Thursday, September 10, 2020

စည်သူမောင်ပန်းပဲတန်းမှာ မဲဆွယ်စည်းရုံး

,
နိုင်ငံရေးနဲ့ပတ်သက်တာ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အခုမနေနိုင်လို့ တစ်ခုလောက်ဝင်ရေးပါရစေ။
စည်သူမောင်ဒီနေ့ ပန်းပဲတန်းမှာ မဲဆွယ်စည်းရုံးပွဲတစ်ခုလုပ်သွားတယ်။ သူပြောသွားတဲ့အထဲမှာ ပန်းပဲတန်းနေလူထုအတွက်အလုပ်လုပ်ပေးချင်တယ် တာဝန်ယူချင်တယ်ဆိုတဲ့အကြောင်း စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း ပြီးတော့ ထုံးစံအတိုင်း အာဏာရှင်လက်အောက်ကလွတ်ဖို့ ဘာညာပေါ့ အဲဒါတွေပဲထည့်ပြောသွားတယ် လူနည်းစုအခွင့်အရေး လူနည်းစုရပိုင်ခွင့်နဲ့ပတ်သက်တာ ဘာမှမပြောသွားဘူး။ ကျနော်အခုပြောချင်တာက တော်တော်များများ လူနည်းစုဘာသာဝင်တွေကို လိုက်မေးကြည့် ဒီမိုကရေစီတွေအာဏာရှင်တွေ ဆိုတာကို စိတ်မ၀င်စားကြဘူး။ သူတို့စိတ်ဝင်စားကြတာက တန်းတူအခွင့်အရေး သာတူညီမျှမှု ကိုးကွယ်ရာဘာသာကိုလိုက်ပြီး ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ဖို့ အဲဒါတွေပဲစိတ်ဝင်စားကြတယ်။ အဲဒါကို မခံရဖူးတဲ့ ဗမာတွေကလာ‌ပြောလိမ့်မယ် ဘာတွေများခွဲခြားဆက်ဆံခံနေရလို့လဲ အကုန်လုံးကိုတန်းတူပဲဆက်ဆံတာပဲလေ ကုလားမို့လို့အခွန်တိုးကောက်တာရှိလား ဟိန္ဒူမို့လို့ တရုတ်မို့လို့ ဖိနှိပ်တာရှိလားနဲ့ လာပြောလိမ့်မယ်။ ခွဲခြားဆက်ဆံခံရတာရှိလားဆိုတော့ ရှိတယ်။ ကျနော် မှတ်မိသလောက်အချက်နည်းနည်းလေးကိုပဲ ကျနော်ပြောပြမယ်။ ပထမဆုံးခွဲခြားဆက်ဆံခံရတာကတော့ မှတ်ပုံတင်လုပ်တဲ့နေရာမှာ။ ကျောင်းတွေမှာဆိုရင် သွေးနှောကလေးတွေမလုပ်ပေးပါ လ၀ကမှာသွားလုပ်ကြပါလို့ အတိအလင်းပြောထားတယ်။ လ၀ကကိုသွားပြန်ပြီတဲ့ အဖိုးအဖွားမှတ်ပုံတင်တောင်းမယ် ဟိုဟာတောင်းမယ် ဒီဟာတောင်းမယ် အက်ုလုံးစုံပါစေဦး ဘယ်ကမှန်းမသိတဲ့ ခရိုင်ကိုတင်ရမယ် ပြောမယ် ပြီးရင်ခရိုင်ကနေနေပြည်တော်ပို့လိုက်ရတယ်ပြောမယ်။  နောက်ဆုံးရလာတော့လဲ ကိုယ့်အဖိုးအဖွားတွေတောင် တစ်ခါမှမရောက်ဖူးတဲ့ ဘင်္ဂလားတို့ ပါကစ္စတန်တို့ အိန္ဒိယတို့ နီပေါတို့ မလေးတို့ပါလာမယ်။ တစ်ခြားဟာပါရင်သိပ်ပြဿနာမရှိပေမယ့် ဘင်္ဂလီပါလာရင်တော့ ပတ်စ်ပို့လုပ်ရင် နှစ်လစောင့်ပဲ။ အိန္ဒိယဆိုပြီးပါရင်တောင် ဆယ်ရက်နဲ့ရတယ် ကျနော့်သူငယ်ချင်းနဲ့ကျနော်သွားလုပ်ထားတာ သူကတော့ မှတ်ပုံတင်မှာအိန္ဒိ
ယဗမာဖြစ်လို့ ဆယ်ရက်နဲ့ရတယ် ကျနော်ကဘင်္ဂလီပါလို့ နှစ်လစောင့်ရတယ်။ ပြီးတော့ မျိုးရိုးစဉ်ဆက် ဗမာစစ်စစ်တစ်ယောက် အစ္စလာမ်ဘာသာထဲဝင်ပြီး မှတ်ပုံတင်သွားလုပ်ကြည့် ဘင်္ဂလီတွေ အိန္ဒိယတွေပါကစ္စတန်တွေပါမလာရင် စီးတဲ့ဖိနပ်နဲ့ ပါးလာရိုက်😂 အဲဒါအခြေခံအကျဆုံးနဲ့အကြီးမားဆုံးဖိနှိပ်မှုပဲ။ လူမျိုးစုတစ်စုကိုသေနတ်နဲ့ပစ်သတ်မှ Genocide ဖြစ်တာမဟုတ်ဘူး သူတို့ရဲ့ ဖြစ်တည်မှုကို ရှင်းလင်းဖျောက်ဖျက်ဖုံးကွယ်တာလဲ Genocide ပဲ။ ရိုဟင်ဂျာတွေခံရတာလဲ အဲလိုပဲ။ ပထမတော့ ရိုဟင်ဂျာအသံလွှင့်ရုံတောင်ရှိတယ်။ မှတ်ပုံတင်ထဲမှာလဲ ရိုဟင်ဂျာလို့ထည့်ရေးထားတယ်။ နောက်တော့ မှတ်ပုံတင်ထဲမှာ ရိုဟင်ဂျာမထည့်တော့ပဲ ဘင်္ဂလီပြောင်းလိုက်တယ်။ နောက်တော့ အထောက်အထားတွေပါပြန်သိမ်းတယ်။ နောက်တော့ သိတဲ့အတိုင်း ခိုးဝင်အော်တိုဖြစ်သွားတာပဲ။ လောလောဆည်မှာ မှတ်ပုံတင်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေတောင် ရခိုင်ကနေ ပြည်မကိုလာလို့မရဘူး။ ဟိန္ဒူတွေကတော့ အိန္ဒိယဆိုတာကြီးကိုကျေကျေနပ်နပ်လက်ခံထားတယ် ပြီးတော့ သူတို့မူရင်းနိင်ငံကအင်အားကြီးဆိုတော့ ရိုတွေလိုဖြစ်မှာကြောက်စရာတော့မရှိဘူး။ မြန်မာမွတ်ဆလင်မ်တွေကတော့ မွေးကတည်းကဒီနိုင်ငံကကိုယ့်နိုင်ငံခံယူထားသူတွေ ဘယ်နိုင်ငံကိုမှအားမကိုး မမျှော်ကိုးပဲ ဒီနိုင်ငံကိုအသက်ပေးချစ်တဲ့သစ္စာရှိတဲ့လူတွေ။ တစ်ခုခုခွဲခြားဖိနှိပ်ခံရပြီဆို ဘယ်ပ‌ထွေးကိုမှတလို့ မရ အကူညီတောင်းလို့မရဖြစ်နေတဲ့ (ရိုတွေပြီးရင်)တကယ့်အဖိနှိပ်ခံတွေ။ အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အခုကတည်းကရှင်းရှင်းလင်းလင်းဖြစ်အောင် နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရအောင် မှတ်ပုံတင်မှာ သူတို့ပထွေးတွေနေတဲ့ နိုင်ငံတွေမထည့်အောင် မြန်မာမွတ်ဆလင်မ်ဆိုပြီး အမည်တစ်ခုနဲ့ အသိအမှတ်ပြုခံရအောင် ကြိုးစားရမှာ အရေးအကြီးအဆုံးအချက်ပဲ။ ထပ်ပြောမယ် အရေးအကြီးဆုံးအချက်ပဲ။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ပေါ်လစီအရကို မရောက်ဖူးတဲ့နိုင်ငံတွေလျှောက်ထည့်ထားတာ။ ရိုတွေကိစ္စပြီးသွားတဲ့တစ်ချိန်ကျရင် ပြည်တွင်းနေမွတ်ဆလင်မ်တွေလဲ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံသားအခွင့်အရေးလျှော့ချခံရ ပြန်သိမ်းခံရ အထောက်အထားမထုတ်ပေးတော့တာနဲ့ နောက်ဆုံးမှာ ရိုတွေလို ခိုးဝင်အော်တိုဖြစ်ပြီသာမှတ်။ ကျနော်ရဲရဲကြီးပြောရဲတယ် အဲဒီလိုဖြစ်ကိုဖြစ်မှာ။ ဉာဏ်မှီရင်တွေးကြည့်။ စည်သူမောင်ပြောသွားတဲ့အထဲမှာ လူနည်းစုတွေတန်းတူနိုင်ငံသားအခွင့်အရေးရဖို့အတွက် ကြိုးပမ်းသွားမယ်တို့ ဘာတို့ တစ်ခွန်းမှမပါဘူး။ မွတ်ဆလင်မ်အများဆုံးမြို့နယ်က၀င်ပြိုင်ပြီး ကိုယ်တိုင်လဲမွတ်ဆလင်မ်‌တစ်ယောက်ဖြစ်ပြီး မွတ်ဆလင်မ်တွေရဲ့မဲကိုကျလိုချင်ပြီး မွတ်ဆလင်မ်တွေအတွက်အခွင့်အရေးအတွက် ကြိုးပမ်းပေးမယ်တော့တစ်ခွန်းမှမပါပဲ အရေးမပါတဲ့ ဒီမိုကရေစီတွေ အာဏာရှင်တွေ ပန်းပဲတန်းအတွက်အလုပ်လုပ်ပေးမှာတွေ ဒါတွေပဲပြောသွားတယ်။ အိုးကမပူစလောင်းကပူတယ်ပဲပြောရမလား ဗမာမစစ်စစ်တစ်ယောက်ဖြစ်တဲ့ အိသဉ္ဇာမောင်က အဖိနှိပ်ခံလူနည်းစုအခွင့်အရေးအတွက်ကြိုးပမ်းသွားမယ်လို့တောက်လျှောက် ကတိပေးလာခဲ့တယ် ကြိုးလဲကြိုးပမ်းပြခဲ့တယ် ဆူးလေမှာ We Stand Against Genocide ဆိုင်းဘုတ်ထောင်ပြီး အင်္ကျီဝတ်ပြီး ရဲရဲကြီးသွားထိုင်နေတယ်။ ကိုယ့်မွတ်ဆလင်မ်တွေထဲက ဒီလိုမျိုးလုပ်ရဲတဲ့လူ တစ်ယောက်လောက်ရှိရင်ပြပါ တစ်ယောက်ပါပဲ။ ပြောချင်တာက ကိုယ့်မွတ်ဆလင်မ်တွေအမြင်မှန်ရဖို့လိုနေပြီ ထပ်ပြောပါရစေ ဘာသာရေးကိုအခြေခံပြီး မပိန်းကြပါနဲ့တော့ ကိုယ်တွေအတွက်ဘာမှအာမခံချက်မပေးနိုင် အာမခံဖို့မပြောနဲ့ စကားထဲတောင်တစ်ခွန်းမှထည့်မပြောရဲတဲ့လူကို မွတ်ဆလင်မ်အချင်းချင်းဖြစ်လို့ဆိုပြီး မဲပေးဖို့ဆုံးဖြတ်တာ တကယ်ကို ပိန်းတဲ့လုပ်ရပ်ပါ။ ကိုယ်တွေအခွင့်အရေးအတွက်ကြိုးပမ်းပေးမယ့်သူဆိုရင် ဘယ်ဘာသာဝင် ဘာလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းရမှာ။ အခုကဗလီအတွက်ဥက္ကဌရွေးနေတာမဟုတ်ဘူး ဗလီအတွက်ဥက္ကဌရွေးတာဆိုရင် ကျိန်းသေပေါက်မွတ်ဆလင်မ်‌ကိုပဲထောက်ခံမှာပေါ့။ အခုကကိုယ်တွေကိုယ့်မျိုးဆက်တွေအတွက် ဦးဆောင်ကြိုးပမ်းပေးမယ့် သူရွေးနေတာ။ အဲဒီတော့ ဘာမှအာမခံချက်မပေးပဲ သုံးစားလို့မရတဲ့ အာဏာရှင်တွေ ဒီမိုကရေစီတွေ ပန်းပဲတန်းအတွက်အလုပ်လုပ်ပေးမှာတွေကိုပဲပြောပြီး မွတ်ဆလင်မ်တွေဆီက မဲယူမယ့်သူကို မဲပေးမလား ဒါမှမဟုတ် ကိုယ့်မျိုးရိုးစဉ်ဆက်ရှေ့ရေးအတွက် ကြိုးပမ်းပေးမယ့်သူကို ရွေးမလား ကြိုက်တာဆုံးဖြတ်လို့ရတယ်။ ကိုယ်စိုက်တဲ့အသီးအပွင့်အတိုင်း ကိုယ်ခံစားရမှာပဲ။ တစ်ခုလောက်ထပ်မှာပါရစေ ဗလီဥက္ကဌရွေးနေတာမဟုတ်ဘူး အနာဂတ်အတွက်သေချာစေမယ့်သူကိုရွေးနေတာ။ ဘာသာတူတာတစ်ခုတည်းနဲ့ မဲပေးမယ်ဆိုရင်လဲ သဘောပါ။ တက်လာပြီးဘယ်လောက်မှမကြာဘူး သာကေတစာသင်ကျောင်းနဲ့သူရဲသမိန်ဗလီမတရားအဖျက်ခံရပြီး ပြန်တောင်ဝတ်ပြုခွင့်မပေး ဆောက်ခွင့်မပေး ပြီးတော့ စစ်အစိုးရလက်ထက်ကမတရားအပိတ်ခံထားရတဲ့ဗလီကို ဗုဒ္ဓဘာသာတွေအများစုရှိတဲ့နေရာမှာ မဲခွဲရင်ရှုံးမယ်မှန်းသိရဲ့နဲ့ မဲခွဲပြီး ရှုံးသွားတော့ ဆက်ပိတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သမိုင်းကြောင်းမကောင်းတဲ့ပါတီကို  ရွေးချင်လဲရွေးပါ မဖြစ်လာရင်တော့ကောင်းမယ် ဖြစ်လာရင်တော့ ငါတို့မှားသွားပြီဆိုပြီး ငိုပြရင် ငါကထိုင်ကြည့်ပြီး လှောင်ရီနေမှာ။

https://m.facebook.com/groups/771745233653925?view=permalink&id=822198738608574

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စည်သူမောင်ပန်းပဲတန်းမှာ မဲဆွယ်စည်းရုံး”

Post a Comment

Related Posts Plugin for WordPress, Blogger...