Sunday, September 13, 2020

မော်လဝီ-ယောဂီ နှင့် သမိုင်းကြောင်းများ

,
အချိန်က ၁၉၃၈ နှစ်ဦးပိုင်း ဇန်နဝါရီလ ကစတင်ခဲ့တဲ့
ရေနံမြေအလုပ်သမားသပိတ်ကြီးဟာ ၁၉၃၈ ဇူလိုင်
လ ထဲကိုရောက်လာတဲ့အထိ မပြီးပြတ်သေးဘဲတန်း
လန်းကြီးဖြစ်နေခဲ့တယ်။ဒေါက်တာမော်အစိုးရက
လည်းထိရောက်တဲ့ဖြေရှင်းမှုတွေမလုပ်နိုင်ဘူး။
သပိတ်ကြာတော့ ရိက္ခာအခက်ခဲဖြစ်လို့လာတယ်။

အဲဒီအချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲ ဘယ်လိုမှမထင်
ထားတဲ့ ဘာနဲ့မှမဆိုင်တဲ့အဖြစ်ပျက်ကြီးတစ်ခုပေါ်
ထွက်လာတယ်။

၁၉၃၈ ဇူလိုင်လ ၁၉ရက်နေ့ထုတ် သူရိယသတင်းစာ
မှာ မော်လဝီနဲ့ယောဂီဆိုတဲ့ စစ်တမ်းစာအုပ်အကြောင်း
ဖော်ပြလာတယ်။ဒီဆောင်းပါးကြောင့်ရွေတိဂုံသိမ်
တော်ကြီးကျောင်းမှာသီတင်းသုံးနေတဲ့.လယ်တီဦးဝိ
သုဒ္ဓရစာရ က ဆောင်းပါးပြန်ရေးပြီးကန့်ကွက်ခဲ့
တယ်။အဲဒီမော်လဝီနှင့်ယောဂီစာအုပ်ရဲ့ဂယက်ဟာ
သတင်းစာတွေက ဖွပေးလို့ တစ်ဖြည်းဖြည်းကျော်
ကြားလာတယ်။တစ်ဖက်မှာသပိတ်ကလည်းခြိမ့်ခြိမ့်
သဲသဲဖြစ်နေတယ်။

ရေနံမြေလုပ်သားတွေဟာ ဒီအရေးနဲ့တစ်ပြိုင်နက်
တည်းမှာရန်ကုန်ကိုချီတက်နေပါတယ်။ဒါဟာkalar-
Burma အဓိကရုဏ်းကိုဦးတည်းတဲ့ပထမဆုံးစဦး
အခြေနေ။

မော်လဝီနဲ့ယောဂီစာတမ်းကိုရှာခဲ့တာ ၅နှစ်ကျော်လာ
ခဲ့ပြီ။မရခဲ့ဘူး။သက်ကြီးဝါကြီးတွေနဲ့တွေ့ဆုံပြီးစနည်း
နားခဲ့တာလည်းမနည်းတော့ဘူး။သူတို့ဆီမှာရှိမလား
သို့မဟုတ်သတင်းစကားအမှန်များကြားရမလားဆို
ပြီး ရောက်ရှိရာဒေသတိုင်းမှာ သတိကပ်ပြီးချဉ်းကပ်
လေ့လာခဲ့တာ ၅နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ယနေ့
အထိစာအုပ်ကိုမရခဲ့ပါဘူး။ဒုတိယK-B အဓိကရုဏ်း
ဟာဒီစာအုပ်ကြောင့်လို့မြန်မာ့သမိုင်းကရေးတယ်။

ဒါကြောင့်ဒီစာအုပ်ရဲ့သမိုင်း ဒီစာအုပ်ရဲ့ ဇတ်ဝင်ခန်း
နဲ့ အဖြစ်မှန်ဟုတ်မဟုတ်ကြည့်ရအောင်။

အခုပြောနေတာ၊၁၉၃၈ ဇူလိုင်လ။ဒ်ီအရင် ၇နှစ်-
၁၉၃၁ခုနှစ်တုန်းက ဟူစိန်ရှားဟ်(Hussein Shah)
လို့ခေါ်တဲ့မွစ်စလင်ဗလီရှေ့ဆောင်ဆရာ နဲ့ မြစ်ကြီးနား
ခရိုင် နမ္မားရွာက မောင်ပန်းညို တို့၂ယောက် ဘာသာ
ရေး Debate လုပ်ရာကနေစတာပဲ။အဲဒီမှာ မောင်ပန်း
ညို က မော်လဝီနှင့်ယောဂီ ဆိုတဲ့စာတမ်းကိုရေးပြီး
နမ္မားရွာသူကြီး ဦးခနဲ့မိသားစုရဲ့ ငွေကြေးထောက်ပံ့မှု
နဲ့ မန္တလေးမြို့ အမျိုးသားပုံနှိပ်တိုက် ကနေ ထုတ်ဝေခဲ့
တယ်။ဒါကြောင့် ပထမစာအုပ်ထွက်ချိန်ဟာ ၁၉၃၁
ဖြစ်တယ်။

၁၉၃၀မှာ တေလဂူဆိပ်ကမ်းအိန္ဒိယအလုပ်သမားတွေ
ကနေစတင်တဲ့K-B အဓိကရုဏ်းဖြစ်ပြီး၁နှစ်အကြာမှာ
ဒီစာအုပ်ထွက်လာတာဖြစ်ပါတယ်။

အဲဒီမောင်ပန်းညိုရေးတဲ့ မော်လဝီနှင့်ယောဂီ စာတမ်း
ကိုရွှေဘိုခရိုင် မြေဒူးရွာက ဆေးဆရာ အဗ္ဗဒွလ္လာဟ်
ခေါ် မောင်ဆင်က ဖတ်ပြီးချေပရေးသားပြန်တယ်။
မောင်ဆင်က ပါဠိပါဒ်သားနဲ့ သူ့စာတမ်းကို"မော်လဝီ
ယောဂီစာတမ်းဝိနိစ္ဆယကျမ်း" လို့အမည်ပေးပြီး
မောင်ပန်းညို ရေးထားတာမှားကြောင်းထောက်ပြ
ခဲ့တယ်။

တစ်ခါ အဲဒီနှစ်ထဲမှာပဲ မြေဒူးရွာက ကျောင်းဆရာ
ဦးရွှေဖီ က စာအုပ်တစ်အုပ်ထုတ်ပြန်တယ်။သူက
သူ့စာအုပ်ကို မော်လဝီယောဂီသြဝါဒစာတမ်းလို့
အမည်ပေးတယ်။သူ့စာအုပ်မှာအပိုင်း၃ပိုင်းပါကြောင်း
သိရတယ်။ပထမပိုင်းကမောင်ပန်းညို ရေးသားချက်၊
ဒုတိယပိုင်းမှာ မောင်ဆင်ရဲ့ရေးသားချက်အာဘော်၊
တတိယပိုင်းမှာ သူ့တင်ပြချက်ဖြစ်ပါတယ်။သူ့တင်ပြ
ချက်ဆိုတာ မောင်ပန်းညိုကိုချေပတာပဲ။အဲတော့
သူ့စာအုပ်က အစုံဆုံးဖြစ်သွားတယ်။ဒီစာအုပ်ကို
၁၉၃၁ Eumoose ရဲ့ အမျိုးသားပုံနှိပ်စက်မှာ ရိုက်
နှိပ်ခဲ့တယ်။ဒါစာအုပ်ဖြစ်ပေါ်လာပုံ။

အခုဆိုစာအုပ်က၃အုပ်ဖြစ်သွားပြီ။ဦးရွှေဖီက သူ့စာ
အုပ်ကိုအုပ်ရေ၁၀၀၀ရိုက်ပြီဖြန့်တယ်။၁၉၃၁ ရွှေဘို
မြစ်ကြီးနား မန္တလေးတို့ကို ဒီစာအုပ်ရောက်သွားပြီ။
အဲဒီနောက်၅ နှစ်အကြာအထိ ဘာဆိုဘာမှမဖြစ်ခဲ့
ဘူး။

၁၉၃၆ ကိုရောက်တော့ ရန်ကုန်မှာ နေတဲ့ မိုဟာမက်
ဟာရှင်ပတေး က ဒီစာအုပ်ကိုတွေ့ပြီးမန္တလေးမှာပဲ
ဒုတိယအကြိမ်ပြန်ရိုက်တယ်။သူရိုက်တာကလည်း
အစုံဆုံးဖြစ်တဲ့ဦးရွှေဖီစာအုပ်ပဲ။မိုဟာမက်ဟာရှင်
ပတေးဆိုတာအဲဒီခေတ်က ပဒုမ္မာပိတ် လက်ကား
ရောင်းဝယ်ရေးလုပ်နေတဲ့ဟာရှင်ပတေး ရဲ့သားဖြစ်
ပါတယ်။သူက တတိယအကြိမ်လူကြိုက်များမှန်းသိ
လို့(စီးပွားရေးအရလည်းဖြစ်ကောင်းဖြစ်မယ်လို့ယူဆ
ရ)နောက်ထပ်၂၅၀၀ ထပ်ရိုက်တယ်။

အဲဒီအချိန်မြန်မာဝံသာနုတွေက နိုင်ငံခြားဖြစ်ပစ္စည်း
တွေကိုမြန်မာလူထုမသုံးဖို့တားမြစ်နေချိန်ဖြစ်ပြီး ပိတ်
ပါးပဒုမ္မာဝတ်ရင်သံချိတ်နဲ့ဆွဲဖြဲတဲ့ကာလ။မိုးညှင်း
ဘုန်းကြီးက မြန်မာကုမ္မာရီအမျိုးသမီးများဟာပါး
လွှာတဲ့ပဒုမ္မာအစား ယောဂီရောင် အင်္ကျီများကိုသာ
ဝတ်သင့်ကြောင့် ပြောတဲ့ စကား(သူတို့အခေါ်တရား)
က မြန်မာလူထုကြားမှာ ခေတ်စားနေချိန်။အဲတော့
ကြည့်ရတာ ဟာရှင်ပတေးတို့ အပနားစီးပွားရေးက
ထိခိုက်လာတယ်ထင်ပါတယ်။
....အဲဒါကိုမကျေနပ်လို့ မဒုမ္မာပိတ် လက်ကားဖြန့်သူ
ဟာရှင်ပတေးကလက်စားချေဖို့ ဦးရွှေဖီရဲ့ မော်လဝီ
ယောဂီသြဝါဒစာတမ်းကိုဖြန့်ဝေရိုက်နှိပ်ခဲ့တာဖြစ်
ကြောင်း......အဲဒီခေတ်က ထားဝယ်အမတ်ဖြစ်သူ
အိပ်စီခူး က လွှတ်တော်မှာတင်ပြတယ်။တကယ်ဒီ
အတိုင်းဟုတ်မဟုတ်အတပ်ပြောဖို့ကျနော်မှာ အ
ထောက်ထားမရှိပါ။

ဒါကိုကြည့်ခြင်းအားဖြင့် မော်လဝီနဲ့ယောဂီစာတမ်း
ဟာနှစ်ပဲတစ်ပြားတန် ကလောဆဲပြီးမဟုတ်ကဟုတ်
က စာအုပ်တော့မဟုတ်တာထင်ရှားနေတယ်။ဒိဘိတ်
အစစ်စာတမ်းတစ်စောင်ဖြစ်ဖို့များတယ်။ဒါပေမဲ့ အခု
ထိကျနော်ရှာလို့မရသေးဘူး။

အဲလိုနဲ့၁၉၃၆မှာလည်း ဒီကိစ္စဟာ လွှတ်တော်ထဲ
အထိရောက်ခဲ့ဖူးတဲ့ကိစ္စအဖြစ်စရင်းဝင်သွားခဲ့တာ
တောင် ဘာပြဿနာမှမဖြစ်ခဲ့ဘူး။၁၉၃၈ ဇွန်လကို
ရောက်တော့ ဦးရွှေဖီစာအုပ်ကို မောင်ထင်ဘော် က
ရရှိခဲ့တယ်။မောင်ထင်ဘော်ဟာ ဟံသာဝတီတရား
ရုံးရဲ့စာရေးလည်းဖြစ်သလို မောရိယပုံနှိပ်တိုက်ရဲ့ 
ညအယ်ဒီတာလည်းဖြစ်ပြီးစာရေးဆရာလည်းလုပ်
တယ်။အဲဒီမောင်ထင်ဘော်ကို တွံတေးက အမဲသတ်
လိုင်စင်ရ အဗ်ဒွရ်ရရှစ်ဒ် က ဖတ်ဖို့ပေးလိုက်တာပါ။
အဲဒီအချိန်မောင်ထင်ဘော်က The Abode of
Nat(နတ်ကိုးကွယ်ခြင်း)ဆိုတဲ့စာအုပ်ရေးနေချိန်။
အဲဒီသူ့စာအုပ်ရဲ့နောက်ဘက်မှာ ဦးရွှေဖီရဲ့ စာအုပ်
က ဗုဒ္ဓဘာသာကို ထောက်ထားတဲ့အချက်တွေကို အ
ပိုင်းလိုက် နောက်ဆက်တွဲအဖြစ်ရိုက်ပြီးဗုဒ္ဓဘာသာ
ကိုစော်ကားတယ်လို့ဟိုက်လိုက်လုပ်တင်ပြထားခဲ့
တယ်။ဒါ ၁၉၃၈ ဇွန်လထဲမှာ။စာအုပ်ထွက်ချိန်နဲ့စစ်
ရင် စာအုပ်ထွက်ပြီး ၇နှစ်အကြာမှာဖြစ်တယ်။

၁၉၃၈ ဇူလိုင်လ ၁၉ရက်နေ့ထုတ် သူရိယသတင်းစာ
မှာဦးရွှေဖီစာအုပ်အကြောင်းကိုပထမဆုံးပုံနှိပ်ဖော်ပြ
လာတယ်။အဲဒီနေ့မှာပဲလယ်တီဦးဝိသုဒ္ဓစာရကန့်ကွက်
ကြောင်းရှေ့မှာတင်ပြခဲ့တယ်။အဲလိုဖြစ်လာတော့ တိုး
တက်ရေး နဲ့ မြန်မာ့အလင်းသတင်းစာ၂စောင်က
မောင်ထင်ဘော်ဆီမှာ ဒီစာအုပ်ကိုလာတောင်းတယ်။
နောက်ဘုန်းကြီး၂ယောက်ကလာတောင်းပြန်တယ်။
ဒါပေမဲ့မောင်ထင်ဘော်စာအုပ်ကို မှုခင်းရဲတပ်ဖွဲ့က
သိမ်းသွားပြီ။ဒီအထိဘာမှမဖြစ်သေးဘူး။တစ်ဖက်
မှာ ရေနံမြေသပိတ်ကြီးဖြစ်နေတာ ၈လထဲကိုဝင်
လာပြီ။

သူရိယသတင်းစာဆိုတာ အဲဒီတုန်းက ဂဋ္ဌုန်ဦးစော
ပိုင်သတင်းစာဖြစ်တယ်။တကယ်တော့ သူရိယသတင်း
စာဟာဒါကိုထည့်သွင်းမဖော်ပြခင် ၂အရက်အရင်
ဇူလိုင်၁၆ရက်နေ့ကတည်းက မြန်မာ-မွစ်စလင် ထိမ်း
မြားမှု ပုံစံမမှန်ကန်ကြောင်းပထမဆုံးစရေးခဲ့တာပါ။
အဲဒါကို Mujahed-F-Burmaက မြန်မာသတင်းစာ
တွေဟာ လူမျိုးရေးမုန်းတီးမှုကိုဖြစ်ပေါ်စေရန် ရေး
သားလှုံ့ဆော်နေပါသည်လို့ ဇူလိုင်လ၁၉ရက်နေ့မှာ
ဝေဖန်ခဲ့တယ်။၂၀၁၀ခုနှစ်ကတည်းကဂျာနယ်သတင်း
စာတော်တော်များများကို ဂရုတစ်စိုက်အခြေနေအရ
ဖတ်ခဲ့ဖူးတဲ့ကျနော့်အတွက် ဒီစကားဟာ အမှန်တရား
ဖြစ်တယ်လို့မြင်တယ်။

၂၀၁၂ကနေ ၂၀၁၆ အထိမြန်မာပြည်မှာထွက်ခဲ့တဲ့
နေ့စဉ်သတင်းစား၊အပတ်စဉ်ဂျာနယ်၊စသည့်အားလုံး
ဟာ ကိုလိုနီခေတ်တုန်းက မြန်မာသတင်းစာတွေလုပ်
ခဲ့ဖူးတဲ့အတိုင်းကွက်တိပဲ။တစ်ခါ အဆိုပါအဖွဲ့ကပဲ
မြန်မာသတင်းစာက မြန်မာ-မွစ်စလင်ကွဲပြားမှုဖန်တီး
နေခြင်းကို ဝမ်းနည်းကြောင်းရေးသားပြန်တယ်။

၁၉၃၈ ဇူလိုင်လ ၂၁ရက်နေ့ထုတ် သူရိယသတင်းစာ
မှာသရက်တောကျောင်းတိုက်က ဦးကိတ္တိမရဲ့ ဆောင်း
ပါးကလူထုကိုလှုံ့ ဆော်ပေးလိုက်သလိုဖြစ်စေခဲ့တယ်။
....ရွှေကိုယူသည်.... ငွေကိုယူသည်.....ပြီးနောက်
လူကိုယူသည်.....ဆိုတဲ့ ယနေ့၉၆၉တို့ရဲ့ လက်သုံး
စကားက လူထုကြားကိုပျံ့ထွက်လာတယ်။တစ်ခါ
သူရိယသတင်းစာမှာပဲ သာသနမာမက္ခရဟန်းပျိုများ
အစည်းအရုံးက သတင်းဖြန့်ချီရေးမှူး ဦပဒုမက ဦးရွှေ
ဖီစာအုပ်ကိုရှုံ့ ချပြီးအပြင်းအထန်ထိရောက်တဲ့ဆောင်
ရွက်မှုတွေပြုလုပ်ဖို့ အစည်းအရုံးကိုတိုက်တွန်းလိုက်
တယ်။

ရန်ကုန်ထုတ် အိန္ဒိယသတင်းစာ Daily Sher က
ဒါကိုဝမ်းနည်းကြောင်း၊မြန်မာနိုင်ငံရှိအိန္ဒိယသားများ
အားမမုန်းတီးစေလိုကြောင်းရေးသားဖော်ပြခဲ့တယ်။

ဇူလိုင်၂ရက်နေ့မြန်မာ့အလင်းသတင်းစာမှာ ဒီကိစ္စ
အတွက် ဟာရှင်ပတေးမှာတာဝန်ရှိတယ်လို့ရေးတယ်။
ဘုံပျံကျောင်းဆရာတော်ကဝန်ကြီးချုပ်နဲ့ပြည်ထဲရေး
ကိုစာပို့ပြီးမီးမလောင်ခင်တားသင့်ကြောင်းတင်ပြ
တယ်။

ဇူလိုင်၂ရက်နေ့Thihaသတင်းစာက အဓိကရုဏ်း
များဖြစ်လာရန်အလားအလာရှိနေပြီးဖြစ်ကြောင်း
အစိုးရကိုသတိပေးတယ်။

Saithan သတင်းစာကလည်း မီးမလောင်ခင်တား
ပေးရန်အစိုးရမှာတာဝန်ရှိကြောင်းရေးတယ်။

ဦးပဒုမက ဇူလိုင်၂၆ရက်နေ့ မှာ လူထုအစည်းအဝေး
ပွဲလုပ်ဖို့လှုံ့ဆော်တယ်။ဒေါက်တာဘမော်အစိုးရက
အရေးမလုပ်ဘူး။ဘာကြောင့်လဲဆိုတာ နောက်ပေါ်
လာမယ်။အချိန်ကြာလာတဲ့အခါ မြန်မာ့ထုံးစံအတိုင်း
တလွဲဆံပင်ကောင်းတဲ့ဒေါ်သတွေလျှံထွက်လာတယ်။
အဲဒီအချိန်ရေနံမြေအလုပ်သမားသပိတ်ဟာ ခြိမ့်ခြိမ့်
သဲသဲ ဖြစ်နေပေမယ့်အဲဒီရက်အတွင်း သတင်းစာ
ဂျာနယ်တွေမှာ ဒီသတင်းမပါတော့ဘူး။ဦးရွှေဖီသ
တင်းနဲ့ချည်းပြည့်သွားတယ်။ဇူလိုင်၂၄ရက်နေ့မှာ
ရွေတိဂုံဥပသကာ အဖွဲ့ကအစည်းအဝေးအစီစဉ်
စာရွက်တွေကို တစ်မြို့လုံးအနှံ့လိုက်ဝေတယ်။ဇူလိုင်
၂၄၊၂၅ ၂ရက်စလုံးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ
မွစ်စလင်များအဖွဲ့ချုပ်က စာအုပ်ထုတ်ဝေခြင်းနဲ့
ပက်သက်ပြီးအလွန်ဝမ်းနည်းကြေကွဲပါကြောင်း၊
အဲဒီစာအုပ်နဲ့ပက်သက်ပြီးအဖွဲ့ချုပ်ကလုံးဝပက်သက်
ဆက်နွယ်မှုမရှိကြောင်းသတင်းထုတ်ပြန်ကြေငြာခဲ့
တယ်။

အဲဒီကာလထဲ တို့ဗမာအစည်းအရုံးဘာလုပ်နေ
သလဲမေးစရာရှိတယ်။တို့ဗမာအစည်းအရုံးဟာ
ဗမာအမျိုးသားရေးဝါဒကိုအခြေခံပြီး နိုင်ငံခြားသား
မုန်းတီးရေးကြွေးကြော်ကာဖွဲ့ခဲ့တဲ့အဖွဲ့ဖြစ်လို့အခုဘာ
လုပ်နေလဲမေးရင် သူကအလုပ်သမားသပိတ်ထဲ
ရောက်နေတယ်။ဇူလိုင်လထဲမှာ သန်လျင်ဖယောင်း
ချက်စက်ရုံမီးလောင်တယ်။သခင်အများစုကိုလည်း
ဖမ်းထားတယ်။တစ်ခါ အစည်းအရုံး၂ခြမ်းကွဲသွား
တာကိုဖြေရှင်းနေရတယ်။

အဲလိုနဲ့ ချိန်းထားတဲ့ ဇူလိုင်၂၆ရက်နေ့ကိုရောက်လာ
တယ်။နေ့လည်၁နာရီမှာ ရွှေတိဂုံဘုရားပေါ်စုဝေးလာ
ကြတယ်။အစည်းအဝေးတက်ရောက်သူ၁သောင်းခန့်
ရှိပြီးဘုန်းကြီး၁၅၀၀လောက်တက်တယ်။၃.၄၅မိနစ်
မှာ ရန်ကုန်ဗဟိုသာသနာမာမက္ခရဟန်းပျိုဥက္ကဋ္ဌဖြစ်
တဲ့သရက်တော ကျောင်းတိုက်က ဦးကုမာရ ကတန်း
စီလှည့်လည်ဆန္ဒပြဖို့ဆော်သြလိုက်ပါတော့တယ်။သူ
တို့အားလုံးသိမ်ကြီးဈေးဆီချီတက်လာတယ်။အဲဒီလို
စီတန်းလှည့်လည်လာတာကိုရန်ကုန်ပုလိပ်အဖွဲ့က
တားတယ်။အဲလိုတားပြီးပုလိပ်အဖွဲ့ကဘုန်းကြီးတွေ
ကိုဆွဲဖယ်တဲ့အခါ ဆွဲဖယ်တဲ့ပုလိပ်တွေကအိန္ဒိယသား
တွေဖြစ်နေတဲ့အတွက်ပြဿနာကပိုဆိုးလာတယ်။အဲ
တုန်းက ရဲအမှုထမ်းအားလုံးနီးပါးက အိန္ဒိယသားတွေ
ချည်းပဲ။အဲလိုနဲ့အဓိကရုဏ်းစတင်ဖြစ်ပွားခဲ့တယ်။
ကျန်တာအခြားသမိုင်းစာအုပ်တွေမှာတင်ပြထားပြီး
သားဖြစ်လို့မရေးတော့ဘူး။

ဥရောပသမိုင်းဆရာတွေက ဒီဒုတိယအကြိမ်ဖြစ်တဲ့
အဓိကရုဏ်းအကြောင်းရေးတဲ့အခါ မြန်မာကိုအပြစ်
ဖို့ထားတယ်။မြန်မာက အိန္ဒိယသားတွေနဲ့အစိုးရကို
အပြစ်ဖို့ပြီး သူ ကိုယ်တိုင်ကသူတော်ကောင်းဖြစ်
ကြောင်း မျက်ရည်ခြူရေးနည်းနဲ့ရေးတယ်။

သမိုင်းဆရာ ဂျီ အီး ဟာဗေးက အိန္ဒိယအမျိုးသား
သေဆုံးသူဦးရေ၊ဆုံးရှုံးရမှုတွေကို အကျယ်တဝံ့တင်
ပြခဲ့တယ်။

အဲတော့ ဒီအရေးခင်းရဲ့အဖြစ်မှန်ကိုကြည့်ရအောင်။
သမိုင်းဆိုတာ ဘယ်ကလာပြီး ဘယ်လိုသွားမယ်ဆို
တာပြောတာဖြစ်လို့ ယနေ့ခင်ဗျားကျနော်ရင်ဆိုင်ခဲ့ဖူး
တဲ့ခေတ်သစ်အဓိကရုဏ်းဖြစ်စဉ်နဲ့နှိုင်းယှဉ်လေ့လာ
ရင်ပိုအကျိုးရှိတယ်။

စုံစမ်းရေးကော်မတီက ပထမဆုံး တို့ဗမာအစည်းအရုံး
ကြောင့်လို့စွပ်စွဲတယ်။နောက်ပိုင်းမှာ အစည်းအရုံး
ပယောဂမပါကြောင်းအစိုးရအာဏာပိုင်တွေကထုတ်
ပြောလာတယ်။

ထုံးစံအတိုင်း မြန်မာမျိုးချစ်တလွဲဆံပင်ကောင်းတွေ
ကရွှေဖီစာအုပ်ကြောင့်ဆိုတယ်။တစ်ချို့က အစိုးရ
ကြောင့်စသဖြင့်ဆိုကြတယ်။

အစိုးရဖြစ်တဲ့ ဒေါက်တာဘမော်က သူတို့အစိုးရပြုတ်
ကျရေးအတွက်ဦးစောနဲ့ဆန့်ကျင်ဘက်မြန်မာနိုင်ငံရေး
သမားတွေကလုပ်ကြံကြခြင်းဖြစ်တယ်လို့ဆိုတယ်။

အဲတော့အနုစိပ်သုံးသပ်ကြည့်ရင်
၁။သတင်းစာ ၂။ဘမော်အစိုးရ ၃။ဦးစောနဲ့အဖွဲ့
(တစ်ခုသိရမှာက အဲဒီအချိန်က ဘမော်အစိုးရဆိုတာ
ပထမဆုံး ဗြိတိန်ရဲ့တိုက်ရိုက်ကျွန်အဖြစ်အိန္ဒိယကနေ
ခွဲထုတ်ပြီး ၁၉၃၅ အက်ဥပဒေနဲ့ဗမာလူမျိုးကိုနန်းရင်း
ဝန်ရာထူးပေးပြီးအုပ်ချုပ်စပြုတဲ့အချိန်။၉၁ဋ္ဌာနကို
ဗမာတွေစိတ်တိုင်းကျရွေးချယ်ပြီး ဘုရင်ခံနဲ့တိုင်ပင်
ကာအုပ်ချုပ်တဲ့စနစ် မြန်မာ့ပထမဆုံး ဒီမိုကရေစီဆန်
တဲ့၁၉၃၅ အက်ဥပဒေ)

ဦးစော
၁၉၃၆မှာ ဒုတိယအကြိမ် ကျောင်းသားသ
ပိတ်ကြီးဖြစ်ပေါ်ခဲ့လို့ ဒုတိယကျောင်းသားသပိတ်
လို့အမည်တွင်တယ်။

အဲဒီမှာပဲ ဗကသ ဆိုတာပေါ်လာတာ။M.A Rashid
ဗကသ ဥက္ကဋ္ဌဖြစ်တဲ့ခုနှစ်။အဲဒီမှာ ဘမော်အစိုးရ
အသုံးမကျလို့ နာမည်ပျက်တယ်။ဘမော်ကိုစပြီး
လူထုချဉ်တာ အဲဒီအရေးခင်းပဲ။ဒီလိုဖြစ်ပြီး၁နှစ်
ကျော်ကျော်အကြာမှာတစ်ခါထပ်ပြီး ၁၉၃၈ရေနံ
မြေ သပိတ်ဖြစ်လာတဲ့အပြင်သပိတ်ကိုမဖြေရှင်းနိုင်
လို့သပိတ်ကြာလာတော့ မြန်မာလူထုရဲ့ သည်းမခံနိုင်
တဲ့စိတ်အခံကိုဆွပေးပြီး ဘမော်ကိုတိုက်တယ်။
ဦးရွှေဖီစာအုပ်ရဲ့အစကိုဆွဲထုတ်လာပြီး သူပိုင်တဲ့
သူရိယသတင်းစာကနေဖွပေးလိုက်တယ်။အဲဒီနောက်
ဘုန်းကြီးနဲ့မြန်မာလူထုကြွလာတဲ့အခါ အဓိကရုဏ်း
ဖြစ်လာတယ်။အကျိုးဆက်က ဘမော်အစိုးရကို အယုံ
အကြည်မရှိအဆိုတင်သွင်းပြီးဖြုတ်ပစ်လိုက်နိုင်တယ်။
ဒါ ဦးစောက ဘမော်ကိုအနိုင်ပိုင်းသွားတဲ့အချက်။

အနိုင်ရမှုရဲ့နောက်မှာ ဘာအကျိုးဆက်တွေကျန်ခဲ့
သလဲဆိုရင်မုန်းတီးမှု၊မယုံကြည်မှုတွေနဲ့သွေးတွေပဲ။

ဘမော်
ဒေါက်တာဘမော်ဆိုတာ ခေတ်ပညာတတ်အကျော်
အမော်တစ်ယောက်ပါ။ဒါပေမဲ့ သူလည်း ရိုးရာအ
ကောင်ဗလောင်ကိုကျော်လွှားပြီးလုပ်ရဲကိုင်ရဲတဲ့
သတ္တိတော့မရှိဘူး။မြန်မာပီသတယ်။၁၉၃၈သြဂုတ်
၂၆ရက်နေ့ စတုတ္ထအကြိမ်မြောက် ဥပဒေကောင်စီ
ဆွေးနွေးပွဲမှာ မန္တလေးက Ganga Singh ကရဟန်း
ပျိုအသင်းနဲ့ဘမော်တို့အဆက်သွယ်ရှိကြကြောင်း၊
အရေးခင်းကြီးလာအောင်ဖန်တီးခဲ့တဲ့ သရက်တော
ဘုန်းကြီး ဦးကုမာရ ဟာ ဒေါက်တာဘမော်ရဲ့ ဘုန်း
ကြီးဖြစ်နေတာအားလုံးသိကြကြောင်း၊နန်းရင်းဝန်
ဘမော်ဟာ ဘာသာရေးမုန်းတီးမှုကို အကြောင်းပြု
ပြီး သူ၏နိုင်ငံရေးအားအမြတ်ထုတ်ရန် လုပ်ခဲ့ခြင်း
ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့တယ်။

ဘမော်နဲ့ရဟန်းပျိုအသင်းပက်သက်ဆက်နွယ်မှုရှိ
တာအမှန်ပဲလို့ပြောလို့ရတယ်။ဘာလို့မင်းပြောနိုင်
တာလဲဆိုရင်
၁။တွဲရေး-ခွဲရေးကိစ္စတုန်းက ဘုန်းကြီးသြဇာကိုသုံး
ပြီးမဲအနိုင်ရအောင် ဘမော်လုပ်ခဲ့ဖူးတယ်။
၂။ရေနံချောင်းသပိတ်မှာလည်း ရဟန်းပျိုဘုန်းကြီး
၁၄ယောက်ကိုအသုံးချပြီး သပိတ်တားဖို့လုပ်ခဲ့တယ်။
ဒီအလုပ်ကိုလုပ်နိုင်အောင် သူ့အဖွဲ့က အမတ်လောင်း
ဦးဘစောနဲ့ ဦးဘဦးတို့ကကူညီခဲ့တယ်။
၃။ရေနံမြေပေါ်မှာ ဘမော်လက်ကိုင်တုတ်ဘုန်းကြီး
တွေက သပိတ်ပြိုကွဲရေးတရားလို့သူတို့ပြောတဲ့
နိုင်ငံရေးစကားတွေပြောခဲ့တယ်။
၎။၂၆.၇.၁၉၃၈ ရက်နေ့ ညနေ ၃.၄၅မိနစ် ရွှေတိဂုံ
ဘုရားပေါ်ကနေ သိမ်ကြီးဈေးကို ချီတက်ကန့်ကွက်
ဆန္ဒပြတာကိုလှုံ့ဆော်တဲ့ဘုန်းကြီးဟာ ဦးကုမာရ ဖြစ်
နေတယ်။
၅။ဦးကုမာရဟာ ရဟန်းပျိုအကြီးအကဲလည်းဖြစ်နေ
တယ်။
ဒါကြောင့်၁ကနေ၅အထိ ချုပ်ရင် ရွှေသမင်ဘယ်က
ထွက်ဆိုတာရှင်းနေပါတယ်။အဲတော့ ဘမော်ကိုယ်
တိုင် သူမဖြေရှင်းနိုင်တဲ့ အလုပ်သမားသပိတ်ကြီးကို
အာရုံပြောင်းသွားအောင်လှည့်စားလိုက်တယ်ဆိုရင်
လည်း ယုတ္တိရှိနေတယ်။

နောက်တစ်ချက်က
အဓိကရုဏ်းပိုကျယ်ပြန့်သွားစေခဲ့တာဟာ ဘမော်ရဲ့ 
လိမ္မာမှုလား၊မရိုးသားမှုလားတော့တိတိကျကျပြော
မရဘူး။ဘာလို့ဆိုတော့သူ့ရဲ့အဲဒီခေတ်ကအသုံး
ပုလိပ် သူ့ရဲ့အထူးပုလိပ် အထူးရဲတွေကြောင့်
အဓိကရုဏ်းပိုကျယ်ပြန့်သွားတာပါ။အဓိကရုဏ်း
စဖြစ်တော့ ဘမော်က ရန်ကုန်ရဲမင်းကြီးကိုခေါ်ပြီး
အထူးပုလိပ်ခန့်ထားဖို့ ပုံစံအလွတ်သာရွက် ၂၈၀ပေါ်
မှာ လက်မှတ်ထိုးခိုင်တယ်။ပုံစံဆိုတာ ဖောင်စာရွက်
ဖြစ်မယ်ထင်တယ်။ပြီးတာနဲ့ သူ့ရဲ့ ဓားမတပ်က လူ
တွေကိုအထူးပုလိပ်အဖြစ်ခန့်ထားလိုက်တာပဲ။သူတို့
အားလုံး ကော်ဖီဆိုင်တွေထဲဝင်ပြီး ကော်ဖီသောက်ကြ၊
လက်တွေမှာ ဓားတွေကိုင်ပြီးမြန်မာတွေကိုမြောင့်ပင့်
ပေးခဲ့တာတွေလည်းရှိခဲ့တယ်။အထူးပုလိပ်နဲ့အဓိက
ရုဏ်းမှာ ပါဝင်သူတွေကိုခွဲခြားရခက်လှကြောင်းစုံ
စမ်းရေးကော်မတီအစီရင်ခံစာမှာတင်ပြထားတယ်။
အဲတော့ အင်္ဂလိပ်လုပ်တာလား ဘမော်လုပ်တာလား?

အဲတော့ချုပ်ရင်လူမျိုးရေး ဘာသာရေးအဓိကရုဏ်း
တွေဟာပြည်သူအချင်းချင်းမုန်းတီးပြီး ထသတ်ကြ
တာမဟုတ်ဘူးဒီကိစ္စတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့
အုပ်ချုပ်သူလူတန်းစားရဲ့ အရောင်ဖျောက်ထားသော
လက်မဲ(Invisible Black Hand)တွေမပါဘဲ မဖြစ်
ဘူးဆိုတာကိုပြောချင်တာပဲ။

၁၉၃၈ ဒုတိယအကြိမ် ဘာသာရေး လူမျိုးရေး
အဓိကရုဏ်းဟာ ဘမော်၊ဦးစောနဲ့အဲဒီခေတ်က
ပထမဆုံး၉၁ဋ္ဌာနအာဏာရတဲ့ မြန်မာအုပ်ချုပ်သူ
လူတန်းစားရဲ့ ကိုလိုနီခေတ် အာဏာလုမှုမှတ်တမ်း
တစ်ခုပဲ။စာရေးသူကျနော်ဟာ အနော်ရထာကနေ
ဒေါ်စုအထိသော ရာစုနှစ်၁၁ခုကြာ မြန်မာ့သမိုင်းက
အုပ်ချုပ်သူလူတန်းစားရဲ့ အာဏာလုတဲ့သမိုင်းဆိုး
ကြီးတော်တော်များများကိုအထောက်ထားတွေနဲ့ရေး
သားခဲ့တယ်။ကျနော်သုံးနေကျ မြန်မာတွေ ဆင်နဲ့မြင်း
နဲ့ ပလ္လင်နဲ့ဆင်နဲ့ဖြစ်ပြီးဆိုတဲ့ အေဒီ၁၁ရာစုကနေ ယဉ်
ကျေးသင့်ပါပြီ(နိုင်ငံရေး)လို့ပြောရမယ့်၂၁ရာစုအထိ
အချင်းချင်းခွက်စောင်းခုတ်ပြီး အာဏာလုခဲ့ကြတဲ့
သမိုင်းကြောင်းမှာ မော်ကွန်းဝင်မှတ်တမ်းတင်ရမယ့်
အာဏာလုမှုမှတ်တမ်းတစ်ခုကျန်ခဲ့တယ်။အဲဒီမှတ်
တမ်းက အခုပြောတဲ့ ဘမော်-ဦးစောအာဏာလုမှု
မှတ်တမ်းပဲ။သူတို့အာဏာလုမှုမှာ စတေးလိုက်တာ
က လူမျိုး၂မျိုးရဲ့သွေးချွေးနဲ့အသက်အိုးအိမ်စည်း
စိမ်တွေပဲ။

အာဏာရဖို့အတွက် မြန်မာအုပ်ချုပ်သူလူတန်းစား
ဟာသားကိုတောင်သတ်ခဲ့ကြသူတွေဖြစ်လို့ ဘယ်လို
ယုတ်နိမ့်အောက်တန်းကျမှုမျိုးကိုမဆို အာဏာအ
တွက်ဆိုရင် ကျူးလွန်ဖို့အမြဲတမ်းအဆင်သင့်ရှိတယ်
ဆိုတဲ့သာဓကပါပဲ။အထောက်ထားပေးရရင် ၁၀၄၄
ကနေစတင်တဲ့ မြန်မာသမိုင်း အနော်ရထာတို့ပုဂံ
မင်းဆက်မှာ ကျော်စွာခေါင်းပြတ်သွားချိန်အထိနှစ်
ပေါင်း ၂၅၀ကျော် မင်းဆက်၂၂ဆက်အုပ်ချုပ်ခဲ့ရာ
မှာ ၁၇ဆက် အာဏာသိမ်းပြီး ၁၆ဆက် ရက်ရက်
စက်စက် အသေဆိုးနဲ့သေရတဲ့အထိ လုပ်ကြံခံခဲ့ရ
တာဖြစ်ပါတယ်။ပထမမြန်မာနိုင်ငံတော်ကိုတည်
ထောင်ခဲ့သူဖြစ်တဲ့ သာသနာပြုမင်းတရားကြီး
အနော်ရထာ ဘာညာ ကလေးတွေအော်အော်ဖတ်
နေတဲ့ မင်းတရားတောင် အလောင်းရှာမရခဲ့ဘူး။

အဲဒီနောက် လွင်ပြင်မှာ တစ်တောတစ်ကြက်ဖ
တွန်ကြတဲ့ မဖြစ်ညစ်ကြယ် ပင်းယ မြင်စိုင်း စစ်ကိုင်း
တို့ရဲ့ခေတ်ကိုရောက်တော့လည်း ဒီဗီဇကမပျောက်
သွားပဲ ၃ခုပေါင်း ပျှမ်းမျှမြို့သက်၄၉နှစ်အတွင်း
ရှင်ဘုရင်၁၃ယောက်စိုးစံကြရာမှာ ၇ဆက်လုပ်ကြံ
အာဏာသိမ်းခဲ့ရပါတယ်။ဒီအာဏာသိမ်းမှုမှာ လုပ်
ကြံသတ်ဖြတ်အာဏာသိမ်းတာအပြင် ဆင်ဖြူပြပြီး
အာဏာသိမ်းတာ နဲ့ စစ်တပ်နဲ့ခြိမ်းခြောက်ပြီးအာ
ဏာသိမ်းတာစတဲ့ အာဏာသိမ်းနည်း၂နည်းအသစ်
တိုးလာခဲ့တယ်။

အဲဒီနောက် ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်
ခဲ့ပါတယ်ဆိုတဲ့ တပင်ရွှေထီးနဲ့ဘုရင်နောင်တို့တောင်ငူ
သား သမီးယောက်ဖ၂ယောက်ဦးဆောင်တဲ့ခေတ်ကို
ရောက်ပြန်တယ်။အေဒီ၁၅၄၀ ဗျူဟာမြောက်မုတ္တ
ထိုးစစ်အောင်မြင်ပြီးနောက် တရားဝင်ဘိသိက်ခံတဲ့
နှစ်ကနေ အင်ပါယာမီးလောင်ပြာကျသွားတဲ့ ၁၅၉၉
ခုနှစ်အထိ ၅၉နှစ်အတွင်း ရှင်ဘုရင်၃ယောက်စိုးစံ
ကြရာမှာ ၂ဆက် လုပ်ကြံအာဏာသိမ်းခံရပြီးလက်
စတုံးစီရင်ခံခဲ့ရပါတယ်။ဒါ့အပြင် ဘုရင့်နောင်ရဲ့မြေး
တော်စုစုပေါင်း၁၁ယောက်မှာအမျိုးသမီးတစ်ယောက်
သာ အသက်ရှင်ပြီး ၁၀ယောက်မှာ ၉ယောက်က အ
သေဆိုးနဲ့သေခဲ့ကြရတယ်။

အဲဒီနောက် ဘုရင်နောင်နဲ့ခင်ပြည့်စုံကမွေးတဲ့
သား ညောင်ရမ်းမင်းရှင်သစ္စာတည်ထောင်တဲ့
အင်းဝအခြေစိုက် အင်းဝညောင်ရမ်းအင်ပါယာ
ကို ထူထောင်ကြပြန်တယ်။အဲဒီမှာ မင်းဆက်စုစု
ပေါင်း၁၁ဆက်စိုးစံကြရာမှာ ၅ဆက်လုပ်ကြံသတ်
ဖြတ်ခံရတယ်။ဒီလုပ်ကြံသတ်ဖြတ်မှုတွေထဲမှာ
မိခင်တွေနဲ့ လူမမယ်ကလေးတွေပါမကျန်လက်စ
တုံးစီရင်ခဲ့တဲ့သမိုင်းတွေလည်းရှိတယ်။ဥပမာ
ပင်းတလဲမင်းကိုသူ့ညီပြည်မင်းက မိသားတစ်စု
လုံးပေါင်းပြီး စီရင်သလို လူမမယ်ကလေးကိုရေနစ်
သတ်လိုက်တာတွေပါပဲ။

အဲဒီနောက် ရွှေဘိုက တောသားဦးအောင်ဇေယျက
မွန်နဲ့ချစ်ကြည်ရေးလုပ်တဲ့အနေနဲ့ မွန်တွေကိုရက်
ရက်စက်ခုတ်သတ်ပြီး ရွှေဘိုပြန် ကုန်ဘောင်ရိုး
ကို အစွဲပြုပြီး ကုန်းဘောင်ဆက်ကိုတည်ထောင်
ပြန်တယ်။အသက်၅၀အတွင်း တောသားရွာသူကြီး
ဘ၀ထဲနေခဲ့ရပေမယ့် မသေခင်၈နှစ်မှာတော့ ကံပါလာ
တော့ နန်းစည်းစိမ်ကိုခံစားလိုက်ရတယ်။တောသား
လို့ပြောရတာက ဦးအောင်ဇေယျဟာ တောသားအ
စစ်။မြန်မာရာဇ၀င်က အမွှန်းတင်ဘုရားနဲ့ဆွေမျိုးစပ်
တာကို အဟုတ်ထင်မနေနဲ့။အင်းဝပြာကျပြီးညောင်
ရမ်းဆက်ရဲ့ တိုင်းပြည်ဖျက်မင်း မဟာဓမ္မရာဇာဓိ
ပတိ ခေါ် ဟံသာဝတီပါမင်း သေတော့ ညောင်ရမ်း
ဆက်ပြတ်သွားတာ နန်းဓလေ့အစဉ်အလာတွေပါ
မကျန်ခဲ့ဘူး။မွန်နိုင်ငံရဲ့မင်းနေပြည်တော် ဟံသာဝတီ
ကို ပါချိန် အတူပါသွားတဲ့ အင်ရုံရွာစားတစ်ယောက်
အသက်နဲ့ကျန်ခဲ့လို တောသားဦးအောင်ဇေယျဟာ
အင်ရုံရွာစားကိုခေါ်ပြီး ညောင်ရမ်းနန်းဓလေ့ကိုပြန်
ရေးခိုင်းပြီး ညောင်ရမ်းနန်းဓလေ့အတိုင်းရွှေဘိုမှာ
နန်းတက်ခဲ့တာဖြစ်ပါတယ်။အဲတော့ နန်းဓလေ့
တောင် မသိသူက မင်းရိုးဖြစ်မယ်ပြောရင်လူရယ်
စရာဖြစ်ပြီပေါ့။မယုံရင် အင်ရုံစာတမ်းသွားဖတ်
ကြည့်ပါ။သူတည်ထောင်တဲ့ ကုန်းဘောင်ဆက်က
စုစုပေါင်း အင်ပါယာသက်တမ်း ၁၃၂နှစ်အတွင်း
ပျှမ်းမျှ ၁၂စီစိုးစံကြတဲ့ ရှင်ဘုရင်၁၁ယောက်မှာ
၆ယောက် အာဏာသိမ်းခံရပြီး ၂ယောက်အသေ
သတ်ခံကြရတယ်။အဲဒီနောက် သီပေါနဲ့သူ့မယား
ကို အင်္ဂလိပ်က မသွားတာ ၁၉၁၆ ရတ်နာဂီရိမှာ
(Ratnagiri)သီပေါသေလို့ နိဂုံးချုပ်သွားတယ်။
ဒါ ၁၀၄၄-၁၈၈၅ မြန်မာအုပ်ချုပ်သုလူတန်းစားရဲ့
လုပ်ကြံအာဏာသိမ်းမှုသမိုင်းကြောင်းပါ။

အင်္ဂလိပ်သိမ်းလိုက်တော့ မြန်မာတွေလက်ထဲ
အာဏာမရှိတော့လို့ ဘယ်သူ့ ဘယ်သူမှအာဏာ
မသိမ်းကြတော့ပါဘူး။လိမ္မာသွားကြသလားပေါ့
လေ။အဲဒီလိုထင်နေတုန်းမှာပဲ အင်္ဂလိပ်က ပထမဆုံး
အနေနဲ့ ၉၁ဌာနကို မြန်မာအမျိုးသားကို အုပ်ချုပ်ခွင့်
ပေးလိုက်တဲ့အခါ ဦးစောနဲ့ဘမော် အာဏာလုထသတ်
ကြတာ မဆိုင်တဲ့ လူသားမျိုးနွယ်တွေရဲ့ အသက်တွေ
ပါပေးလိုက်ကြရတာပါပဲ။ယခင်ပဒေသရာဇ်ခေတ်က
အာဏာလုတာက လုသူ-ခုခံသူ၂ဦး သို့မဟုတ်၂စု ထ
ချတာပါ။အခုခေတ်က ပဒေသရာဇ်တွေထက် ပို
အောက်တန်းကျလာပြီး နိုင်ငံရေးအာဏာအတွက်
ဘာသာရေးနဲ့ ဘာသာရေးဝန်ဆောင်တွေကိုပါအသုံး
ချပြီးလူသတ် မီးရှို့ အိုးအိမ်လုတဲ့အခြေနေအထိဖြစ်
လာခဲ့တာပါပဲ။

နောက်ဆုံးအချက်ကတော့ ဦးရွေဖီရဲ့
မော်လဝီနှင့်ယောဂီသြဝါဒစာတမ်းဟာ ၁၉၃၈
အဓိကရုဏ်းအတွက်သားကောင်အဖြစ်အသုံးချခံ
ခဲ့ရတာပါ။ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ပက်
သက်ြပီး Debate ဖြစ်တာ ဒီတစ်ကြိမ်ပဲရှိခဲ့တာမဟုတ်
ဘူး။သခင်မြတ်ဆိုင် ရဲ့ကျောက်ကွင်းအရေးတော်ပုံစာ
အုပ်လည်းထွက်ဖူးတယ်။ဘာပြသနာမှာမပေါ်ခဲ့ဘူး။
မြန်မာပြည်က ဘာသာရေးလူတန်းစားဖြစ်တဲ့သံဃာ
တွေဟာ အုပ်ချုပ်သူလူတန်းစားအတွက် အသုံးချခံ
တွေဖြစ်နေတတ်တာ သမိုင်းရဲ့ တိုက်ဆိုင်မှုတစ်ခုလား
လို့ တွေးမိပါတယ်။ဒါဟာ၂၀၁၂အရေးခင်းရဲ့အဖြေ
ပဲ။

https://www.facebook.com/100027785653688/posts/674492723486910/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မော်လဝီ-ယောဂီ နှင့် သမိုင်းကြောင်းများ”

Post a Comment

Related Posts Plugin for WordPress, Blogger...