Sunday, June 9, 2019

တပ်မှူးငယ်များ၏ဝင်ငွေများ-

,
တပ်တိုင်းဖြစ်နေတာပါ လေ့လာစုံစမ်းကြည့်ပါ
စက်သုံးဆီ တပ်မတော်ကားများအတွက် ဒီဇယ် ၅၀၉ ဂါလံ ဓာတ်ဆီ ၂၉၄ ဂါလံရရှိပါတယ်။
တပ်အရွယ်အစားလိုက်မတူပါဘူးဒါကဥပမာဆိုပေမယ့်ဒီထက်မနည်းပါဘူးထုတ်ယူရှိလာသောဆီများကို တပ်မှူးကဗဟိုဦးစီးစနစ်နဲ့ လက်ဝါးကြီးအုပ်ပြီးတပ်ကားများအတွက်အသုံးပြုရန်ဒီဇယ် ၁၇၉ နဲ့ ဓာတ်ဆီ ၅၀ သာအသုံးပြုရန်
ချပေးပါတယ်။အခုခေတ်တပ်ထောက်ဗိုလ်ကြီးတွေဆိုတာဖွတ်ကျားပါဘာမှမရပါဘူး လျော်ဖို့
စိုက်ဖို့အတွက်ပဲခန့်အပ်ထားတာမေးကြည့်ပါ။ဒီဇယ်    ၃၃၀ဂါလံ×၃၂၀၀ကျပ်=၁၀၅၆၀၀၀ကျပ် ပေါက်ဈေးခန့်မှန်း
ဓာတ်ဆီ ၂၂၄ဂါလံ×၃၈၀၀ကျပ်=၉၂၇၂၀၀ကျပ် ခန့်မှန်းပေါက်ဈေးပေါင်း ၁၉၈၃၂၀၀ကျပ် ဒါက ဆီတစ်မျိုးတည်း တပ်မှူးရတဲ့ငွေ။
တိုတိုပြောရရင် တပ်ကဈေးကကျောင်းကားရေကားစသဖြင့်မပေးပဲနိုင်ငံတော်ကပေးတဲ့ဟာ တပ်မိသားစုတွေရဲ့မျက်ရည်တွေပေါ့။
နောက်တခု ခွင့်မဲ့
ခွင့်မဲ့ဟာတပ်တိုင်းလိုလို အနည်းဆုံး၆ဦးအနဲဆုံးရှိပါတယ်တချို့တပ်တွေဆို၂၀ဦးတောက်ရှိတယ် ။ ဒီကြားထဲပြေးလိုက်
ပြန်ဝင်လိုက်ဖြစ်နေတာတွေအများကြီး။ ၆ဦးလစာခန့်မှန်း ၆×၁၂၀၀၀၀= ၇၂၀၀၀၀ကျပ် နဲ့ ၄င်းတို့ရဲ့ ရိက္ခာစိုငွေရိက္ခာ
ရောင်းစားတာနဲ့ဆိုရင် ၂၀၁၀၀၀ခန့်ပါစုစုပေါင်းခွင့်မဲ့ငွေ ၉၂၁၀၀၀ကျပ် ဒါကခွင့်မဲ့ဝင်ငွေ။
မဲ့တွေကိုတချို့က out ချင်ပေမယ့် အထက်ကလဲများများသွား out တာလက်မခံတော့ ဂွင်တစ်ခုလိုဖြစ်နေတာပေါ့။
နောက်တပ်တိုင်းလိုလိုသိမ်းထားတဲ့လယ်ယာမြေတွေရဲ့သီးစားချတာတစ်နှစ်ကိုသန်း၆၀ကျော်ရှိပါတယ်။တခြား black money
တွေလဲ ရှိသေးတယ် အထက်ကလဲသိသိနဲ့မသိဟန်ဆောင်တယ်
နောက်တပ်ရန်ပုံငွေတွေ
ဦးပိုင်ကိုတပ်ငယ်တွေကသိန်း၅၀၀ကျော်ထည့်ရတယ်အတိုးကတစ်နှစ်ကို၁၅၀ကျော်ရတယ်တပ်မိသားစု
သက်သာချောင်ချိရေးအတွက်ပါ ဒါတွေဟာလဲမိသားစုတွေပါးစပ်ထဲရောက်တာသိပ်မရှိလှပဲ တစ်လကို၁၅သိန်းကျော် စာရင်းလိမ်ပြနေပြီးတပ်မှူးကအနည်းဆုံးတစ်လကို၆သိန်းလောက်တပ်ရေးဗိုလ်ကြီးကိုစာရင်းလိမ်ခိုင်းပြီးတရားဝင်ခိုးတယ်။အခုခေတ်တပ်ရေးကလဲငစနူဖွတ်ကျားဆိုတာအသိရှိရင်မေးကြည့်ပါ လျော်ဖို့ စောက်မှုတတ်ရင်ကြားကခံရဖို့ခန့်ထားတာပါ မလျော်ရတဲ့ရေးဗိုလ်ကြီးတွေကခပ်ရှားရှားပါ ။အချုပ်ကတော့ တပ်မှူးတစ်ဦးဟာ တစ်လကို အနည်းဆုံးသိန်း၃၆ကျော်သူ့လစာမထိပဲ ဝင်ငွေတွေရှိတယ်ဆိုတာပါပဲ ။
ဒါ တခြားစီးပွားရေးမပါသေးဘူးဗျ တပ်မှူးထက်ကြီးတဲ့ တပ်မမှူး တိုင်းမှူး စသဖြင့်ကာချုပ်ဆိုရင်တော့ တွက်သာကြည့်ကြလော့ ။
ဒါတွေကလဲ အဆင့်ဆင့်ပေးကမ်းနေရအတင်းခိုင်းနေလို့ လာဘ်စားမှုအကြီးအကျယ်တွေဖြစ်နေတာပါ
တပ်တိုင်းပါ ဟုတ်သလားမဟုတ်ဖူးလားဆိုတာတော့ဘဝတွေပေးဆပ်နစ်မွမ်းမတိုးတတ်ပဲဒုက္ခဆင်းရဲဝေနေတဲ့
တပ်မိသားစုများသာ အသိဆုံးဖြစ်ပါကြောင်း
***********************************

ခေတ်မီတိုးတတ်ပြီးအနိုင်ကျင့်ခြင်းအချင်ချင်းဖြတ်စားခိုးစားခြင်းကင်းတဲ့တပ်မတော်ဖြစ်ပါစေလို့®®®®®®®®®
Credit
တပ်ရေးတပ်ထောက် များ၏ရင်ဖွင့်သံများဆောင်းပါး
viaေ ဇ်ာဟိန်း ရဲဘော်ဟောင်း


https://m.facebook.com/groups/1207038455990521?view=permalink&id=2680432425317776

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်မှူးငယ်များ၏ဝင်ငွေများ-”

Post a Comment

Related Posts Plugin for WordPress, Blogger...