Sunday, February 9, 2020

လားရှိုးမီးရှို့ခံ မိဘမဲ့ကလေးကျောင်း စတင်ဖြိုဖျက်နေ

,
လားရှိုးပြည်နယ်ဝန်ကြီးဒေါက်လင်းထွဋ်က 
လားရှိုးမိဘမဲ့ကလေးကျောင်း မီးသင့်ထားလို့
 ပတ်ဝန်းကျင်လုံခြုံရေးအတွက် ဖြိုဖျက်ရန်လိုအပ်တဲ့အတွက် ဖြိုဖျက်ဖို့ဆိုတာကတော့ မှန်ပါတယ်

ကျောင်းမူလနေရာကို နေရာပြောင်းပေးတာကတော့ လုပ်ရိုလုပ်စဉ်မရိုးသားမှု့ပဲဖြစ်တယ်

ကျောင်းက မတော်တစ မီးလောင်ခဲ့တဲ့ကျောင်း မဟုတ်ဘူး
ကျောင်းကို မသမာသူ အစွန်းရောက် လူတစ်စုက မတရားဖျက်စီးခဲ့တာ မတရားမီးရှို့ခဲ့ကြတာ

ပြက်စီးဆုံးရှုံးမှု့အပြင် မိဘမဲ့ကလေးတွေပါ ဒဏ်ရာရရှိခဲ့တယ်

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ယနေ့အချိန်အထိ လားရှိုးက အစွန်းရောက်သမားတွေလည်း လွတ်လပ်စွာ သွားလာခွင့်ရှိနေတုန်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ဘူး

ဒီလိုမတရာဖျက်စီးမီးရှို့ခံရမှု့အတွက် အစိုးရက ပြန်လည်မွန်းမံပြင်ဆင်ခွင့်မပေးတဲ့ အပြင် ကျောင်းကို မူလနေရာက နေရာပြောင်းအစားထိုးရွေးချယ်ပေးမှု့ဟာ လားရှိုးအာဏာပိုင်တွေ ရိုးသားမှု့ရှိရဲ့လားလို့ မေးခွန်းထုတ်ကြရတော့မယ်

သိန်းသောင်ချီတန်ဖိုးရှိ လားရှိုးမိဘမဲ့ ကလေးကျောင်းနေရာကို မသမာသူလူတစ်စုက အာဏာကို အလွဲသုံးစားလုပ်ပြီး မိမိအကြိုးစီးပွါးအတွက် လုပ်ဆောင်ချက်ဖြစ်ကြောင်း သိသာထင်ရှားလွန်းတယ်

သာသနာရေးရာဝန်ကြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ကဏ္ဌပေါင်းစုံက လူ့အဖွဲ့အစည်းအားလုံး မတရားမှု့ကိုရပ်ကြည့်မနေပဲ ပါဝင်ကူညီဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်


https://m.facebook.com/story.php?story_fbid=280775342885962&id=100028604945459

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လားရှိုးမီးရှို့ခံ မိဘမဲ့ကလေးကျောင်း စတင်ဖြိုဖျက်နေ”

Post a Comment

Related Posts Plugin for WordPress, Blogger...