြင်​ကျယ်​တယ်​ ဘုန်းကြွယ်​ကြွယ်​ဘုရား
     ​ကြောင့်​လေး .....
     ဆိုတဲ့​တေးထပ်​ကသက်​​သေပဲ။
စဉ့်​ကူးမင်းမယား မယ်​မင်းရဲ့ ​တေးထပ်​မှာ
.....​ဟေမန္တာ​လေ​သွေး​တော့ တ​အေး​အေးစိမ့်တုန်
     မယ့်ရင်​၀သဲအုံမှာ တစ်​ခုန်​ခုန်​မနား
     ဖဲပိုးညွှန့်​ထပ်​ခါခြုံတယ်​ မလုံနိုင်​​အေးလိုက်​တာများ
     ဖူးစာရှင်​​ကေခိုင်​ရယ်​ ​နေနိုင်​​တော်​မူအား
     ရင်​​ငွေ့​တော်​တူနှစ်​ပါး လှည့်ဖျားလို့ခိုလှုံ
     သဉ္စာလီဘုံကြွ သည်​လိုမှ ​နွေးလိမ့်တဖုံ.....ဆိုတာပဲ။
လူဖြစ်​တာ​ကြောင့်လူလိုခံစားမယ်​ လူ့ဘ၀ရမ္မက်​ ကာမ
အကုန်​ရှိမယ်​ဆိုတာကို​ဖော်​ပြ​နေတဲ့သက်​​သေပဲ။လူရယ်
လို့ဖြစ်​လာရင်​ ဘယ်​လူမျိုးဘယ်​ဘာသာဝင်​ပဲဖြစ်​ဖြစ်
လူပီပီ​တွေးမယ်​ လူပီပီခံစားမှာက​တော့သဘာဝပါ။
ဒီကြားထဲ မိဖုရား​တွေရဲ့ သြဇာလွှမ်းမိုးမှုကရှိ​သေးတယ်​။
ဘကြီး​တော်​လက်​ထက်​ မယ်​နုချယ်​လှယ်​ပြီး မင်းတုန်းလက်​ထက်​ မယ်နု​သမီး ဆင်​ဖြူ မရှင်​ကလွှမ်းမိုးတယ်​။သီ​ပေါကို
တော့မယ်​နု​မြေးစုဖုရားလတ်​ကကြိုးကိုင်​တယ်​။ယောက္ခမ
ဆင်​ဖြူ ရှင်​မက အခါ​တော်​​ပေးသူ​ပေါ့။
ဒါ​ကြောင့် မြန်​မာမင်းအ​နေနဲ့ သား​တော်​ညီ​တော်​​တွေကို
အပိုင်​စား​ပေးအုပ်​ချုပ်​တဲ့စနစ်​ကိုကျင့်သုံးတယ်​။ဒါ​ပေ
မယ့် ဒီသား/ညီ ​တွေက ဘုရင့်သြဇာရှိ​နေတုန်း​မှာ ပြဿနာ
မဖြစ်​​ပေမယ့် ဘုရင့်သြဇာ​​လျော့နည်းလာရင်​ပဲဖြစ်​ဖြစ်​၊
ဘုရင်နတ်​ရွာစံရင်​ တစ်​​ယောက်​နဲ့တစ်​​ယောက်
ဂုဏ်​တုဂုဏ်​ပြိုင်​ အားပြိုင်​ပြီး ညီညွှတ်​မှုပြိုကွဲကာ 
သွေး​ချောင်းစီးရတယ်​။ဒီအတွက်ဥပမာနဲ့အ​ထောက်​ထား
က​တော့ ဘုရင့်​နောင်​လက်​ထက်​ အင်းဝဘုရင်​သတိုးမင်း
စောဟာ ဘုရင့်​နောင်​ညီလည်းဟုတ်​၊သမီးနဲ့​ပေးစားလို့
သားမက်​လည်းဟုတ်၊ပြည်​ဘုရင်​သတိုးဓမ္မရာဇာကညီ၊
တောင်​ငူဘုရင်​မင်း​ခေါင်​ကညီ၊​ညောင်​ရမ်းစားမင်းရဲနန္ဒ
မိတ်​​ခေါ်ရှင်​သစ္စာကသား၊မုတ္တမစားသီရိသုဓမ္မရာဇာကသား၊ဇင်းမယ်​ဘုရင်​အ​နော်​ရထာ​စောကသားဖြစ်​တယ်​။သူ​သေ
တာနဲ့တစ်​ပြိုင်​နက်​ ဘုရင့်​နောင်​ကိုဆက်​ခံသူ
ဘုရင့်​နောင်​သားနန္ဒဘုရင်​ကို အသီးသီးအားလုံး​တော်​လှန်
ပုန်​ကန်​ကြ​တော့တာပါပဲ။
အခုလို ​ဗျောက်​​သောက်​ယူထားတဲ့မိန်းမ​တွေကိုမိဖုရား
မြှောက်​ပြီးဘုရားထူးရတာရှိ​သေးတယ်​။သူတို့က​မွေးလာ
တဲ့ သူလိုကိုယ်​လိုဟာ​တွေကို ဘုရားထူးရတာ။ဥပမာ
ဘုရင်​နဲ့ ​တောင်​နန်း​ဒေ၀ီ အဂ္ဂမ​ဟေသီက ​မွေးတဲ့သားကို 
ရွှေကိုယ်​​တော်​ကြီးဘုရား၊သမီးဆိုရင်​ ထိပ်​စုမြတ်​ဘုရားလို့ 
ခေါ်ရပြီး အခြားနန်းရအ​ဆောင်​ရမိဖုရား​တွေက 
မွေးတဲ့သားကို ကိုယ်​​တော်​မြတ်​ဘုရားလို့​ခေါ်ရတယ်​။
အဲ​တော့ ဘုရားလည်းမဟုတ်​၊ဘုရားဖြစ်​နိုင်​တဲ့အရည်
အချင်းလည်းမရှိဘူး သူလိုငါလို​မွေးလာတဲ့ဟာကို
ဘုရား ဘုရားလို ​ပြော​နေရတာဟာ ဗုဒ္ဓဘာသာရှု​ထောင့်
က​တွေးရင်​ ဘုရားဂိုဏ်းသင့်တာ​ပေါ့။ရှင်းရှင်း​လေးပဲ။
၂၀၀၈ဖွဲ့စည်းပုံအချီးနိဒါန်းပါ သမိုင်းအစဉ်​အလာကြီးမား
ပါ​သောဆိုတာဒီလိုသမိုင်းမျိုးကို​ပြောတာလားလို့၏လက်​ညိုးထိုး​မေးရမလိုပဲ။တစ်​လင်​တစ်​မယားစနစ်​ဆိုတာ
မြန်​မာ​တွေရဲ့ ဘယ်​သမိုင်းမှာရှိခဲ့ဖူးပါသလဲလို့ဘုန်းကြီး
ကျောင်း​ရောက်​တဲ့အခါ ဖင်​နာကတုံး​တွေ​ဆီ​လျှောက်​ခဲ့စမ်း
ပါ။သူတစ်​ပါး​ပေးစားကမ်းစားဖရီးကြိတ်​ပြီး ဟိုလူမျိုး
ကို​စော်​ကား၊ဒီလူမျိုးကို​ဖောင်းထု လုပ်​တဲ့စာရိတ္တဟာ
ဗုဒ္ဓသာဝက ပီသသူ​တွေမှာမရှိတတ်​ဘူး။
(စစ်​မှန်​​ကောင်းမွန်​တဲ့သံဃာများမပါ)
ဒါ မြန်​မာနိုင်​ငံက ပ​ဒေသရာဇ်​​တွေ မယားယူရာက
နေ စတင်​တဲ့မီးပွားဟာ ဘယ်​အထိဆက်​သွားခဲ့တယ်
ဆိုတာကိုမြင်​သာ​အောင်​ဥပမာ အကိုးအကား အ​ထောက်
ထား​တွေနဲ့တင်​ပြတာပါ။ဒီရဲ့ အကျိုးဆက်​ဟာ တိုင်းပြည်
နဲ့လူမျိုးကို ငတ်​ပြတ်​သွား​​စေတဲ့အထိသက်​​ရောက်​ပါတယ်​။
အ​ခုစ၀်​ကောင်​တိုင်​ကြုံလိုက်​ရတဲ့​သေခြင်းကလည်း ဒီက
လာတာပဲ။
ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=142526310222909&id=100033966230641
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.....၂၂”
Post a Comment
Related Posts Plugin for WordPress, Blogger...