Saturday, February 8, 2020

ဝိနည်းခြုံ နဲ့သင်္ကန်းခြုံ

,
မြန်မာပြည် Buddhism သာသနာထဲမှာ အရေခြုံ နှစ်မျိုး ရှိတယ်။
ဝိနည်းခြုံ နဲ့သင်္ကန်းခြုံ

ဝိနည်းခြုံက ဘာလဲ?

သူက သံဃာပဲ။ သီလကို လေးစားတယ်။ ဝိနည်းကို လေးစားတယ်။ သူ့ကြည့်လိုက်ရင် အခြားမြင်‌တွေ့နေကျ သံဃာတွေလို မဟုတ်လေဟန် ရှိတယ်။ "ဝိနည်းက သာသနာရဲ့ အသက်" လို့ ကြွေးကြော်ကြတယ်။ အဲ့ဒိအောက်မှာ... မရိုးမသားတွေ လုပ်ကြတယ်။

ဥပမာ။ ။ ပိုက်ဆံကိုင်တဲ့ ကိစ္စ။ ငါတို့က ပိုက်ဆံမကိုင်ဘူး။ အပ်အပ်စပ်စပ်ပဲ ကိုင်တယ်။ ကပ္ပိယနဲ့ပဲ ကိုင်တယ်။ စသဖြင့်...

ပိုက်ဆံ မကိုင်ဘူးဆိုတာ 'ပိုက်ဆံကို လက်ကိုမခံဘူး'လို့ မ‌ဆိုလိုဘူး။ ကပ္ပိယနဲ့ ဖြစ်စေ ယူမယ်။ အခုခေတ်စကားနဲ့ ပြောရင် 'ငွေသား မကိုင်ဘူး၊ ဘဏ်ကဒ်ပဲ သုံးတယ်' ဆိုတဲ့ သဘော။ ဘာမှ သိပ်မထူးဘူး။

ငွေမကိုင်ဘူးနဲ့ လက်မခံဘူးက မတူဘူးနှော်။ ငွေမကိုင်ဘူးဆို လက်ကို မခံနဲ့။ အဲ့လိုလည်း မဟုတ်ဘူး။ သူများထက် နည်းနည်းလေး သာရမှလိုပဲ။ ပိုက်ဆံမကိုင်တဲ့ အများစုက ဘူဘူချင်း တစ်လုပ်တဲ့ ပုံစံ။

တချို့ ဝိနည်းထိုရ်(ဓိုရ်)တယ်။ ပိုက်ဆံမကိုင်းဘူးတဲ့။ သူ့ ကပ္ပိယဆီမှာ၊ သူ့မှာ ငွေပိုင်‌‌ဆိုင်မှုက တချို့ဆို မကိုင်သာ မကိုင်တယ် သိန်းကို ရာနဲ့ချီ၊ ထောင်နဲ့ချီ ရှိကြတယ်။ အဲ့ဒိ အကြောကို သိလို့ အဲ့ဒိလို ဝိနည်းထိုရ်နေတဲ့သူတွေကလည်း တစ်ပုံကြီး ရှိပါတယ်။

ဒါကြောင့်... စာသင်သားလောကမှာ စကားတစ်ခု ရှိတယ်။

'...ကျင်သူခိုး
...ဓမ်မာဓားပွ 'တဲ့။

ဝိနည်းဆိုတဲ့ အောက်ကနေ သူခိုးကျင့်သူခိုးကြံ ကြံနေကြတဲ့ သူတွေ၊ မရိုးသားသူတွေ၊ အရှိအတိုင်း ရင်မဆိုင်ရဲ သတ္တိမရှိသူတွေ အဖြစ် ဆိုလိုရာ ရောက်ပါတယ်။ နောက်တစ်ခု...

အဲ့ဒိ ဝိနည်းထိုရ်တဲ့ စာသင်တိုက်တွေမှာ ( ကလေး အချင်းချင်း၊ သို့မဟုတ် အကြီးနဲ့ အငယ်) ဖြစ်စေ၊ အထက်ပိုင်းက အောက်ငယ်သားကို ဖြစ်စေ sex abuse သို့မဟုတ် sexကိစ္စတွေ ရှိတတ်ကြတယ်။ အများစု ဝိနည်းထိုရ်ပါတယ် ဆိုတဲ့ ၊ ဝိနည်းအရေခြုံ စာသင်တိုက်တွေမှာ အဲ့ဒါတွေက အဖြစ်များတယ်။ အခြား သူလိုကိုယ်လို ပိုက်ဆံကိုင်၊ စာကျက်ချိန်ကျက်၊ ဘောလုံးကန်ခြင်းခက်ချိန် ခက် ဝိနည်းမထိုရ်လှတဲ့ စာသင်တိုက်တွေမှာ အဲ့ဒါတွေ ကင်းကြတာ များပါတယ်။ မရှိဘူး ကင်းတယ်။

ဝိန်ည်းထိုရ်တဲ့ စာသင်တိုက်တွေဟာ သာမာန်လို နေထိုင်ကြတဲ့ စာသင်တိုက်တာတွေထက် ပိုကြွယ်ဝ ပြည့်စုံကြတာ များတယ်။ သာမာန် စာသင်တိုက်တွေက ရှားပါးတယ်။ ဝိနည်းထိုရ်စာသင်တိုက်တွေက အလျှံအပယ်။ အလှူအတန်း ပေါတယ်။

ဒါက သဘာဝပဲလေ။ လူတွေက ပိုစင်ကြယ်ပါတယ်ဆိုတဲ့ ရဟန်းသံဃာတွေကို ပိုလှူချင်ကြတယ်။

ဆိုတော့... ဒီလောက်ဆို နည်းနည်း မြင်သာပြီ ထင်တယ်။

ဘာကြောင့် ဝိနည်းထိုရ်တာလဲ?
ရိုးရိုးသားသား ဝိနည်းထိုရ်တာလား?
သူများထက် အခွင့်အရေး ပိုရချင်လို့လား?

စသဖြင့် တချို့ဝိနည်းဆောင် ပုဂ္ဂိုလ်တွေကို မေးခွန်းထုတ်ရကောင်းမှန်း လူအများစုက မသိကြဘူး။ ပိုက်ဆံမကိုင်၊ ဝိနည်းထိုရ်နေတာနဲ့ 'ဒါမှ တကယ့်ရဟန်း' ဆိုတဲ့ လူတွေက အပုံကြီး။ ဒါတွေက မြွေမြွေချင်းပဲ ခြေမြင်တယ်။ (အားလုံးကို ဒီလို မဆိုလိုပါဘူး၊ တချို့လို့ပဲ ‌ဆိုပါတယ်။)

အဲ့ဒိ ဝိနည်းထိုရ်တဲ့ စာသင်တိုက်တွေမှာ ကိုရင်ငယ်လေး သွားဖြစ်ရတာ မိမိအနေနဲ့ သိပ်ကံဆိုးတယ်လို့ မြင်တယ်။ ကလေးက ကလေးလို မနေရဘူး၊ စည်းမျဉ်းတွေ အောက်မှာ၊ လူကြီးတွေ မျက်စိရှေ့မှာ ပြားပြားဝပ်နေရတယ်။ အဲ့ဒါ လမ်းမှန်မဟုတ်တဲ့ ကလေးဘဝလို့ မြင်တယ်။ ကလေးပဲ ကစားချင် ကစားပါစေ။ စသဖြင့် လွပ်လပ်နေရမဲ့အရွယ် အချုပ်အနှောင်ထဲ နေနေရတယ် မွန်းကြပ်စရာကြီးပါ။

အဲ့ဒိလို ဝိနည်းအောက်၊ စည်းကမ်းအောက် နေခဲ့ရလို့ သေဝပ်သွားလား? ဘာမှ မဆိုင်ဘူးလို့ မြင်တယ်။ ဆရာသမားရှေ့ကျ ဆရာသမားအလိုကျ နေပြ။ ဆရာသမား မရှိရင် ကြိုက်သလို နေကြတာ များပါတယ်။ ကလေးအရွယ်မှာ အများစုက ဒီလိုပါပဲ။

အဲ့ဒိကနေ ကလေးတွေက အကျင့်တွေ ပါကုန်တယ်။ နေတတ်ကုန်တယ်။ အရှိအတိုင်း ပွင့်ပွင့်လင်းလင်း မရှိတော့ဘူး။ ကုတ်ကမြင်းတွေ ဖြစ်လာကြတယ်။ လှည့်ဖြားတတတ်လာကြတယ်။ မိမိတို့ ငယ်ဘဝတချို့က အဲ့ဒိလို ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရတယ်။ အခုပြောတာထက် အများကြီး ပိုကြုံခဲ့ရတယ်။

#သင်္ကန်းခြုံက ဘာလဲ?

သင်္ကန်းကို ခိုးကိုးရာတစ်ခုအဖြစ် ဝတ်ဆင်နေကြသူတွေ။ စားဖို့ မပူရ၊ နေဖို့ မပူရ၊ မကြောင့်မကျ နေရ။ အဲ့ဒါတွေကြောင့် သင်္ကန်ဝတ်နေကြသူတွေ...

ဒါက မြင်သာပါလိမ့်မယ်။ အများကြီး မပြောနေတော့ပါဘူး။

အဲ့ဒိနှစ်ခုကြားမှာပဲ 'တကယ့်ရဟန်း' က ရှိတယ်။ ဆို... မိမိတို့လည်း ဘယ်ထဲ ပါမှန်း မသိသေးပါဘူးဟုသာ...။

#Cakkhu

https://www.facebook.com/groups/2001239446861643/permalink/2523507307968185/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဝိနည်းခြုံ နဲ့သင်္ကန်းခြုံ ”

Post a Comment

Related Posts Plugin for WordPress, Blogger...