Wednesday, June 12, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​....၂၁

,
လုပ်​ကြံမှုကြီးဖြစ်​ပြီ

ဖော်​ပြပါ ၁၉၃၇ခုနှစ်​အတွင်း မြန်​မာပြည်​မှာရာဇ၀တ်​မှု
တွေကလည်းစံချိန်​တင်​များပြားလာတယ်​။မြန်​မာပြည်
ရာဇ၀တ်​မှုဟာ ဗြိတိသျှ​နေမ၀င်​အင်​ပါယာထဲမှာ ဒုတိယ
နေရာမှာရပ်​တည်​ရတဲ့အထိအမြင့်ဆုံးဖြစ်​ခဲ့တာပါ။
ဂုဏ်​ယူချင်​ရင်​ဂုဏ်​ယူလို့ရ​အောင်​တင်​ပြတာပါ။ဒုတိယ
ကမ္ဘာစစ်​ပြီးတဲ့​နောက်​လူသတ်​မှု၊မုဒိမ်း၊ဓားပြမှု​တွေကို
ထမင်းစား​ရေ​သောက်​သလိုသ​ဘောထားပြီးကျူးလွန်
ကြတဲ့​ခေတ်​မှာ မြန်​မာနိုင်​ငံရဲ့ သမ္မတ​ဟောင်းကြီး
ဒေါက်​တာဘဦး(ဆရာစံအမှုမှာအင်္ဂလိပ်​အစိုးရဘက်​က
ရှေ့ ​နေ)အိမ်​​ဖောက်​ထွင်းခံရပြီး စိန်​ ​ရွှေ ရတနာလက်​၀တ်
လက်​စား​တွေအများအပြားပါသွားသလို  လွတ်​လပ်
ရေးမရ​သေးတဲ့ အင်္ဂလိပ်​အုပ်​ချုပ်​မှုနဲ့ရှိ​နေစဉ်​ ၁၉၃၇မှာ
ဘုရင်​ခံမင်းကြီးရဲ့ အိမ်​​တော်​က ဘုရင်​ခံက​တော်​ရဲ့ 
အဖိုးတန်​လက်​၀တ်​လက်​စား​တွေ​ပျော်​ချင်းမလှ​ပျောက်
သွားလို့ ရန်​ကုန်​ရဲမင်းကြီးအရှက်​​တွေကွဲကာ ဟို​လေး
တ​ကျော်​ဖြစ်​သွားခဲ့ရ​သေးတာပါ။အဲတုန်းက မှုခင်းတို့ ပြစ်မှု
တို့လိုမဂ္ဂဇင်း​တွေသာရှိခဲ့ရင်​ ခင်​ဗျားတို့အခန်းဆက်​၀တ္ထု
လိုဖတ်​ရလိမ့်မယ်​ထင်​တာပဲ။အဲ​လောက်​အထိဆိုရင်​သာမန်
ရပ်​ကွက်​ထဲကအ​ခြေ​နေဘယ်​လိုရှိမလဲဆက်​စဉ်းစားကြ
ပေ​တော့​ပေါ့။

ဒါ​ပေမဲ့ အဲဒီသတင်းထက်​ကြီးကျယ်​တဲ့သတင်းကြီးတစ်
ခု ၁၉၃၇မှာဖြစ်​​ပေါ်ခဲ့ပါတယ်​။ဒီသတင်းဟာဘယ်​​လောက်
အထိကြီးသလဲဆိုရင် အင်္ဂလန်​အထိရိုက်​ခတ်​သွားပြီး
Time သတင်းစာကပါအ​ရေးတယူ​ဖော်​ပြရတဲ့အထိကြီး
ကျယ်​ခဲ့တာပါ။

၁၉၃၇ ​အောက်​တိုဘာလ ၂၂ရက်​​နေ့
နေရာက ကျိုင်းတုံ
ခေမာရဋ္ဌ ဂုံရှမ်းတို့ရဲ့ ဘူမိနက်​သန်​​နေရာမှန်​လည်းဖြစ်
ဂုံရှမ်းအမျိုးသားတို့ရဲ့ ချစ်​စရာ​ကောင်းတဲ့မြို့

ရှမ်းနယ်​​တွေထဲမှာ အကျယ်​၀န်းဆုံးနဲ့ အကြွယ်​၀ဆုံး​မြို့
စော်​ဘွား​တွေထဲမှာလည်း အကြွယ်​၀ဆုံး​ ကျိုင်းတုံ​စော်​ဘွား
ကြီး​ဟော်​နန်းစိုက်​ရာ ကျိုင်းတုံမြို့​တော်​ပါ။အဲဒီအချိန်
ဗုဒ္ဓဘာသာဝင်​တို့ရဲ့ ချစ်​စရာဓ​လေ့ယဉ်​​ကျေးမှုအတိုင်း
သီတင်းကျွတ်​ပွဲ​တော်​ကိုစည်​စည်​ကားကားကျင်းပ​နေ
ချိန်​ဖြစ်​ပြီး ည​မှောင်​လာတာနဲ့အိမ်​တိုင်းအိမ်​တိုင်းက
ရောင်​စုံမီးပုံး​လေး​တွေထွန်းပြီးဖြစ်​တည်​​နေလို့ ၀င်းဝင်း
ပပ ထွန်းလင်း​နေမယ့်ကျို င်းတုံမြို့​လေးကိုမြင်​မိတယ်​။

အဲတုန်းက ကျိုင်းတုံ​စော်​ဘွားကြီးကို အကြံ​ပေးတာ​ရော
ကွပ်​ကဲထိန်းချု ပ်​တာကိုပါ လုပ်ေ​နတဲ့သူက ကျိုင်းတုံ
မြို့နဲ့မိုင်​၂၀အကွာ ​လွိုင်​လင်​​တောင်​တန်း​ပေါ်က နယ်​ခြား
စစ်​ဘက်​အရာရှိ Capt.V.J.Robertဖြစ်​တယ်​။လွိုင်​​မွေ
မှာအဲတုန်းက နယ်​ခြား​စောင့်တပ်​နဲ့တပ်​ရင်းတစ်​ရင်းဟာ
အသင့်အ​နေထားနဲ့ရှိ​နေတာပါ။သူတို့တာဝန်​က ကျိုင်းတုံ
နယ်​ခြားကိုထိန်းထားဖို့ပဲ။ကျိုင်းတုံဆိုတာ ယ​နေ့ထိုင်းနိုင်​ငံ
ချင်းမိုင်​၊လာအို၊တရုတ်​တို့နဲ့နက်​နက်​ရှိုင်းရှိုင်းထိစပ်​​နေတဲ့
နယ်​စပ်​ကြီးပါ။ဒါ​ကြောင့်မိုးရာသီကုန်​တာနဲ့လွိုင်​​မွေက
နယ်​ခြား​စောင့်တပ်​ဟာ တပ်​စုလိုက်​ကုန်း​ကြောင်းချီပြီး
နယ်​ခြား​ကျောက်​တိုင်​​တွေကိုစစ်​​ဆေးသလို နယ်​​မြေငြိမ်
ဝပ်​ပိပြား​ရေးကို​ဆောင်​ရွက်​ရတာ​တွေကနှစ်​တိုင်းလုပ်​​နေ
ရတဲ့တာဝန်​တစ်​ရပ်​ဖြစ်​ပါတယ်​။တပ်​ရင်းမှူးကိုယ်​တိုင်
ခရီးထွက်​ရင်​ကျန်​တပ်​ကိုအုပ်​ချုပ်​ဖို့အင်္ဂလိပ်​၀န်​​ထောက်
တစ်​​ယောက်​ကိုလွှဲအပ်​သလိုဝန်​​ထောက်​ခရီးထွက်​ရင်
တပ်​ရင်းမှူးကိုတာဝန်​​ပေးတဲ့အစဉ်​အလာနဲ့ကျိုင်းတုံ
နဲ့နယ်​စပ်​ကြီးကိုထိန်းချုပ်​ထားတာဖြစ်​ပါတယ်​။

ဒါ​ကြောင့်လွိုင်​​မွေကိုစနစ်​တကျအစိုးရရုံးအားလုံးစိုက်​ထားပြီး
အင်္ဂလိပ်​​​တွေအ​ခြေစိုက်​ကြတာဖြစ်​ပါတယ်​။လွိုင်​​မွေ
အ​ကြောင်းသီးသန့်​​ရေးပြီးပြီဖြစ်​လို့အ​သေးစိပ်​သိချင်​ရင်
အဲဒီမှာသွား​လေ့လာကြပါ။အဲဒီလွို င်​​မွေက အရာရှိ
စာ​ရေး စာချီ ဆရာဝန်​ ​ကျောင်းဆရာ စာပို့သမားက​နေ
ပျာတာ အထိအားလုံး ကျိုင်းတုံသီတင်းကျွတ်​ပွဲ​တော်​ကို
တောင်​​ပေါ်ကဆင်းလာပြီး​ပျော်​​ပျော်​ပါးပါးဆင်​နွှဲတတ်​ကြ
တယ်​။ရှမ်းလူမျိုးဆိုတာလည်း ရန်​လိုပြီးဖင်​​ခေါင်းပွတဲ့လူမျိုး
မဟုတ်​လို့အားလုံးနဲ့တည့်တယ်​။စော်​ဘွားကြီးနှစ်​စဉ်​ကျင်း
ပတဲ့ရိုးရာညစာစားပွဲ​ကိုတက်​ဖို့ လွိုင်​​မွေက အမြင့်ဆုံး
ရာထူးအဆင့်က​နေ သာမန်​အရပ်​သားအိမ်​သူအိမ်​သား
တွေအထိဖိတ်​​ခေါ်ထားတာပါ။

စော်​ဘွားရဲ့ ​ဆွေ​တော်​မျိုး​တော်​​တွေ၊လွို င်​​မွေနယ်​သူနယ်
သား​တွေ၊ကျို င်းတုံနယ်​သူနယ်​သား​တွေနဲ့အခြားအရပ်
ဘက်​စစ်​ဘက်​အရာရှိအားလုံးစုပုံ​ရောက်​ရှိ​နေမယ့်
၁၉၃၇ ​အောက်​တိုဘာ၂၂ရက်​​နေ့ည သီတင်းကျွတ်​ပွဲ
တော်​ဘယ်​​လောက်​စည်းကား​နေမလဲဆိုတာ​တွေးကြည့်
ရုံနဲ့သိနိုင်​မှာပါ။ပွဲ​တွေသွင်းပြီးကပြ​ဖျော်​​ဖြေ​နေတာ​တွေ၊
ရှမ်းတို့ရိုးရာအိုးစည်​ဗုံ​မောင်းသံ​တွေနဲ့လင်းကွင်းသံ​တွေ
သော​သောညံ​နေမယ့်ကျို င်းတုံည​လေးတစ်​ညဖြစ်​​နေ
မှာပါ။ဒေသခံအားလုံးကလည်း ဒီလိုညမျိုးမှာအိမ်​ထဲ​နေ
မှာမဟုတ်​လို့ အိမ်​လုံးကျွတ်​က​လေးက​နေ​သေခါနီးအဘိုး
ကြီးအထိ အားလုံးထွက်​ပြီးရိုးရာဓ​လေ့နဲ့ဘာသာ​ရေးပွဲ
တော်​တစ်​ခုကိုပါဝင်​ဆင်​နွှဲ​နေကြပါတယ်​။

စော်​ဘွား​ဟော်​နန်းနဲ့ပန်းဥယျာဉ်​ကိုအုတ်​တံတိုင်းနဲ့ကာ
ရံထားတယ်​။အ​ရှေ့ အ​နောက်​ ​တောင်​ ၃ဘက်​မှာတံခါး
ဖောက်​ထားတယ်​။ဟော်​နန်းရဲ့ ​တောင်​ဘက်​တံခါး
လက်​၀ဲဘက်​မှာ ​ထောင့်ချိုးနှစ်​ထပ်​တိုက်​ရှည်​ကြီး​တွေ့
ရမယ်​။တိုက်​အ​ပေါ်ထပ်​ ​​တောင်​ဘက်​၀ရန်​တာဟာ
ဟော်​၀င်းအပြင်​ဘက်​ကပွဲခင်းကိုစီးမိုးပြီးရှိ​နေမှာဖြစ်​ပါ
တယ်​။အဲဒီ​ခေတ်​က ကြီးကြီးမားမားမိုးတိုးမတ်​တပ်
အ​ဆောက်​အဦးဆိုလို့​စော်​ဘွား​ဟော်​နန်းနဲ့​စော်​ဘွား
ဆွေ​တော်​မျိုး​တော်​​တွေ​နေတဲ့ယ​နေ့တိုင်းကျန်​​နေဆဲ
နှစ်​ထပ်​တိုက်​ပဲရှိမှာပါ။ဒေသခံ​တွေရဲ့ အိမ်​​တွေက​တော့
သစ်​သာအ​ခြေစိုက်​အုတ်​ကြွပ်​မိုးအိမ်​၀ပ်​၀ပ်​က​လေးသာ
ဖြစ်​မှာပါ။ဒါ​ကြောင့်နှစ်​ထပ်​တိုက်​​ပေါ်ကကြည့်ရင်
အားလုံးကိုစီးမိုးပြီးမြင်​​နေရမှာ​သေချာတယ်​။အဲဒီဝရန်​တာ
ဟာ ​စော်​ဘွားရဲ့ ပွဲကြည့်​ဆောင်​ပဲဖြစ်​တယ်​။ ရှမ်းလို
တော်​​မော်​ လို့​ခေါ်တယ်​။

ယ​နေ့မြန်​မာစစ်​အစိုးရ ဒိုင်းနမိုက်​နဲ့ဖြိုချလိုက်​လို့
ပျောက်​ကွယ်​သွားပြီဖြစ်​တဲ့​ဟော်​နန်းကြီးရဲ့ ပတ်​ပတ်​လည်
မှာ အခြားအ​ဆောက်​အအုံ​တွေခြံရံပြီးရှိ​နေပါတယ်​။
ယ​နေ့ ​နောင်​တုံကန်​ကိုဆင်းတဲ့ ​ဟော်​နန်း​ဘေးလမ်း
ငယ်​​လေးမှာ အဲဒီ​ခေတ်​တုန်းက​ဟော်​၀င်းထဲမှာပါတယ်​။
လမ်းမရှိဘူး။ဟော်​​ပေါ်ကကြည့်ရင်​ ​နောင်​တုံကန်​ကို
လည်းစီးပြီးမြင်​​နေရတယ်​။စော်​ဘွားကြီးရဲ့ ​ဟော်​နန်း
နဲ့ ​ဟော်​၀င်းတည်​​ဆောက်​ထားပုံဟာ အိန္ဒိယက အငယ်​စား
မဟာရာဂျာတို့ရဲ့ ​အိမ်​​တော်​​တွေနဲ့ဆင်​တူပါတယ်​။ကျိုင်း
တုံ​စော်​ဘွားကြီးစ၀်​​ကောင်​​ကျောက်​အင်​တလိုင်​ ​ဒေလီ
ဒါဘာပွဲကိုတက်​ရင်းနဲ့အိန္ဒိယမဟာရာဂျာတို့ရဲ့ အိမ်​​တော်
တွေကိုမြင်​ပြီးသ​ဘောကျသွားတယ်​။ခက်​တာက ကျိုင်းတုံ
မှာ ဒီလိုအ​ဆောက်​အဦး​ဆောက်​နိုင်​သူမရှိဘူး။ဒါ​ကြောင့်
အိန္ဒိယက ပန်​ချာပီ အမျိုးသား မာကာဆင်းဂ်​နဲ့သူ့တူ
တို့နှစ်​​ယောက်​ကို ​ဟော်​နန်း​ဆောက်​ဖို့အပြန်​မှာတစ်​ခါ
တည်းပင့်လာခဲ့တယ်​။တကယ်​လည်း အဲဒီအချိန်​က
သစ်​သားနဲ့​ဆောက်​ထားတဲ့ကျိုင်းတုံ​ဟော်​နန်း​ဟာ
ဆွေး​မြေ့လာ​နေပါပြီ။ဒါ​ကြောင့် ​ဟော်​နန်းအသစ်​ကို
အိန္ဒိယမဟာရာဂျာ​တွေရဲ့ အိမ်​​တော်​ရာအတိုင်း အိန္ဒိယ
ပန်​ချာပီအမျိုးသား မာကာဆင်းဂ်​ကိုတည်​​ဆောက်​​စေခဲ့
တယ်​။ဒီပန်​ချာပီအမျိုးသား ဦးမာကာဆင်းဂ်​ဟာ ကျိုင်းတုံ
မှာရှမ်းအမျိုးသမီးနဲ့အိမ်​​ထောင်​ကျပြီးယ​နေ့တိုင်​သူ့မျိုး
ဆက်​ဟာ ကျိုင်းတုံမှာဆက်​လက်​ရှင်​သန်​​နေထိုင်​​နေကြ
ဆဲဖြစ်​ပါတယ်​။

စော်​ဘွားရုံးပွဲကြည့်​ဆောင်​​ရှေ့ ကွက်​လပ်​​မြေပြင်​မှာရှမ်း
အမျိုးသား​တွေရဲ့ ရိုးရာဓ​လေ့ယဉ်​​ကျေးမှု​တွေဖြစ်​တဲ့
တိုးနယားအက၊ကိန္နရာအက၊​မြွေနဂါးအက၊ဓားးသိုင်း
အကနဲ့ မြူးမြူးကြွကြွကပြ​နေချိန်​လင်းကွင်းသံ၊ဆိုင်း
သံ​တွေကြား ည​နေ၆နာရီမှာ ​စော်​ဘွားကြီးဟာ နှမ​တော်
စ၀်​ဘိုစပိန်း၊စ၀်​စံ​ဖောင်းနဲ့စ၀်​ဖုန်းကြည်​တို့ခြံရံပြီး
နယ်​အရာရှိ​တွေ​နောက်​ကလိုက်​ပါကာ ပွဲ​တော်​ကိုရှုစား
ဖို့ကြွချီလာတယ်​။ပွဲကြည့်​ဆောင်​​ပေါ်က​နေပြီး​တော်​ကြီး
ဘုရားကိုယ်​တိုင်​ ကပွဲသဘင်​ကိုရှုစားအား​ပေး​နေတာ
ကြောင့်ပွဲခင်းကလူ​တွေ​ရော ပွဲ​တော်​၀ိုင်း​တော်​သား​တွေပါ
အားတက်​လာကြပြီးတီးသံခတ်​သံ​တွေပိုကျယ်​ပိုမြိုင်​လာ
မှာ​သေချာတယ်​။ဒါ​ရှေးတုန်းက ဘယ်​အရပ်​ဘယ်​​ဒေသ
မှာဖြစ်​ဖြစ်​ ဒီပုံစံချည်းပဲ။တော်​ကြီးဘုရားတို့ရှင်​ဘုရင်​တို့
ကလည်း ပွဲကိုကြည့်ပြီးသွားရင်​ဆုချ​လေ့ရှိကြပါတယ်​။
အဲလိုနဲ့ပွဲ​တော်​ဟာ အုန်းအုန်းကျက်​ကျက်​ကြက်​ပျံမကျ
စည်းကားလို့​နေပါတယ်​။

ည၈နာရီထိုးပြီး ၁၅မိနစ်​​ကျော်​​ကျော်​​လေးမှာ ​စော်​ဘွားကြီး
ဟာ ပွဲကြည့်​ဆောင်​က​နေ ညစာစားဖို့ ​ဟော်​နန်းကိုပြန်​ကြွ
တယ်​။အပြာနု​ရောင်​ပိုးရှမ်း​ခေါင်း​ပေါင်း၊သိုရင်းအကျင်္ီဖြူ
ရှမ်း​ဘောင်းဘီခပ်​ပွပွကိုဆင်​မြန်းထားတဲ့​စော်​ဘွားကြီး
ပွဲကြည့်​ဆောင်​ကဆင်းပြီးအုတ်​ခင်းလမ်းအတိုင်းအ​ခြွေ
အရံ​တွေနဲ့​လျှောက်​လို့လာတယ်​။အဲအချိန်​ ကျိုင်းတုံ
အ​ရှေ့ ဘက်​​ကောင်းကင်​ယံမှာ သီတင်းကျွတ်​လဆုတ်​၃ရက်
နေ့ရဲ့ လမင်းဟာ​ချောင်းကြည့်​နေပါတယ်​။ဒီအပြန်​လမ်း
ဟာ ​စော်​ဘွားကြီးရဲ့ ဝိဥာဏ်​ထွက်​သွား​တော့မယ်​အပြန်
လမ်းပါပဲ။မရဏမင်းဟာ ​စော်​ဘွားကြီးနဲ့နီးလို့လာပြီ။

ဟော်​အတွင်းကိုဝင်​ဖို့ အတက်​ ​လှေကား​ခြေရင်းကို 
စော်​ဘွားကြီးအ​ရောက်​ ညာဘက်​သစ်​ပင်​​နောက်​ကွယ်​က​နေ
တစ်​ကိုယ်​လုံးအနက်​​ရောင်​အ၀တ်​ကိုဝတ်​ထားတဲ့လူတစ်
ယောက်​​ပြေးထွက်​လာပြီး အခြားလူ​တွေကိုတွန်းထိုးကာ
စော်​ဘွားကြီး​ဘေးမှာရပ်​တယ်​။သူ့လက်​နှစ်​ဖက်​မှာအသင့်
ပါလာတဲ့ ကျည်​အပြည့်ပါ ​အော်​တိုမက်​တစ်​ပစ္စတို၂လက်
နဲ့ ကျည်​ကုန်​တဲ့အထိ ​စော်​ဘွားကြီးရဲ့ ခန္ဓာကိုယ်​ထဲကို
ပစ်​သွင်းလိုက်​ပါ​တော့တယ်​။

ဟော်​၀င်းအပြင်​​က​ဗျောက်​​ဖောက်​သံ​တွေ၊ဆိုင်းသံ၊ဗုံသံ
တွေ ရှမ်းရိုးရာ​သေနတ်​သံ​တွေနဲ့​ရော​ထွေးပြီး ​လူသတ်
သမားရဲ့ ​သေနတ်​သံ​ပျောက်​ကွယ်​သွားချိန်​မှာ​တော့
စော်​ဘွားကြီး​ခမျာ ​သွေးအိုင်​ထဲလဲ​နေရှာပြီ။
....ဒီ​ကောင့်ကိုလိုက်​ဖမ်းကြ.....ဆိုတဲ့စကားတစ်​ခွန်းကို
နောက်​ဆုံး​ပြောသွားပြီးလက်​မှာပါတဲ့ဆင်​စွယ်​တုတ်​နဲ့
လှမ်းရိုက်​လိုက်​ပါ​သေးတယ်​။လူသတ်​သမားက​တော့
ပစ်​ပြီးတာနဲ့လူအုပ်​ထဲ​ပြေးဝင်​​ပျောက်​ကွယ်​သွားပြီဖြစ်
ပါ​တော့တယ်​။ဒီ​သေနတ်​သံဟာ ​စော်​ဘွားအသက်​ကိုနုတ်
သွားသလို ပတ်​၀န်းကျင်​တစ်​ခွင်​ကို​ကျော်​ပြီး ဗြိတိသျှ
အင်​ပါယာအနှံ့ပျံ့နှံ့​ရောက်​ရှိသွားပါ​တော့တယ်​။

ဆက်​ပါဦးမည်​။

စော်​ဘွားကြီးပစ်​သတ်​ခံရ​သော​လှေခါး


https://m.facebook.com/story.php?story_fbid=142353220240218&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​....၂၁”

Post a Comment

Related Posts Plugin for WordPress, Blogger...